KKH Japanese Language Centre

KKH Japanese Language Centre ဂျပန်ဘာသာစကားကို စနစ်တကျသင်ကြားပေး

  Name Of Fruits&Vegetables In Japanese 🍏🍓🍇🍍🍒🥕💜😋
17/10/2022

Name Of Fruits&Vegetables In Japanese 🍏🍓🍇🍍🍒🥕💜😋

 #9.10.2022(Sunday)သီတင်းကျွတ်လပြည့်နေ့ သင်တန်းတစ်ရက်ပိတ်ပါတယ်ရှင့်🌇သီတင်းကျွတ်အခါသမျှမှာ စိတ်ရွှင်လန်း ကျန်းကျန်းမာမာဖြ...
08/10/2022

#9.10.2022(Sunday)သီတင်းကျွတ်လပြည့်နေ့ သင်တန်းတစ်ရက်ပိတ်ပါတယ်ရှင့်🌇
သီတင်းကျွတ်အခါသမျှမှာ စိတ်ရွှင်လန်း ကျန်းကျန်းမာမာဖြင့် ဖြတ်သန်းနိုင်ပါစေကြောင်း........
မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် ရှင့်💙🙏

  Of the Week in japanese 📝📆📅🗓
03/10/2022

Of the Week in japanese 📝📆📅🗓

" အခွင့်အရေးကောင်းတွေကို လက်လွတ်မခံပါနဲ့ ... " "မိုးရွာတုန်းရေခံ" ဆိုသလို လူငယ်ဘဝမှာ ရရှိတဲ့အခွင့်အလမ်းကို ကောင်းကောင်းအ...
10/09/2022

" အခွင့်အရေးကောင်းတွေကို လက်လွတ်မခံပါနဲ့ ... "

"မိုးရွာတုန်းရေခံ" ဆိုသလို လူငယ်ဘဝမှာ ရရှိတဲ့အခွင့်အလမ်းကို ကောင်းကောင်းအသုံးချနိုင်သူက နှစ်အနည်းငယ်ကြာတဲ့အခါ အပေါင်းအသင်းတွေကြားထဲမှာ ပိုပြီးအောင်မြင်တဲ့သူ ဖြစ်လာတာပါပဲ။

နောက် (၃)နှစ်ကနေ (၅)နှစ်အတွင်း ဖြစ်လာမယ့် ကိုယ့်ဘဝအနေအထားကို ပုံဖော်ပေးမှာက အခုလက်ရှိလုပ်နေတဲ့အရာတွေနဲ့ ဘဝလမ်းကြောင်းအတွက်
အလုပ်အကိုင် ရွေးချယ်မှုတွေပါ။

အဓိကတော့ မှန်ကန်တဲ့အလုပ်အကိုင်လမ်းကြောင်းကို ရွေးချယ်ပြီး တစိုက်မတ်မတ်လုပ်သွားဖို့ပါပဲ။

🙋 ဒီလို မိမိဘဝကို တိုးတက်မြင့်မားအောင် ကြိုးစားချင်တဲ့လူငယ်တွေအတွက် #အခွင့်အလမ်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့...

ဂျပန်နိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ချင်ပေမယ့် ကုန်ကျစရိတ်အားလုံးကျခံဖို့ အခက်အခဲရှိနေတဲ့သူတွေအတွက် KKH သင်တန်းကျောင်းမှ #ကုန်ကျစရိတ်တစ်စိတ်တစ်ပိုင်းကို #အရစ်ကျစနစ်နဲ့ ပို့ဆောင်ပေးသွားမယ့် အစီအစဥ်ဖြစ်ပါတယ်။

လုပ်ဆောင်ရမယ့် အဆင့်တွေကတော့ ...

1. ပထမဆုံး KKH_Japanese_Language_Center မှာ ဂျပန်စာ ( Basic + N5 / N4 ) ကိုတက်ရောက်သင်ကြားရမှာ ဖြစ်ပါတယ်။

2. N4 ထိသင်ကြားပြီးရင်တော့ ဂျပန်စာအရည်အချင်းစစ် စာမေးပွဲတွင် JLPT (or) Nat-Test N4 Level ကို အောင်မြင်အောင်ဖြေဆိုရပါမယ်။

3. စာမေးပွဲတွင် N4 Level အောင်မြင်ပြီးရင်တော့ ယုံကြည်စိတ်ချပြီး ခိုင်မာမှုရှိတဲ့ တရားဝင်လိုင်စင်ရ အလုပ်အကိုင် အေဂျင်စီများဖြင့် ချိတ်ဆက်ကာ အင်တာဗျူးအတွက် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

