12/09/2021
N5Basic တန်းကအိမ်စာလေးတွေ 🌸🌸🌸
များများရေးကျင့်ပြီး မြန်မြန် တက်မြှောက်ကြမယ် 💪💪💪
ချွေတာသင့်တဲ့ အခက်အခဲ ကာလ တွေမှာ ပညာ
12/09/2021
N5Basic တန်းကအိမ်စာလေးတွေ 🌸🌸🌸
များများရေးကျင့်ပြီး မြန်မြန် တက်မြှောက်ကြမယ် 💪💪💪
03/09/2021
ဒီနေ့နောက်ဆုံး စာရင်းလက်ခံပေးသွားမှာဖြစ်ပါတယ် 🌸😊
Japanese Basic ပညာဒါန (100%)Free
Japan စာကို သေချာတက်မြောက်ချင်တယ်ဆိုရင် အခြေခံကို ကောင်းမွန်အောင် အရင်လုပ်ရပါ့မယ်။ယခု N5 Basic Class ကအခြေခံကောင်းမွန်အောင် ကူညီသင်ကြားပေးသွားမှာပါ။
Basic Japanese class လေးကို ပညာဒါန အဖြစ်သင်ကြားပေးသွားမယ့် အစီအစဉ်ပါ 🌸🌸🌸
ဘာတွေသင်ကြားပေးမှာလဲ ❓
ဂျပန်စာရဲ့အခြေခံဖြစ်တဲ့
1. အခြေခံ ဂျပန် စကားလုံး,Romaji
( Hiragana , Katakana )
2. အသံထွက်နှင့် ရေးပုံရေးနည်း
3. ဂဏန်းရေတွက်ပုံ
4. ရက် ၊ လ ၊ နှစ် ရေတွက်ပုံ
5. ပိုက်ဆံရေတွက်ပုံ
6. အသက်ရေတွက်ပုံ
7. ပစ္စည်းရေတွက်ပုံ
8. နေ့စဥ်သုံးနှုတ်ဆက်စကားနှင့် စကားပြောများ
9. စာသင်ခန်းတွင်းသုံး အခြေခံ မိတ်ဆက်ပုံ
10. နာရီ၊မိနစ်၊ အချိန်ရေတွက်ပုံများ
💡 ဘယ်လိုလူတွေတက်သင့်လဲ 💡
အခုမှစပြီး ဂျပန်စာကို စလေ့လာချင်တဲ့သူတွေ
N5 မတက်ခင်မှာ အခြေခံဂျပန်စကားလုံးတွေနဲ့ တရင်းတနှီးရှိထားချင်သူတွေတက်ထားသင့်ပါတယ်။
⏰ ဘယ်အချိန်သင်မှာလဲ ⏰
11.9.2021 ရက်နေ့စသင်ပါမယ်။
🗓 Sat & Sunday
⏱ 3:00PM-5:00PM
သင်တန်းကာလ 1 လကြာမှာဖြစ်ပါတယ်။
Fee ကဘယ်လောက်လဲ ❓
100% Free ပါ 💯
⚠️⚠️⚠️
ပညာဒါနဆိုပေမယ့် သင်တန်းပြီးဆုံးသည်အထိတက်ရောက်မည့်သူများသာ စာရင်းပေးသွင်းကြပါရန် မေတ္တာရပ်ခံပါတယ်။
သင်ကြားမှုပုံစံ
Google Meet (Face to face) သင်ကြားပေးမှာဖြစ်တာကြောင့် မသိတာ နားမလည်တာတွေကို ချက်ချင်းပြန်မေးလို့ရပါတယ်။
🚨တက်ရောက်နိုင်ရန်အတွက် SYB Page ကို Like and share လုပ်ပြီး Page Chat Box မှာss ရိုက်ပြီးလာပို့ပေးသူသာလက်ခံသွားမည်ဖြစ်ပါတယ်။🚨
💰
အားလံုးပဲ မဂၤလာပါ ☀️
