16/07/2026
"အောင်မြင်မှုတွေဆိုတာ... ဒီအတိုင်း လွယ်လွယ်နဲ့ ရလာခဲ့တာ မဟုတ်ပါဘူး။"✊
အနောက်ကနေ အသေးစိတ် ပြင်ဆင်ပံ့ပိုးပေးမှုတွေ၊ ကလေးတွေရဲ့ မဆုတ်မနစ်တဲ့ ကြိုးစားမှုတွေနဲ့အတူ ကောင်းမွန်မှန်ကန်တဲ့ လမ်းပြမှုတွေ ပေါင်းစပ်ခွင့်ရခဲ့လို့ပဲ ဖြစ်ပါတယ်။
မကြာသေးခင်က ကျွန်တော် မိဘတစ်ယောက်နဲ့ စကားပြောဖြစ်ခဲ့ပါတယ်…
"ကလေးအောင်မြင်ဖို့အတွက်ဆိုရင်... ရိုးရိုးမတင်လို့မရရင် ကရိန်းနဲ့ပါ မ မယ်" ဆိုပြီး ဟာသနှောကာ ပြောပြခဲ့ပါတယ်။
ဒီစကားလေးက ဟာသဆိုပေမဲ့... ကြားရတဲ့ ကျွန်တော့်အတွက်တော့ ရင်ထဲမှာ တကယ့်ကို ပီတိဖြစ်ပြီး လေးစားမိခဲ့ရပါတယ်။
အဓိကကတော့… အောင်မြင်မှုတွေ အလီလီ၊ တိုးတက်မှုတွေ အဆင့်ဆင့်နဲ့ ထူးချွန်ထက်မြက်တဲ့ ကလေးတစ်ယောက် ဖြစ်လာဖို့ဆိုတာ... မိဘတွေရဲ့ အခန်းကဏ္ဍနဲ့ အများကြီး သက်ဆိုင်နေလို့ပါပဲ။
💙မိဘတို့ရဲ့ လမ်းမှန်မြော်မြင် တွေးပေးမှု
💙မိဘတို့ရဲ့ ခေတ်ရှေ့ပြေးတဲ့ အမြော်အမြင်ရှိမှု
💙 မိဘတို့ရဲ့ အနစ်နာခံ ဝန်းရံပံ့ပိုးပေးမှုတွေကြောင့်သာ...
ကျွန်တော်တို့ရဲ့ ကလေးတွေဟာ ဒီနေ့မှာတော့ ပြိုင်ပွဲစင်မြင့်ထက်တွေပေါ်မှာ ဆုတံဆိပ်တွေကို ရဲရဲဝံဝံ ဆွတ်ခူးပြီး နိုင်ငံတကာစင်မြင့်ထက်တွေအထိ နိုင်ငံ့ဂုဏ်ဆောင် လူငယ်တွေအဖြစ် တက်လှမ်းနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီလိုမျိုး ကလေးတစ်ယောက်ချင်းစီရဲ့ လုပ်ချင်တဲ့စိတ်၊ ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်လေးတွေကို အစွမ်းကုန် အကောင်းဆုံး ဝန်းရံပံ့ပိုးပေးခဲ့ကြတဲ့ ဖေဖေ မေမေတို့ ရှိခဲ့လို့သာ... CIY.Club အနေနဲ့ မိဘဂုဏ်ဆောင်၊ မြို့ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် ကလေးတွေကို ရှေ့ကနေ အကောင်းဆုံး လမ်းပြခွင့် ရခဲ့တာပါ။
ဒါကြောင့်... ကျွန်တော်တို့ရဲ့ မဆုတ်မနစ် ကြိုးစားတဲ့ Coders ကလေးငယ်တွေကို အနောက်ကနေ တောင်ပံခတ်ပေးပြီး အကောင်းဆုံး ပံ့ပိုးပေးခဲ့ကြတဲ့ ဖေဖေ မေမေတို့ အားလုံးကို CIY.Club Myanmar မှ အထူးကျေးဇူးတင် ဂုဏ်ပြုအပ်ပါတယ်။ 💙