4. ကုန်ကျစရိတ်တစ်စိတ်တစ်ပိုင်းကို အရစ်ကျစနစ်ဖြင့် သွားရောက်လိုသူများအတွက် ဆက်လက်လုပ်ဆောင်ရမှာတွေကို အသေးစိတ်ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။

💕 အထူးအစီအစဥ်အနေနဲ့ (15.9.22) မှာစမယ့် ှီ အတန်းလေးက KKH မှာ N5 မတက်ထားလည်း အရစ်ကျစနစ်နဲ့ ငွေကြေးထောက်ပံ့မှုကို ရယူနိုင်မှာ ဖြစ်ပါတယ်။

အရစ်ကျစနစ်နဲ့သွားချင်ပေမယ့် တခြားနေရာမှာ N5 တက်ထားပြီးသား ဖြစ်နေသူတွေအတွက် အဆင်ပြေအောင် လုပ်ပေးတာ ဖြစ်ပါတယ်။

💲လူငယ်များဂျပန်ဘာသာစကားကို စနစ်တကျသင်ယူပြီး #ကိုယ်ပိုင်ဝင်ငွေနဲ့ဘဝကိုရပ်တည်နိုင်စေဖို့ ရည်ရွယ်ပါတယ်။💲

📖 စနစ်တကျသင်ယူနိုင်ဖို့အတွက်ကို အရည်အချင်းပြည့်မှီတဲ့ ဆရာ၊ ဆရာမများနဲ့ စီစဉ်ပေးထားတာမို့ ကြိုးစားပြီးလေ့လာသင်ယူနိုင်ဖို့ပဲလိုပါမယ်။

🏫 နယ်မှလာသော ကျောင်းသား/ ကျောင်းသူများအတွက် နေစရာအဆောင်စီစဥ်ပေးပါတယ်။
(အဆောင်လခ ပေးရပါမယ်။)

⏰ September နဲ့ October လအတွက် သင်တန်းအချိန်တွေကို အောက်ကပုံမှာ ကြည့်နိုင်ပါတယ်။

📝 N4 Special Class အတန်း စတင်သင်ကြားမယ့်ရက်က ၁၅ . ၉ . ၂၀၂၂ (ကြာသာပတေး) နေ့ဆိုတော့ အမြန်ဆုံးဆက်သွယ် စာရင်းပေးပြီး သင်တန်းအပ်နှံနိုင်ပါပြီ။

💜 N4 (Special Class) အတွက် သင်တန်းကြေး (၂၅၀,၀၀၀) ကျပ်နဲ့ N4 (Regular Class) အတွက် သင်တန်းကြေး (၁၆၀,၀၀၀) ကျပ်ကို အရစ်ကျ ပေးသွင်းနိုင်ပါတယ်။

💙 အခြားတန်းခွဲများအားလုံးအတွက် သင်တန်းကြေးက တစ်လကို ၃သောင်းခွဲ (၃၅,၀၀၀)ကျပ်သာ ဖြစ်ပါတယ်။

ဒါ့အပြင် နောက်ဆုံး Discount အနေနဲ့ N5/N4 မည်သည့် Class ကိုပဲတက်တက် #အရင်ဆုံးအပ်နှံသူ အယောက် (၂၀) ကို သင်တန်းကြေး (၅)ထောင်ကျပ် လျော့ပေးအုံးမယ့်အပြင် ၁သောင်း (၁၀,၀၀၀) ကျပ်နဲ့ညီတဲ့ သင်ရိုးညွှန်းတန်း (Text Book) စာအုပ်ကိုလည်း ပေးအပ်သွားမှာမို့ အယောက် (၂၀) ထဲပါအောင် အပ်ထားဖို့တော့ လိုမယ်နော် ...

