CIY.Club Myanmar

Call Website Contact the school

CIY.Club Myanmar No.1 Tech Education for 7-17 years old Kids in Myanmar!

Meet Our Environmental Judges of Mind Hack 2026 ♻️🤝လာမယ့် August လ (၂၉) ရက်နေ့၊ ရန်ကုန်မြို့ Wyndham Grand Hotel မှာ ကျင...
18/08/2026

Meet Our Environmental Judges of Mind Hack 2026 ♻️🤝

လာမယ့် August လ (၂၉) ရက်နေ့၊ ရန်ကုန်မြို့ Wyndham Grand Hotel မှာ ကျင်းပမယ့် မြန်မာနိုင်ငံလုံးဆိုင်ရာ နည်းပညာပြိုင်ပွဲကြီး Mind Hack 2026 ရဲ့ “Guardians Of The Planet” Theme အောက်ကနေ မျိုးဆက်သစ် Young Coders လေးတွေရဲ့ တီထွင်ဖန်တီးမှု Project တွေကို အမှတ်ပေး အကဲဖြတ်သွားမယ့် Environmental Judges တွေကတော့ ပေါ်ထွက်လို့လာပါပြီ။

🔹Ma Shwe Yamin Oo (CEO & Co-Founder, RecyGlo Myanmar)
ပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေး (Sustainability)၊ အမှိုက်စွန့်ပစ်မှု စီမံခန့်ခွဲရေးနှင့် ပြန်လည်အသုံးပြုခြင်းဆိုင်ရာ (Circular Economy) နယ်ပယ်တို့တွင် အတွေ့အကြုံ (၁၀) နှစ်ကျော်ရှိသူတစ်ယောက်ဖြစ်သလို Computer Science ဘွဲ့ကို ရရှိထားပြီး လက်ရှိတွင် Master of Sustainability Entrepreneurship and Social Innovation မဟာဘွဲ့ကို သင်ယူနေသူ ဖြစ်ပါတယ်။ နိုင်ငံတကာနှင့် ပြည်တွင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး စီမံကိန်းများစွာကို ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

🔹Ko Jesh @ Ko Cho Oo Maung (Founder & CEO, Back to Nature (Outdoor Adventure Co., Ltd)
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းနှင့် လူငယ်ဖွံ့ဖြိုးရေး နယ်ပယ်တို့တွင် အတွေ့အကြုံ (၁၆) နှစ်ကျော် ရှိသူဖြစ်ပါတယ်။ သစ်တောသစ်ပင် စိုက်ပျိုးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ စစ်ဆေးခြင်းနှင့် ဒေသခံလူထု ဖွံ့ဖြိုးရေး စီမံကိန်းများကို ဦးဆောင်နေသူ ဖြစ်သလို "Jesh on Adventure" အမည်ဖြင့် အတွေ့အကြုံသစ် အားကစားနှင့် ခရီးသွား ဗီဒီယိုများ ဖန်တီးသူ (Content Creator) တစ်ဦးလည်း ဖြစ်ပါတယ်။

🔹 Mr. Friedor Jeske (Program Director and Solid Waste Expert, Thant Myanmar)
မြန်မာနိုင်ငံရဲ့ စွန့်ပစ်ပစ္စည်းဆိုင်ရာ ပြဿနာများနှင့် ပလတ်စတစ် အန္တရာယ် လျှော့ချရေးအတွက် ၂၀၁၃ ခုနှစ်ကတည်းက စတင်လေ့လာဆန်းစစ် ဖြေရှင်းနေသူ ဖြစ်သလို လက်ရှိမှာလည်း Thant Myanmar ရဲ့သုတေသနနှင့် နည်းလမ်းသစ်များ ဖော်ထုတ်ခြင်း၊ အသိပညာပေး သင်တန်းများ ပေးခြင်း စတဲ့ အစီအစဉ်များကို အဓိက ဦးဆောင်ဆောင်ရွက်လျက် ရှိပါတယ်။

🔹 Ma Yoon Shwe Yee Phoo(Founder & Director, Planet Impacts)
မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့သော စီးပွားရေးလုပ်ငန်းများနှင့် လူမှုအကျိုးပြု ဆန်းသစ်တီထွင်မှု (Social Innovation Ecosystem) များကို အရှိန်အဟုန်မြှင့် တိုးတက်လာစေရန် တက်ကြွစွာ ဆောင်ရွက်နေတဲ့ လူမှုစီးပွားရေး လုပ်ငန်းရှင် (Social Entrepreneur) တစ်ဦး ဖြစ်ပါတယ်။

