Krishna Bhakti Sanga

Krishna Bhakti Sanga လောကုတ္တရာ စာပေများ မိန့်မှာချက်မျ?

Disappearance Day of Vamsidasa Babaji 16.8.2026ဝံမ်ဆီးဒါးစ် ဘာဘာကြီး ဘုရားရှင်ထံပြန်တော်မူသောနေ့ အထိမ်းအမှတ် ၁၆.၈.၂၀၂၆ဝံ...
15/08/2026

Disappearance Day of Vamsidasa Babaji 16.8.2026
ဝံမ်ဆီးဒါးစ် ဘာဘာကြီး ဘုရားရှင်ထံပြန်တော်မူသောနေ့ အထိမ်းအမှတ် ၁၆.၈.၂၀၂၆

ဝံမ်ဆီးဒါးစ် ဘာဘာကြီး အား မာယာမနားစီမ်ဟ ခရိုင် ဒေသခွဲ ကီရှိုးရဂန်ဂျ ရှိ မဂျီသ်ပူးရ တွင် ဖွားမြင်တော်မူခဲ့သည်။ ဖခင်အမည်မှာ စနာသန မလိုဝ်ရမာ ဖြစ်သည်။ အမည်ဟောင်းမှာ ဘိုင်ရဝ ကျန္ဒရ ဖြစ်သည်။ ထုံးတမ်းစဉ်လာအရ ငယ်စဉ်ကတည်းက ထိမ်းမြားခဲ့ပါသော်လည်း အိမ်ထောင်သည် ဘဝကို စိတ်ဝင်စားခြင်း အလျင်းမရှိသူဖြစ်သည်။ မိခင်ဖြစ်သူ၏ အတင်းနားချမှုကြောင့်သာ ဇနီးဖြစ်သူနှင့်သော်မှ တစ်နေ့တစ်ခါမျှသာ ခေါ်ပြောဆက်ဆံလေ့ရှိသည်။ သူသည် နရိုဿမ ထာကူးရ် ၏ အစဉ်အလာတွင် ဒီခ်ရှားယူခဲ့ပြီး တစ်ဦူတည်း ခြိုးခြံစွာကျင့်ကြံနေထိုင်သူ ဘဝကို ခံယူခဲ့လေသည်။ ထိုစဉ်အချိန်က ကာလကျန္ဒရ အစဉ်အလာ ခေတ်စားခဲ့ပြီး ထိုအစဉ်အလာကို စတင်လိုက်နာထဲ့သော်လည်း နောက်ပိုင်းတွင် စစ်မှန်ဖြူစင်သော ဂေါ်ဒီယား ဝိတ်သျှ်ဏဝ လမ်းစဉ်ကို လျှောက်လှမ်းခဲ့သူဖြစ်သည်။

တစ်ချိန်တုန်းက ရှရီ ဂေါ်ရ ကီရှိုးရ ဘာဘာ မှ နဝဒွိပ်သို့ ထွက်ခွားသွားပြီးနောက် သူတော်စင်ကြီး တစ်ပါးမှ ဝံမ်ဆီးဒါးစ် ဘာဘာကြီး၏ လေးလေးနက်နက်ဆေဝါလုပ်ပုံကို ကြည့်ပြီး ဤသို့ မှတ်ချက်ချဖူးသည်။ " ဂေါ်ရ ကီရှိုးရ ပြီးလျှင် သူသည် မြင့်မြတ်သော ဆက်ခံသူ တစ်ဦးဖြစ်လာမည် ဖြစ်ပြီး သူ၏ သြဝါဒ ဒေသနာများသည် တမူထူးခြားနေပေလိမ့်မည်။"

နဝဒွိပ တွင် ရှိနေစဉ် ဝံမ်ဆီးဒါးစ် ဘာဘာကြီး သည် ရင်္သေ့သင်္ခမ်းတစ်ခုတွင် နေထိုင်သီတင်းသုံးတော်မူခဲ့ပြီး ဆွမ်းခံစားခဲ့သည်။ နောက်ပိုင်းတွင် ရှရီ ဂေါ်ရ ဘုရားရှင်အား ဆေဝါလုပ်ရန် တာဝန်သည် သူ့အပေါ် ကျရောက်လာသောအခါ အလှူခံစားခြင်းအပေါ်သာ လုံးလုံးလျားလျား မှီခိုရပေတော့သည်။ သူသည် ကျမူဟနီး ရှိ ဂိုးဆွာမိ အိမ်အနားတွင် ရိုးရှင်းသော တဲကလေးကို ထိုးကာ သူ၏ ဘုရားရှင် ဂေါ်ရ ဟရီး နှင့်အတူ နေထိုင်ခဲ့သည်။ သူအလှူခံထွက်သည့်အခါတွင်လည်း တစ်ခါတစ်ရံ သူနှင့် တပါတည်း ဂေါ်ရ ဟရီးအား ပင့်ဆောင်သွားလေ့ရှိပေသည်။

ဝံမ်ဆီးဒါးစ သည် တစ်ခါတစ်ရံ သူခိုးများမှ သူ ၏ ပစ္စည်းများကို ခိုးယူသွားကြသော်လည်း သူ၏ တဲကလေးအား ပိတ်ထားသည်ဟူ၍ မရှိပါချေ။ သူ၏ သာဝကများမှ တံခါးပိတ်ရန် တောင်းဆိုခွင့်ပန်ကြသော်လည်း ဤသို့ ပြန်လည် မိန့်တော်မူသည်။

" တကယ်လို့ ဘုရားရှင်က သူ့ရဲ့ နေအိမ်ကို သူလျစ်လျူရူထားမယ်ဆိုရင်တော့လည်း ဝံမ်ဆီးက ဘာလုပ်နိုင်မှာတုန်း။ "

တစ်ခါက သာဝကတစ်ပါးမှ ဘုရားရှင် ဂေါ်ရ ဟရီးအတွက် ဆက်ကပ်ခဲ့ရာ သူခိုးတစ်ယယာက်မှ ၎င်းကို ခိုးသွားလေသည်။ ဝံမ်ဆီးဒါးစ အလှူခံသွားရာမှ ပြန်ရောက်လာသောအခါ ရုပ်ပွားတော်အား " အရှင် ဘယ်သူ့ကို ဆွဲကြိုးပေလိုက်တာလဲ။ " ဟူ၍ မေးသည်။ ညနေပိုင်းတွင် သူသည် သူခိုးကို ခြေရာခံမိသွားပြီး သူခိုးအိမ်သို့ရောက်သွားသည်။ သူခိုးထံမှ ဆွဲကြိုးတောင်းရာ သူခိုးမှ သူ့အား တွန်းထုတ်လိုက်ပြီး မြေကြီးပေါ်သို့ လဲကျသွားရာမှ ခြေတစ်ဖက် အထိနာသွားခဲ့သည်။ သို့သော်လည်း စကားတစ်ခွန်းမှ မဟခဲ့ပါချေ။ တောက်ဆုံးတွင် သူခိုးမှာ သူ၏ မိသားစုဝင်များ အားလုံးကို ဆုံးရှုံးသွားခဲ့ရလေသည်။

