02/11/2025
စာမေးပွဲဆိုတာ ဘာလဲ ဘယ်လိုမျိုးလဲ ❓
Hello Hello Learners လေးတို့ရေ 👋🏻 🤗
ရဲ့ အရှည်ကောက်ကတော့ Japanese Language Proficiency Test ဖြစ်ပြီး
ကိုယ့်ရဲ့ ဂျပန်စာ အရည်အသွေးကို စစ်ဆေးအကဲဖြတ်ပေးတဲ့ စာမေးပွဲတစ်ခုဖြစ်ပါတယ် ❣️
ဂျပန်ဘာသာစကားကို လေ့လာနေသူတွေအတွက် ဒီစာမေးပွဲက အလွန်အရေးပါတဲ့ စာမေးပွဲတစ်ခုပါနော်
တကယ်တော့ JLPT က ဂျပန်စကားကို မိခင်ဘာသာစကားမဟုတ်ဘဲ သင်ယူသူတွေရဲ့ ဘာသာစကားကျွမ်းကျင်မှု ဘယ်လောက်ရှိလဲဆိုတာကို တိုင်းတာပြီး အသိအမှတ်ပြု လက်မှတ်ထုတ်ပေးတဲ့ စာမေးပွဲတစ်မျိုး ဖြစ်ပါတယ် 🤗
👀 JLPT ရဲ့ ရည်ရွယ်ချက်က ဘာလဲ
✅ JLPT ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဂျပန်ဘာသာစကား လေ့လာသူတွေရဲ့ Writing Skill ၊ Reading Skill နဲ့ Listening Skill တို့ကို စနစ်တကျ အကဲဖြတ်ဖို့ ဖြစ်ပါတယ်
ဒီစာမေးပွဲအောင်လက်မှတ်က
✅ ဂျပန်နိုင်ငံမှာ အလုပ်လုပ်ဖို့ သို့မဟုတ် နေထိုင်ခွင့်လျှောက်ထားရာမှာ
✅ ဂျပန်ကောလိပ်၊ တက္ကသိုလ်တွေ တက်ရောက်ဖို့ ဝင်ခွင့်လျှောက်ထားရာမှာ
✅ အလုပ်ခန့်ထားမှု၊ လစာတိုးမြှင့်မှု၊ ရာထူးတိုးမြှင့်မှု စတာတွေအတွက် အသိအမှတ်ပြု လက်မှတ်အဖြစ် အသုံးပြုနိုင်ပါတယ်။
👀 JLPT စာမေးပွဲမှာ Level ဘယ်နှခုရှိလဲ?
✅ JLPT မှာ စုစုပေါင်း Level 5 ခုရှိပါတယ်။ အလွယ်ဆုံးအဆင့်ကနေ အခက်ဆုံးအဆင့် N5, N4, N3, N2, N1 ဆိုပြီး သတ်မှတ်ထားပါတယ်။
✅ JLPT စာမေးပွဲကို တစ်နှစ်ကို (၂) ကြိမ်၊ ပုံမှန်အားဖြင့် ဇူလိုင်လ နဲ့ ဒီဇင်ဘာလ တို့မှာ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ သတ်မှတ်ထားတဲ့ နေရာများမှာ ကျင်းပလေ့ရှိပါပြီး စာမေးပွဲပုံစံကတော့ Multiple-choice ပုံစံဖြစ်ပါတယ်။
ကဲ....... ဒီလောက်ဆိုရင်တော့ လူပြောများနေတဲ့ JLPT ဆိုတာ ဘာလဲ၊ ဘယ်လိုမျိုးလဲ ဆိုတာ သေချာသိသွားလောက်ပြီပေါ့နော်🤗
ဒီလိုမျိုး ဂျပန်စာကို လေ့လာရတာ သဘောကျတယ်ဆိုရင်တော့
နောက်ရက်တွေမှာလည်း ဂျပန်စာ၊ဂျပန်ဘာသာစကားနဲ့ပတ်သက်တဲ့ ဗဟုသုတရစရာတွေကို ဆက်ပြီးပြောပြသွားမှာမို့လို့
𝗧𝘀𝘂𝗸𝗶 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗦𝗰𝗵𝗼𝗼𝗹 Page လေးကို Like & Follow လေး လုပ်ထားပေးဖို့ မမေ့ပါနဲ့နော် 🫡🫡
𝗧𝘀𝘂𝗸𝗶 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗦𝗰𝗵𝗼𝗼𝗹 မှာ
မကြာခင် ဖွင့်လှစ်တော့မယ့် N5 / N4 Online အတန်းများ 👇👇
https://m.facebook.com/story.php?story_fbid=737780212611780&id=100091394233714&mibextid=Nif5oz
စျေးနှုန်းသင့်တင့်တဲ့ ဂျပန်စာ online သင်တန်းများဖြစ်တာကြောင့် အစောဆုံး discount များရယူကာ အပ်နှံလိုက်ပါ 😍
📞 𝟬𝟵 𝟳𝟴𝟰𝟮 𝟰𝟱𝟱𝟯𝟰
..............................................................................
‼️𝗧𝘀𝘂𝗸𝗶 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗦𝗰𝗵𝗼𝗼𝗹 သည် 𝗧&𝗛 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗖𝗲𝗻𝘁𝗿𝗲 ကျောင်း၏ ဂျပန်စာ ကျောင်းခွဲတစ်ခု ဖြစ်ပါသည် ✅✅
𝗧&𝗛 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 𝗖𝗲𝗻𝘁𝗿𝗲 ကျောင်း page 👇
https://www.facebook.com/tandhacademy?mibextid=ZbWKwL