ဒီလို နယ်ပယ်အသီးသီးက အတွေ့အကြုံရင့် ပညာရှင် များကိုယ်တိုင် Environmental Judges အဖြစ် ပါဝင်အကဲဖြတ်ပေးသွားမှာ ဖြစ်တာကြောင့် Mind Hack 2026 ဟာ ပြိုင်ပွဲဝင် သားသားမီးမီးတို့အတွက်ရော တက်ရောက်လာမယ့် မိဘများအတွက်ပါ အလွန်တန်ဖိုးရှိတဲ့ အတွေ့အကြုံများနှင့် လမ်းညွှန်ချက်များကို ရရှိစေမည့် အခွင့်အရေးကြီးတစ်ခု ဖြစ်ပါတယ်။ 💙

နိုင်ငံ့ဂုဏ်ဆောင် နည်းပညာ တီထွင်ဖန်တီးရှင် ကလေးပေါင်း 280+ ပေါင်းဆုံမယ့် Mind Hack 2026🏆✨ကမ္ဘာမြေကို ကာကွယ်မယ့် နည်းပညာ ...
18/08/2026

နိုင်ငံ့ဂုဏ်ဆောင် နည်းပညာ တီထွင်ဖန်တီးရှင် ကလေးပေါင်း 280+ ပေါင်းဆုံမယ့် Mind Hack 2026🏆✨

ကမ္ဘာမြေကို ကာကွယ်မယ့် နည်းပညာ တီထွင်ဖန်တီးရှင် ကလေးတွေဟာ သူတို့ရဲ့ Project တွေကို အချောသတ် ပြီးစီးလို့ စင်ပေါ်မှာ မိုက်ကိုကိုင်ကာ ယုံကြည်မှုအပြည့်နဲ့ ယှဉ်ပြိုင်ဖို့ အဆင်သင့် ဖြစ်နေကြပါပြီ။

ဒီပြိုင်ပွဲကြီးမှာဆိုရင် မြန်မာနိုင်ငံတစ်ဝန်း CIY.Club Campus အသီးသီးက တီထွင်ဖန်တီးသူ Young Coders ကလေးပေါင်း 280 ကျော်က ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဒါကြောင့် ရန်ကုန်မြို့ Wyndham Grand မတူညီတဲ့ ရှုထောင့်တွေ၊ ဆန်းသစ်လှတဲ့ အိုင်ဒီယာမျိုးစုံနဲ့ ပေါ်ထွက်လာမယ့် Mind Hack 2026: International Coding Tournament ရဲ့ National Stage ကို ဂုဏ်ယူစွာနဲ့ လာရောက် အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။




17/08/2026

🏆 CIY မှာ တက်ရောက်နေတဲ့ (၆) လအတွင်း MindHack 2025 ပြိုင်ပွဲကြီးမှာ Top 3 Winner ဖြစ်ခဲ့တဲ့ သားသား ရှိုင်းထက်အောင်ရဲ့… ဒီအောင်မြင်မှုနောက်ကွယ်က မိဘတွေရဲ့ ရင်တွင်းစကားသံတွေက ဘာများဖြစ်မလဲ…?

CIY မှာ (၆) လတာ လေ့လာသင်ယူပြီးနောက် MindHack 2025 ကို ပထမဆုံးဝင်ပြိုင်ကာ Top 3 Winner ဖြစ်ခဲ့တဲ့ သားသား ရှိုင်းထက်အောင်ရဲ့ အောင်မြင်မှုနဲ့ ဒီအောင်မြင်မှုကို မြင်ရတဲ့ မိဘတွေရဲ့ ဂုဏ်ယူပီတိစကားသံတွေကို အတူတူ နားထောင်ကြည့်လိုက်ရအောင်နော်။

ဒါ့အပြင်…

💡 Coding နဲ့ 3D Design တွေကို လေ့လာပြီးနောက် သားသားမှာ ဘယ်လိုအပြောင်းအလဲတွေကို အဓိက သတိထားမိခဲ့လဲ…?

