21/12/2020
အနှစ်တစ်ရာမှ လုံ့လများနှင့် အနှစ်တစ်ထောင်တန်မုဒိတာ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အပိုင်း(၇)
ဘုန်းဘုန်းက ရန်ကုန်တက္ကသိုလ် မတက်ဖူးဘူး၊ ခုနတုန်းက ပြောပြီးပြီ ဒါပေမဲ့ ရန်ကုန်တက္ကသိုလ်ကနေပြီးတော့ ဆင်းလာတဲ့ ဆရာကြီးနှစ်ယောက်ကနေ သင်ပေးတဲ့ အင်္ဂလိပ်စာနဲ့ ဘုန်းဘုန်းက ကမ္ဘာ့သာသနာပြုလာခဲ့တာ နှစ်ပေါင်းသုံးဆယ်ကျော်။
အဲဒီ အင်္ဂလိပ်စာဆရာနှစ်ယောက်ကို ဒါ ရန်ကုန်တက္ကသိုလ်ကို personal tribute ပေးတဲ့အနေနဲ့ ပြောပြချင်တယ်။ ဆရာကြီးတစ်ယောက်က Mr. Rae ဆိုတာ သူ့အဖေက Irish လူမျိုးပါ၊ အမေက မြန်မာ။ သူ အသက်(၇၀)ကျော် ရောက်တဲ့အခါကျမှ ဘုန်းဘုန်းက သူ့ဆီမှာ အင်္ဂလိပ်စား သွားလေ့လာတာ ၁၉၉၀မှာပေါ့။ ထိုင်းနိုင်ငံကနေ ပြန်လာပြီးနောက်ပိုင်းမှာ သူ့ဆီမှာ ငါးလလောက် အင်္ဂလိပ်စာ သင်ခဲ့တာ။
သူက ရန်ကုန်တက္ကသိုလ် MA ပထမနှစ်လုပ်တဲ့အချိန်တဲ့ အင်္ဂလိပ်စာ specialize လုပ်တဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းက IA အတန်းမှာပဲ ကျောင်းသားလုပ်နေသေးတယ်တဲ့။ သူက ဗိုလ်ချုပ်အောင်ဆန်းကို အင်္ဂလိပ်စာသင်ပေးရသေးတယ်။ အဲဒါ ဂုဏ်ယူပြီးတော့ ပြောမယ်ဆိုရင်တော့ အဲဒီ ဆရာကြီးဆီမှာ အင်္ဂလိပ်စာသင်ရတဲ့အတွက်ကြောင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အင်္ဂလိပ်စာဆရာချင်းတူတာပေါ့။
Mr.Rae ဆရာစဖြစ်တဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းကို သင်တယ်။ သူ့ရဲ့ နောက်ဆုံးနီးနီးပဲဆိုပါတော့ ကျူရှင်ပြတဲ့အချိန်မှာ ဘုန်းဘုန်းက သူ့တပည့်ဖြစ်တယ်။ နောက် အင်္ဂလိပ်စာဆရာတစ်ယောက်က ဦးသောင်းတင်ဆိုတာ ၁၉၃၆ ခုနှစ်ကျောင်းသားသပိတ်ထဲမှာ သူက physics နဲ့ ရန်ကုန်တက္ကသိုလ်မှာ ဒုတိယနှစ်တက်နေတယ်။
အဲဒီအချိန်မှာ ကျောင်းလည်းပိတ်ရော ကျောင်းသားသပိတ်ကြောင့် ဆန္ဒပြမှုကြောင့် နောက်ပိုင်းကျတော့ သူ Madras (Channai) ကိုသွားပြီးတော့ ပညာဆက်သင်တယ်။ သူ Physics ပဲ သင်တာပေ့ါ။ အဲဒီမှာလည်း သူ မပြီးခဲ့ဘူး။ မပြီးဘဲပြန်လာတယ်၊ နောက် အစိုးရအလုပ်ဝင်လုပ်တယ် နောက်ဆုံးမှာ လာရှိုးမြို့နယ် ပညာရေးမှူးနဲ့ အနားယူတယ်။