SYB - save your budget page
မွ Japanese basic class ပညာဒါန
ကို google meet နဲ့ဖွင့်လှစ်တော့မှာပါ
အသေးစိတ်-💡💡
https://www.facebook.com/104166651982110/posts/109618288103613/
ဒါ့အပြင် တခြားသော 100% free လေ့လာလို့ရမယ့် website တွေကိုလည်း မျှဝေပေးလျက်ရှိပါတယ်
English self-study လုပ်နေသူတွေအတွက်လည်း စာအုပ်လေးတွေ စုထားပေးတယ့် telegram channel လေးလည်း ရှိပါတယ်💡free join လို့ရပါတယ်
SYB - Save Your Budget 💵💵
ဟာ အထူးသဖြင့်အခု လိုကာလမှာ ကိုယ်ဝါသနာပါရာကို
လေ့လာနိုင်ဖို့ ဖွင့်ထားတဲ့ page လေးဖြစ်ပါတယ်
Basic အတန်းလေးတွေ ကို ပညာဒါန ပြုပေးပီး
နောက် level တွေ ဆက်တက်ချင်တဲ့
သူများကိုလည်း ကျောင်းသားဟောင်းများ ဖြစ်ပါက
% discount ပေးသွားမှာပါ 😯😯😯
p.s= ပညာဒါန တက်ထားတဲ့ ကျောင်းသား များလည်း ကျောင်းသားဟောင်းလို့ယူဆ ပါတယ် 🤝
28/08/2021
Japan စာကို သေချာတက်မြောက်ချင်တယ်ဆိုရင် အခြေခံကို ကောင်းမွန်အောင် အရင်လုပ်ရပါ့မယ်။ယခု N5 Basic Class ကအခြေခံကောင်းမွန်အောင် ကူညီသင်ကြားပေးသွားမှာပါ။
Basic Japanese class လေးကို ပညာဒါန အဖြစ်သင်ကြားပေးသွားမယ့် အစီအစဉ်ပါ 🌸🌸🌸
ဘာတွေသင်ကြားပေးမှာလဲ ❓
ဂျပန်စာရဲ့အခြေခံဖြစ်တဲ့
1. အခြေခံ ဂျပန် စကားလုံး,Romaji
( Hiragana , Katakana )
2. အသံထွက်နှင့် ရေးပုံရေးနည်း
3. ဂဏန်းရေတွက်ပုံ
4. ရက် ၊ လ ၊ နှစ် ရေတွက်ပုံ
5. ပိုက်ဆံရေတွက်ပုံ
6. အသက်ရေတွက်ပုံ
7. ပစ္စည်းရေတွက်ပုံ
8. နေ့စဥ်သုံးနှုတ်ဆက်စကားနှင့် စကားပြောများ
9. စာသင်ခန်းတွင်းသုံး အခြေခံ မိတ်ဆက်ပုံ
10. နာရီ၊မိနစ်၊ အချိန်ရေတွက်ပုံများ
💡 ဘယ်လိုလူတွေတက်သင့်လဲ 💡
အခုမှစပြီး ဂျပန်စာကို စလေ့လာချင်တဲ့သူတွေ
N5 မတက်ခင်မှာ အခြေခံဂျပန်စကားလုံးတွေနဲ့ တရင်းတနှီးရှိထားချင်သူတွေတက်ထားသင့်ပါတယ်။
⏰ ဘယ်အချိန်သင်မှာလဲ ⏰
11.9.2021 ရက်နေ့စသင်ပါမယ်။
🗓 Sat & Sunday
⏱ 3:00PM-5:00PM
သင်တန်းကာလ 1 လကြာမှာဖြစ်ပါတယ်။