🚀 ဘာကြောင့် သားသားကို ငယ်ငယ်ကတည်းက Technology Skills တွေ သင်ယူနိုင်အောင် ပံ့ပိုးပေးဖြစ်ခဲ့တာလဲ…?

🏫 Coding School တွေ အများကြီးရှိတဲ့အထဲက CIY ကို ဘာကြောင့် ယုံယုံကြည်ကြည် ရွေးချယ်ခဲ့တာလဲ…?

စတဲ့ မေးခွန်းလေးတွေနဲ့အတူ မိဘတွေရဲ့ အတွေ့အကြုံနဲ့ ရင်တွင်းစကားသံတွေကို ဒီ Video လေးထဲမှာ မျှဝေပေးထားပါတယ်ခင်ဗျာ။ 🙌

ဒါကြောင့်… CIY မှာ လေ့လာသင်ယူပြီး MindHack 2025 ပြိုင်ပွဲကြီးမှာ Top 3 Winner ဖြစ်လာခဲ့တဲ့ သားသား ရှိုင်းထက်အောင်ရဲ့ အောင်မြင်မှုကို မြင်တွေ့ရချိန်မှာ မိဘတွေရဲ့ ရင်ထဲမှာ ဘယ်လိုခံစားခဲ့ရလဲဆိုတာ ကိုယ်တိုင်နားထောင်ကြည့်ပြီး… တခြား Parents တွေအနေနဲ့လည်း အတွေးတစ်ခုခု ရလိမ့်မယ်လို့ CIY က မျှော်လင့်ပါတယ်။ 💙

မန္တလေးက Junior Innovator လေးတွေ ခုရက်ပိုင်း ဘာလေးတွေ လုပ်ဖြစ်နေကြလဲ…?ယခုဆိုရင် MindHack 2026 - National Tournament ပြို...
16/08/2026

မန္တလေးက Junior Innovator လေးတွေ ခုရက်ပိုင်း ဘာလေးတွေ လုပ်ဖြစ်နေကြလဲ…?

ယခုဆိုရင် MindHack 2026 - National Tournament ပြိုင်ပွဲကြီးကလည်း တဖြည်းဖြည်းနဲ့ နီးကပ်လာပြီဆိုတော့ Project ပြင်ဆင်နေစဉ်ကာလဟာ မန္တလေးက CIY Coders လေးတွေအတွက် ဂုဏ်ယူစရာ အချိန်လေးတစ်ခုလိုပါပဲ။

ဒီနေ့ CIY.Club Mandalay Campus မှာတော့ Junior Innovator လေးတွေက စိတ်ကူးသစ်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ Electronic နဲ့ Coding တွေကို အားကြိုးမာန်တက် လေ့ကျင့် ပြင်ဆင်နေကြပါတယ်။

သူတို့လေးတွေရဲ့ ရည်မှန်းချက်ကတော့ MindHack 2026 လို နိုင်ငံတကာအဆင့် နည်းပညာပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ကိုယ်တိုင်ဖန်တီးထားတဲ့ Project လေးတွေနဲ့ အကောင်းဆုံးရလဒ်ကို ရယူနိုင်ဖို့ပါပဲ။ 🏆🌏

ကလေးတွေက အခုကတည်းက သူတို့ဖြစ်ချင်တဲ့ ဝါသနာပါရာ အိပ်မက်လေးတွေကို စိတ်ကူးယဉ်နေရုံ သက်သက်မဟုတ်ဘဲ… စဉ်းစားတွေးတောတယ်၊ လက်တွေ့ စမ်းသပ်တယ်၊ မအောင်မြင်ခဲ့ရင် ပြန်ပြင်တယ်၊ နောက်ဆုံး ကိုယ်ပိုင် Project တစ်ခုအဖြစ် ရအောင် ဖန်တီးနိုင်ခဲ့တယ် ဆိုတဲ့ အတွေ့အကြုံကောင်းတွေ ရရှိနေကြပါတယ်။ ✨

ဒါဆို မိဘများအနေနဲ့ကရော… ကိုယ့်ရဲ့ သားသားမီးမီးတို့ကိုလည်း အနာဂတ်မှာ Technology နဲ့ Innovation ပိုင်းမှာ ထူးချွန်တဲ့ Junior Innovator လေးတွေ ဖြစ်လာစေချင်တယ်ဆိုရင် ထိုင်စောင့်မနေတော့ဘဲ ဒီနေ့ကတည်းက ဘာလို့ မစတင်ပေးနိုင်ရမှာလဲ… ?