မြူနီစပယ်၏ နှောက်ယှက်မှုကြောင့် ဝံမ်ဆီးဒါးစ သည် တဲအိမ်မှ ထွက်ခဲ့ပြီး ဂျောက်တလား ရှိ ဇရပ်အနီးတွင် စတင်နေထိုင်ခဲ့သည်။ တစ်ခါက မိုးရာသီတွင် ဝံမ်ဆီးဒါးစ သည် သူ၏ အရှင် ဂေါ်ရ ဟရီးအား အနားများပြဲနေသေ စောင်ကလေးနှင့် ဖုံးပြီး သိပ်ထားလေ့ရှိပြီး ထိုစောင်ကလေးနှင့်ပင် ဘုရာရှင်၏ မိုးရေစက်များစိုနေသော မျက်နှာတော်အား သုတ်ပေးရှာသည်။ ရှရီမသီ လလီသာ စခီး ဒါးစီ သော်မှ သူ့အား နသ်မန်ဒီရ် တွင်နေထိုင်ရန် သော်လည်းကောင်း ခေါင်မိုးတစ်ခုဆောက်လုပ်ရန် လည်းကောင်း မစွမ်းဆောင်နိုင်ခဲ့ပါချေ။

ဝံမ်ဆီးဒါးစ ၏ ရုပ်ပွားတော်သည် သူနှင့် စကားပြောလေ့ရှိသည်။ ဘာဘာကြီးသည် ကန်ဒူးဝီလ်ဝ သို့တစ်ကြိမ် နှင့် ကီတူရီး သို့ တစ်ကြိမ်မှ လွဲပြီး မည်သည့်နေရာသို့မှ မကြွချီခဲ့ပါချေ။ သူ၏ နောက်ဆုံးအချိန်များတွင် ဘာဒလာ ဂဒ် ၏ မြောက်ရှိ အခန်းလေးတွင် အတန်ကြာသီတင်းသုံးခဲ့သည်။ ထိုနေရာတွင် ဘာဘာကြီးသည် ရှရီ နိဿိုင်း ဂေါ်ရ နှင့် ဂဒါူဒရ် ကို၎င်း ရှရီ ရာဓါး ဂိုဝန္ဒား နှင့် ရှရီ ဂိုပါလ် ကို ၎င်း ဆေဝါလုပ်ကိုင်ခဲ့သည်။ အချိန်တစ်မိနစ်သော်မှ အဆုံအရှုံးမခံဘဲနှင့် သူတို့၏ အလုပ်အကျွေးကို အဆက်မပြတ်လုပ်ကိုင်ခဲ့သည်။

ဝံမ်ဆီးဒါးစ ဘာဘာကြီးသည် နရိုဿမ ထာကူးရ် ရေးသားခဲ့သော ပ်ရသာနာ နှင့် ပ်ရေးမ ဘက္ကသီး ကျန်ဒရီးက တို့အား အစအဆုံး အာဂုံဆောင်နိုင်သူဖြစ်သည်။ တစ်ခ့တစ်ရံ ဘာဘာကြီးသည် ပ်ရသာနာ မှ သီဆိုလေ့ရှိသည်။ မည်သူကိုမျှ ဒေါသဖြင့် စကားပြောဆိုခြင်း မရှိခဲ့သကဲ့သို့ မိမိကိုယ်ကိုလည်း ' ဝံမ်ဆီးဒါးစ ' ဟူ၍ မှ လွဲ၍ 'ငါ' 'ငါ၏' စသည့်အသုံး အနှုံန်းကို တစ်ခါမျှ ပြောခဲ့ခြင်း မရှိပါချေ။ ဘာဘာကြီးသည် မိမိဖာသာ ချက်ပြီး သူ၏ ဂေါ်ရအရှင်အား တင်ပြီးသား ကိုသာ သုံးဆောင်ပြီး ပ်ရရှာဒ် မဟုတ်လျှင် လုံးဝ မသုံးဆောင်ပါချေ။ နေမကောင်းဖြစ်သည့်အချိန်တွင်သော်မှ သူသည် ဥပုသ်ဆောက်တည်လေ့ရှိပြီး မည်သူ့ကိုမျှ သူ့အား ဂရုစိုက်စေခဲ့ခြင်း အလျဉ်းမရှိခဲ့ပါချေ။

ဘာဘာကြီး အတွက် နေ့စဉ် ကျ(မ်)ပက ပန်းပွင့် နှစ်ပွင့် အမြဲပေးလေ့ရှိသော ကျ(မ်)ပက အပင်တစ်ပင်သည် ခြံအနားတွင် ရှိသည်။ အသက်ကြီးသောအခါတွင်သော်မှ ဘာဘာကြီးသည် ထိုသစ်ပင်ပေါ်သို့ လူငယ်တစ်ယောက်ပမာ တက်နိုင်စွမ်းရှိသည်။ တစ်ရက်တွင် ထိုသစ်ပင်ပေါ်တက်ရာမှ ပြုတ်ကျကာ အပြင်းအထန် ဒဏ်ရာရသွားသည်။ ထိုအချိန်မှစပြီး ဘာဘာကြီးသည် အပြင်မထွက်နိုင်တော့ဘဲ ထိုအချိန်က သူ၏ တပည့်သာဝကများ ဖြစ်ကြသော မနိုးဟရ ဒါးစ ဂိုဝန္ဒား ဒါးစ နှင့် ဂျဂဒ်ဝါးန်ဒူး ဒါးစ တို့မှ ဘာဘာကြီးအား စောင့်ရှောက်ဆေဝါလုပ်ခဲ့ကြသည်။ .....................................................................

အောက်ပါအကြောင်းအရာများသည် ဘက္ကသီး ဝီကားရှ် ဆွာမိ ၏ ' ဝံမ်ဆီးဒါးစ် ဘာဘာကြီး ' ဟူသော စာအုပ်ရှိ နာရာယန ရန်ဂျန ဒါးစ ပြုစုထားသည်များမှ ဖြစ်ပါသည်။

ဝံမ်ဆီးဒါးစ မှာ ……

ဘုရားရှင် ကရိသျှ်ဏ ၏ မြင့်မြတ်ဖြူစင်သော သာဝကများ ကို နှစ်မျိုးလေ့လာနိုင်ပေသည်။ 'ဘာဂျနားနန္ဒီ' ပုဂ္ဂိုလ်မျိုးသည် ဘုရားရှင်၏ ဂုဏ်တော်များ နှသ့် ဇာတ်တော်များကို သတိရအောက် မေ့ကာ သီကျူးရွတ်ဆိုနေသူမျိုးကို ဆိုလိုသည်။ 'ဂိုးရှ်သ်ယားနန္ဒီ' ပုဂ္ဂိုလ်မျိုးသည် ဘုရားရှင်၏ နာမတော်ကို ပြန့်ပွားရန် အကြီးအကျယ် သာသနာပြုသောသူမျိုးကို ဆိုလိုသည်။ ထိုသို့ကွဲပြားသောလည်း ဘာဂျနားနန္ဒီသည်လည်း သာသနာပြုသကဲ့သို့ ဂိုးရှ်သ်ယားနန္ဒီ သည်လည်း ဘဂျန် ကီရ်သန်တို့ကို ပြုလုပ်လေ့ရှိသည်ပင်တည်း။ သို့သော် မိမိ၏ မုဒ်ခေါ် စိတ်အခြေအနေ အရ တစ်ခု သို့မဟူတ် တစ်ခုကို ဦးစားပေလုပ်ကိုင်ကြပေသည်။

