Juri sensei

Juri sensei Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Juri sensei, Language school, Yangon.

Master Japanese with Juri sensei 🇯🇵
🎓 YUFL | JLPT N1 | 13 years experience
👩🏻‍🎓 Japanese Language Institute (KC,Japan)
👩🏻‍🏫 Teaching Methods (NC,Japan)
🏆 International Awards
📈 Proven student success (JLPT & abroad)

Juri sensei နဲ့ “မသင်ခင်” vs “သင်ပြီး”‼️သူတို့စကားသံလေးတွေ နားဆင်ကြည့်ရအောင်ပါ။
13/06/2026

Juri sensei နဲ့ “မသင်ခင်” vs “သင်ပြီး”‼️

သူတို့စကားသံလေးတွေ နားဆင်ကြည့်ရအောင်ပါ။

ယနေ့အတွက် ဘာသာပြန်ကဗျာ…Original : “I love the ocean. I always will. But do I really have to drown in it to prove that I ...
13/06/2026

ယနေ့အတွက် ဘာသာပြန်ကဗျာ…

Original : “I love the ocean. I always will. But do I really have to drown in it to prove that I do?”
By Lang Leav

- Juri sensei

N1 ဖြေဖို့ သိသင့်သိထိုက်တဲ့ ဝေါဟာရတွေ ကျက်ပြီးကြပြီလား။ PART I ミミカラオボエルゴイ⚠️ကူးယူဖော်ပြခွင့်မပြုပါ။- Juri sensei
12/06/2026

N1 ဖြေဖို့ သိသင့်သိထိုက်တဲ့ ဝေါဟာရတွေ ကျက်ပြီးကြပြီလား။

PART I
ミミカラオボエルゴイ

⚠️ကူးယူဖော်ပြခွင့်မပြုပါ။

- Juri sensei

12/06/2026
JLPT ကျိန်းသေ အောင်ဖို့…အမှတ် ရနိုင်တာလေးတွေက ⁉️⚠️ Listening က နံပါတ် ၄ နဲ့ ၅ ကို အရဖြေပါ။ စာအုပ်ကြီးပဲ ကိုင်ကျက်နေလို့ ...
11/06/2026

JLPT ကျိန်းသေ အောင်ဖို့…
အမှတ် ရနိုင်တာလေးတွေက ⁉️

⚠️ Listening က နံပါတ် ၄ နဲ့ ၅ ကို အရဖြေပါ။ စာအုပ်ကြီးပဲ ကိုင်ကျက်နေလို့ မရပါဘူးနော်။ ဂျပန်လူမျိုးတွေ ပြင်ပမှာ သုံးတဲ့ စကားလုံးနဲ့ ဝါကျအထားအသိုတွေ ရဖို့၊ စာကျက်တာ နားချိန်တိုင်း ဇာတ်လမ်းကြည့်တာ၊ လေ့ကျင့်နားထောင်တာတွေ လုပ်ပါ။

ဒီအပိုင်းတွေက စဉ်းစားချိန်မရဘဲ ချက်ချင်းဖြေရတာမို့ ၁-နားက ရေလည်အောင် နားထောင်၊ ၂-လက်က အတိုလေးတွေ ချရေး၊ ၃-ဦးနှောက်က ခန့်ခွဲပါ။ တစ်ပုဒ်လွတ်သွားရင် စိတ်မစွဲဘဲ၊ နောက်တစ်ပုဒ်ကို ချက်ချင်း အာရုံပြောင်းပါ။ နားချိန်ခဏလေးမှာ မရှင်းတဲ့အပုဒ်ကို ချရေးခဲ့တာ ပြန်ကြည့်ပြီး အဖြေရှာလို့ ရနိုင်ပါတယ် ကလေးတို့။

⚠️ Reading ကို စာမေးပွဲစာ လို့ မတွေးပါနဲ့တော့။ သတင်းနဲ့ စာစောင် ဖတ်သလို နှလုံးသွင်းပါ။ လိုအပ်တဲ့ အချက်အလက်ကို ဆွဲထုတ်တတ်အောင် လေ့ကျင့်ပါ။

“စာပုဒ်တို နဲ့ ဇယားအပုဒ်ကို အပိုင်ဖြေပါ။”

စာပုဒ်တို - မြန်မြန်ဖတ်ပြီး အဓိကအချက်ကို ရှာပါ။

ဇယားအပုဒ် - မေးခွန်းအရင်ဖတ်ပြီး ဇယားထဲ အဖြေရှာပါ။ သတိထားစေချင်လို့ ကြယ်သင်္ကေတ ပြပေးထားရင် သတိလေး ထားပြီး ဖတ်ပါ။ ဒါက တိကျရင် အမှတ်အလကားရတဲ့ အပိုင်းပါ။

