Free Education For Children- FEFC

Free Education For Children- FEFC

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Free Education For Children- FEFC, Yangon.

24/02/2025

2025-2026 ပညာသင်နှစ်အတွက်
Grade.6 (to) Grade.9 အိမ်အရောက် စာသင်ဝိုင်းများလိုက်လံသင်ကြားပါသည်.စနစ်သစ်သင်ရိုးညွှန်းတန်းနဲ့အညီသင်ကြားပေးမယ်ဖြစ်ပါသည်.
သချာ်+english သီးသန့်လည်းသင်ကြားပေးပါသည်
*ရွှေပြည်သာမြို့နယ် အတွင်းသာ*
Time.8AM(to)10AM,6PM(to)8Pm အချိန်များရရှိပါမည်😊သင်ကြားလိုသောမိဘများ cb သို့ လာရောက်မေးမြန်းနိုင်ပါသည်😊

25/12/2024

မူရင်းပို့စ်ပိုင်ရှင် Sint Nyi အား လေးစားစွာ credit ပေးပါတယ်ခင်ဗျာ

သူငယ်ချင်းတယောက် သူ့သမီးလေး
ဟေနှင်းကို ဆုံးမတာလေး သဘောကျမိတယ်။

" သမီးဘဝမှာ လိုချင်တဲ့အရာတိုင်းလည်း
မရတတ်ဘူး ဆိုတာကိုသင်ပေးဖို့
အဖေ့မှာ တာဝန်ရှိတယ် " တဲ့။

သူပြောတာ တကယ်မှန်တယ်။

မိဘတိုင်း ကိုယ့်သားသမီးကို
သင်ပေးသင့်တဲ့ အရာတစ်ခုလို့
ကျွန်တော်တော့မြင်တယ်။

သားတို့သမီးတို့ ဘဝမှာ
လိုချင်တိုင်းလည်း မရတတ်တဲ့
အချိန်တွေဆိုတာ ရှိလာတတ်တယ်။

အဲဒီအခါမျိုးကျရင် ခံနိုင်ရည်ရှိဖို့ရယ်
အရှုံးကိုလည်း လက်ခံတတ်ဖို့လိုတယ်
ဆိုတာကို ငယ်စဥ်ကတည်းက
သင်ပြပေးထားဖို့ လိုပါတယ်။

" သားသမီးတွေက သူတို့
လိုချင်တာတွေ မဝယ်ပေးရင်
တရက်လုံး ငိုတတ်ကြပေမယ့်

" သားသမီးတွေ လိုချင်တဲ့အရာတွေကို
မဝယ်ပေးနိုင်တဲ့ မိဘတွေကတော့
နေ့တိုင်း ငိုရကြပါတယ် " ဆိုတဲ့ စကားလိုပဲ ...

တချို့မိဘတွေက သားသမီး
မျက်နှာမငယ်ရဖို့ ကိုယ့်မှာ မရှိရင်တောင်
ချေးငှားပေါင်နှံပြီး ဖြည့်ဆည်းပေးကြတာပေါ့။

ဒါကို မကောင်းဘူးပြောချင်တာ
မဟုတ်ပါဘူး။

သားသမီးကို ချစ်တာ အရမ်းကောင်းတယ်။
ဒါပေမယ့် လိုချင်တိုင်းလည်း
မရတတ်ဘူးဆိုတာ လည်း သင်ပေးဖို့လိုပါမယ်။

မဟုတ်ရင် မြန်မာကားတွေထဲကလို

" ငါ့ဘဝမှာ ငါလိုချင်တာကို
မရရအောင် ယူတတ်တယ် " ဆိုတဲ့
တော်ကီတွေပြောပြီး ပေါက်ကရတွေလုပ်ပြီး
မဟုတ်တဲ့ နည်းတွေနဲ့ယူတတ်ကြတဲ့
လူတွေ ပေါ်လာရော။

ဘဝမှာ အမြဲလိုချင်တာတွေ
ရနေတဲ့သူက မရတော့တဲ့အခါ
ပိုခံစားရတတ်ပါတယ်။

ဒီတော့ လိုချင်တာရဖို့
ကောင်းတာ ဆိုးတာတွေ
မစဥ်းစားနိုင်တော့ပဲ လုပ်ချင်ရာလုပ်ပြီး
ဘဝပျက်သွားတဲ့သူတွေလည်း ရှိလာတာပါ။

သားသမီးတွေကို လိုချင်တာ
ဖြည့်ဆည်းပေးကြပါ။

ဒါပေမယ့် လိုချင်တဲ့အရာတိုင်းက
မရတဲ့အခါလည်း ရှိတယ် ဆိုတာကို သင်ပေးဖို့
လိုတာကို ထောက်ပြချင်တာပါ။

အဲဒီလို သင်ပေးခံရတဲ့ ကလေးတွေက
လောကဓံကို သူများတွေထက်
သန်သန်မာမာနဲ့ ဖြတ်သန်းနိုင်ကြတာများတယ်
ဆိုတာလေးကို သိသလောက်လေး
ပြန်ပြီး Sharing ပြန်လုပ်ပေးလိုက်ပါတယ်။

