Ultimate Lifestyle Myanmar

Ultimate Lifestyle Myanmar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ultimate Lifestyle Myanmar, Education, Yangon.

ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲခြင်းဖြင့် ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် နှလုံးရောဂါတို့ကို ပြောင်းပြန်လှန်နိုင်ပါတယ်။ မှန်ကန်တဲ့ အစာအာဟာရ နှင့် အလေ့အထတို့က ရောဂါများစွာကို သဘာဝနည်းလမ်းနဲ့ ပြောင်းလဲပေးနိုင်ပါတယ်။

21/02/2026

📢 ဆီးချိုပြောင်းပြန်လှန် အစီအစဉ်အတွက် အရေးကြီး အသိပေးချက်

ကျွန်တော်တို့ရဲ့ (၂၁) ရက် ဆီးချိုပြောင်းပြန်လှန်အစီစဉ်ကို ဖေဖော်ဝါရီ ၂၈ ရက် သို့ ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။

ဒီ အစီအစဉ်ကြီး မစခင်မှာ...

Ultimate Lifestyle ရဲ့ "ဆီးချိုပြောင်းပြန်လှန်အစီစဉ်" ဘယ်လို အလုပ်လုပ်သလဲ ဆိုတာ နားလည်ဖို့ အခမဲ့ တက်ရောက်နိုင်မယ့် Foundation Class စီစဉ်နေပါတယ်။

သင်တန်းတက်ဖို့ ဆီးချိုပြောင်းပြန်လှန်ဖို့ စိတ်ဝင်စားသူတွေအနေနဲ့ ကျွန်တော်တို့ရဲ့ စနစ်ကို အရင်ဆုံး နားလည်ထားဖို့ လိုအပ်ပါတယ်။ (ဒါမှသာ တကယ် လက်တွေ့ကျင့်သုံးတဲ့အခါ အခက်အခဲ မရှိမှာပါ)။

ဒီ Foundation Class ကို ဘယ်လို ပါဝင်ရမယ် ဆိုတာ မကြာမှီ အသိပေးသွားပါမယ်။

စောင့်မျှော်ပေးပါခင်ဗျာ 🎉

Dr. Kyaw Soe
Ultimate Lifestyle Myanmar

#ဆီးချို #ဆီးချိုရောဂါ

18/02/2026

"ဆီးချိုပြောင်းပြန်လှန်သင်တန်း"
21-ရက် အစီစဉ်
Feb 28 ရက်နေ့ စတင်ဖို့ ရှိပါတယ်ခင်ဗျာ ⤵️

18/02/2026

ဆီးချိုနှင့် ကျွန်တော့် ရည်မှန်းချက်

"ဆီးချိုရောဂါ ပြောင်းပြန်လှန်ဖို့ စဉ်းစားပါ"

#ဆီးချို #ဆီးချိုရောဂါ

16/02/2026

ဆီးချိုဖြစ်ရင် တစ်သက်လုံးလား?

"ဆီးချိုဖြစ်ရင် တစ်သက်လုံးပဲ" ဆိုတာ အကြီးမားဆုံး မုသားပါ။

#ဆီးချို #ဆီးချိုရောဂါ

14/02/2026

အချိုနှင့် ဆီးချို

01/02/2026

ဒီနေ့ည (၇) နာရီ စပါတော့မယ်! ⏰

"ဆေးဝါးတွေ လျှော့ချချင်တယ်...
ဆီးချိုကို ပြောင်းပြန်လှန်ချင်တယ်..." ဆိုရင်
ဒီပွဲတော်က မိတ်ဆွေအတွက်ပါပဲ။

ကျွန်တော်တို့ရဲ့ "ဆီးချိုပြောင်းပြန်လှန်ပွဲတော် (𝗗𝗶𝗮𝗯𝗲𝘁𝗲𝘀 𝗥𝗲𝘃𝗲𝗿𝘀𝗮𝗹 𝗙𝗲𝘀𝘁𝗶𝘃𝗮𝗹)" ကို ဒီနေ့ည (၇) နာရီတိတိမှာ စတင်ပါမယ်။

