26/06/2024
အလုပ်အကိုင်အခွင့်အလမ်းများ
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာပညာရပ်သည် နည်းပညာနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ရန် အရေးကြီးသောအခန်းကဏ္ဍတစ်ခုဖြစ်ပါသည်။ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာပညာရပ်ဖြင့်ဘွဲ့ရ/ တက်ရောက်လေ့လာဆဲကျောင်းသား/သူများ အတွက် ရွေးချယ်ဆောင်ရွက်နိုင်မည့် အလုပ်အကိုင်အခွင့်အလမ်းများ အများကြီးထဲမှ အချို့ကို ပြုစုရေးသားထားပါသည်။
၁. စွမ်းအင်ထုတ်လုပ်မှုလုပ်ငန်းများ (Power Generation Companies)
လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုလုပ်ငန်း/စက်ရုံများမှာ Hydropower, Solar Power, Wind Power, Biomass Power, Hydrogen Power, Fusion Power နှင့် Thermal Power Plant စသဖြင့်ရှိပါသည်။ အလုပ်အကိုင်အခွင့်အလမ်းများမှာ Power Plant Engineer, Maintenance Engineer, နှင့် Operation Engineer တို့ပါဝင်သည်။
၂. စွမ်းအင်ပေးပို့/ဖြန့်ဖြူးခြင်းနှင့် ချိတ်ဆက်မှု (Power Transmission and Distribution)
စွမ်းအင်ကို ညှိနှိုင်းပေးပို့ခြင်းနှင့် ချိတ်ဆက်ခြင်းလုပ်ငန်းများအတွက် Electrical Engineer, Power Systems Engineer, Grid Operator, နှင့် Substation Engineer တို့အဖြစ်အလုပ်လျှောက်နိုင်ပါသည်။
၃. စက်မှုလုပ်ငန်းများ (Industrial Sector)
စက်မှုလုပ်ငန်းများတွင် Electrical Engineers များသည် စက်ပစ္စည်းထိန်းချုပ်ခြင်း၊ မီးစက်နှင့် Automation Systems တို့ကို ထိန်းသိမ်းရပါသည်။ အလုပ်အကိုင်အခွင့်အလမ်းများမှာ Industrial Engineer, Control Systems Engineer, နှင့် Maintenance Engineer တို့ဖြစ်ပါသည်။
၄. အိမ်သုံးနှင့် လျှပ်စစ် servicing များ (Residential and Commercial Electrical Services)
အိမ်သုံးနှင့် လျှပ်စစ် servicing လုပ်ငန်းများတွင် Electrical Design Engineer, Installation Engineer, နှင့် Electrical Consultant တို့အဖြစ် အလုပ်အကိုင်အခွင့်အလမ်းများရှိပါသည်။
၅. နျူကလီးယားနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Nuclear and Renewable Energy)
နျူကလီးယားစွမ်းအင်နှင့် နေရောင်ခြည်၊ လေစွမ်းအင်များကို အသုံးပြုသည့် လုပ်ငန်းများတွင် Research and Development Engineer, Renewable Energy Specialist, နှင့် Environmental Engineer တို့အဖြစ်အလုပ်များလျှောက်နိုင်ပါသည်။
၆. စွမ်းအင်စီမံခန့်ခွဲမှုနှင့် အကဲဖြတ်မှု (Energy Management and Auditing)
စွမ်းအင်အသုံးပြုမှုကို စီမံခန့်ခွဲပြီး အကဲဖြတ်ပေးသော အလုပ်များတွင် Energy Auditor, Energy Manager, နှင့် Sustainability Consultant တို့ပါဝင်သည်။
၇. သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ (Transportation Sector)
လျှပ်စစ်ကားများနှင့် ရထားများအတွက် Electrical Engineers, Electric Vehicle (EV) Engineers, နှင့် Transportation Systems Engineer တို့လိုအပ်ပါသည်။
၈. သုတေသနနှင့် သင်ကြားရေး (Research and Academia)
တက္ကသိုလ်များနှင့် သုတေသနစင်တာများတွင် Electrical Engineering သင်ကြားမှုနှင့် သုတေသနလုပ်ငန်းများတွင် Lecturer, Research Scientist, နှင့် Academic Advisor တို့အဖြစ်အလုပ်လျှောက်နိုင်ပါသည်။
၉. နည်းပညာကုမ္ပဏီများ (Technology Companies)
လျှပ်စစ်နည်းပညာနှင့် ပတ်သက်သော နည်းပညာကုမ္ပဏီများတွင် Electrical Design Engineer, Product Development Engineer, နှင့် Systems Analyst တို့လိုအပ်ပါသည်။
အောင်မြင်ပါစေဆန္ဒပြုရင်း ....
MKST
26 June 2024
Photos credit: Google