အဲဒီဆရာကြီးက အင်္ဂလိပ်စာသိပ်ကောင်းပါတယ်။ သူ အဓိကဖတ်တာလည်း အင်္ဂလိပ်စာပါပဲ၊ အဲဒါနဲ့ ဘုန်းဘုန်းကို ခြောက်လလောက် တစ်နေ့တစ်နေ့ကို sentence ၁၂ခု သင်ပေးတယ်။ ဘုန်းဘုန်းကလည်း လုံးဝအကြွေးမထားဘူး။ တစ်နေ့ကို sentence ၁၂ခုဆိုတော့ တစ်လကို ၃၆၀ လောက်ရတာပေါ့။ အဲဒါ ခြောက်လအတွင်းမှာ ဘုန်းဘုန်းက အင်္ဂလိပ်လို တရားဟောနိုင်တယ်။ ဒီဆရာကြီးတွေပေါ့၊ ဒါက ရန်ကုန်တက္ကသိုလ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဘုန်းဘုန်းက ဒီဟာလေး ပြောပြတာပါ။
အဲဒီတော့ သူတို့ကနေ ပြောပြတဲ့ဟာတွေဆိုရင် တခါတည်း ရန်ကုန်တက္ကသိုလ်ကြီးက တချို့နေရာဆိုရင်အရမ်း excited ဖြစ်စရာကောင်းတယ်၊ တချို့နေရာဆိုရင် စစ်ပွဲပုံစံကြီးပဲ။ သွေးသံယိုတဲ့အချိန်တွေလည်း ရှိတယ်။ အဲဒီနောက်ပိုင်းမှာ အများတွေပြောနေကြ ဘုန်းဘုန်းရဲ့ ရင်းနှီးတဲ့ဒကာတွေပြောနေကြ ဦးသန့်အရေးအခင်းတို့ အဲဒီနောက်ပိုင်းမှာ ရှိသေးတယ် 62 ကျောင်းသားသမဂ္ဂအဆောက်အဦး ဖျက်စီးခံရတဲ့အချိန် အဲဒီဟာတွေကို ပြန်ကြည့်တဲ့အခါမှာ EQ mature ဖြစ်တဲ့အခါကျမှ ပြန်ကြည့်ပြီးတော့ ပြဿနာမဖြစ်မှာ။
ပြန်ကြည့်ပြီးတော့ တစ်ဖက်က တစ်တိုင်းတစ်ပြည်လုံးအနေနဲ့ရသင့်တဲ့ သင်္ခန်းစာလည်းရအောင် အရင်ကနှစ်ပေါင်းတစ်ရာအတွင်းမှာ ဒါမှမဟုတ် (၁၂၂)နှစ်အတွင်းမှာ ဒီလိုရှိခဲ့တဲ့ အလုပ်လုပ်ခဲ့တဲ့ဘဝကို ဒီရန်ကုန်တက္ကသိုလ်ထဲမှာ နှစ်မြှုပ်ပြီးတော့ တာဝန်ထမ်းဆောင်သွားတဲ့ ဆရာကြီးတွေ ဆရာမကြီးတွေရော နောက်ပြီးတော့ ရန်ကုန်တက္ကသိုလ်ဖြတ်သန်းသွားတဲ့ ကျောင်းသားကျောင်းသူတွေ မိဘတွေရော ပြန်ကြည့်တဲ့အခါမှာ တစ်နေရာမဟုတ်ရင် တစ်နေရာရှိမှာပဲ။ အဲဒီလို ဝမ်းနည်းစရာတွေ ဒေါသဖြစ်စရာတွေဖြစ်မှာပဲ။
ဒါကြောင့် reconciliation ဆိုတဲ့နေရာမှာ ဘုန်းဘုန်းတို့က IQ တစ်ခုတည်းနဲ့ လုပ်လို့မရဘူး၊ fact တစ်ခုတည်းနဲ့ လုပ်လို့မရဘူး၊ fact တစ်ခုတည်း ယူပြီးပြောပြီး ကိုယ့်ရဲ့ emotion ကို manage မလုပ်ဘူးဆိုရင် အမေရိကားမှာ တချို့ ပြောနေသလိုပေါ့ alternative truth ဆိုတာ truth က တော့ truth ပဲ အမှန်တရားတော့ အမှန်တရားပဲ ဒါပေမဲ့ alternative truth ကိုယ့်ရဲ့အမှန်တရားနဲ့ မတူဘူး၊ fact နဲ့ မတူဘူး။
အဲဒီလိုဖြစ်လာတဲ့အခါမှာ စကားပြောတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် ဆက်လက်ပြီးတော့ ဆွေးနွေးနိုင်အောင် တစ်ယောက်ရဲ့နာကျင်မှုကို တစ်ယောက်ရဲ့နာကြည်းမှုကို တခြားတစ်ယောက်က အသိအမှတ်ပြုနိုင်အောင်၊ အသိအမှတ်ပြုတဲ့အခါမှာလည်း တစ်ယောက်ကိုတစ်ယောက် prejudice မဖြစ်အောင် အခွင့်ကောင်းတွေ မယူအောင်ဆို ဘုန်းဘုန်းတို့ ဘယ်လိုလုပ်ရမှာတုန်းဆို “ခန္တီပရမံ တပေါတိ တိက္ခာ” ဒီယဥ်ကျေးမှု ဒီ culture ကို ဒီ mind culture ဒီ discussion culture ကို ဘုန်းဘုန်းတို့က promote လုပ်ရမယ် အားပေးရမယ်။