မအပ်ရသေးရင် အခုပဲ အမြန်ဆုံး အပ်လိုက်ပါနော်။

✅ နေ့ရက် - Feb 1 မှ 7 အထိ (၇ ရက်)
✅ အချိန် - ည ၇:၀၀ နာရီ (တိတိ)
✅ နေရာ - Zoom

သင်တန်းသားများအားလုံး Zoom မှာ တွေ့ကြမယ်နော်။ အဆင်သင့် ပြင်ထားကြပါ။ 🔥

👉 ပါဝင်လိုသူများ "DRF" လို့ Comment ရေးခဲ့ပေးပါ (သို့) Messenger မှာ အမြန်ဆုံး ဆက်သွယ်ပေးပါ။

Dr. Kyaw Soe (Ultimate Lifestyle)

31/01/2026

မနက်ဖြန် စပါပြီ။

ကျွန်တော်တို့ စောင့်မျှော်နေခဲ့ကြတဲ့ "ဆီးချိုပြောင်းပြန်လှန်ပွဲတော်" (Diabetes Reversal Festival) စတင်ဖို့ (36) နာရီသာ လိုပါတော့တယ်။

ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာ ဆီးချိုရောဂါကို ပြောင်းပြန်လှန်ဖို့ ဆုံးဖြတ်ချက်ချပြီး စာရင်းပေးသွင်းထားကြတဲ့ သူတွေအားလုံးကို ကြိုဆိုပါတယ်။

မနက်ဖြန် ဖေဖော်ဝါရီ (၁) ရက်၊ ည (၇) နာရီမှာ... ကျွန်တော်တို့ရဲ့ ကျန်းမာရေး ခရီးစဉ်ကို အတူတူ စတင်ကြပါမယ်။

ဒီပွဲတော်က သင့်အတွက် ဘာတွေ ပြောင်းလဲပေးနိုင်မလဲ?

ဆီးချိုဆိုတာ ထာဝရရောဂါမဟုတ်ကြောင်း သက်သေပြနိုင်မယ်။

ထမင်းစားရင်း သွေးသကြားဓာတ် ထိန်းနည်းကို သိရမယ်။

ဆေးဝါးတွေအပေါ် မှီခိုနေရတာကို လျှော့ချနိုင်မယ်။

ပါဝင်လိုသူများ ဒီ Post အောက်မှာ "DRF" လို့ ရေးခဲ့ပေးပါ။ (သို့မဟုတ်) Messenger မှာ ဆက်သွယ်နိုင်ပါတယ်။

မနက်ဖြန် ညနေ Zoom မှာ တွေ့ကြမယ်။

Dr. Kyaw Soe (Ultimate Lifestyle)

30/01/2026

The End of Diabetes - ဆီးချိုရောဂါ၏ နိဂုံး

28/01/2026

ဆီးချိုရောဂါဖြစ်ရင် တစ်သက်လုံးဘဲ ဆိုတာဟုတ်လား?

ဆေးခန်းသွားတိုင်း ဆေးအသစ်တွေ တိုးလာမယ်။
အစားအသောက်တွေ အမြဲ လျှော့စားနေရမယ်။
နောက်ဆုံး ကျောက်ကပ်ပျက်စီး၊ မျက်လုံးကွယ်၊ လေဖြတ်မယ့် နေ့ကို ထိုင်စောင့်နေရမှာလား?

ဒါဟာ "အမှန်တရား" မဟုတ်ပါဘူး။

𝟯𝟬-𝗝𝗮𝗻-𝟮𝟬𝟮𝟲 ရက် (သောကြာနေ့)၊
ည 𝟳:𝟬𝟬𝗣𝗠 အချိန်
Facebook Live မှာ...
"The End of Diabetes" (ဆီးချိုရောဂါ၏ နိဂုံး) ဆိုတဲ့ ခေါင်းစဉ်နဲ့
မျှဝေတင်ပြသွားပါမယ်။

ဒီ Live မှာ ဘာတွေ ပြောပြမလဲ?