16/08/2026

" ပျောက်ကွယ်လုနီးပါး သမိုင်းဝင်အမွေအနှစ်တွေကို ပြန်လည်အသက်သွင်းနေတဲ့ လူငယ်တစ်စု…” 🤝

ကလေးတွေကနေ မြန်မာ့ ခရီးသွားလုပ်ငန်းကို အထောက်အကူပြုမယ့် Website တစ်ခုကို ဖန်တီးထားတယ်ဆိုတာ မိဘတို့ ယုံနိုင်ကြရဲ့လား?

ဟုတ်ပါတယ်... ဒီကလေးတွေကတော့ မြန်မာ့ အမွေအနှစ် မြို့ကြီးတွေမှာ သွားရောက် လည်ပတ်တဲ့အခါ အခက်အခဲ မရှိအောင် Traveling Website တစ်ခုကို ပြုလုပ်ထားတာ ဖြစ်ပါတယ်။

ဒီ Website လေးထဲကို ဝင်လိုက်ရုံနဲ့ ကိုယ်သွားချင်တဲ့ မြို့၊ အဲဒီမြို့ရဲ့ အထင်ကရ နေရာတွေ၊ သွားလာစရိတ်နဲ့ နေထိုင်စရာ ဟိုတယ်တွေအပါအဝင် အသေးစိတ် လေ့လာလို့ ရတာကြောင့် နိုင်ငံတကာ ခရီးသွားတွေကြားမှာတောင် "မြန်မာ့ကလေးတွေ တကယ် တော်ကြပါလား" ဆိုတဲ့ အံ့ဩဂုဏ်ယူမှုကို ရရှိစေမှာပါ။

ဒီလို အမိုက်စား ပြင်ဆင်မှုတွေကြောင့်လည်း ဒီကလေးတွေဟာ Mind Hack 2025 စင်မြင့်ထက်မှာ ပရိသတ် စိတ်ဝင်စားမှု အမြင့်ဆုံးနဲ့ မဲပေးမှု အများဆုံး Popular Award ကို ဆွတ်ခူး ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဒီတော့... ပိုမို ကောင်းမွန်တဲ့ အစီအစဉ်၊ ပိုကောင်းတဲ့ ပြင်ဆင်မှု၊ ပိုမို ဆန်းသစ်တဲ့ ပြောင်းလဲမှုတွေနဲ့အတူ...
တစ်နှစ်ထက်တစ်နှစ် ပြောင်းလဲ တိုးတက်မှုတွေ၊ပိုမို အံ့ဩစရာကောင်းတဲ့ တီထွင်မှုတွေ ထွက်ပေါ်လာဖို့ပဲ ရှိတော့တာမို့လို့...

အသက်အရွယ်နဲ့ မလိုက်အောင် ဇမသေးတဲ့ Coder ကလေးငယ်တွေ ထပ်မံ ထွက်ပေါ်လာဦးမယ့်...
ခမ်းနားကြီးကျယ်စွာ ရောက်ရှိလို့လာတော့မယ့် Mind Hack 2026 ပြိုင်ပွဲကြီးကို ရင်ခုန်စွာနဲ့ ဆက်လက် စောင့်မျှော်ပေးကြပါဦး 🔥

လာမယ့် MindHack 2026 ပြိုင်ပွဲကြီးအတွက် ကျွန်တော်တို့ CIY Shwe Moe Kaung Campus ရဲ့ Coder လေးတွေ ဘယ်လိုတွေ ကြိုးစားပြင်ဆ...
15/08/2026

လာမယ့် MindHack 2026 ပြိုင်ပွဲကြီးအတွက် ကျွန်တော်တို့ CIY Shwe Moe Kaung Campus ရဲ့ Coder လေးတွေ ဘယ်လိုတွေ ကြိုးစားပြင်ဆင်နေကြလဲဆိုတာ အားလုံးပဲ တွေ့ကြရဲ့လားခင်ဗျာ… 🤗