Fee ကဘယ်လောက်လဲ ❓
100% Free ပါ 💯
⚠️⚠️⚠️
ပညာဒါနဆိုပေမယ့် သင်တန်းပြီးဆုံးသည်အထိတက်ရောက်မည့်သူများသာ စာရင်းပေးသွင်းကြပါရန် မေတ္တာရပ်ခံပါတယ်။
သင်ကြားမှုပုံစံ
Google Meet (Face to face) သင်ကြားပေးမှာဖြစ်တာကြောင့် မသိတာ နားမလည်တာတွေကို ချက်ချင်းပြန်မေးလို့ရပါတယ်။
🚨တက်ရောက်နိုင်ရန်အတွက် SYB Page ကို Like and share လုပ်ပြီး Page Chat Box မှာss ရိုက်ပြီးလာပို့ပေးသူသာလက်ခံသွားမည်ဖြစ်ပါတယ်။🚨
💰
26/08/2021
ဒီနေ့ပြောပြမယ့်အကြောင်းလေးကတော့ လူတိုင်းသိပြီးသား မင်းသားကြီး Tom Hanks ရယ်လို့ ကျော်ကြားမှုတွေ ထပ်တိုးစေခဲ့တဲ့ "Forrest Gump" ဆိုတဲ့ဇာတ်လမ်းလေးအကြောင်းပဲ ဖြစ်ပါတယ်။
❤️❤️❤️
ကောင်းကင်ပေါ်ကနေ တလွင့်လွင့်ကျလာတဲ့ ငှက်မွေးဖြူလေးရယ်
ဆဗာနားမြို့လယ်ကောင်က ဘတ်စ်ကားမှတ်တိုင်မှာ
ထိုင်နေတဲ့ ဆံပင်ပုံတုံးတုံးနဲ့လူတစ်ယောက်ရယ်။
ရုပ်ရှင်သမိုင်းမှာ အကောင်းဆုံးအဖွင့် ဇာတ်ဝင်ခန်း
တစ်ခုလို့ သတ်မှတ်ကြတယ်။ မယုံနိုင်စရာတစ်ခုက
ရုပ်ရှင်တစ်ကားလုံးမှာ ဒီအခန်းကရိုက်ရအခက်ဆုံး
ဖြစ်ပါသတဲ့။
ဇာတ်အဖွင့်မှာပဲစစချင်းပြတဲ့ ငှက်မွေးလေးက
ဘာကိုဆိုလိုချင်တာလဲ။ ဇာတ်သိမ်းမှာလည်း
ဒီငှက်မွေးဖြူလေးတလွင့်လွင့်နဲ့ပဲ ဇာတ်သိမ်း
သွားတယ်။ ဒီငှက်မွေးဖြူလေးဟာ လူ့ဘဝကို
ကိုယ်စားပြုတာပါတဲ့။ တစ်နည်းအားဖြင့်
Forrest ရဲ့ဘဝကို ကိုယ်စားပြုတာ။ ယန်းပေါဆတ်ရဲ့
စကားဆန်ဆန်ပြောရရင် လူသားတွေဖြစ်တည်ရတဲ့
လောကဝန်းကျင်ဟာအတူတူဖြစ်ပေမယ့်
ကိုယ်ပိုင်ရွေးချယ်ခံစားလျှောက်လှမ်းမှုအပေါ်
မူတည်ပြီး ဘဝတွေဟာ ကွဲပြားသွားတယ်။
တကယ်တော့ Forrest ရဲ့ ဘဝဟာ အစကတည်းက
မကောင်းလှပါဘူး။ ဖတဆိုးဖြစ်ရတဲ့အထဲ
ဉာဏ်လေးတယ်၊ ခြေကလည်း သာခွေယိုင်
ဖြစ်နေသေးတယ်။ ကျောင်းတက်ခွင့်ရဖို့ကိုတောင်
အမေက အနစ်နာခံပေးရတယ်။ သူကျော်ဖြတ်ခဲ့ရတဲ့
ခေတ်ကိုကြည့်ရင်လည်း ခေတ်ပျက်မဟုတ်တောင်
ခေတ်ကျပ်ကြီးဖြစ်နေတယ်။ ဂျွန်အက်ဖ်ကနေဒီ
လုပ်ကြံခံရမှု၊ လူဖြူလူမည်းကျောင်းတွေ ခွဲရေး
