အခုနောက်ပိုင်း
အမှားပြင်တာတွေ ဖောင် cancel တာတွေ
ဖောင်နှစ်စောင်တင်တာတွေ
လုပ်လို့မရတော့ပါဘူးနော်
အဲ့ဒါကြောင့် သေချာလေးပြန်စစ်ပါအမှားမပါအောင်
နာမည်စာလုံးပေါင်း ကျား/မ
Tokutei Kaigo & Japanese Knowledge Sharing
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tokutei Kaigo & Japanese Knowledge Sharing, Educational Research Center, Yangon.
ဂျပန်လာဖို့ ကြိုးစားနေတဲ့ ညီမလေး မောင်လေးတို့ရေ
တစ်ကယ်လာချင်ရင် ရောက်တဲ့နေရာမှာပဲရပ်မနေပါနဲ့
Training နဲ့ အင်တာဗျုးဖြေဖို့ ဖောင်လျှောက်တင်နေတာနဲ့ပဲအချိန်ကုန်မခံပါနဲ့ Tokutei Try ကြည့်ပါ
စားသောက်ကုန်
စားသောက်ဆိုင်
Kaigo
စိုက်ပျိုးရေး
ကားပြုပြင်
အဲ့ထဲက ကြိုးစားကြည့်စေချင်ပါတယ်
Tokutei Kaigo နဲ့ဂျပန်လာမယ့်သူများ
အဆင်ရောပြေလား ဘာတွေလုပ်ရလဲ
အစရှိသဖြင့်
သိချင်တာ မေးလို့ရပါတယ်နော်
လက်ရှိဂျပန်မှာ Tokutei Kaigo နဲ့
အလုပ်လုပ်နေပါတယ်။
သိသလောက် ပြန်မျှဝေပေးပါမယ်နော်
ဂျပန်ကို Kaigo မယ်ဆို Tokutei နဲ့အမြန်လေး Try စေချင်ပါတယ်နော်။ အခုနောက်ပိုင်းတွေမှာ Training တောင် N3 အောင်မှတွေ တွေ့လာရတာမလို့ မြန်မာပြည်မှာဖောင်တင်မရရင် Thai ထိသွားဖြေစေချင်ပါတယ်နော်
Thai ကိုသွားရင် ကုန်ကျမယ့်ပိုက်ဆံက ဒီမှာ ၁လနဲ့တင် ပြန်ရပါတယ်နော်။စေတနာပါ
မြန်မာလိုပိုင်းမှာဆိုရင်
မကျက်မနေကျက်ရမယ့်ဟာလေးတွေ
တင်ပေးမယ်နော်
1. QOL ရဲ့ အဓိပ္ပာယ်
2.Maslow’s ရဲ့လိုအင်ဆန္ဒ၅ခု
3. ရေဓာတ်ခမ်းခြောက်သူတွေရဲ့ရောဂါလက္ခဏာ
4. အမြင်အာရုံ ချို့ယွင်းခြင်းအကြောင်းရင်း
19/05/2023
ဖောင်တင်ရမယ့် Date တွေထွက်လာပါပြီနော်
ကိုယ့်ဘက်ကပြင်ဆင်စရာရှိတာ ပြင်ဆင်ထားပါနော်
JFT /Kaigo/Agriculture/Food Service
မောင်လေးတို့ ညီမလေးတို့
တစ်ကယ်ဂျပန်သွားချင်တယ်
သွားမယ်လို့ ရည်ရွယ်ထားရင်
Tokutei နဲ့ try ကြည့်ဖို့ အကြံပေးပါတယ်
မြန်မာပြည်မှာ ဖောင်တင်ဖို့ ခက်ရင်
ထိုင်းထိသွားဖြေသင့်ပါတယ်
Tokutei နဲ့က မြန်မြန်ရောက်နိုင်သလို
အခွင့်ရေးလဲများပါတယ်
လက်မလျှော့ပါနဲ့ အစ်မဆို အခက်အခဲအများကြီးနဲ့
စိတ်ဓာတ်တွေအကြိမ်ကြိမ်ကျပြီး
ငိုခဲ့ရတဲ့ရက်တွေမနည်း ဂျပန်ငါမသွားရတော့ဘူးထင်ပါတယ်ဆိုပြီး လမ်းတွေပျောက် နောက်ဆုံး Tokutei နဲ့ရောက်လာခဲ့ပြီဂျပန်ကို ကုန်ကျစရိတ်လဲ သက်သာတယ်