ဒီနှစ်ပြိုင်ပွဲကြီးရဲ့ Theme ဖြစ်တဲ့ “Guardians of the Planet” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ Coder လေးတွေဟာ ကမ္ဘာမြေကြီးအတွက် အကျိုးပြုနိုင်မယ့် နည်းလမ်းကောင်းတွေကို ခေတ်ရှေ့ပြေးတဲ့ နည်းပညာတွေနဲ့ အသုံးချပြီး ကိုယ်တိုင် လက်တွေ့ဖန်တီးနေကြပါပြီ။

ပုံထဲမှာ မြင်တွေ့နေရတဲ့အတိုင်း CIY Shwe Moe Kaung Campus က Coders လေးတွေဟာ -

✨ ကိုယ်ပိုင် စိတ်ကူးတွေကို Design ချတာ…၊
✨ Components တွေ တပ်ဆင်တာ…၊
✨ Electronics & Technology တွေကို လက်တွေ့ စမ်းသပ်တာကနေ စပြီး…

ကိုယ်တိုင် Prototype တွေ တည်ဆောက်ရင်း Teamwork နဲ့ အခက်အခဲတွေကို အတူတူဖြေရှင်းကာ သူတို့ရဲ့ Idea လေးတွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ စမ်းသပ်၊ ပြင်ဆင်ပြီး အားကြိုးမာန်တက် ကြိုးစားနေကြပါတယ်။

ဒီလို ပြင်ဆင်နေတဲ့အတောအတွင်းမှာ နည်းပညာပိုင်းဆိုင်ရာ Skill တွေ တိုးတက်လာစေရုံသာမက ကိုယ်တိုင်တွေးခေါ်ပြီး ဖန်တီးနိုင်တဲ့ Creativity, Problem-Solving နဲ့ Teamwork Skills တွေကိုလည်း တိုးတက်လာစေတဲ့ အခွင့်အရေးကောင်းလေးတွေပါပဲ။ 💙

ဒါဆို… မကြာမီ ကျရောက်လာတော့မယ့် MindHack 2026 မှာ ကျွန်တော်တို့ရဲ့ Coder လေးတွေ ဘယ်လိုတွေ တောက်ပလာကြဦးမလဲဆိုတာ အတူတူ ရင်ခုန်စွာနဲ့ စောင့်မျှော်အားပေးကြရအောင်နော်။ 🚀

မြန်မာ့ အကြီးကျယ် အခမ်းနားဆုံး နည်းပညာပြိုင်ပွဲကြီးMind Hack 2026 ဆိုတာ ဘယ်လိုပြိုင်ပွဲမျိုးလဲ❓🤔လွန်ခဲ့တဲ့ ၄ နှစ် (၂၀၂၂)...
15/08/2026

မြန်မာ့ အကြီးကျယ် အခမ်းနားဆုံး နည်းပညာပြိုင်ပွဲကြီးMind Hack 2026 ဆိုတာ ဘယ်လိုပြိုင်ပွဲမျိုးလဲ❓🤔

လွန်ခဲ့တဲ့ ၄ နှစ် (၂၀၂၂) ကတည်းက မြန်မာ့ကလေးငယ်တိုင်း ခေတ်မီ နည်းပညာတွေကို လက်လှမ်းမီ လေ့လာနိုင်ပြီး "မြန်မာကလေးတွေ မညံ့ဘူး" ဆိုတာကို ကမ္ဘာကို ချပြဖို့ ရည်ရွယ်ချက်နဲ့ CIY.Club Myanmarကနေ Mind Hack ပြိုင်ပွဲကြီးကို ရန်ကုန်မြို့မှာ CIY မှ စတင် ဦးဆောင် ကျင်းပခဲ့ပါတယ်။

မြန်မာ ကလေးငယ်တွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ စိတ်ကူးတွေဟာ အသက်နဲ့မလိုက်အောင် ရင့်ကျက်ကြတယ်ဆိုတာ တီထွင်ဖန်တီးရှင် ကလေးပေါင်း (၉၀၀) ကျော် ပါဝင်ခဲ့တဲ့ Mind Hack 2022 ကနေ Mind Hack 2025 သမိုင်းတစ်လျှောက် စင်မြင့်ထက်တွေက သက်သေပါ။