1. The Suitcase Analogy: ဆီးချိုရောဂါရဲ့ တကယ့် အဓိက တရားခံ (Root Cause) က ဘာလဲ?
2. The Starvation Myth: အစာလျှော့စားမှ ဖြစ်မှာလား?
3. The Hidden Clock: "အစားစားချိန်" ဘယ်လောက်အရေးကြီးသလဲ။

ဆေးသောက်ရုံနဲ့ မပျောက်ကင်းနိုင်တဲ့ ဒီရောဂါကို...
လူနေမှုပုံစံ (Lifestyle) နဲ့ ဘယ်လို အဆုံးသတ်နိုင်မလဲဆိုတာ လာရောက် နားထောင်ဖို့ ဖိတ်ခေါ်ပါတယ်။

နေ့ရက် - ဇန်နဝါရီ (၃၀) ရက်၊ သောကြာနေ့
အချိန် - ည (၇:၀၀) နာရီတိတိ
နေရာ - Ultimate Lifestyle Myanmar Page (Live)
𝗙𝗿𝗲𝗲 𝗟𝗶𝘃𝗲 အစီအစဉ် ဖြစ်ပါတယ်။

တက်ရောက် နားထောင်ဖြစ်မယ်ဆိုရင် Comment မှာ 'Yes' လို့ ရေးခဲ့ပြီး... ဒီအသိပညာကို လိုအပ်နေတဲ့ မိတ်ဆွေတွေအတွက်ပါ လက်ဆင့်ကမ်း Share ပေးလိုက်ပါဦးခင်ဗျာ။

Dr. Kyaw Soe (M.B,B.S Dip. IBLM)
Ultimate Lifestyle Myanmar

27/01/2026

မင်္ဂလာပါခင်ဗျာ။

ဖေဖော်ဝါရီ (၁) ရက်နေ့ ရောက်ဖို့ နောက်ထပ် (၅) ရက်သာ လိုပါတော့တယ်။

ကျွန်တော်တို့ရဲ့ "ဆီးချိုပြောင်းပြန်လှန်ပွဲတော်" (𝗗𝗶𝗮𝗯𝗲𝘁𝗲𝘀 𝗥𝗲𝘃𝗲𝗿𝘀𝗮𝗹 𝗙𝗲𝘀𝘁𝗶𝘃𝗮𝗹) စတင်ဖို့အတွက် အားလုံး အဆင်သင့် ဖြစ်နေကြပါပြီ။

မိတ်ဆွေတို့ထဲမှာ...
"တက်ရင် ကောင်းမလား၊ မတက်ရင် ကောင်းမလား" စဉ်းစားနေတဲ့သူတွေ ရှိမယ်လို့ ထင်ပါတယ်။

ကျွန်တော် တစ်ခုလောက် မေးပါရစေ။
လွန်ခဲ့တဲ့ (၁) နှစ်လုံးလုံး ဆီးချိုရောဂါအတွက် သောက်ခဲ့ရတဲ့ ဆေးဖိုးဝါးခတွေ၊ စိတ်ဆင်းရဲရတာတွေ၊ အစားအသောက် ရှောင်ရတာတွေကို ဒီနှစ်မှာရော ထပ်ပြီး သယ်သွားချင်ပါသလား?

အဖြေက "No" ဆိုရင်တော့... ဒီပွဲတော်က မိတ်ဆွေအတွက်ပါပဲ။

ဒီပွဲတော်ဟာ စာသင်ရုံသက်သက် မဟုတ်ပါဘူး။
ဆေးပညာ (𝗠𝗲𝗱𝗶𝗰𝗶𝗻𝗲)၊ အာဟာရ (𝗡𝘂𝘁𝗿𝗶𝘁𝗶𝗼𝗻) နဲ့ လူနေမှုပုံစံ (𝗟𝗶𝗳𝗲𝘀𝘁𝘆𝗹𝗲) ကို ပေါင်းစပ်ပြီး လက်တွေ့ကျကျ ပြောင်းလဲမယ့် (၇) ရက် ဖြစ်ပါတယ်။

(၅) ရက်ပဲ လိုပါတော့တယ်။
ဆုံးဖြတ်ချက် တစ်ခုက ကျန်းမာရေး လမ်းကြောင်းကို အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။