📩 Page Messenger က​နေ ဆက်သွယ်ရင် စာပြန်တာနောက်ကျတာမျိုး ဖြစ်တတ်လို့ ☎ ဖုန်းနံပါတ် ၀၉-၉၈၂ ၉၃၇ ၅၅ဝ ကိုတိုက်ရိုက်ဆက်သွယ်ပြီး အသေးစိတ်မေးမြန်းနိုင်ပါတယ်။

🏡 သင်တန်းနေရာကတော့ အမှတ်(၃/၃၈)၊ ဗိုလ်တေဇလမ်း၊ နွယ်ခွေကားမှတ်တိုင်နား၊ ထောက်ကြန့်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်း ဖြစ်ပါတယ်။




 #ဝမ်းသာစရာသတင်းကောင်းTokutei Ginou ကျွမ်းကျင်စာမေးပွဲများ ထိုင်းသွားဖြေစရာမလိုတော့ပဲ မြန်မာနိုင်ငံတွင် အောက်တိုဘာလနှင့်...
09/09/2022

#ဝမ်းသာစရာသတင်းကောင်း

Tokutei Ginou ကျွမ်းကျင်စာမေးပွဲများ ထိုင်းသွားဖြေစရာမလိုတော့ပဲ မြန်မာနိုင်ငံတွင် အောက်တိုဘာလနှင့်နိုဝင်ဘာလတွင် ပြန်လည်ကျင်းပမည့်ရက်များ ထွက်ရှိလာခဲ့ပါပီနော်😁😁👍

Nursing Care Skills Evaluation Test (October Date)
25, 26, 27, 28, 29, 31
Nursing Care Skills Evaluation Test (November Date)
1, 2, 4, 5, 8, 9,10, 11, 12, 14,15

Japan Foundation Test for basic Japanese (October Date)
25, 26, 27, 28, 29, 31
Japan Foundation Test for Basic Japanese (November Date)
1, 2, 4, 5, 8, 9,10, 11, 12, 14,15

The Food Service Industry skills proficiency Test (October Date)
25, 26, 27, 28, 29, 31
The Food Service Industry Skills Proficiency Test (November Date)
1, 2, 4, 5, 8, 9,10, 11, 12, 14,15

Agriculture skills assessment test (October Date)
25, 26, 27, 28, 29, 31
Agriculture skills assessment test (November Date)
1, 2, 4, 5, 8, 9,10, 11, 12, 14,15

credit to owner

  Language N4 Exam Passedဖြစ်ခဲ့လို့ ထပ်တူထပ်မျှ ဝမ်းသာရပါတယ် 💯😄😄おめでとうございます。👩‍🎓🎊🎉🥳♥️
08/09/2022

Language N4 Exam Passedဖြစ်ခဲ့လို့ ထပ်တူထပ်မျှ ဝမ်းသာရပါတယ် 💯😄😄
おめでとうございます。👩‍🎓🎊🎉🥳♥️

  Japanese Language Center မှ စတင်သင်ကြားပေးနေပါပြီ ☺☺☺🔷တိတ်ဆိတ်အေးမြတဲ့ သင်တန်းကျောင်း 🏠🏠🔷လေဝင်လေထွက်ကောင်းပြီး ကျယ်ဝန်...
05/09/2022

Japanese Language Center မှ စတင်သင်ကြားပေးနေပါပြီ ☺☺☺

🔷တိတ်ဆိတ်အေးမြတဲ့ သင်တန်းကျောင်း 🏠🏠
🔷လေဝင်လေထွက်ကောင်းပြီး ကျယ်ဝန်းတဲ့ စာသင်ခန်း 📝📝

🔷စိတ်ရှည်လက်ရှည်ဖြင့် စာအသင်​ပြကောင်းတဲ့ 👩‍🎓👩‍🎓

🔷လူငယ်တွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးချင်တဲ့
JLC သင်တန်းကျောင်း

�‼နောက်မကျဖို့အတွက် အမြန်ဆုံးအပ်နှံနိူင်ပါပြီ🖍🖍🖍

📢စုံစမ်းမေးမြန်းရန် ☎09 982 937 550

📶WiFi Free🚗စိတ်ချလက်ချ ရပ်နားနိုင်တဲ့ ကျယ်ဝန်းသော ယာဉ်ရပ်နားကွင်း #ဝန်ဆောင်မူ့ကောင်းများစွာနဲ့ လက်ခံ သင်ကြားပေးနေပါပြီ

01/09/2022

Nat Test N4 အမှတ်ပေးစည်းမျဉ်း
----------------------------------------------------