ဒါ့အပြင် မြန်မာ့ကလေးတွေဟာ AI တွေ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတဲ့ ၂၀၂၅ ခုနှစ်မှာလည်း မြန်မာ့စင်မြင့်တင်မက ထိုင်းနိုင်ငံ ဘန်ကောက်မြို့အထိ သွားရောက်ပြီး မလေးရှား၊ ထိုင်း၊ ဆော်ဒီနဲ့ တောင်အာဖရိက စတဲ့ နိုင်ငံပေါင်းစုံက ပြိုင်ဘက်တွေကြားမှာ မြန်မာကိုယ်စားပြု ဆုတံဆိပ်တွေကို ဂုဏ်ယူစွာ ရယူပေးခဲ့ပြီး ဖြစ်ပါတယ်။

" လူကြီးအချို့ စင်ပေါ်တက်ဖို့ ဝန်လေးနေချိန်... ကိုယ့် Idea ကို ချပြဖို့ တွန့်ဆုတ်နေချိန်မှာပဲ... ဒီကလေးတွေကတော့ ကမ္ဘာ့စင်မြင့်ထက်မှာ ရဲရဲဝံ့ဝံ့ သက်သေပြသွားခဲ့ကြပါပြီ။ "

အခု 2026 မှာလည်း Mind Hack ပြိုင်ပွဲကြီး ပြန်လည် ရောက်ရှိလို့ လာခဲ့ပါပြီ။

တီထွင်ဖန်တီးမှုတွေကို ကမ္ဘာ့စင်မြင့်ထက်အထိ ထပ်မံ ပြသနိုင်ဖို့အတွက် CIY.Club Myanmar ကနေ CIY Coders လေးတွေအတွက် သီးသန့် စင်မြင့်တစ်ခု ကို ဩဂုတ်လ (၂၉) ရက်နေ့၊ ရန်ကုန်မြို့ Wyndham Grand Hotel မှာ ခမ်းခမ်းနားနား ကျင်းပ ပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့်... Mind Hack 2026 ဆိုတာ ဘယ်လိုပြိုင်ပွဲမျိုးလဲဆိုရင်…

✨ စာသင်ခန်းထဲမှာတင် ပိတ်မိမနေဘဲ Coding, Robotics, 3D Design, Electronics စတဲ့ နည်းပညာရပ်တွေကို ကလေးတွေကိုယ်တိုင် လက်တွေ့ အကောင်အထည်ဖော် ပြသခွင့်ရမယ့် စင်မြင့်တစ်ခု
စာအုပ်ထဲကသီအိုရီ တွေကိုပဲ ကျက်မှတ်နေရတဲ့ သမရိုးကျ သင်ကြားမှုမျိုး မဟုတ်ဘဲ... ကလေးကိုယ်တိုင် Coding, Robotics, 3D Design နဲ့ Electronics စတဲ့ အဆင့်မြင့် နည်းပညာတွေကို စိတ်ကြိုက် တီထွင်ဖန်တီး၊ Real-World Project တွေအဖြစ် အကောင်အထည်ဖော်ပြီး လူအများရှေ့မှာ ရဲရဲဝံ့ဝံ့ ချပြခွင့်ရမယ့် မြန်မာ့ပထမဆုံးသောစင်မြင့်

✨ National Round မှသည် Global Stage ဆီသို့... မြန်မာ့ကလေးငယ်တွေရဲ့ အစွမ်းအစနဲ့ အတွေးအခေါ်တွေကို ကမ္ဘာ့နိုင်ငံတွေပါ သိရှိအောင် ပြသနိုင်မယ့် အကောင်းဆုံး အခွင့်အလမ်း
ရန်ကုန်မြို့ Wyndham Grand Hotel မှာ ကျင်းပမယ့် Mind Hack စင်မြင့်ထက်ကနေတစ်ဆင့် မလေးရှားနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်းစုံက ထူးချွန် ကလေးငယ်တွေနဲ့ သွားရောက် ယှဉ်ပြိုင်ရမယ့် နိုင်ငံတကာစင်မြင့်အထိ တက်လှမ်းနိုင်မှာပါ။ ဒါဟာ ရိုးရိုး ကျောင်းတွင်းပြိုင်ပွဲ မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံတွေကြားမှာ "မြန်မာ့ကလေးတွေ တကယ် တော်တာပဲ" ဆိုပြီး နိုင်ငံဂုဏ်ဆောင် ဂုဏ်ယူဝံ့ကြွားခွင့် ရရှိစေမယ့် အခွင့်အလမ်း တစ်ခုဆိုလည်း မမှားပါဘူး။