Crd : Sint Nyi
17.12.23
Memory Repost

09/09/2021

မနက်ဖြန် သောကြာနေ့ နေ့လည်တစ်နာရီ English သင်ပါမယ်
Meeting Id 390 063 2268
Passcode Ho23695

02/08/2021

အားလုံးဘဲ မဂ်လာပါ
နေကောင်းကျန်းမာကြရဲ့လားရှင့်
ကျွန်မတို့Free Education For Children-FEFCမှ
Grade 4 အတန်းလေးကို 6/8/2021 မှာ စတင်ပါမယ်
တပတ်ကို ၃ရက် သောကြာ စနေ တနင်္ဂနွေ နေ့တွေမှာ သင်ကြားပေးမှာပါ
သောကြာနေ့- English ( နေ့လည် ၁နာရီ မှ ၂နာရီထိ)
စနေ - မြန်မာ (နေ့လည် ၁နာရီမှ ၂ နာရီထိ)
တနင်္ဂနွေ - math( ညနေ ၄နာရီမှ ၅ နာရီထိ)
သင်ကြားရမယ့် Zoom ID နဲ့ passward ကို
သင်ကြားမယ့်ရက် မနက်ပိုင်းတွင်page မှာတင်ပေးပါ့မယ်
ဖတ်စာအုပ်လေးတွေရှိရင် ပိုအဆင်ပြေပါတယ်ရှင့်
အားလုံးဘဲ ကျန်းမာရေးဂရုစိုက်ကြပါ နေကောင်းကျန်းမာကြပါစေရှင်
တက်ချင်သောကျောင်းသားများလည်းစာရင်းပေးလို့ရပါသေးတယ်ရှင့်

30/07/2021
14/07/2021

ကျွန်တော်တို့ ယနေ့အထိ ကျောင်းသားအဝင်နည်းနေသေးပါတယ် မေမေတို့ရေ ဘာအခက်အခဲများရှိပါသလဲ
ကျွန်တော်တို့နဲ့ပွင့်လင်းစွာတိုင်ပင်လို့ရပါတယ် စာသင်မယ့်ဒီဆရာမကကျောင်းသားနည်းရင် စိတ်ထဲမကောင်းလို့ပါ😁အခု Post ရဲ့မန့်မှာ ဖြစ်ဖြစ် ကျွန်တော်တို့ရဲ့
Page cb မှာဖြစ်ဖြစ်တိုင်ပင်ဆွေးနွေးလို့ရပါတယ်
ကိုယ့်သားသမီးမရှိလည်း သူများသားသမီးကို အပ်ပေးလို့ရပါတယ်နော်😊😁

10/07/2021

Hi အားလုံးဘဲ မဂ်လာပါရှင် 🤗🤗

အခု ဒီ page လေးရဲ့ ရည်ရွယ်ချက်လေးကိုပြောပြချင်ပါတယ်
အခုလို ရောဂါပိုးမွှားတွေကြောင့် မိဘများရဲ့ ကလေးငယ်များကို
စိတ်မချ ဖြစ်နေရတဲ့ အချိန်မှာ ကလေးငယ်များ ပညာရေးနဲ့ မဝေးသွားစေရန်ဖြစ်ပါတယ်
ခုလိုချိန်ခါမျိုးမှာ သင်တန်းကြေး အတွက် ဝန်မပိစေဖို့အတွက် ပညာဒါနအတန်းလေးတွေ ဖွင့်ပေးရခြင်းဖြစ်ပါတယ်
အမှန်တကယ် ပညာရေးကိုလိုလားပြီး လိုအပ်ချက်ရှိသောသူများကို ဦးစားပေး ပါသည်
ကျွန်မ တို့ ကလေးငယ်များအတွက် ကျွန်မတို့ အားလုံး အချင်းချင်း ရိုင်းပင်းကူညီ ကြရအောင် ပါ
အခမဲ့ ပညာဒါန အတန်းဖြစ်ပေမဲ့ ကျွန်မတို့ ဘက်မှ သင်ကြားမှုများကို ကလေးငယ်များ အတွက်အဓိကထား ပြင်ဆင်ပေးသွားမှာပါ
မိဘများအနေဖြင့်လည်း အလေးထား၍တက်ရောက်ပေးစေလိုပါသည်
အတန်းတက်ခြင်းထက် ပညာတတ်ခြင်းကိုဦးစားပေးပါမယ်ရှင်
စနစ်သစ်ပညာရေး၏နည်းပညာနှင့်အတူ ကလေးများ ၏သင်ယူလိုစိတ်အလျောက် ကျွန်မတို့ သင်ကြားရေးများကို ပြင်ဆင်ထားပေးပါမယ်

10/07/2021

တန်းခွဲများအားလုံးကို သြဂုတ်လဆန်းစမည်ဖြစ်ပါသည် ဇူလိုင်လတစ်လလုံးကျောင်းသားလက်ခံပါမည်
အားလုံး ဘေးရန်ကင်းကွာ ကျန်းမာကြပါစေ

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Yangon