⚠️ Vocab ကို အသစ်တွေ လိုက်ပြီး အကဲမစမ်းပါနဲ့တော့။ မေးခွန်းဟောင်းဖြေပြီး စိတ်ဓာတ်မကျချင်ပါနဲ့တော့။ သိပြီးသားကိုပဲ ဘယ်လို ဆက်စပ်အဖြေရှာမလဲ ဗျူဟာကို တွေးပါ။ (နည်းလမ်းတွေ ဆေး တင်ပေး၊ သင်ပေးထားပါတယ်။)

Kanji အဟောင်းတွေက ဘယ်လိုပေါင်းပြီး အသစ်ဖြစ်လာသလဲ သိလာရင် မေးခွန်းရဲ့ အရှေ့တစ်ပိုင်း အမှတ်သယ်လို့ ရပါပြီ။

⚠️ Grammar အတွက် ကြယ်ပုစ္ဆာကို အမှတ်ပြည့်ယူပါ။ စာကြောင်းပြန်စီဖို့ သဒ္ဒါကို အရင်ရှာပြီး စီကြည့်ပါ။ အသေးစိတ်ကို ဆေး သင်နေကျ ပုံစံနဲ့ note တွေမှာ ပြန်ကြည့်ပြီး လေ့ကျင့်ပါ။

အားလုံး မုချဧကန် အောင်မြင်ပါစေ။

-Juri sensei

11/06/2026

🚂💨 Kanji ရထားကြီး ပျော်ပျော်စီး‼️

သူတို့အလွဲလေးတွေနဲ့ ပျော်နေရသော…
ချစ်စရာ့အရွယ် Kanji ကျက်ကြမယ်။



08/06/2026

凍りついた秒針が…

- JURI sensei

JLPT စာမေးပွဲကြီး ပြီးရင်လည်း တက်လမ်းကို ဆက်လှမ်းရမယ်နော်‼️ဂျပန်ပြည်က ကျောင်းသားတို့… ဗီဇာအတွက် လိုအပ်လာတဲ့ ❝Level မြင့်...
08/06/2026

JLPT စာမေးပွဲကြီး ပြီးရင်လည်း တက်လမ်းကို ဆက်လှမ်းရမယ်နော်‼️

ဂျပန်ပြည်က ကျောင်းသားတို့… ဗီဇာအတွက် လိုအပ်လာတဲ့ ❝Level မြင့် 《N2》ကို ဘယ်မှာ တက်ရမလဲ❞ စဉ်းစားနေရင် ▶︎

❇️ လူဦးရေနည်းနည်းနဲ့ ထိထိရောက်ရောက်
❇️ စာသင်သက်တမ်း ၁၃နှစ် ရှိတဲ့ ဆရာမနဲ့
❇️ တစ်ခါသင်ယူပြီး တစ်သက်တာနားလည်သိရှိသွားအောင် ဒီမှာ ⤵︎ တက်ဖို့ တိုက်တွန်းပါရစေ။

🎓 N2 ZOOM ONLINE [+EXAM PRACTICE]
🕰️ 6:00PM - 7:30PM
(JST 8:30PM - 10:00PM)
🗓️ TUE | WED | THUR
🍁 JULY 07, 2026 ~ DECEMBER 03, 2026
📚 Soumatome Series | Shinkanzen Master series | Sensei’s Notes | Exam practice Zettai Goukaku | Old Questions

◆ သင်တန်းကြေးကတော့ တွက်ကြည့်မယ်ဆိုရင် တစ်လမှ “お茶漬け ၃ပွဲစာ”လောက်လေးပဲ ကျသင့်မှာပေမယ့်၊
“Quality” ပိုင်းမှာတော့ ယန်းသောင်းပေါင်း ရာချီ ထိုက်တန်ပါတယ်လို့ အာမခံနိုင်ပါတယ်။

◆ ဘာကြောင့်လဲ⁉️

✔︎ ယခင်အတန်းများမှာ အမှတ်ပြည့်ရသူ၊ အမှတ်ကောင်းသူ၊ အောင်နိုင်ခဲ့သူ စသဖြင့် လက်တွေ့ရလဒ်တွေ သာဓက ရှိခဲ့တာကြောင့်ပါ။
⚠️ စာလုပ်ဖို့ အချိန်မရဘူး ဆိုရင်တောင် အချိန်လုပြီး အိမ်စာလုပ်ဖို့၊ “စာမေးပွဲမှာ ပါမယ်၊ ကျက်ထားပါ” ဆိုတဲ့ အချက်လေးတွေကို မှတ်သားပြီး လိုက်နာကျင့်ကြံဖို့တော့ လိုပါတယ်ကွယ်။