"ဆီးချိုပြောင်းပြန်လှန်ပွဲတော်" - 𝗗𝗶𝗮𝗯𝗲𝘁𝗲𝘀 𝗥𝗲𝘃𝗲𝗿𝘀𝗮𝗹 𝗙𝗲𝘀𝘁𝗶𝘃𝗮𝗹

နေ့ရက်: ဖေဖော်ဝါရီ (၁) မှ (၇) ရက်အထိ (၇ ရက်တိတိ)
အချိန်: ည ၇:၀၀ မှ ၈:၃၀ အထိ (မြန်မာစံတော်ချိန်)
နေရာ: Zoom

✅ ထမင်းဖြတ်စရာ မလိုပါ။
✅ အရသာမရှိတဲ့ အသီးအရွက်ပြုတ်တွေ စားစရာ မလိုပါ။

💰 ပွဲတော် Fees : 70,000 MMK

စာရင်းသွင်းရန်အတွက် Comment တွင် Link ပေးထားပါတယ် 👇


#ဆီးချိုရောဂါ #ဆီးချို

22/01/2026

💊ဆေးသောက်နေရက်နဲ့ ဆီးချို ဘာလို့ မကျတာလဲ?

လူနာတော်တော်များများ မေးကြတဲ့ မေးခွန်းပါ။
"ဆရာ... ဆေးလည်း သောက်တယ်၊ အစားလည်း လျှော့တယ်၊ ဒါပေမယ့် ဆီးချိုကိန်းဂဏန်းတွေက မကျဘူး" တဲ့။

ရိုးရိုးရှင်းရှင်း ဥပမာလေး ပေးပါရစေ။

ခင်ဗျားရဲ့ ခန္ဓာကိုယ် "ဆဲလ်" (Cell) တွေကို အိမ်တစ်လုံးလို့ မြင်ကြည့်ပါ။
သွေးထဲက "ဂလူးကိုစ်" (Glucose) တွေက အိမ်ထဲကို ဝင်ချင်တဲ့ ဧည့်သည်တွေပါ။
"အင်ဆူလင်" (Insulin) ကတော့ တံခါးဖွင့်ပေးတဲ့ သော့တံပါ။

Type 2 ဆီးချိုသမားတွေမှာ အင်ဆူလင် မရှိတာ မဟုတ်ပါဘူး။
သော့တံ ရှိပေမယ့်... သော့ခလောက်က ဖွင့်မရ ဖြစ်နေတာပါ။ (ဒါကို Insulin Resistance လို့ ခေါ်ပါတယ်)။

သော့ဖွင့်မရတော့... "ဂလူးကိုစ်" (Glucose)ဧည့်သည်တွေက အိမ်ထဲ၀င်မရဘဲ လမ်းမပေါ် (သွေးကြောထဲ) မှာ ပြည့်ကျပ်ပြီး ကျန်နေရပါတယ်။

ကျွန်တော်တို့ သောက်နေတဲ့ ဆေးအများစုက...
လမ်းမပေါ်က "ဂလူးကိုစ်" (Glucose) တွေကို အတင်းဖယ်ရှားပေးတာသာ ဖြစ်ပါတယ်။
သော့ခလောက်ကို ပြင်ပေးတာ မဟုတ်ပါဘူး။

ဒါ့ကြောင့်ဆေးအရှိန်ကုန်ရင် ပြန်တက်လာတာ ဖြစ်ပါတယ်။

ဒါဆို သော့ခလောက်ကို ဘယ်လို ပြန်ပြင်မလဲ?
ဒါဟာ ဆေးဝါးနဲ့ မရဘဲ... သဘာဝ အစားအသောက်နဲ့ ဘ၀နေထိုင်နည်း (Lifestyle) ပြောင်းလဲမှသာ ရနိုင်မယ့် ကိစ္စပါ။

လာမယ့် ဖေဖော်ဝါရီ (၁) ရက်နေ့၊ "ဆီးချိုပြောင်းပြန်လှန်ပွဲတော်" မှာ...
ခင်ဗျားရဲ့ ခန္ဓာကိုယ် ယန္တရားကြီး ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင်ဖို့ လိုအပ်တဲ့ သိပ္ပံနည်းကျ အဖြေတွေကို မျှဝေပေးသွားပါမယ်။