ဝံမ်ဆီးဒါးစ် ဘာဘာကြီးသည် ဘာဂျနားနန္ဒီ တစ်ပါး ဖြစ်သည်။ သူသည် လောကီနှင့် လုံးဝ အဆက်ပြတ်နေသူဖြစ်ပြီး သူ၏ ရုပ်ပွားောတ်များကို ဆည်းကပ်ပူဇော်ခြင်း မြင့်မြတ်ဌာနီများကို လှည့်လည်ဖူးမျော်ခြင်း နှင့် ဘဂျန်လုပ်ခြင်း စသည်တို့ဖြင့် အချိန်ကုန်နေသူဖြစ်သည်။ သူ၏ အခြေအနေမှာ အလိုအလျောက် မေတ္တာအလုပ်အကျွေးစိတ်များဟပေါ်ထွန်းသည့်အဆင့် ရောက်နေသောကြောင့် တစ်ခါတစ်ရံ သူသည် ဝိတ်ဒီ ဘက္ကသီး ဆာဒနာ၏ စည်းမျဉ်းများကိုသော်မှ ဂရုမစိုက်နိုင်တော့ပါချေ။ ဥပမာ ဆိုရသော် ဘာဘာကြီးသည် ပုတီးဖြင့် မစိတ်။ တိကျသော ပူဂျာ အချိန်မရှိ။ မည်သည့် မံန်သရာ ဆုတောင်းစာကိုမှ မရွတ်ဆို ပါချေ။ ဘာဘာကြီးနှင့် လောကီလူသားတို့ ဆက်ဆံမှုလည်း နည်းပါးရကား လူများမ ဘာဘာကြီး၏ လုပ်ရပ်များအပေါ် စိတ်ရှုပ်ထွေးသွားပြီး နားလည်ရခက်သွားကြပေသည်။

ဝံမ်ဆီးဒါးစ ဘာဘာကြီး၏ စစ်မှန်သော အဆင့်ကို ဖော်ထုတ်ပြသခဲ့သူမှာ ရှရီ ပ်ရဘူးပါးဒ်၏ ဆရာတော်လည်းဖြစ် ဂေါ်ဒီယား မထ ၏ စတင်တည်ထောင်ခဲ့ပါသော ဘက္ကသီး စိဒါန်းသ စရဆွသီး ဆရာတော်ပင် ဖြစ်ပေတော့သည်။ ဘက္ကသီး စိဒါန်းသ စရဆွသီး ဆရာတော် သည် ဂိုးရှ်သ်ယားနန္ဒီ ပင်ဖြစ်သော်ငြား ဝံမ်ဆီးဒါးစ ၏ အဆင့်မြင့်သော အနေအထားကို အသိမှတ်ပြုနိုင်ခဲ့သူဖြစ်ပေသည်။ ဤပရဟမ်စ နှစ်ပါးတို့အကြားရှိခဲ့သော နှောင်ဖွဲ့မှုကား အလွန်အင်မတန်မှ လေးစားမှု ချစ်ခင်မှုတို့နှင့် ပြည့်နှက်နေပေသည်။ ဘက္ကသီး စိဒါန်းသ ဆရာတော်သည် သူ၏ သာဝကများကို ဝံမ်ဆီးဒါးစ အား သွားရောက် ဆေဝါ လုပ်စေခဲ့သည်။ ထိုသူတို့မှလည်း ဆေဝါအားလုံးကို သေချာလုပ်ပြီး ပ်ရဒ အကြွင်းအကျန်များကို ဂရုတစိုက်သိမ်းဆည်းကာ ဂေါ်ဒီယား မထအတွင်း ဝေငှသုံးဆောင်စေခဲ့ကြသည်။ ဝံမ်ဆီး ဒါးစ မှလည်း ဘက္ကသီး စိဒါန်းသ အပေါ် ကြီးမားသော လေးစားမှု နှင့် ချစ်ခင်မှုရှိကြောင်းတွေ့ရသည်။ တစ်ခါသော် ဝံမ်ဆီးဒါးစ မှ ဘက္ကသီး စိဒါန်းသ ကြွလာသည်ကို မြင်တွေ့သော် ပြုံးပြီး " အို မန်ဂရီး တစ်ယောက် လာပြီကိုး။ ဒါဆို ရာဓါးမလာတော့ဘူးလား။ ရာဓါး လာမှာပါ။ ရာဓါး လာမှာပါ။ " ဟူ၍ မိန့်ဖူးသည်။

ငယ်စဉ်တောင်ကျေးဘဝ

ဝံမ်ဆီးဒါးစ သည် ဘိုင်ရာဘ ကျန္ဒရ အဖြစ် ၁၈၅၉ တွင် ယခု ဘင်္ဂဒေ့ရှ်ဖြစ်သော မဂျီသ်ပူးရ် ၌ ဖွားမြင်သည်။ သူသည် စနာသန မာလဘ်ရာမ နှင့် ရှရီမသီ စရ်ဝစွန္ဒရီး တို့၏ ကလေး ၇ ယောက်အနက် အကြီးဆုံးဖြစ်သည်။ ဆင်းရဲသော ငါးဖမ်းသမား တစ်ဦး၏ သားတစ်ယောက်ဖြစ်ရကား မိသားစုလုပ်ငန်းဖြစ်သော ငါးများဖမ်းခြင်း ရောင်းခြင်းဖြင့် ခြိုးခြံပြီးနေခဲ့ရသော ဘဝကို ဖြတ်သန်းခဲ့ရပေသည်။ သို့သော်လည်း အသွားအပြန် လမ်းတွင်ရှိသော ဂေါ်ရ နိဿိုင်းဘုရားကျောင်းတွင် ရပ်ပြီး ထိုဘုရားကျောင်းတွင် သီတင်းသုံးသော နရိုဿ်မ ဒါးစ ထာကူးရ် နှင့် ထိတွေ့ရသည်ကို ပီတိဖြစ်လေ့ရှိပေသည်။ သူ၏ ထံပါးမှ ဝံမ်ဆီးထားစ သည် ဘဂျန်ပေါင်းများစွာကို လေ့လာဆည်းပူး သင်ယူခဲ့ပြီး ကျိတ်သံနျ မဟား ပ်ရဘူး နှင့် နိသ်ယားနန္ဒား ပ်ရဘူးတို့အား အလွန်ပင် ခင်တွယ်သွားတော်မူခဲ့သည်။ သူ၏ မိဘများမှ သူ၏ လောကုတ္တရာ တိုးတက်မှုပိုင်းကို စိတ်မချဖြစ်လာကာ ထိမ်းမြားစေခဲ့သည်။ သို့သော် များမကြာမီပင် ဝံမ်ဆီးဒါးစ သည် ဇနီးသည်နှင့် ၆လအရွယ် သားတစ်ယောက်အား ထားရစ်ကာ သာသနာဘောင်ဝင်ခဲ့သည်။ နရုဿမ် ဒါးစ ထာကူးရ် ထံပါးမှ ဒီခ်ရှား ယူခဲ့ပြီး ဝံမ်ဆီးဒါးစ ဟူသော အမည် ရရှိခဲ့သည်။