✔︎ ဒီလို နောက်ခံနဲ့ ဆရာမက အတန်းပြီးမြောက်တဲ့အထိ တာဝန်ယူ သင်ကြားပါတယ်။
⚠️
▪︎ YUFL (JAPANESE) ဘွဲ့ရ။
▪︎ N1 အောင်။
▪︎ JAPANESE LANGUAGE INSTITUTE KC, JAPAN
▪︎ JAPANESE LANGUAGE TEACHING METHODS TRAINING NC, JAPAN
▪︎ EMBASSY AWARDS AND INTERNATIONAL AWARDS OF LITERATURE
▪︎ SPECIAL REPORTER NHK

✔︎ အတန်းချိန်တိုင်းကို တစ်မိနစ်တောင် နောက်မကျတဲ့ ဆရာမက အသေးစိတ်ကို ဆရာစားမချန် ရာနှုန်းပြည့် စာမေးပွဲအတွက်ရော၊ ဂျပန်နိုင်ငံမှာ ရှေ့တန်းက ဦးဆောင်သူဖြစ်ရေး ထာဝရအတွက်ပါ သင်ကြားပေးပါတယ်။
⚠️ သင်ပေးလွန်းလို့ “တော်ပါတော့” လို့ ပြောယူရတဲ့အထိ။

✔︎ “တခြားနေရာကို ရွေးဖြစ်ခဲ့ရင်” လို့ မတွေးမိရအောင် ပြန်နားထောင်တိုင်း ကျေနပ်မိစေဖို့ Video record လည်း ပေးထားမှာပါ။
⚠️ သင်တန်းကာလအတွင်း လုပ်ဖို့တော့ လိုအပ်ပါတယ်။ သက်မှတ်သက်တမ်းကုန်ရင် မရတော့ပါဘူး။ ဒါပေမယ့်
▶︎ နောက်တစ်ခါ အတန်းပြန် join ဖို့
▶︎ အချိန်မရွေး နားမလည်တာကို ပြန်မေးဖို့
အခွင့်အရေးတွေ ရှိပါတယ်။

✖︎ တခြားဆရာနဲ့ အတန်းလွှဲထားတာမျိုး မရှိ။
✔︎ အချိန်ပြည့် ရက်ပြည့် Face to face 対面 ဖြစ်တဲ့အတွက် ဆရာမရဲ့ ဝါနဲ့သမ္ဘာအရ “သင်နေတုန်းမှာတင် ကျောင်းသားတို့ရဲ့ လိုအပ်ချက်နဲ့ ညှိပြီး ပုံသွင်းပေးမယ့်” အားသာချက်။

☃️ ဒီဇင်ဘာ JLPT မှာ လက်မထောင်နိုင်ဖို့
အခုပဲ စာရင်းပေးသွင်းလိုက်ပါတော့ကွယ်‼️

ဪ… မေ့လို့။

အမြဲတမ်း ပန်းသတင်းလေညှင်းဆောင်သလို ဆရာမထံကိုပဲ ကျောင်းသားမိတ်ဆက်ပေးကြသူလေးများကို ကျေးဇူးတုံ့ပြန်ချင်တယ်လို့ တွေးမိတာနဲ့၊
▶︎ ဒီအတန်းလေးမှာတော့…

တက်ရောက်ဖို့ မိတ်ဆက်ပေးတဲ့သူတိုင်းကို ပြည်တွင်းပြည်ပ မည်သူမဆို ‼️

“အတန်းစတက်ပြီဆိုတာနဲ့” မိတ်ဆက်ပေးသူအား
《တစ်ဦးလျှင် မြန်မာကျပ်ငွေ - တစ်သောင်းခွဲတိတိ》
လူဦးရေ အကန့်အသတ်မဲ့ ‼️

ချီးမြှင့်ပေးမည် ဖြစ်ပါကြောင်း။

အသေးစိတ်ကို…
気軽に声かけてね⭐︎




07/06/2026

JLPT နီးပြီဆိုတော့ ဆေး သီချင်းလေး ဖန်တီးထားတယ် ကလေးတို့ရေ။

နားဆင်၍ အားတက်ကြလေလော့‼️

Lyrics : JURI sensei
သီချင်းစာသား - JURI sensei

Melody : GEMINI ai
သံစဉ် - GEMINI ai

Video : JURI sensei
ဗီဒီယို - JURI sensei








Address

Yangon
11041

Alerts

Be the first to know and let us send you an email when Juri sensei posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share