"ဆီးချိုပြောင်းပြန်လှန်ပွဲတော်" (Diabetes Reversal Festival)

နေ့ရက်: February 1 - 7 (၇ ရက်တိတိ)
အချိန်: ည 7:00 မှ 8:30 PM အထိ (မြန်မာစံတော်ချိန်)
နေရာ: Zoom (တိုက်ရိုက်မတက်နိုင်သူများ Recording Video ကြည့်နိုင်ပါမယ်)
Zoom အသုံးပြုနည်းကို သင်တန်းမစမီ ကြိုတင် လမ်းညွှန်ပေးပါမည်။

ဘာတွေ ရရှိမလဲ?
✅ (၇) ရက် Live Masterclass (Zoom)
✅ ရက် (၉၀) Recording Access (အချိန်မရွေး ပြန်လေ့လာနိုင်သည်)
✅ 1: The Metabolic Workbook (နေ့စဉ် မှတ်တမ်းစာအုပ်)
✅ 2: Ma Sita's Recipe Guide (ထမင်းချက်နည်း လျှို့ဝှက်ချက်)
✅ 3: Green-Yellow-Red Light Food List (မီးစိမ်း မီး၀◌ါ မီးနီ)

စိတ်ဝင်စားလို့ တက်ရောက်ချင်တယ်ဆိုရင် "DRF" လို့ Comment ရေးခဲ့နိုင်ပါတယ်။
အသေးစိတ်ကို Messenger မှာ ပို့ပေးပါ့မယ်။


#ဆီးချိုရောဂါ #ဆီးချို

21/01/2026

🍚ထမင်းစားတိုင်း စိတ်ပူနေရတာ ပင်ပန်းနေပြီလား?

"ဒီထမင်းစားလိုက်ရင် ဆီးချိုတက်သွားမလား..."
"ငါစားချင်တာလေးတွေကော စားလို့ရပါ့မလား..."

ဆီးချိုရှိသူ အများစုဟာ ထမင်းဝိုင်းရောက်တိုင်း ဒီလို အတွေးတွေနဲ့ စိတ်ဖိစီးနေရတတ်ပါတယ်။
မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် လက်ဆုံစားရမယ့်အချိန်ဟာ... ကြောက်စိတ်တွေနဲ့ ပြည့်နေတတ်ပါတယ်။

မိတ်ဆွေ... စိတ်ဖိစီးမှု (Stress) ကိုယ်တိုင်က သွေးတွင်းသကြားဓာတ်ကို တက်စေတယ်ဆိုတာ သတိရပါ။

ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်တယ်ဆိုတာ...
အရသာမရှိတဲ့ အစားအစာတွေကို အတင်းမျိုချပြီး ဘဝကို အဓိပ္ပာယ်မဲ့စွာ ဖြတ်သန်းရတာ မဟုတ်ပါဘူး။

အစားအသောက်ဆိုတာ ရန်သူ မဟုတ်ပါဘူး။
စနစ်တကျ ရွေးချယ်တတ်မယ်ဆိုရင် အစားအသောက်ဟာ အကောင်းဆုံး ဆေးတစ်လက် ဖြစ်လာနိုင်ပါတယ်။

လာမယ့် ဖေဖော်ဝါရီ (၁) ရက်နေ့၊ "ဆီးချိုပြောင်းပြန်လှန်ပွဲတော်" မှာ...
အစားအသောက်ကို ကြောက်စိတ်မပါဘဲ၊ မိသားစုနဲ့အတူတူ ပျော်ရွှင်စွာ ဘယ်လို ပြန်စားကြမလဲဆိုတာ မျှဝေပေးသွားချင်ပါတယ်။

စိတ်ရောကိုယ်ပါ ပေါ့ပါးလန်းဆန်းတဲ့ ဘဝကို ပြန်လည်ရယူဖို့ ဖိတ်ခေါ်ပါတယ်။

အသေးစိတ်သိရှိလိုပါက "DRF" လို့ Comment ရေးခဲ့နိုင်ပါတယ်ခင်ဗျာ။


#ဆီးချိုရောဂါ #ဆီးချို

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address

Yangon