13/05/2026
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Happy science with Tr Hsu, Education, Yangon.
13/05/2026
23/04/2026
G(11)Chapter(8) Organic Chemistry 🍀
ကလေးတွေ C အရေအတွက် မြင်သာအောင်
❤️တွေကော
⭐️တွေကော 😊
31/03/2026
ဗျည်းသံ သရသံ ခွဲသင်နည်း
မိမိမသင်၊ မလေ့လာခဲ့ရတိုင်း မရှိတဲ့သင်နည်းဟု အပြစ်ဆိုနေကြသည်။
ရှေးကတည်းက မြန်မာသင်ပုန်းကြီး စနစ်မှာ ရှိပါသည်။
ဗဟုသုတအလို့ငှာ ဖော်ပြလိုက်ပါသည်။
က+အ = က
မ+အိုး = မိုး
ကျ +အ = ကျ
ကွ + အ = ကွ
ငှ + အာ = ငှာ
(ကောက်နုတ် ဝဇီရဗုဒ္ဓိ ဦးဖိုးစိန် ပြုစုသော မဟာမြန်မာသင်ပုန်းကြီး)
Credit
31/03/2026
သင်ယူနည်း ၅ မျိုး ရှိပါတယ်။
ကိုယ် ဘယ်နည်းနဲ့ သင်ယူနေသလဲ ဆိုတာ
ကိုယ့် ရလဒ်ကို ဆုံးဖြတ်ပါတယ်။
ပထမ — Feynman Technique။
Nobel ဆုရ Richard Feynman ရဲ့ နည်းလမ်းပါ။
ရိုးရှင်းပါတယ်။
သင်ယူပြီးတာကို ကလေးတစ်ယောက်ကို ရှင်းပြကြည့်ပါ။
ရှင်းပြလို့ ရရင် — သိပြီ။
ရှင်းပြလို့ မရရင် — မသိသေးဘူး။
လူအများစု ဖတ်ပြီးရင် "သိပြီ" ထင်ပါတယ်။
ဒါပေမယ့် ပြန်ရှင်းပြခိုင်းရင် ပိတ်သွားပါတယ်။
ပိတ်တဲ့ နေရာက ကိုယ် မသိသေးတဲ့ နေရာပါ။
ဖတ်ရုံနဲ့ မပြီးပါဘူး။
ကိုယ့်စကားနဲ့ ပြန်ရေးပါ။ ပြန်ရှင်းပြပါ။
ဒါမှ ကိုယ့်ဟာ ဖြစ်ပါတယ်။
ဒုတိယ — Spaced Repetition။
Hermann Ebbinghaus ရဲ့ သုတေသနအရ
ဖတ်ပြီး ၂၄ နာရီအတွင်း မပြန်ကြည့်ရင်
၇၀% မေ့သွားပါတယ်။
ဒါကြောင့် တစ်ခါတည်း အကုန် ကျက်တာထက်
ကြားကာလ ခံပြီး ပြန်ပြန် ကြည့်တာ ပိုထိရောက်ပါတယ်။
ဒီနေ့ ဖတ်တယ်။ မနက်ဖြန် ပြန်ကြည့်တယ်။
၃ ရက်ကြာရင် ထပ်ကြည့်တယ်။ ၁ ပတ်ကြာရင် ထပ်ကြည့်တယ်။
ဒီနည်းနဲ့ ဦးနှောက်ထဲ အမြဲတမ်း ကျန်ပါတယ်။
တတိယ — Active Recall။
စာအုပ် ဖတ်ပြီးရင် စာအုပ် ပိတ်ပါ။
ပြီးရင် ကိုယ့်ဘာသာ ပြန်ရေးပါ။ ဘာမှ မကြည့်ဘဲ။
ဒါ ခက်ပါတယ်။
ဘာကြောင့်လဲ ဆိုတော့ ဦးနှောက်က
"ပြန်ကြည့်ရင် ပိုလွယ်တယ်" ပြောပါတယ်။
ဒါပေမယ့် ခက်ခက်ခဲခဲ ပြန်ဆွဲထုတ်မှ
ဦးနှောက်ထဲ အမြစ်တွယ်ပါတယ်။
ပြန်ကြည့်တာ — recognition ပါ။ "အင်း ဒါ ငါ ဖတ်ဖူးတယ်"
ပြန်ဆွဲထုတ်တာ — recall ပါ။ "ဒါ ဒီလို ဒီလို ဖြစ်တယ်"
Recognition လွယ်ပါတယ်။ ဒါပေမယ့် အလုပ်မဖြစ်ပါဘူး။
Recall ခက်ပါတယ်။ ဒါပေမယ့် ဒါပဲ အလုပ်ဖြစ်ပါတယ်။
စတုတ္ထ — Interleaving။