ခြိုးခြံမှုများ

ငယ်စဉ်ဘဝတွင် ကြမ်းတမ်းသော ဘဝကို ဖြတ်ခဲ့ရပါသော ဝံမ်ဆီးဒါးစ သည် ဘာဘာကြီးဖြစ်လာသောအခါ အလွန့်အလွန်ကို ခြိုးခြံစွာနေထိုင်ခဲ့သည်။ သူသည် အမြဲပင် နံငယ်ပိုင်းလေးဝတ်ထားသည်မှလွဲ၍ တခြားအဝတ်မရှိပါချေ။ အစာကိုလည်း အသည်းအသန် မရဖွေဘဲလည်း ရက်အတန်ငယ်မျှ အကြာပင် မစားမသောက်ဘဲ နေလေ့ရှိပေသည်။ သူ၏ ကျန်းမာရေးကို ဂရုစိုက်လေ့မရှိဘဲ အေးခဲနေသောအချိန်တွင်လည်း နေမကောင်းသည့်တိုင် ရေချိုးလေ့ရှိသည်။ သို့သော်လည်း ဝံမ်ဆီးဒါးစ သည် ကျန်းကျန်းမာမာ လန်းလန်းဆန်းဆန်းပင်တည်း။ ဘာဘာကြီးသည် ၆ပေကျော်အရပ်ရှိပြီး အမြဲခရီးသွားလေ့ရှိသည်။ သက်တော် ၈၀ အရွယ်တွင်ပင်လျှင် လမ်းလျှောက်မြန်လှသောကြောင့် သူ၏တပည့်များမှာ လိုက်မမှီကြပေ။ ဂိုးဆွာမိများ ကဲ့သို့ပင် ဘာဘာကြီးသည် လောကုတ္တရာစွမ်းအင်ပေါ်တွင် သာရှင်သန်ခဲ့ခြင်းဖြစ်ပေသည်။

ဝံမ်ဆီးဒါးစ ၏ လက္ခဏာရပ်များ

ဘာဘာကြီးပေါင်းများစွာထဲတွင်မှ ဝံမ်ဆီးဒါးစ သည် ထူးခြားသည်။ သူ၏အနေအထားမှာ အဝဒူးတ အဆင့်ဖြစ်သောကြောင့် စည်းမျဉ်းစည်းကမ်းများ၏ လွန်ရာတွင် ရှိနေသောသူဖြစ်သည်။ ဘာဘာကြီး၏ ဆံနွယ်များနှင့် မုတ်ဆိတ်ကျင်စွယ်များမှာ မဖြတ်မတောက်ဖြင့် ထုံးပြီးကပ်နေသည်။ ရေချိုးသည်ဟူ၍လည်း ရှားပြီး နံငယ်ပိုင်းသာ ဝတ်လေ့ရှိသည်။ဘာဘာကြီး၏ မျက်လုံးအစုံမှာ စူးရှပြီး အပြုအမူများမှာလည်း ခြိမ်းခြောက်ဖွယ်ရာ ဆန်ပေသည်။

ဘာဘာကြီးသည် အသိဉာဏ်မရှိသူကဲ့သို့ ပြောဆိုလေ့ရှိသည်။ ထိုဒေသစကားဖြစ်သော ဘန်ဂေါ်လီကို ပြောတတ်သော်လည်း သူ၏ဇာတိစကားဖြစ်သော မိုင်မန်ဆင်း စကားကို ပြောလေ့ရှိသည်။ စကားစာသားများမှာလည်း လုံးထွေးနေတတ်ပြီး ခေါင်းစဉ်တစ်ခုမှ ခေါင်းစဉ်တစ်ခုသို့ ဆက်စပ်မှုမရှိဘဲ ခုန်ပေါက်နေလေ့ရှိသည်။ တစ်ခါတစ်ရံ ဘ်ရဂျ ရှိ ကရိသျှ်ဏ ဇာတ်တော် အကြောင်းပြောနေလေ့ရှိပြီး တစ်ခါတစ်ရံ ကျိတ်သံနျ မဟားပ်ရဘူး၏ ဇာတ်တော်များကို ပြောလေ့ရှိသည်။ တစ်ခါတစ်ရံ ဆက်တိုက် ပြောလေ့ရှိပြီး တစ်ခါတစ်ရံ သူနှင့် နီးစပ်လွန်းသော သာဝကများ၏ လျှောက်တင်ချက်များကိုသော်မျှ ရှိသည်ဟူ၍တောင်သဘောမထားဘဲ ဆိတ်ဆိတ်နေလေ့ရှိပေသည်။ ဘာဘာကြီးအကြိုက်ဆုံး စာသားများမှာ ' ဘက္ကသာ ဝသ်စလာ ဟရီး ! ပ်ရာန ဝလ္လဘ ဟရီး ' တို့ဖြစ်ပြီး ဟရီး ဟူသော အမည်တွင် ငိုယိုတောင်းပန်သကဲ့သို့ ဆွဲပြီးဆိုကာ ဆက်တိုက် သီကျူးလေ့ရှိပေသည်။

ဘာဘာကြီးကို ကြည့်လျှင် ဘဝမှာ ဖြစ်ချင်သလိုဖြစ်နေသော်လည်း လူများနှင့် ဆက်ဆံသောအခါတွင်မူ တိကျပြတ်သားမှု အပြည့်ရှိသည်။ ဝံမ်ဆီးဒါးစ် ဘာဘာကြီးသည် သာဝကမဟုတ်သောသူများ သူ၏ အနားတွင် ကပ်နေကြပြီး သူ၏ ဂုဏ်ဖော် မသူတော် ဝိတ်သျှ်ဏဝ အယောင်ဆောင်များကို ရှောင်ရှားလေ့ရှိသကဲ့သို့ ပြတ်သားစွာ ဆက်ဆံလေ့ရှိသည်။ ကရိသျှ်ဏ နှင့် ပတ်သက်သော အရာများကို သာ လက်ခံပြီး မဆက်စပ်သည်များကို လုံးဝငြင်းပယ်ပြီးနေရသည်ကို စံပြနေပြခဲ့သည်။ အတွင်းတွင် လျို့ဝှက်ရည်ရွယ်ချက် များနှင့် သူ့အား ချဉ်းကပ်သူများ ကရုဏာ လိုသူများ အကြားတွင် ကြိုတင် ခွဲခြားနိုင်စွမ်းရှိပြီး သက့်တင့်သလို ဆက်ဆံလေ့ရှိသည်။

ဝံမ်ဆီးဒါးစ သည် သူရူးကဲ့သို့ ပြောဆိုတတ်သော်လည်း ကျမ်းစာများ၏ မှတ်ချက်နှင့် မလျော်ညီသော အရာများတစ်ခုမှ မပါရှိပါချေ။ ဂေါ်ဒီယား ဝိတ်သျှ်ဏဝ စီဒါန်းသ နှင့် ကိုက်ညီသော ကိစ္စများကို တိတိကျကျ အားရပါးရ ပြောဆိုလေ့ရှိသည်။