ဒီတော့… ၂၀၂၆ ရဲ့ နည်းပညာအရွေ့ကို လှုပ်ခတ်စေဦးမယ့်…
မြန်မာ့ကလေးတွေရဲ့ အသက်နဲ့မမျှတဲ့ စိတ်ကူးတွေ၊
ထူးခြားတဲ့ အရည်အချင်းတွေနဲ့ အနာဂတ်ကို ပုံဖော်မယ့် အမိုက်စား Project တွေကို မြန်မာ့အကြီးကျယ်ဆုံး နည်းပညာပြိုင်ပွဲကြီး Mind Hack 2026 မှာအတူတူ ရင်ခုန်ကြည့်ရှု အားပေးလိုက်ကြရအောင်ပါ။ 👏👏

CIY Nay Pyi Taw Campus နေရာပြောင်းရွှေ့ဖွင့်လှစ်ခြင်း အသိပေးကြေညာချက်… ❗CIY Nay Pyi Taw Campus ကို ယခင်ဖွင့်လှစ်ထားတဲ့ န...
14/08/2026

CIY Nay Pyi Taw Campus နေရာပြောင်းရွှေ့ဖွင့်လှစ်ခြင်း အသိပေးကြေညာချက်… ❗

CIY Nay Pyi Taw Campus ကို ယခင်ဖွင့်လှစ်ထားတဲ့ နေရာမှ နေရာသစ်သို့ ပြောင်းရွှေ့ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း အသိပေးကြေညာလိုက်ရပါတယ်။

(15.8.26) မနက်ဖြန်မှစတင်ပြီး Coder လေးတွေအနေနဲ့ နေရာသစ်မှာ ပုံမှန်အတိုင်း လာရောက်သင်ယူနိုင်ပါပြီ။

📍 New Address : အမှတ် (ဇ/၇၃၉)၊ ဂန္ဓမာလမ်း၊ သပြေကုန်း၊ နေပြည်တော်။

Nay Pyi Taw မှ မိဘများအနေနဲ့လည်း ကျွန်တော်တို့ CIY Club ရဲ့ သင်ယူမှုအစီအစဉ်များနဲ့ ပတ်သက်ပြီး အသေးစိတ်တိုင်ပင်ဆွေးနွေးလိုပါက Campus အသစ်သို့ ကိုယ်တိုင်လာရောက်ပြီး စုံစမ်းမေးမြန်းနိုင်ပါပြီခင်ဗျာ။ 💙

နေရာသစ်မှာ Coder လေးတွေရဲ့ စိတ်ကူးတွေကို ဆက်လက်ဖန်တီးကြရအောင်။ 🚀

“ Mind Hack မှာ မေမေ့ကို ဂုဏ်ယူစေချင်တာ ” 🥺ကလေးတစ်ယောက်ရဲ့ နှုတ်ဖျားကနေ ဒီစကားလေး ထွက်လာဖို့ဆိုတာ အနောက်မှာ မိဘတွေရဲ့ ချ...
14/08/2026

“ Mind Hack မှာ မေမေ့ကို ဂုဏ်ယူစေချင်တာ ” 🥺

ကလေးတစ်ယောက်ရဲ့ နှုတ်ဖျားကနေ ဒီစကားလေး ထွက်လာဖို့ဆိုတာ အနောက်မှာ မိဘတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ ပံ့ပိုးပေးမှုတွေ အများကြီး ရှိခဲ့လို့ပါပဲ...။

Mind Hack 2026 နီးကပ်လာတာနဲ့အမျှ ကျွန်တော်တို့ Coder လေးတွေအားလုံးလည်း Project တွေကို အဆုံးသတ်သူက အဆုံးသတ်၊ ပြင်ဆင်နေကြသူတွေကလည်း သူ့ထက်ငါ အပြိုင် ပြင်ဆင်နေကြပါပြီ။

ဒီလိုအချိန်မှာ Coder လေးတွေအနေနဲ့ ရင်ခုန် စိတ်လှုပ်ရှားနေသလို၊ ကိုယ့် Project လေးကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့တဲ့အတွက် အားရကျေနပ်စိတ်လေးတွေလည်း ဖြစ်ပေါ်နေကြတာပါ။