တွဲရေး၊ ဗီယက်နမ်စစ်ပွဲ၊ ဝါးတားဂိတ်အရေးတော်ပုံ၊ ဟာရီကိန်းကာမန်၊ ဟစ်ပီယဥ်ကျေးမှု
လှိုင်း၊ နောက်ဆုံး HIV/AIDS ။ ဒီလိုရှုပ်ထွေးလွန်းတဲ့
ခေတ်ရေယဥ်ကြောကြီးထဲမှာ Forrest ရှင်သန်ခဲ့ပုံက
ပေါ့ပါးလွန်းတယ်။ သူ့ဘဝပေးကံကြမ္မာကြောင့်
ဘာမှသိပ်မသိတာရယ်၊ စိတ်ထားရိုးရှင်းတာရယ်
ကြောင့်လည်းပါလိမ့််မယ်။ ခက်ခဲရှုပ်ထွေးတဲ့
ပြောင်းလဲမှုလှိုင်းတွေကို သူသက်သက်သာသာပဲ
ကျော်ဖြတ်နိုင်ခဲ့တယ်။
Forrest လောက်ကံမကောင်းတာကတော့
Jenny နဲ့ ဗိုလ်ကြီးဒန်းပဲ။ ဖခင်ရဲ့စော်ကားမှုကို
ငယ်ငယ်ကတည်းကခံခဲ့ရတဲ့ Jennyဟာ
ဘဝကိုရောက်ချင်ရာရောက် ရွက်တိုက်သွားတယ်။
နောက်ဆုံးမှာ HIV နဲ့ ဘဝဆုံးသွားရတယ်။
(9/11 ကြောင့် မရိုက်ဖြစ်တော့တဲ့ Forrest Sequelမှာ
Forrest Jr. လေးဟာ HIV ရောဂါပါလာတဲ့ကလေး
တစ်ယောက်ဖြစ်လာပြီး Forrest က သူ့သားကို
စောင့်ရှောက်ရပုံကို ရိုက်ပြဖို့စီစဥ်ထားခဲ့တာပါ။)
ဗိုလ်ကြီးဒန်းကတော့ မျိုးနဲ့ရိုးနဲ့ ဘဝကို plan
ရှိထားတဲ့လူစားမျိုး။ ဒါပေမဲ့ သူတို့ ၂ ယောက်လုံး
ဘဝမှာ မပျော်လိုက်ရဘူး။ Forrest ကတော့
သူတို့ ၂ ယောက်လုံးနဲ့ကွာခြားတယ်။ ဘဝကို
ဘယ်ကမ်းဆိုက်ဆိုက်ရွက်တိုက်နေသူ မဟုတ်သလို
မဟာစီမံကိန်းကြီးတွေချထားတဲ့သူလည်း
မဟုတ်ဘူး။ Forrest က ငှက်မွေးဖြူလေးရဲ့
အဘိဓမ္မာကိုဆုပ်ကိုင်ထားတယ်လို့ဆိုရမယ်ထင်တယ်။
လူသားတွေရဲ့ဘဝဟာ ငှက်မွေးလေးတစ်ခုလိိုပဲ
လေပင့်ရင် တက်မယ် လေဝှေ့ရင်ရွေ့မယ်
လေပြတ်ရင် သတ်မယ်။ ငါကတော့ ဟိုနေရာကို
သွားမယ်ကွလို့ ဦးတည်ပေမယ့် ရောက်ချင်မှ
ရောက်မှာပေါ့။ ဒီမြက်ခင်းပေါ်မဆင်းဘူးကွ
ဆိုပြန်ရင်လည်း မနေချင်တဲ့နေရာကိုမှ ဆိုက်ဆိုက်
မြိုက်မြိုက်ရောက်သွားတတ်တာမျိုးလည်းရှိမယ်။
တစ်ခါတရံ ဘယ်ကလာမှန်းမသိတဲ့ပင့်လေ လေး
ကြောင့် သစ်ပင်ထိပ်ဖျားကိုရောက်သွားတတ်သလို
လေရူးနှောက်လို့ မြောင်းထဲရောက်သွားတာမျိုးလည်း
ရှိမှာပဲ။ ဒါဆိုရင်ဘဝက ကံကြမ္မာစေရာ သက်သက်
ကြီးပဲလားလို့ မေးစရာရှိတယ်။
Jenny ရဲ့ အုတ်ဂူနားမှာရပ်ရင်း - ဘဝဆိုတာ