ကိုးကွယ်ဆည်းကပ်ခဲ့သော ရုပ်ပွားတော်များ

ဝံမ်ဆီးဒါးစ ဘာဘာကြီး တွင် ရုပ်ပွားတော် ၃စုံအမြဲပါရှိသည်။ ကရိသျှ်ဏ ကလေးငယ်အသွင်ဖြစ်သော ဘားလဂိုပါးလ ကို အထူးချစ်ခင်တွယ်တာသည်။ ၆လက်မ ခန့်ရှိသော သတ္တုရုပ်ပွားတော်များဖြစ်သော ရာဓါးဂိုဝန္ဒား အပြင် ၃ပေခန့်ရှိသော သစ်သား ဂေါ်ရနိဿိုင်း ရုပ်ပွားတော်များဖြစ်ကြသည်။ ဘာဘာကြီးသည် သူနှင့်အတူ ထိုရုပ်ပွားတော်များကို အမြဲသယ်ဆောင်သွားလေ့ရှိပြီး သူတို့နှင့် စကားအမြဲပြောလေ့ရှိသည်။ သူ၏ ကိုးကွယ်ဆည်းကပါမှု မုဒ် အနေအထားမှာ ချစ်ခင်လှသော မိဘသဖွယ် ဖြစ်သည်။ သူသည် ဂိုပါးလ ကို ချစ်ခင်စွာ တစ်ခါတစ်ရံ ဒေါသတကြီး တစ်ခါတစ်ရံ တောင်းတောင်းပန်ပန် ဖြစ်စကားပြောလေ့ရှိသည်။ ဘာဘာကြီးသည် သူ၏ ရုပ်ပွားတော်များမှလွဲပြီး အခြားသောသူများကိ စကားပြေသည်ဟူ၍ မရှိပါချေ။ ဆက်တိုက်ပြောနေသည် ဆိုသော်ငြား တစ်ခါတစ်ရံ နားထောင်ရန် ရပ်လိုက်ပြီး ဆက်ကာ ပြောလေ့ရှိသည်။လူများက သူ့အား မေးခွန်းများမေးလာသည့်အခါတွင်သော်မှ ဘာဘာကြီးသည် မိနိကိုယ်ကို ဝံမ်ဆီးဒါးစ ဟုရည်ညွှန်းကာ တခြားတစ်ယောက်သဖွယ်ဖြင့် ရုပ်ပွားတော်များဆီသို့ ဖြေကြားလေ့ရှိသည်။

ဝံမ်ဆီးဒါးစ ၏ ဖြစ်ရပ်မှန်များ

ရဿ်ယာသရာတွင် ပူရီမြို့၌ ဝံမ်ဆီးဒါးစ ရှိနေစဉ် ပန်းရထားမှာ သူရှိနေသော နေရာမလှမ်းမကမ်းတွင် ရပ်သွားခဲ့သည်။ အားလုံးက ဝိုင်းပြီး ကြိုးပမ်းကြသော်ငြား ပန်းရထားမှာ လုံးဝ မရွှေ့ပေ။ ထိုစဉ် ဝံမ်ဆီးဒါးစ အနားရောက်လာသည်။ ဘုရားရှင် နှင့် အတန်ကြာ ရင်းနှီးစွာ စကား ပြောပြီးသည့်နောက်တွင် ပန်းရထား မှာ အလွယ်တကူပင် ရွေ့သွားလေတော့သည်။

တစ်ချိန်တွင် ဝံမ်ဆီးဒါးစ သည် ပူရီရှိ ပင်လယ်နားသို့ ဘားလ ဂိုပါးလ် အား ရေချိုးပေးရန် သွားခဲ့သည်။ ကမ်းခြေရေယက်သောအခါ ပင်လယ်ပြင်ကြီးအား ' ဒီကို လာခဲ့။ ဒီကိုလာဒာခဲ့။ ' ဟူ၍ ခေါ်သောအခါတွင် ကြီးမားသော လှိုင်းလုံးကြီးများမှာ ကမ်းခြေသို့တက်လာပြီး ဘာဘာကြီးမှာ သူ ရုပ်ပွားတော်များကို ရေချိုးပေးနိုင်ခဲ့သည်။

ဝံမ်ဆီးဒါးစ ဘာဘာကြီးသည် မဟာနန္ဒီး မြစ်ကို ဖြတ်စဉ်တွင် လှေထိုးသားအားမြွေရှိသည်ဟူ၍ သူပြောသောနေရာတွင် ရပ်ခိုင်းသည်။ လှေထိုးသားမှ ဝံမ်ဆီးဒါးစနှင့် အပေါင်းအပါများအား ချပေးသောအခါ ထိုနေရာတွင် မြွေရွှေဝါရောင်တစ်ကောင်ကို တွေ့လေသည်။ သူ၏ ဘားလ ဂိုပါးလ ရုပ်ပွားတော်အား ချီပိုးလျက် ဝံမ်ဆီးဒါးစ သည် ' ကြည့်စမ်းပါဦး။ အာနန္တဒေးဝ ကြွလာတာ။ ' ဟူ၍ မိန့်တော်မူလေသည်။

တစ်ခါတွင် အရှ်ဝနီး လပြည့်ညတွင် ဝံမ်ဆီးဒါးစ မှ သူ၏ သာဝကများအား ဟင်းလင်ပြင်တွင် တဲများမထိုးခိုင်းဘဲနှင့် စုရုံးခိုင်းလေသည်။ ထိုအချိန်တွင် ချောမောလှပသော အမျိုးသမီးငယ် ၅၀ ခန့် အဖြူရောင်ဝတ်စုံများဖြင့် ရောက်ရှိလာပြီူ ဝံမ်ဆီးဒါးစ အား ရှိခိုးဦးချကာ တစ်လုံးတစ်ပါဒမှ မပြောဆိုဘဲ ထွက်သွားကြလေသည်။ များမကြာမီပင် ပျောက်ကွယ်သွားကြသည်။ ထိုသို့သောအဖြစ်သည် ထိုဒေသလိုနေရာမျိုး တောဒေသတွင် မည်သူမျှမကြားဖူးသော ကိစ္စမျိုးပင်ဖြစ်ပေသည်။ သာဝကများမှ နောက်ဆုံးတွင် ၎င်းတို့သည် နတ်မိမယ်များမှ ထိုမင်္ဂလာရှိသောနေ့တွင် ဝံမ်ဆီးဒါးစ ထံပါးမှ မေတ္တာလိုချင်၍သာ လာခဲ့ကြသည်ဟူ၍ ကောက်ချက်ချမိကြသည်။