အခွင့်ရေးလဲများတဲ့အတွက် အားမလျှော့ကြပါနဲ့လို့
စာမေးပွဲ ဖောင်တင်မယ့် သူများ အတွက်ပါ
Visa card ကြိုလုပ်ထားပါ
လွယ်ပါတယ်နော် ဘဏ်ကိုသွားလုပ်လိုက်ပါ
AYA/UAB
စာမေးပွဲကြေး
JFT - 22 Dollar
စိုက်ပျိုးရေး - 33 Dollar
စားသောက်ဆိုင် - 33 Dollar
Kaigo - 18 Dollar
ပိုက်ဆံ card ထဲထည့်ရင် ပိုပိုလိုလို ပိုထည့်ထားပါ
ဘယ်လောက် Rate နဲ့ဖြတ်မလဲ မသိတဲ့အတွက် ပိုထည့်ထားတာက မမှားဘူးနော်
တော်တော်များများ ဝေခွဲမရဖြစ်နေတာလား
JFT ဖြေသင့်ပါတယ် အခုဆို ထိုင်းထိသွားဖြေစရာတောင်မလိုတော့ဘူးလေ
JFT စာမေးပွဲမေးခွန်းနဲ့ပတ်သက်လို့ တင်ထားဖူးပါတယ်
ခက်လား ကျမှာဆိုးလို့မေးနေကျတယ်
JFT လုံးဝမှမခက်ပါဘူးနော်
တစ်ကယ်ကိုလွယ်ပါတယ်
ဖြေဆိုသူ 10ယောက်မှာ 9 ယောက်လောက်ထိအောင်တဲ့
စာမေးပွဲပါ မေးခွန်းဟောင်းတွေကို YouTube မှာအလွယ်တကူရှာလေ့လာလို့ရပါတယ်
N5 ကို သေချာပိုင်ပိုင်နိုင်နိုင်သင်ထားပြီး N4 Level လောက်ဆိုရင်ကို 💯 အောင်နိုင်တဲ့အတွက် အခွင့်ရေးကို လက်လွှတ်မခံပါနဲ့ လို့အကြံပေးချင်ပါတယ်
JFT ဖြေတာနဲ့ ပတ်သက်ပြီး သိသလောက်လေး Share ပေးချင်ပါတယ်
JFT မှာ အပိုင်း (4) ပိုင်းဖြေရပါတယ်
(1)文字語彙 (Script and Vocabulary)
(2)会話と表現 (Conversation and Expression)
(3)聴解(Listening)
(4)読解 (Reading)
စုစုပေါင်းဖြေဆိုချိန် မိနစ် (60)
စုစုပေါင်း အမှတ် -၂၅၀
အောင်မှတ် - ၂၀၀နှင့်အထက်
Computer နဲ့ ဖြေရတာပါ
Computer မသုံးတတ်တဲ့သူလဲ အဆင်ပြေပါတယ်နော် စိတ်မပူပါနဲ့ ဖုန်းသုံးသလိုပါပဲ အဖြေပေးထားတဲ့ ထဲက တစ်ခုရွေး မြှားပြထားတဲ့အတိုင်း Next ကိုနှိပ်လိုက်ရင်ရပါပြီ
Listening ရဲ့အားသာချက်က JLPT လိုမဟုတ်ပဲ (၂) ခါနားထောင်လို့ရပါတယ်။ တစ်ခါထဲနဲ့ နားလည်ရင်တော့ တစ်ခါထဲနားထောင်ပေါ့နော် အချိန်အရမ်းကုနျသှားရင် နောက်က အပုဒ်တွေအတွက် အချိန် ကျန်သေးတာမလို့ပါ💬
အမြင်အာရုံ ချို့ယွင်းခြင်းသည် အောက်ပါအကြောင်းရင်းကြောင့် ဖြစ်သည်။
(1) သွေးတိုး
(2)နှလုံး
(3)ကျောက်ကပ်
(4)အတွင်းတိမ်
အဖြေမှန်တစ်ခုကိုရွေးချယ်ပါ။
စာမေးပွဲ ပါတတ်သည်။💡💡
30/09/2022
Kaigo Japan ပိုင်း
ပုံပြပြီး
kotoba ထဲက အမှန်ရွေးခိုင်းတာ ပါတတ်ပါတယ်
ဥပမာ - ပက်လက်အိပ်နေတဲ့ပုံကိုပြထားရင်
(4) ခုထဲက ကိုယ်ရွေးရမှာက
ぎょうがい
Click here to claim your Sponsored Listing.