အဲဒီလိုအားပေးတဲ့အခါကြမှ ဘုန်းဘုန်းတို့ ဖြစ်ချင်တဲ့ဟာတွေက ရှေ့ခရီး လွယ်လွယ်ကူကူ အနှောင့်အယှက်နည်းနည်းဖြစ်မှာ။ အဲဒီတော့ Harvard Business Review စာမျက်နှာ(၄၆) က နည်းနည်း ထပ်ဖတ်ချင်တယ်။
Recognize excellence.
The neuroscience shows that recognition has the largest effect on trust when it occurs immediately after a goal has been met, when it comes from peers, and when it’s tangible, unexpected, personal, and public.
ဒါက အရေးကြီးတယ်၊ ဝန်ကြီးဌာနအနေနဲ့ရော သာသနာဘောင်အနေနဲ့ရော အစိုးရအနေနဲ့ရော နောက် တက္ကသိုလ်ကြီးတွေ အနေနဲ့ရော အထက်တန်းကျောင်းတွေအနေနဲ့ရော ဒီဟာကြီးက သူများ သုတေသန ကျကျနနလုပ်ထားတဲ့ဟာ ဘုန်းဘုန်းတို့အနေနဲ့ဆိုရင်တော့ “ပူဇာစ ပူဇ နေယျာနံ” မင်္ဂလာပါပဲ။ “ပူဇာစ ပူဇ နေယျာနံ” ဆိုတာ အသိအမှတ်ပြုသင့်တဲ့ပုဂ္ဂိုလ် အသိအမှတ်ပြုရမယ်။ စာစကားနဲ့ပြောရင်တော့ ပူဇော်တယ်ခေါ်တာပေါ့။ ဒီထဲမှာ အဲဒီလိုလုပ်တယ်ဆိုရင် trust ကများတယ်တဲ့၊ largest effect on trust တဲ့။
အထူးသဖြင့် အောင်မြင်တဲ့ပုဂ္ဂိုလ် excellence ဖြစ်ရင် သူ့ targeted goal အဲဒီရည်ရွယ်ချက်ကို ရောက်ရောက်ချင်းချင်း ပြီးပြီးချင်း အောင်မြင်မြင်ချင်း သူ့ကို အသိအမှတ်ပြုတဲ့ဟာ အသိအမှတ်ပြုတဲ့စနစ်ပေါ့နော်၊ ဒါ institution ထဲမှာ ရှိတယ်ဆိုရင် ဒီဟာက စိတ်ဓါတ်ကို အားပေးတယ်ပေါ့။ When it comes from peer - ဒီအသိအမှတ်ပြုတဲ့ဟာ လူကြီးဆီကနေလာရင်၊ when it’s tangible - လက်တွေ့အလုံးအခဲမြင်ရရင်၊ unexpected - မျှော်လင့်မထားတာ၊ personal သူ့ကိုလည်းပဲ ရည်ရွယ်ပြီးပြောရင်၊ public လူသိအောင်ပြောရင်။
သူ့ရဲ့အချက်အလက်တွေက when it occurs immediately after a goal has been met - နံပါတ်တစ်၊ when it comes from peers - နံပါတ်နှစ်၊ when it’s tangible - နံပါတ်သုံး၊ unexpected - (၄)၊ personal - (၅)၊ public (၆) အဲဒါမျိုးတွေ။ အဲဒီတော့ It gives top performers a forum for sharing best practices, so others can learn from them.