ကံကြမ္မာစေရာလား ဒါမှမဟုတ် လေတိုက်တိုင်း
လွင့်ချင်ရာလွင့်နေတာမျိုးလား ငါမသိဘူး။
၂ ခုလုံးဖြစ်ရင်ဖြစ်မယ်ထင်တယ် လို့ Forrest
ပြောခဲ့တဲ့အတိုင်း ကျွန်တော်တို့ဘဝတွေဟာ
လေနှင်ရာလွင့်ရပေမယ့် ကိုယ့်ငှက်မွေးလေးကို
ပဲ့ထိန်းပေးဖို့အခွင့်အရေးရှိနေတာ ဖြစ်နိုင်မလား။
လက်ရှိကြုံနေရတဲ့ အခြေအနေဟာ လူတိုင်း
အတွက် စိတ်ဆင်းရဲ၊ လူဆင်းရဲ အခြေအနေကြီးပါ။
စီစဥ်ထားသမျှ ဘဝစီမံကိန်းတွေ ပျက်ကြတယ်။
ဆုံးရှုံးမှုတွေကြီးကြတယ်။ မနက်ဖြန် သေဘေး
ကြုံရနိုင်လား၊ အဖမ်းအဆီးခံရမလား၊ ဘဝပျက်
မလား၊ မိသားစုနဲ့ခွဲရမလား၊ ချစ်သူနဲ့ တစ်သက်လုံး
ကွဲရမလား၊ ဘယ်လိုဒုက္ခတွေကြုံရမလဲ
ဘယ်သူမှကြိုမသိနိုင်ဘူး။ မကြာသေးတဲ့အတိတ်
အတွက်ပူဆွေးနေရသလို၊ ပစ္စုပ္ပန်ကိုလည်း
စိတ်မချ၊ အနာဂတ်ကိုလည်း စိတ်ပူနေရတယ်။
Life is like a box of chocolates. You never
know what you're gonna get. ကျွန်တော်တို့
လတ်တလောရထားတဲ့ ချောကလက်ဘူးကတော့
စားမိသမျှ အရသာဆိုးတွေချည်းပဲ။
ပါးစပ်ထဲသွင်းမယ့်နောက်တစ်ခုကလည်း
ဘာအရသာမှန်းမသိဘူး။
ကျွန်တော်ကတော့ Forrest ရဲ့ ဒဿနအတိုင်းပဲ
ဆက်နေသွားမယ်။ လမ်းကိုသိတာနဲ့ လမ်းကို
လျှောက်တာမတူပါဘူး။ ဒီလမ်းဟာ ကြမ်းမယ်လို့
သိထားရင်တောင် ကိုယ့်လျှောက်ပုံလျှောက်နည်းက
ကိုယ့်ကိုသက်သောင့်သက်သာဖြစ်စေမှာပါ။
ရလဒ်ကိုလည်း ပြောင်းလဲပေးနိုင်မှာပါ။
လေနှင်ရာလွင့်ရမယ်လို့သိထားရင်တောင်
ငှက်မွေးလေးဟာ ဖြူစင်ပေါ့ပါးနေတုန်းပဲ
မဟုတ်လား။
ရှေ့မှာဘယ်လိုအဆိုးတွေရှိပါစေ ကိုယ့်ရဲ့
ဖြူစင်မှုကိုမစွန့်ပစ်ပါနဲ့။ စိတ်ဝန်ကို တန်ပို
အတင်မခံပါနဲ့။ ကိုယ်ဒီနေ့ရတဲ့ ချောကလက်ဟာ
အရသာကောင်းတာလေးဖြစ်နေရင် အနားကလူကို
မျှဝေဖို့ မမေ့ပါနဲ့။❣️❣️❣️
စာအုပ်ဖတ်ချင်တဲ့သူတွေကတော့ SYB Telegram channel လေးမှာ ဝင်ရောက်ဖတ်လို့ရပါတယ်။
https://t.me/saveurbudget
25/08/2021
Japan စာလေ့လာနေသူများတွက် "Minn no Nihongo N5 & N4 (pdf)" နှစ်အုပ်ကို SYB Telegram channel လေးမှာရယူနိုင်ပါပြီ။
