05/10/2022
ယနေ့ဟာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့၊ ကမ္ဘာ့ဆရာများနေ့ပဲ ဖြစ်ပါတယ်။
ယခုလို ကမ္ဘာ့ဆရာများနေ့မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အတွက်
“အခက်အခဲကြားကတော်လှန် CDM တို့အားမာန်၊ ရဲဝံ့စွန့်စား မြတ်သောဆရာများ”
ဟူသည့် ဆောင်ပုဒ်နှင့် ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုပြီး အခက်အခဲများကြားမှ စစ်အာဏာရှင်ကိုတော်လှန်ပြီး ပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့CDM ဆရာ၊ ဆရာမတို့နှင့်တကွ CDM ကျောင်းသား၊ ကျောင်းသူများအာလုံးကို အမြဲထာဝရ လေးစားချီးကျူးဂုဏ်ပြုအပ်ပါတယ်။