အဲဒီလိုလုပ်တာဟာ သူက induce challenge stress တဲ့။ အဲဒီလိုလုပ်တဲ့အခါမှာ လူတွေက stress ကို manage လုပ်တဲ့နေရာမှာ ပိုပြီးတော့ကောင်းတယ်။ ဘုန်းဘုန်း နည်းနည်း နောက်တစ်ခု ထပ်ဖတ်ပြချင်တယ်။
When a manager assigns a team a difficult but achievable job, the moderate stress of the task releases neurochemicals.
တာဝန်အပေးခံရတာ၊ ဒီတာဝန်က ခက်ခဲတာဟုတ်တယ် ဒါပေမဲ့အောင်မြင်နိုင်တယ်၊ အဲဒီတာဝန်အပေးခံရတဲ့ အခါမှာ လူတွေက ဝမ်းသာတယ်တဲ့ ပီတိဖြစ်တယ်။
It releases neurochemicals, including oxytocin and adrenocorticotropin, that intensify people’s focus and strengthen social connections.
ဒါက social connection ကောင်းအောင် teamwork ကောင်းအောင် ဦးနှောက်ကို ကိုင်တွယ်တတ်တာကိုပြောတာ brain science နဲ့ neurology နဲ့ တရားထိုင်တဲ့ဟာနဲ့။
When team members need to work together to reach a goal, brain activity coordinates their behaviors efficiently.
အဲဒီတော့ ပြီးခဲ့တဲ့နှစ်တစ်ရာကို ပြန်ကြည့်တဲ့အခါမှာ နာကျင်မှုဖြစ်ပေါ်ခဲ့တဲ့နေရာတွေကို ဘုန်းဘုန်းတို့က publicly - လူသိရှင်ကြား recognize လုပ်ဖို့ အသိအမှတ်ပြုဖို့ လိုအပ်တယ်။ အဲဒီလိုမျိုး လုပ်နိုင်ဖို့အတွက်ဆိုတာ across the board မိဘတွေအနေနဲ့ရော တိုင်းသူပြည်သားတွေအနေနဲ့ရော ရန်ကုန်တက္ကသိုလ်အနေနဲ့ရော ဘုန်းဘုန်းတို့က ဒီ ခန္တီဆိုတဲ့ ယဥ်ကျေးမှု ဆွေးနွေးတဲ့နေရာမှာ သူရဲ့အပိုင်းကဏ္ဍ ကိုယ့်ရဲ့အပိုင်းကဏ္ဍကို လွတ်လွတ်လပ်လပ် ပြောဆိုပြီးတော့ တစ်ယောက်ကိုတစ်ယောက် negative အမြင်နဲ့ ချက်ချင်း judge လုပ်တဲ့ဟာ အဲဒီယဥ်ကျေးမှုကို အားပေးဖို့ မြင့်တင်ဖို့ လိုအပ်တယ်လို့ ဘုန်းဘုန်းက ထပ်ခါထပ်ခါပြောနေတယ် အရေးကြီးလို့။
မဟုတ်ဘူးဆိုရင် ကောင်းတဲ့ဟာ လုပ်မယ်လုပ်တိုင်း မကုစားရသေးတဲ့ အတိတ်ကဒဏ်ရာတစ်ခုကို
ဆွဲထုတ်ပြီးတော့ပြောရင် ချက်ချင်းအနှောင့်အယှက်ဖြစ်သွားတာ။ အဲဒီ project ကြီးကရပ်တန့်သွားတာ၊ ဘာဖြစ်လိုတုန်းဆို trust building မှာ ဘုန်းဘုန်းတို့က အားနည်းနေလို့။ ဂရုမစိုက်လို့။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ
🙏🙏🙏
(၂၅.၁၁.၂၀၂၀) ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်တွင် ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်ဖြစ် ဟောကြားတော်မူခဲ့သော “အနှစ်တစ်ရာမှ လုံ့လများနှင့် အနှစ်တစ်ထောင်တန် မုဒိတာ (A Hundred Years of Great Efforts for a Thousand Years of Joy)” တရားတော်မှ ရေးသားပူဇော်ပါသည်။
to: အောက်စဖိုဒ့်ဆရာတော် ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ page မှ ကူးယူဖော်ပြပါသည်။https://www.facebook.com/OxfordSayardawDrDhammasami
#တရားတော်နာယူရန် >>> SSBU YouTube Channel:
https://www.youtube.com/watch?v=ZANecviUoNg