ကျွန်တော်တို့ ငယ်ငယ်က ကြီးမားတဲ့ စာမေးပွဲကြီးတွေ ဖြေခါနီးအချိန်လိုပါပဲ... ဒီလို အရေးကြီးတဲ့ အချိန်မျိုးမှာ မိဘတွေရဲ့ ဘေးနားက စိတ်ဓာတ်ခွန်အားပေးမှု က ကလေးတွေအတွက် အလိုအပ်ဆုံး ဖြစ်ပါတယ်။

မောင်ရှင်လောင်းလေးကို ဘေးကနေ ယုယုယယ လိုက်ကြည့်ပေးသလိုမျိုး မိဘတို့ပေးတဲ့ နွေးထွေးတဲ့ ခွန်အားလေးတွေက စင်ပေါ်တက်ပြသတော့မယ့် သားသားမီးမီးတို့အတွက် အကြီးမားဆုံးသော ယုံကြည်မှု အင်အားတစ်ခု ဖြစ်လာမှာပါ။

" မေမေ့အတွက် ဂုဏ်ယူရမယ့် ဆုကို ယူပေးမယ် " ဆိုတဲ့ သားသားမီးမီးတို့ရဲ့ ရင်ထဲက ခံယူချက်တွေဟာပဲ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ Mind Hack 2026 စင်မြင့်ထက်မှာ အခက်အခဲတွေကို ကျော်ဖြတ်ပြီး အောင်မြင်မှုဆီ လျှောက်လှမ်းဖို့ အကောင်းဆုံး စိတ်ခွန်အားဖြစ်စေမှာပါ။

Introducing Our Innovation Partners : KINGS International School, Hysan IQ Maths, Joyful Panda & Royal D✨လာမယ့် ဩဂုတ်လ (...
14/08/2026

Introducing Our Innovation Partners : KINGS International School, Hysan IQ Maths, Joyful Panda & Royal D✨

လာမယ့် ဩဂုတ်လ (၂၉) ရက်နေ့၊ ရန်ကုန်မြို့ရှိ Wyndham Grand Hotel မှာ ခမ်းနားကြီးကျယ်စွာ ကျင်းပပြုလုပ်သွားမယ့် Mind Hack 2026 : International Coding Tournament ပြိုင်ပွဲကြီးအတွက် ပြိုင်ပွဲဝင် Coders လေးတွေသာမက မိဘတို့အားလုံးလည်း အထူးပင် ရင်ခုန်စိတ်လှုပ်ရှားနေကြပြီ မဟုတ်လား။

ဒီနှစ် Mind Hack ပြိုင်ပွဲကြီးမှာ မြန်မာ့နည်းပညာ မျိုးဆက်သစ်လေးတွေရဲ့ တီထွင်ဆန်းသစ်မှုတွေနဲ့ အနာဂတ်ခရီးလမ်းကို ရှေ့ဆက်နိုင်ဖို့အတွက် Innovation Partner များအဖြစ် အားတက်သရော ပါဝင်ပံ့ပိုးပေးထားကြတာကတော့... KINGS International School, Hysan IQ Maths, Joyful Panda နဲ့ Royal D တို့ပဲ ဖြစ်ပါတယ်။ 💙

​ကလေးငယ်တွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်း၊ ဉာဏ်ရည်ထက်မြက်မှုနဲ့ နည်းပညာစွမ်းရည်တွေကို နိုင်ငံတကာအဆင့်မီ စင်မြင့်ထက်မှာ အစွမ်းကုန် ထုတ်ဖော်ပြသနိုင်ဖို့အတွက် အခုလို အဖိုးတန်တဲ့ ပံ့ပိုးကူညီမှုတွေ ပေးအပ်ထားတဲ့ Partners ကြီးများအားလုံးကို Mind Hack Team မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်။

​Together, let’s empower the next generation of young innovators. 🤝✨

​

Address

4th Floor, Shophouse 215, Times City, Kamayut Township
Yangon
11041-11044

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959790959190

Alerts

Be the first to know and let us send you an email when CIY.Club Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to CIY.Club Myanmar:

Shortcuts

Share

Category