07/05/2023
Beginner လေးတွေအတွက် 💕✨
" 𝑯𝒐𝒘 𝑰 𝒔𝒆𝒍𝒇-𝒔𝒕𝒖𝒅𝒊𝒆𝒅 𝑲𝒐𝒓𝒆𝒂𝒏 + 𝑻𝒊𝒑𝒔 𝒂𝒏𝒅 𝒔𝒕𝒖𝒅𝒚 𝒔𝒐𝒖𝒓𝒄𝒆𝒔 𝒇𝒐𝒓 𝒃𝒆𝒈𝒊𝒏𝒏𝒆𝒓𝒔 " 🍀✨
여러분 안녕 ^^
ဒီ post လေးမှာတော့ ကိုရီးယားဘာသာစကားကို စပြီးလေ့လာမယ့် beginner လေးတွေအတွက် ကိုယ်တိုင် self-study လုပ်ခဲ့တဲ့ tips လေးတွေနဲ့ study sources လေးတွေကို ပြောပြပေးသွားမှာပါ။
အဆုံးထိ ဖတ်ပေးပါဦးနော် 😙
ဖူးဖူးကတော့ 2020 လောက်က ကိုရီးယားစာကို စပြီးလေ့လာခဲ့တာပါ။ Stay home ကာလဖြစ်တာကြောင့် အပြင်သင်တန်းတွေလည်းတက်လို့မရတဲ့အတွက် YouTube ကနေ ကိုရီးယားစာသင်ပေးတဲ့ video lessons တွေရယ်၊ application လေးတွေရယ်သုံးပြီးလေ့လာခဲ့ပါတယ်။
စစချင်း အခြေခံကိုတော့ ဆရာမချမ်းချမ်းရဲ့ YouTube Video Lesson လေးတွေကနေလေ့လာပါတယ်။
𝐒𝐭𝐮𝐝𝐲 𝐰𝐢𝐭𝐡 𝐂𝐡𝐚𝐧 𝐂𝐡𝐚𝐧
https://youtube.com/
Study tips လေးတွေဆက်ပြောပြပါမယ်။
- ပထမဆုံး ဗျည်းစဉ်ကို မြန်မာလိုနှုတ်သွက်အောင်ကျက်ပါတယ်။
( ငယ်ငယ်က ကကြီး ခခွေး ဂငယ် ကျက်ခဲ့သလိုပါ။ )
- ဗျည်းစဉ်ကို အလွတ်ရမှ ကိုရီးယားဗျည်းစာလုံးလေးတွေကို အသံထွက်နဲ့ စာလုံးပုံစံတွဲမှတ်ရင်း အရေးကျင့်ပါတယ်။
- သရတွေကိုလည်း ဗျည်းတွေမှတ်ခဲ့သလိုပဲ မှတ်ပါတယ်။
- ဗျည်းနဲ့သရပေါင်းတဲ့ အသံထွက်တွေကိုကျင့်တဲ့အခါ ဆရာမချမ်းချမ်းရဲ့ Reading Korean words lesson က vocab လေးတွေလေ့လာရင်း practice လုပ်ပါတယ်။ အသံထွက်ရော Vocabလေးတွေပါရသွားအောင် တစ်ခါတည်းချရေးပြီး ကျက်ပါတယ်။
https://youtu.be/7VjCfUaq8MQ
https://youtu.be/1H75xB5rWbA
- ဗျည်းနဲ့သရတွေကို ကျွမ်းကျင်သွားပြီဆိုရင်တော့ self-learning beginner တွေအတွက် စပြီးတိုင်ပတ်လာမှာက "အသတ်" ပါ။ ကိုယ့်တုန်းကတော့ အသတ် ၇ မျိုးကို အရင်ဆုံးမှတ်ပါတယ်။ ပြီးတော့မှ အသတ်သံတစ်ခုချင်းဆီကို ဘယ်လိုဖတ်ရမလဲ၊ ဘယ်အသတ်သံမှာဆို ဘာဗျည်းတွေပါသလဲဆိုတာကို မှတ်ပါတယ်။
( ဥပမာ ㄷ,ㅌ,ㅅ,ㅆ,ㅈ,ㅊ စတဲ့ ဗျည်းစကားလုံးလေးတွေဟာ အသတ်ဗျည်းအနေနဲ့ဆိုရင် ㄷ သတ်သံထွက်တယ် စသဖြင့်မှတ်ပါတယ်။ )
အသတ်သံတွေကို မှတ်ရတာ ခက်ခဲနေတဲ့သူတွေအတွက်ဆိုရင် Korean with me 99 ကအမရဲ့ YouTube channel မှာတင်ပေးထားတဲ့ video lesson ကနေလေ့လာကြည့်ပါ။ မှတ်ပုံမှတ်နည်း အသံထွက်ပုံထွက်နည်းလေးကို အလွယ်ကူဆုံးသင်ပေးထားလို့ အရမ်းအထောက်အကူဖြစ်ပါတယ်။
https://youtu.be/l_3bxC7y7Jw
https://youtu.be/Eu5OnMW6TLA
ဒါလေးကတော့ Channel link ပါ။
𝐌𝐎𝐑𝐄𝐀𝐍 모리안
https://youtube.com/
အရေးအဖတ်အပိုင်းမှာ လုံးဝအိုခေသွားတဲ့အချိန်မှာတော့ Lingodeer app လေးကနေ Vocab & Grammar လေးတွေကို ဆက်ပြီးလေ့လာပါတယ်။
𝐋𝐢𝐧𝐠𝐨𝐝𝐞𝐞𝐫 𝐚𝐩𝐩 𝐥𝐢𝐧𝐤
https://play.google.com/store/apps/dev?id=5137006670632982516&hl=en_US&gl=US
App လေးအကြောင်းကိုတော့ နောက် post တစ်ခုမှာ အသေးစိတ်ဆက်ပြီးဖော်ပြပေးသွားပါမယ်။
အဆုံးထိဖတ်ပေးလို့ ကျေးဇူးများကြီးတင်ပါတယ်ရှင်။ 💕
"𝘼𝙡𝙡 𝙖𝙗𝙤𝙪𝙩 𝙇𝙞𝙣𝙜𝙤𝙙𝙚𝙚𝙧 𝙖𝙥𝙥" 🍀✨
https://www.facebook.com/102427109196989/posts/216350237804675/?mibextid=Nif5oz