06/04/2023
မြန်မာ့နှစ်သစ်ကူးအချိန်ကာလကို ရောက်ကာနီးပြီမို့ သင်တန်းပိတ်ရက်တွေဆီကိုရောက်လာတော့မယ်။ သင်တန်းမှာလာရောက်ပြီး အဂ်လိပ်စာ၊အဂ်လိပ်စကားပြောလေ့လာဆည်းပူးကြသူများလည်း မိမိတို့ရည်မှန်းထားတဲ့ အဂ်လိပ်စာ အရေး၊အဖတ်၊အပြောစွမ်းရည်တွေကို ရရှိပိုင်ဆိုင်ဖို့ တော်တော်လေးနီးစပ်လာကြပြီလို့ဆိုရမှာပါ။ ဒီလိုအခြေအနေရောက်အောင် အနိမ့်၊အမြင့်၊ အတက်၊အကျ တွေကို အန်တုရင်း မဖြစ်မနေဖန်တီးတည်ဆောက်ခဲ့ကြရတာပါ။
တစ်ကယ်တော့ သူတို့လေးတွေ ကြိုးကြိုးစားစားနဲ့ ရအောင်ယူနိုင်ခဲ့တာကို သင်တန်းရဲ့ တည်ထောင်သူအနေနဲ့ အလွန်အမင်း ဝမ်းသာဂုဏ်ယူမိပါတယ်။ အဂ်လိပ်ဘာသာစကားကိုလေ့လာသင်ယူရာမှာ ဒီဘာသာစကားရဲ့ သွင်ပြင်လက္ခဏာတွေကို သေသေချာချာလေ့လာဖို့လိုပါတယ်။ ဒါ့ကြောင့် ဒီခရီး နီးသလားလို့မေးရင် မနီးပါလို့ပဲဖြေရမှာပါ။ သို့ပေမယ့် ခရီးလမ်းဆုံးပန်းတိုင်ကို ချောချောမောမောရောက်ဖို့တော့ အာမခံနိုင်ပါတယ်။
နှစ်ဟောင်းလွန်လို့ နှစ်သစ်မှာ အေးချမ်းပျော်ရွှင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
Octagon EC