❤️❤️❤️
https://t.me/saveurbudget
25/08/2021
ဒီနေ့ပြောပြပေးမဲ့ အကြောင်းအရာလေးကတော့ “へဝိဘတ်” အကြောင်းပဲဖြစ်ပါတယ်။
ပထမဦးဆုံးအနေနဲ့ ဒီVerb 3ခုကို အရင်မှတ်ပါ။
1)いきます-သွားသည်
2)きます-လာသည်
3)かえります-ပြန်သည်
ဒီ3ခုရဲ့အရှေ့မှာ へဝိဘတ်ကို သုံးပါတယ်။
“へ”ကို “え”လို့အသံထွက်ရပါတယ်။
ဦးတည်ရာပြဝိဘတ်-“သို့” လို့အဓိပ္ပာယ် ရပါတယ်။
1)わたしは がっこうへ いきます。
ကျွန်တော်သည် ကျောင်းသို့ သွားသည်။
2)せんせいは きょうしつへ きます。
ဆရာမသည် စာသင်ခန်းသို့ လာသည်။
3)ちちは うちへ かえります。
အဖေသည် အိမ်သို့ ပြန်သည်။
အခုလိုစာကြောင်းလေးတွေနဲ့ ရှင်းပြထားတဲ့အတွက် ဒီလောက်ဆို နားလည်မယ်လို့ မျှော်လင့်ပါတယ်။
Page လေးကိုလဲ Like and share လေးလုပ်ခဲ့ပေးပါအုံး။
❤️❤️❤️
24/08/2021
ဒီနေ့ပြောပြပေးမဲ့ အကြောင်းအရာလေးကတော့ "がဝိဘတ်" အကြောင်း ဖြစ်ပါတယ်။
ပထမဦးဆုံးအနေနဲ့ ဒီVerb 2ခုနဲ့ Adjective 4ခုကို အရင်မှတ်ပါ။
1) あります- ရှိသည်(V)
2) わかります- နားလည်သည်(V)
3) すきです- ကြိုက်သည်(Adj)
4) きらいです- မုန်းသည်(Adj)
5) じょうずです- တော်သည်(Adj)
6) ヘたです- ညံ့သည်(Adj)
ဒီ6ခုရဲ့အရှေ့မှာ がဝိဘတ်ကို သုံးပါတယ်။
1) わたしは くるまが あります。
ကျွန်တော့်မှာ ကားရှိသည်။
2) わたしは にほんごが わかります。
ကျွန်တော်သည် ဂျပန်စကားကို နားလည်သည်။
3) わたしは ミャンマりょうりが すきです。
ကျွန်တော်သည် မြန်မာအစားအစာကို ကြိုက်သည်။
4) わたしは サッカーが きらいです。
ကျွန်တော်သည် ဘောလုံးကန်တာကို မုန်းသည်။
5) わたしは りょうりが じょうずです。
ကျွန်တော်သည် ဟင်းချက်တာက တော်သည်။
6) わたしは えいごが ヘたです。
ကျွန်တော်သည် အင်္ဂလိပ်စာကို ညံ့သည်။
ဥပမာစာကြောင်းလေးတွေပါ ရေးပြထားတဲ့အတွက် ဒီလောက်ဆိုရင် နားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
With loads of love❤️❤️❤️
23/08/2021
ဒီနေ့ပြောပြပေးမဲ့ အကြောင်းအရာလေးကတော့ Japanလူမျိုးတွေရဲ့ ကိန်းဂဏန်းတွေအပေါ် ယူဆချက်များ အကြောင်းပဲဖြစ်ပါတယ်။
Japanလူမျိုးတွေရဲ့ lucky number က 8 ဖြစ်ပါတယ်။