တစ်ခုတည်း ထပ်ခါထပ်ခါ လေ့ကျင့်တာထက်
အကြောင်းအရာ ၂ ခု ၃ ခု ရောပြီး လေ့ကျင့်တာ ပိုထိရောက်ပါတယ်။
ဥပမာ
သင်္ချာ တစ်မျိုးတည်း ၂ နာရီ လုပ်တာထက်
သင်္ချာ ၃၀ မိနစ် + ရူပဗေဒ ၃၀ မိနစ် + သင်္ချာ ၃၀ မိနစ်
ဒီနည်းက ပိုမှတ်မိပါတယ်။
ဘာကြောင့်လဲ ဆိုတော့
ဦးနှောက်က ပြောင်းလဲမှုကြားမှာ ပိုအလုပ်လုပ်ရလို့
ပိုနက်နဲစွာ မှတ်မိသွားပါတယ်။
ပဉ္စမ — Teaching (သင်ပေးခြင်း)။
ဒါ အထိရောက်ဆုံးပါ။
သင်ပေးတဲ့ အခိုက်မှာ
ကိုယ် ဘာသိတယ် ဘာမသိဘူးဆိုတာ
အရှင်းဆုံး မြင်ရပါတယ်။
ပြောရင်း စီးသွားတဲ့ နေရာ — ဒါ ကိုယ် တကယ် သိတဲ့ နေရာ။
ပြောရင်း ပိတ်သွားတဲ့ နေရာ — ဒါ ကိုယ် မသိသေးတဲ့ နေရာ။
သင်ပေးတာ သူများအတွက် မဟုတ်ပါဘူး။
ကိုယ့်အတွက်ပါ။
ဖတ်တာ — input ပါ။
ကိုယ့်စကားနဲ့ ရေးတာ — processing ပါ။
သင်ပေးတာ — mastery ပါ။
ဒီ ၅ ခုထဲက ဘယ်ဟာမဆို တစ်ခု ယူပါ။
ဒီနေ့ကတည်းက စသုံးပါ။
သင်ယူနည်း တတ်တဲ့သူ
ဘယ်ခေတ် ရောက်ရောက် နောက်မကျပါဘူး။
Phyo Paing @ Derek
23/03/2026
Lei ရေးသည်
ကျောင်းမှာသင်တဲ့သင်ခန်းစာတွေ သင်တန်းမှာသင်တဲ့သင်ခန်းစာတွေကိုအိမ်မှာပြန်နွှေးပြန်ဖတ်ဖို့လိုပါတယ်
ကလေးတွေရဲ့ သင်ယူမှုဖြစ်စဉ်မှာ ကလေးတစ်ယောက်ရဲ့ ဦးနှောက်ဟာ အသစ်အဆန်းတွေကို မှတ်သားတဲ့အခါ တစ်ကြိမ်တည်းနဲ့ ရေရှည်မှတ်ဉာဏ် (Long-term memory) ထဲကို မရောက်သွားတတ်ပါဘူး
ထပ်ခါ ထပ်ခါ လေ့ကျင့်မှ နားလည်မှုပိုရပါတယ်
ပထမတစ်ခေါက်မှာ အချက်အလက်ကိုပဲ သိပေမယ့်၊ ဒုတိယနဲ့ တတိယအကြိမ်တွေမှာတော့ အဲ့ဒီအချက်အလက်တွေရဲ့ ဆက်စပ်မှု (Context) ကို ကလေးက စတင်သဘောပေါက်လာပါတယ်
ဥပမာ-
သီချင်းဆိုရင်း တစ်ခါမှတ်မယ်။
ရုပ်ပုံဆွဲရင်း တစ်ခါမှတ်မယ်။
ကစားနည်းလေးတွေနဲ့ တစ်ခါ ပြန်နွှေးမယ်။
ဒီလိုနည်းလမ်းမျိုးစုံနဲ့ ထပ်ခါတလဲလဲ သင်ပေးခြင်းက ကလေးတွေကို မရိုးအီစေဘဲ ပိုမိုမှတ်မိစေပါတယ်။
ဒီနေ့သင်ထားတာ မေမေ့ကိုပြန်ရှင်းပြပါဦးဆိုပြီးချော့မော့ပြောဆိုခြင်း
ဆရာမလုပ်တမ်းကစားမယ် ကျောင်းမှာဒီနေ့သင်ထားတာတွေဖေဖေ့ကိုပြန်သင်ပေး စသဖြင့် အဲလိုတွေလုပ်ပေးပြီး မှတ်မိစေရန်လေ့ကျင့်ပေးလို့လည်းရပါတယ်
25/02/2026
(11)
(4) Electrolysis
ပျော်ပျော်ရွှင်ရွှင် Game ဆော့ပြီး
Assessment လုပ်ကြရအောင်🍀
learning (11)
(11)Chemistry
27/01/2026
Today, Teacher Min Myat will show you magic!"