တပိုင်းကို အမှတ် 60 ဖိုး သုံးပိုင်းပေါင်း 180မှတ်ဖိုး
မေးပြီး အောင်မှတ်က 180 ရဲ့ 60% ပါ။ 108 မှတ်
ရမှ အောင်မှာပါ။
တပိုင်းစီရဲ့ ကြာချိန်က ပျှမ်းမျ 30, 60, 40 ဖြစ်ပြီးတော့ အဲဒါက ပထမပိုင်း ၃၅ ပုဒ် ဒုတိယပိုင်း ၃၅ ပုဒ်
တတိယပိုင်း ၂၈ပုဒ် အတွက်ပါ။
မေးမယ့် ပုဒ်စာအရေအတွက်ပေါ်မူတည်ပြီး အချိန်ကလဲ ပြောင်းလဲမှုရှိတယ်ပြောပါတယ်။

တပိုင်းစီရဲ့ အောင်မှတ်က အမှတ် ၆၀ ရဲ့ 30%ပါ
အနည်းဆုံး ၁၈ မှတ် ရမှအောင်မှာပါ။
တပုဒ်ချင်းစီရဲ့ အမှတ်တွေကတော့ ပထမပိုင်း ၃၅ပုဒ်နဲ့ ဒုတိယပိုင်း ၂၅ ပုဒ်က တပုဒ် ၁ မှတ်
ဒုတိယပိုင်း reading ၁၀ ပုဒ်က တစ်ပုဒ် ၄မှတ်
တတိယပိုင်း Listening က 1 က ၈ ပုဒ်က
တပုဒ် ၃ မှတ် ။ 2 က 7 ပုဒ်က တပုဒ် ၃ မှတ်။
3 က 5 ပုဒ်က တပုဒ် ၂မှတ်။ နောက်ဆုံး4 က 8 ပုဒ်က တပုဒ် ၁မှတ်ပါ။

အမှတ်တွက်ကြည့်ချင်ရင်
ပေးထားတဲ့အပုဒ်အရေအတွက် ကိုလည်း သက်ဆိုင်ရာအမှတ်အရေအတွက်နဲ့ x ပါ

ပြီးရင် မှန်တဲ့အပုဒ်အရေအတွက်ရဲ့ ရမှတ်ကိုတည်
ပေးထားတဲ့ အပုဒ်အရေအတွက်ရဲ့ ရမှတ်နဲ့ ပါ

ရလဒ်ကို အပိုင်းလိုက်အောင်မှတ် 60 နဲ့မြှောက်ပါ
အဲ့ဒါဆို ရမှတ်ထွက်ပါပြီ။

ဥပမာ ပထမပိုင်း ၃၅ ပုဒ် က တပုဒ် ၁မှတ်ဆိုတော့
၃၅မှတ်။ ကိုယ်မှန်တာ ၂၈ ပုဒ်ဆို ၂၈ မှတ် ။
၂၈ ကို၃၅နဲ့စား ပေးမှတ် ၆၀နဲ့မြှောက်ပါ ။
ရမှတ် ၄၈မှတ်ပါ။
ဒုတိယပိုင်းနဲ့ တတိယပိုင်းကိုလဲ အဲ့ဒီနည်းနဲ့တွက်ပါ။

အောင်မှတ် သတ်မှတ်နှုန်းကလည်း နှစ်အလိုက်
ကွာခြားမှု ရှိတယ်ပြောပါတယ်.....

🤓

 #ဂျပန်သို့ အလုပ်ကိုင်နှင့် ကျောင်းစသည်ဖြင့်သွားရောက်လိုသူများအတွက် သတင်းကောင်း #🔴 လာမည့်လကစ၍ လုပ်သားဉီးရေ (2သောင်း)မှ (...
30/08/2022

#ဂျပန်သို့ အလုပ်ကိုင်နှင့် ကျောင်းစသည်ဖြင့်သွားရောက်လိုသူများအတွက် သတင်းကောင်း #

🔴 လာမည့်လကစ၍ လုပ်သားဉီးရေ (2သောင်း)မှ (5သောင်း)ထိတိုးမြင့်ခေါ်ယူမည်ဖြစ်ကြောင်း
🔴 ဂျပန်ဝန်ကြီးချူပ်ကလည်း ပညာတော်သင်ကျောင်းသား ဉီးရေ (3သိန်း)နှင့်အထက် လက်ခံနိုင်ရန် စီစဉ်နေကြောင်းပြောကြားခဲ့ပါသည်
#လစာများလည်း💰 တိုးမည်ဟုလည်းကြားသိရပါသည်