တစ်ရက်တွင် ဝံမ်ဆီးဒါးစ သည် ဘားလ ဂိုပါးလ် အား နို့ထမင်း ချက်ပြီးတင်ရာ မတင်ခင်တွင် ဘာဘာကြီးသည် ဒေါသတကြီး လွတ်ပစ်လိုက်သည်။ ဂိုပါးလ် ကိုလည်း ဝရင်န္ဒာဝနမှ ရာဓါး ဂိုဝန္ဒား ဘုရားကျောင်းတွင် ရှိသော နို့အုန်းထမင်း ဘုဉ်းပေးလိုက်ရကောင်းလား ဟူ၍ ကြိမ်းမောင်းလေသည်။ ထိုနောက်ဆုံးစကားကို ကြားလိုက်သော သူများထဲမှ တစ်ယောက်က ထိုနေ့ထိုရက်ထိုအချိန်တွင် ရာဓါးဂိုဝန္ဒား ဘုရားကျောင်းတွင် ရှိသော ဘုန်းကြီးတစ်ပါးအား စာရေးပြီး မေးမြန်းသည်။ ပြန်စာလာသည့်အခါတွင် ထိုအချိန်တွင် တင်ထားသောဆွမ်းသည် နို့အုန်းထမင်းပင် ဖြစ်နေပေသည်။

တစ်ချိန်က လူတစ်ယောက်သည် ဝမ်းကိုက်ပိုး ( ထိုစဉ်က သေနိုင်သည်။ ) ဝင်ပြီး ဝမ်လျှောနေသူတစ်ယောက်သည် ဝံမ်ဆီးဒါးစ ၏ တဲအရှေ့တွင် ဘာဘာကြီးမှ ကုပေးရန် မျှော်လင့်တကြီးဖြင့် လဲှနေသည်။ သူသည် ၃ ရက်တိုင်တိုင် နာလွန်း၍ မစားမသောက်နိုင်ဘဲ အော်ဟစ်နေရလေသည်။ နောက်ဆုံးတွင် ဝံမ်ဆီးဒါးစ ထွက်လာကာ ထိုလူ၏ ပါးစပ်ထဲသို့ သူလဆီး တစ်ရွက်ထည့်ပေးလိုက်သည်။ ထိုလူသည် ချက်ချင်းပင် ယူပစ်သလို ရောဂါပျောက်ပြီး မတ်တပ်ရပ်ကာ အိမ်ပြန်သွားလေသည်။

ဝံမ်ဆီးဒါးစ အိုမင်းမစွမ်းဖြစ်သောအခါ မဒူကရီး ခေါ် သာဝကများထံပါးမှ အလှူခံခြင်းကို သွားရန် ခက်ခဲလှပေသည်။ ထိုသို့သော အခြေအနေတွင် သူ၏ သာဝကတစ်ဦးအား ဘာဘာကြီးမှ ဤသို့ မိန့်လေသည်။

"ဂေါ်ရန်ဂါး ပြောနေတာ ကြားလား။ ဝံမ်ဆီးဒါးစ ကို သူပြောနေတယ်။ ' မင်း၃ရက်ရှိပြီ။ အလှူခံမသွားတာ။ အခု မင်းအရမ်းအိုနေပြီ။ ဒါကြောင့် ငါမင်းကို ကျွေးမယ်။ ' ဒီဂေါ်ရန်ဂ က ငါ့ကို ကျွေးမလို့တဲ့။ " ထိုသို့ပြောရင်းနှင့်ပင် ဝံမ်ဆီးဒါးစ သည် တုတ်ချောင်းငယ်တစ်ခုကို ကောက်ယူကာ ရမ်းပြီး သူ၏ ဂေါ်ရ ရုပ်ပွားတော်အား ခြိမ်းချောက်သည့် လေသံဖြင့် " သင် ဘာမှအပြင်ထွက်ပြီး ကျုပ်ကို ဆေဝါလုပ်စရာ မလိုဘူး။တကယ်လို့ သွားရဲသွားကြည့်။ ကျုပ် သင့်ရဲ့ ခြေတွေကို ရိုက်ချိုးပစ်မယ်။ " ဟူ၍ ကြိမ်းမောင်းလေသည်။

ဝံမ်ဆီးဒါးစ ဘာဘာကြီး၏ လမ်းညွှန်ချက်များ

ဝံမ်ဆီးဒါးစ ဘာဘာကြီး၏ အမည်ကျော်ကြားမှုကြောင့် ဆုလို၍ လာကြသော အနယ်နယ်အရပ်ရပ်မှ သူများကို ဘာဘာကြီးမှ မသိကျိုးကျွန်ပြုလေ့ရှိပေသည်။ တစ်ခါတစ်ရံတွင် သူသည် လောကီ အကျိုးဆုကို လိုလားကြသောသူမျာူကို ဒေါသတကြီး ကြိမ်းမောင်းလေ့ရှိပေသည်။ သို့သော် သူ၏ ထံပါးသို့ ရိုးရှင်းသော သူတစ်ဦးမှ ချဉ်းကပ်လာပါမူ ထုံးစံအတိုင်း သူ၏ ရုပ်ပွားတော်များကို စကားပြောသကဲ့သို့ ဖြေကြားလေ့ရှိသည်။ ဘာဘာကြီး၏ အရေးကြီးသော လမ်းညွှန်ချက်တစ်ချို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

" ဝိတ်သျှ်ဏဝ တစ်ယောက်အား စော်ကားလိုက်သောသူအား ကယ်၍မရတော့ပါ။ "

"ဂျီဝေး ဒယား နာမေး ရူကျီး ဝိတ်သျှ်ဏဝ ဆေဝနာ
ဤဟ ကျရား ဓရ်မ နဟီး စူန စနာသန

သတ္တဝါခပ်သိမ်းအပေါ်ကြင်နာခြင်း
မြင့်မြတ်သောနာမတော်၏ အရသာကို ခံစားခြင်း
နှင့်
ဝိတ်သျှ်ဏဝများကို ဆေဝါအလုပ်အကျွေးပြုခြင်းမှလွဲပြီး
ဘာသာရေး ဟူ၍ မရှိတော့ပါချေ။ "

တစ်ကြိမ်တွင် လူတစ်ယောက်မှ ဝံမ်ဆီးဒါးစ အား ဘုရားရှင်ထံပါးရောက်ရန် မည်သို့ပြုရမည် ကို မေးလျှောက်သည်။ ထိုအခါ ဝံမ်ဆီးဒါးစ မှ " ကလီးဟူသော ကိုယ်တော်ဟာ လွန်စွာမှ တန်ခိုးရှိလှတယ်။ ကလီး ရောက်ရှိလာတဲ့အခါ ကရိသျှ်ဏ က နာရဒကို ' အခုတော့ ငါကိုယ်တော် ပြန်ကြွဖို့အချိန်ကျပြီ။ ' လို့ပြောတော့ နာရဒက မေးတယ်။ ' ဒီလောက က သတ္တဝါတွေရဲ့ အနာဂတ်က ဘယ်လိုနေမလဲ။ ' ကရိသျှ်ဏ က ' ဘ်ရာမန တွေကို ကိုးကွယ်ဆည်းကပ်တဲ့သူတွေ ကျွေးမွေးတဲ့သူတွေဟာ ငါကိုယ်တော်ဆီကို ရောက်လိမ့်မယ်။ ' ဖြေတယ်။ နာရဒက ' ဆင်းရဲလို့ ဘ်ရာမန တွေကို ဆေဝါမလုပ်နိုင်ရင်တဲ့ သူတွေကကော။ ' လို့မေးတဲ့အခါ ကရိသျှ်ဏ က ' ငါကိုယ်တော်မြတ်ကို ပန်းတွေ သူလဆီးတွေ နဲ့ ဆည်းကပ်ပူဇော်တဲ့သူတွေ ဟူ ငါကိုယ်တေယ်ဆီ ကို ရောက်လိမ့်မယ်။ ' လိုဖြေတော်မူတယ်။ နာရဒက ထပ်ပြီး ' ဒါဆိုမွေးကတည်းက မသန်မစွမ်းဖြစ်နေတဲ့သူတွေ ကော' လို့မေးတော့ ကရိသျှ်ဏ က ဒီလိုဖြေတယ်။ ' တကယ်လို့ ငါကိုယ်တော်မြတ်ရဲ့ နာမတော်ကို နေ့တစ်ရက် ဆုံးတဲ့အခါမှာ တစ်ကြိမ်လေးဘဲ မေတ္တာစိတ်အပြည့်နဲ့ ခေါ်နိုင်မယ်ဆိုရင် ငါကိုဟ်တော်ဆီကို ရောက်လိမ့်မယ်။ "