ဘာလို့ 8 ဖြစ်ရတာလဲဆိုတော့ 8 ရဲ့ kanjiစကားလုံး-八(hachi) က မင်္ဂလာအပေါင်းနဲ့ပြည့်စုံတယ်လို့ Japanတွေက ယူဆကြပါလို့ပါတဲ့။
8 ရဲ့ kanjiစကားလုံး-八 (hachi) ရဲ့ပုံသဏ္ဍာန်က အောက်ခြေကျယ်ပြန့်ပြီး အပေါ်ကိုမြင့်တက်သွားတဲ့ တောင်ပုံသဏ္ဍာန်နဲ့တူပါတယ်။
လူတစ်ယောက်အနေနဲ့ အောက်ခြေကျယ်ပြန့်ခြင်းဆိုတာ ကိုယ့်အောက်မှာ သားသမီး၊ မြေးမြစ်တွေများပြားစွာရှိခြင်းလို့ Japanလူမျိုးတွေက ဆိုကြပါတယ်။ မိသားစုများစွာနဲ့ သာယာတဲ့ဘဝကို ပိုင်ဆိုင်တဲ့ နိမိတ်ဖြစ်လို့ မင်္ဂလာရှိတယ်ဆိုပြီး 8 ဂဏန်း 八 ကို Japanလူမျိုးတွေက သဘောကျကြပါတယ်တဲ့။
Japanလူမျိုးတွေရဲ့ unlucky number ကတော့ 4 နဲ့ 9 ဖြစ်ပါတယ်။
ဘာလို့ 4 နဲ့ 9 ဖြစ်ရတာလဲဆိုတော့ 4 နဲ့ 9 ရဲ့ အသံထွက်တွေက မကောင်းတဲ့ အတိတ်နိမိတ်တွေကို ဖေါ်ဆောင်နေလို့ပါတဲ့။
4 ရဲ့ အသံထွက်က shi(死) သေဆုံးခြင်းဆိုတဲ့ စာလုံးနဲ့ အသံထွက်တူနေပြီး 9 ရဲ့အသံထွက်ကတော့ ku(苦しむ-kurushimu) စိတ်သောကရောက်ခြင်း၊ ဝေဒနာခံစားရခြင်း ဆိုတဲ့ စာလုံးရဲ့အသံထွက်နဲ့တူနေတဲ့ အတွက်ကြောင့်ပါပဲ ဖြစ်ပါတယ်။
Japanလူမျိုးတွေက 4 နဲ 9 က မင်္ဂလာမရှိဘူးလို့ ယူဆကြတဲ့အတွက် Japanနိုင်ငံရဲ့ ဆေးရုံ၊ အိမ်ခန်း၊ ဟိုတယ်တွေမှာ No.4, No.9 စတဲ့အခန်းနံပါတ်တွေမရှိကြပါဘူးတဲ့။
နောက်ထပ်လဲ Japanနဲ့ပတ်သတ်တဲ့ ဗဟုသုတ ရစရာတွေကို ဝေမျှပေးသွားမှာမို့ Pageကို like&follow လုပ်ထားကြနော်။
https://m.facebook.com/SYB-Online-Language-Classes-104166651982110/
22/08/2021
မဂၤလာပါ
ကလေးတွေစာသင်ချိန်အပီး အားတဲ့အချိန်လေးတွေမှာ စာအုပ်လေးတွေ စုဖြစ်ပါတယ်
download လုပ်ထားတဲ့ Eng စာအုပ်လေးတွေ စုပီး channel လေးလုပ်ထားပါတယ်
English novel နဲ့ self - study လုပ်လို့ကောင်းမယ့်
Time to talk ,grammar in use,Idom in use ,phrasal verb in use, .… စတဲ့ စာအုပ်လေးတွေ ပါ ပါတယ်
free join လို့ရပါတယ်ရှင်
SYB Channel Online Library and online language classes