28/08/2022

JLPT မေးခွန်းပုံစံနှင့်အမှတ်ပေးစည်းမျဉ်း
---------------------------------------

JLPT စာမေးပွဲက N5,N4,N3 level တွေမှာအပိုင်း(၃) ပိုင်းရှိပြီးတော့ N2,N1 မှာ အပိုင်း (၂) ပိုင်းဘဲရှိပါတယ်နော်

JLPT မှာအပိုင်းတစ်ပိုင်းကို အမှတ် 60 ဖိုးဆီမေးပါတယ်(စုစုပေါင်း 180 ဖိုးပါနော်)

မေးခွန်းတွေအကုန်လုံးက Multiple Choice Questionတွေပါ❗

ပထမပိုင်းမှာ Meaning ရယ် Kanji ရယ်ဖြေရပါတယ်နော်

ဒုတိယပိုင်းမှာ Grammer နဲ့ Reading ကိုဖြေရပါတယ်နော်

တတိယအပိုင်းမှာတော့ Listening သီးသန့်ဖြေရပါတယ်

အမှတ်ပေးစည်းမျဉ်းအရ
1 - Meaning + Kanji + Grammar - 60
2 - Reading - 60
3 - Listening - 60 ( Total - 180 ) ဖြစ်ပါတယ်နော်

- တစ်ပိုင်းစီမှာအမှတ် 60 စီပေးထားပီးအနည်းဆုံး 19 မှတ်ရဖို့လိုပါတယ်

- အပိုင်း ၃ ပိုင်းလုံးမှာ 19 မှတ်နဲ့အထက်ရနေပေမယ့်ည်း စုစုပေါင်းသတ်မှတ်ထားတဲ့အမှတ်မမှီရင်လည်း စာမေးပွဲမအောင်ပါဘူးနော်❗

ဥပမာ - ကိုယ်ကN5ဖြေထားတယ်ဆိုပါစို့
Meaning + Kanji + Grammar - 19 မှတ် / Reading - 19 မှတ် / Listening - 19 မှတ် ရနေပေမယ့်လည်းစုစုပေါင်းရမှတ်က 80 မပြည့်လို့မအောင်ပါဘူးနော်

နောက်တစ်ခု
Meaning + Kanji + Grammar - 60 မှတ် / Reading - 27 မှတ် / Listening - 15 မှတ် စုစုပေါင်းရမှတ် 80 ကျော်နေပေမယ့်လည်း listening မှာ 15 မှတ်ဖြစ်နေလို့မအောင်ပြန်ပါဘူးနော်

အောင်မှတ်ကလည်း level ကိုလိုက်ပီးတစ်ခုနဲ့တစ်ခုမတူပါဘူး❗

N5 အောင်မှတ် - 80
N4 အောင်မှတ် - 90
N3 အောင်မှတ် - 95
N2 အောင်မှတ် - 90
N1 အောင်မှတ် - 100 ဖြစ်ပါတယ်

🤓

" လမ်းပျောက်နေတဲ့ လူငယ်တွေအတွက် ရွေးချယ်စရာအခွင့်အလမ်းတစ်ခု " အခုစာဖတ်နေတဲ့သူက လူငယ်တစ်ဦးဖြစ်ပြီး အခုလိုကာလမှာ ... ✅ အလ...
27/08/2022

" လမ်းပျောက်နေတဲ့ လူငယ်တွေအတွက် ရွေးချယ်စရာအခွင့်အလမ်းတစ်ခု "

အခုစာဖတ်နေတဲ့သူက လူငယ်တစ်ဦးဖြစ်ပြီး အခုလိုကာလမှာ ...

✅ အလုပ်လည်း မရှိသေးဘူး...

✅ လူငယ်ဖြစ်တဲ့အတွက် သင်ယူလေ့လာမှုတွေလည်း ဆက်လုပ်ချင်သေးတယ်...

✅ လုပ်ငန်းခွင်ဝင်ပြီး အလုပ်အတွေ့အကြုံလည်းရချင်တယ် ...

✅ အခွင့်အရေးရရင် နိုင်ငံခြားလည်း ထွက်ချင်တယ်ဆိုရင် ...

ဒီပိုစ့်ကို ဆက်ဖတ်ပေးပါ။ ဒါကတော့...

မှာ ဂျပန်စာကို ( Basic + N5 / N4 ) တက်ရောက်သင်ကြားပြီး ဂျပန်စာအရည်အချင်းစစ် စာမေးပွဲတွင် JLPT (or) Nat-Test N4 Level အောင်မြင်ပြီးသူများအား ...

ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နိုင်အောင် သင်တန်းကျောင်းမှ #ကုန်ကျစရိတ်တစ်စိတ်တစ်ပိုင်းအား #အရစ်ကျစနစ်ဖြင့် ပို့ဆောင်ပေးသွားမယ့် အစီအစဥ်ဖြစ်ပါတယ်။

💲 ဂျပန်ဘာသာစကားကို စနစ်တကျသင်ယူပြီး #ကိုယ်ပိုင်ဝင်ငွေနဲ့ဘဝကိုရပ်တည်နိုင်စေဖို့ ရည်ရွယ်ပါတယ်။ 💲

📖 စနစ်တကျသင်ယူနိုင်ဖို့အတွက်ကို အရည်အချင်းပြည့်မှီတဲ့ ဆရာ၊ ဆရာမများနဲ့ စီစဉ်ပေးထားတာမို့ ကြိုးစားပြီးလေ့လာသင်ယူနိုင်ဖို့ပဲလိုပါမယ်။ 📖

👍 လူငယ်တွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းအတွက် ယုံကြည်စိတ်ချပြီး ခိုင်မာမှုရှိတဲ့ တရားဝင်လိုင်စင်ရ အလုပ်အကိုင် အေဂျင်စီများဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ 👍

KKH Japanese Language Center မှာ ...

🔴 ဂျပန်ဘာသာစကားကို အခုမှစတင်လေ့လာမယ့်သူများ ...

🔴 ဂျပန်သွားဖို့ ကုန်ကျစရိတ်ကို အရစ်ကျစနစ်နဲ့ သွားရောက်ဖို့ စိတ်ဝင်စားသူများ ...

🔴 ဂျပန်စာကို သင်ယူခဲ့ဖူးပေမယ့် သွားဖို့အတွက် အခုမှပြန်လည်လေ့လာလိုသူများ ...

🔴 ပြည်တွင်းဂျပန်ကုမ္ပဏီမှာပဲ မိမိသက်ဆိုင်ရာ ပညာရပ်ဖြင့် အလုပ်လုပ်ကိုင်လိုသူများ ...

🔴 ရေရှည်ရည်မှန်းချက်အတွက် ဂျပန်ဘာသာစကားကို ကြိုတင်သင်ယူလေ့လာထားချင်သူများ ... တက်ရောက်နိုင်ပါတယ်။

⏰ စက်တင်ဘာလအတွက် သင်တန်းအချိန်တွေကို အောက်ကပုံမှာ ကြည့်နိုင်ပါတယ်။ ⏰

📝 စတင်သင်ကြားမယ့်ရက်က ၃ . ၉ . ၂၀၂၂ (စနေ) နေ့ဆိုတော့ အမြန်ဆုံးဆက်သွယ် စာရင်းပေးပြီး သင်တန်းအပ်နှံနိုင်ပါပြီ။ 📝

💙 သင်တန်းကြေးက တစ်လကို ၃သောင်းခွဲ (၃၅,၀၀၀)ကျပ် ဖြစ်ပါတယ်။ 💙

#အရင်ဆုံးအပ်နှံသူ အယောက် (၃၀) ကို ( Minna no Nihongo + Kanji ) သင်ရိုးညွန်းတန်းစာအုပ် အခမဲ့ပေးမှာမို့ အယောက် (၃၀) ထဲပါအောင် အမြန်အပ်ထားဖို့တော့ လိုမယ်နော် ...

📩 Send Message ကိုနှိပ်ပြီး Page Messenger က​နေ ဆက်သွယ်နိုင်သလို ...

☎ ဖုန်းနံပါတ် ၀၉ - ၉၈၂ ၉၃၇ ၅၅ဝ ကိုလည်း တိုက်ရိုက်ဆက်သွယ်ပြီး အသေးစိတ်မေးမြန်းနိုင်ပါတယ်။

🏡 သင်တန်းနေရာကတော့ အမှတ်(၃/၃၈)၊ ဗိုလ်တေဇလမ်း၊ နွယ်ခွေကားမှတ်တိုင်နား၊ ထောက်ကြန့်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်း ဖြစ်ပါတယ်။ 🏡



Address

အမှတ် (၃/၃၈) ၊ ဗိုလ်တေဇလမ်း၊ နွယ်ခွေ၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်း။
Yangon
11021

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959982937550

Website

Alerts

Be the first to know and let us send you an email when KKH Japanese Language Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share