ဝံမ်ဆီးဒါးစ ၏ နောက်ဆုံးဇာတ်တော်များ

၁၉၄၄ မတ်လ ၁၇ ရက်တွင် ဝံမ်ဆီးဒါးစသည် သူ၏ ဇာတိမြို့ဖြစ်သော မဂျစ်သ်ပူးရ်သို့ ပြန်လေသည်။ အမှန်တော့ ဘာဘာကြီးတို့၏ ထုံးစံအတိုင်း မိမိ၏ ဇာတိမြေသို့ မိသားစုထံသို့ မသွားရသည်ဖြစ်၍ ထိုသို့ပြန်ချင်းမျိုးမဟုတ်ပါချေ။ ထိုဒေသတွင် ခဏတဖြုတ်နေခဲ့ပြီး ၁၉၄၄ ဂျူလိုင် ၂၃ ရင်တွင် ရှရီလာ ဝံမ်ဆီးဒါးစ ဘာဘာကြီးသည် လောကီဇာတ်တော်ကို ချုပ်သိမ်းကာ ဘုရားရှင် ကရိသျှ်ဏ အား ဂိုလိုးကတွင် ဆေဝါလုပ်ခြင်းကို ဆက်တော်မူလေသည်။

ဘာသာပြန်ဆို ပူဇော်သူ
Rasik Shekhar Das ( Dr. Nay Aung )

ဆရာတော်ကြီး ရှရီလာပ်ရဘူးပါးဒ် အား အောက်မေ့ သတိရခြင်း  # ယနေ့သည် ရှရီလာ ပ်ရဘူးပါးဒ် ဒုက္ခခံပြီး အမေရိကားသို့ သွားခဲ့သော ၁...
13/08/2026

ဆရာတော်ကြီး ရှရီလာပ်ရဘူးပါးဒ် အား အောက်မေ့ သတိရခြင်း

# ယနေ့သည် ရှရီလာ ပ်ရဘူးပါးဒ် ဒုက္ခခံပြီး အမေရိကားသို့ သွားခဲ့သော ၁၃-၈-၁၉၆၅ မှ ၆၁ နှစ်ပြည့် အထိမ်းအမှတ်ဖြစ်ပါသည်။ (Jaladuta 61st Anniversary )
—————————————————————
I have only one disease; I always think BIG !
"ဆရာတော်ဆီမှာ ရောဂါ တစ်ခုပဲရှိတယ်။ အဲဒါကတော့ အမြဲကြီးကြီးမားမား စဉ်းစားကြံစည်လုပ် ဆောင်တတ်ခြင်း ဆိုတဲ့ ရောဂါပဲ ဖြစ် တယ်။"

--- ရှရီလာ ပ်ရဘူးပါးဒ်

—————————————————————

အပြည်ပြည်ဆိုင်ရာ ကရိသျှ်ဏ အနုဿတိ အသင်းကို စတင်တည်ထောင်ခဲ့သော ကျေးဇူးရှင် အာစရိယ ဆရာတော်ကြီး အေစီ ဘ(က်)သီး ဝေဒါးန်သ ဆွာမိ ပ်ရဘူးပါးဒ် က အထက်ပါအတိုင်း မိန့်မှာဖူးသည်။ အနက်အဓိပ္ပါယ်ကား မည်သို့နည်း။ ဆရာတော်ကြီး၏ စကား တစ်ခွန်းတိုင်း တစ်ခွန်းတိုင်း၏ နောက်ဝယ် အလွန် နက်ရှိုင်းသော အဓိပ္ပါယ်များ ပါဝင်သည်။ ကဲ ကြည့်ကြပါစို့။ ဆရာတော်၏ အပြောနှင့် အလုပ် မည်မျှ ဆက်စပ်မှုရှိသနည်း။

ဆရာတော် ပ်ရဘူးပါးဒ်သည် သက်တော် ၆၉နှစ် အရွယ်တွင် ကရိသျှ်ဏ အနုဿတိ သာသနာကို ကမ္ဘာတစ်ခုလုံးကို ပြန့်ပွားရန် ကြီးကြီးမားမား တွေးခေါ်ကာ တစ်ဦးတည်း အိန္ဒိယ ရူပီး ၄၀မျှကို ကိုင်ဆောင်ကာ အမေရိကန် နိုင်ငံသို့ သွားမည့် ဂျလဒူးတ သင်္ဘောပေါ်သို့ အတင်း တောင်းတောင်း ပန်ပန် တက်ကာ အနောက်တိုင်းသို့ တကိုယ်တည်း ခရီးနှင်ခဲ့သည်။ ထိုအသက် အရွယ်တွင် တော်ရုံ တန်ရုံ Bhakti ဘ(က်)သီး လုပ်သူများသည် ဝရင်န္ဒာဝံန်တွင် အေးအေးဆေးဆေး တရား အားထုတ်ကာ နေချင်ကြပေလိမ့် မည်။ သို့သော် ဆရာတော် ပ်ရဘူးပါးဒ် သည်ကား ဘုရားရှင် ကျိတ်သံနျ မဟာ ပ်ရဘူး ဟောကြားခဲ့သည့် ကမ္ဘာပေါ်ရှိ နေရာတိုင်း နေရာတိုင်း ရွာတိုင်း လမ်းတိုင်းတွင် ဘုရားရှင်၏ နာမတော်ကို သီကျူးကြပေလိမ့်မည်ဟူသော ဗျာဒိတ်တော်ကို ဖြည့်ဆည်းရန် ကိုယ်ကျိုးစွန့်ကာ Risk ယူရမည် ကိုနားလည်ကာ ကမ္ဘာ့လူသားတိုင်း အကျိုးအတွက် သူတစ်ဦးတည်း ရုန်းကန်ကာ အမေရိကားသို့ ထွက်ခဲ့သည်။ ဆရာတော်၏ စိတ်ထဲတွင် ရှိနေသော တစ်ခုတည်းသော ဆန္ဒမှာ သူ၏ လောကုတ္တရာ ဆရာတော်ဖြစ်သော ဘ(က်)သီး စိဒါးန်သ စရဆွသီး မဟာရာဂ်ျ၏ စကားများပင်တည်း။ " မင်း အင်္ဂလိပ်စာ ကောင်းကောင်းတတ်တာပဲ။ မင်းတို့လို လူငယ်တွေ အနောက်တိုင်းကို သွားပြီး သာသနာ ပြုသင့်တယ်။ " မိမိ၏ ဂုရုဆရာတော် မိန့်မှာချက်များကို နှလုံးသားထဲတွင် စွဲနင့် နေအောင် မှတ်ကျောက်တင်ကာ လက်တွေ့ အကောင်အထည်ဖော်ရန် ကြိုးစားအားထုတ်ခဲ့သည်။ ထိုအချိန်တွင် လူတိုင်း လူတိုင်း မိမိတိုင်းပြည်တွင် သာသနာပြုရန်ပင် အလွန်ခဲယဉ်းနေသော အချိန်တွင် မိမိတစ်ကိုယ်တည်း မိမိကိုယ်တိုင် လုံးဝ မရောက်ဖူးသော တိုင်းပြည်သို့ မိမိထံတွင် ငွေကြေး လုံလုံလောက် လောက် လည်း မရှိဘဲနှင့် ကုန်များတင် သော သင်္ဘောပေါ်သို့ တက်ကာ မိမိရေးသားထားသော ရှရီမဒ် ဘာဂဝသံမ်ကျမ်းစာအုပ်နှင့် စာအုပ် အနည်းငယ်ကို သယ်ဆောင်ကာ ကမ္ဘာသမိုင်းတွင် မည်သူမျှ မစဉ်းစားဝံ့ သော လောကုတ္တရာ သမိုင်းတစ်ရပ်ကို စတင်ခဲ့သည်။

ယနေ့ သြဂုတ် လ ၁၃ ရက်သည် ဆရာတော်ကြီး ပ်ရဘူးပါးဒ် အမေရိကန် နိုင်ငံသို့ သာသနာပြုရန် ထွက်ခွာခဲ့သည်မှာ အနှစ် ၆၁ ပြည့်ပြီ ဖြစ်ပေသည်။ စဉ်းစားကြည့်ပါ။ ကမ္ဘာပေါ်တွင် ဆရာတော်ကြီး ရှရီလာ ပ်ရဘူးပါးဒ် သာ သာသနာပြုရန် ထိုကဲ့သို့ မထွက်ခဲ့ပါက ယခု အခြေအနေတွင် ကျွန်တော်တို့သည် ဘုရားဟူသော concept ကိုနားလည်ဖို့ နေနေသာသာ ဘုရားဆိုတာ မည်သူမှန်းတောင် သိမည်မဟုတ်ပေ။

ဘုရားဟူသည် သက်ရှိထင်ရှား ရှိသည်။

ကျွန်တော်တို့ သည် ဘုရားရှင်၏ အစိတ်အပိုင်းများ ဖြစ်သည်။

ကျွန်တော်တို့နှင့် ဘုရားရှင်ကြား နှောင်ဖွဲ့ မှုများရှိနေသည်။

ထိုနှောင်ဖွဲ့မှုများသည် ယခုမထင်ရှား သော်လည်း ဘုရားရှင်ကို ချစ်မြတ်နိုးစွာ အလုပ်အကျွေးပြုခြင်းဖြင့် ပြန်လည် ထင်ရှာလာစေနိုင်သည်။

ဘုရားရှင် ကို ဝိဂ်ရဟ ဆေဝါဖြင့် အလုပ်အကျွေးပြုလို့ရသည်။

ဟရေး ကရိသျှ်ဏ မဟာ မံန်သရာဖြင့် မိမိနှင့် ဘုရားရှင်ကြား နှောင်ဖွဲ့မှုကို ပြန်လည် နိုးကြား လာစေနိုင်သည်။

မိမိတို့သည် ဘုရားရှင်၏ Marginal Energy မဇ္ဈိမတန်ခိုးတော် ဖြစ်သော်ငြား ယခုမူ မေ့လျော့သော condition အခြေအနေတွင် ကျရောက်နေသော ကြောင့် သတိလက်လွတ်ဖြစ်ကာ လောကီတွင် ပျော်မွေ့ပြီး temporary happiness ခေါ် မမြဲသော ခနတစ်ဖြုတ် ပျော်ရွှင်မှု အနောက်သို့ လိုက်နေကြခြင်း ဖြစ်သည်။

သို့သော် သတိဝင်လာပြီး မိမိနှင့် ဘုရားရှင်ကြားရှိ Relationship ခေါ် နှောင်ဖွဲ့မှုကို ပြန်လည် တည်ဆောက်လာ နိုင်ပါက Permanent Happiness ခေါ် ထာဝရ ပျက်သုန်းမှု မရှိသော ပျော်ရွှင်မှုကို ခံစား ရကြပေလိမ့်မည်။

…………………………………စသဖြင့် (ဆက်ပြောနေလျှင် ယနေ့ပြီးမည် မဟုတ်ပေ။) လောကုတ္တရာ အသိဉာဏ်ပေါင်းများစွာကို လွန်စွာ စနစ်တကျ ကျမ်းစာပေါင်းများစွာကို ကိုးကားကာ ကျွန်တော်တို့ ကို သင်ကြားပေခဲ့ပေသည်။ ထိုကဲသို့ သော ကျေးဇူးရှင် အတွက် သင် နှင့် ကျွန်ုပ် ဘာလုပ်ပေးရန် ရှိပါသနည်း။ ?????????

အားလုံးကို ကျေးဇူးတင်ပါသည်။

လောကီ လောကုတ္တရာ သင်ဆရာ မြင်ဆရာ ကြားဆရာများအားလုံးအား ဦးချ ရှိခိုးလျက် ………

Rasik Shekar Das

Please join us in service 🙏
09/08/2026

Please join us in service 🙏

05/08/2026

စက္ကန့်တိုင်း စက္ကန့်တိုင်းမှာ ......

04/08/2026

Words vs Swords
စကားလား ၊ ဓါးလား။

Jaganath Rath Yatra Festival 2026 Yangon, Myanmar Part (4)Lord is soooo MERCIFUL 😇😇😇
03/08/2026

Jaganath Rath Yatra Festival 2026
Yangon, Myanmar Part (4)
Lord is soooo MERCIFUL 😇😇😇

ညနေ ၆ နာရီ မှာ Sunday Spiritual Awakening Program ရှိပါတယ်နော်။ နေရာ - ရှရီ ဝိသ်ျှနူး ဘုရားကျောင်း၊ ၁၂၅ လမ်း နှင့် မြယာက...
02/08/2026

ညနေ ၆ နာရီ မှာ Sunday Spiritual Awakening Program ရှိပါတယ်နော်။

နေရာ - ရှရီ ဝိသ်ျှနူး ဘုရားကျောင်း၊ ၁၂၅ လမ်း နှင့် မြယာကုန်းလမ်းထောင့် ၊ မဂ်လာတောင်ညွန့်

01/08/2026

အချစ်ကို ဘယ်လို သက်သေပြရမလဲ။

31/07/2026

နောင်တ နှင့် စိတ် 😇😇😇

Address

No 19, 127th Street, Mingalar Taung Nyunt Township
Yangon
11111

Website

Alerts

Be the first to know and let us send you an email when Krishna Bhakti Sanga posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share