Technortal

Technortal "We give Quality Education at an Affordable Price"

🚀 August Intake အတန်းတွေ စဖို့ 10 ရက်ပဲ လိုပါတော့တယ်။ "Tech skill တစ်ခုခုတော့ စလေ့လာရမယ်" လို့ တွေးထားတာ ကြာပြီဆိုရင် ဒီ...
11/08/2026

🚀 August Intake အတန်းတွေ စဖို့ 10 ရက်ပဲ လိုပါတော့တယ်။

"Tech skill တစ်ခုခုတော့ စလေ့လာရမယ်" လို့ တွေးထားတာ ကြာပြီဆိုရင် ဒီ post က ကျောင်းသားတို့အတွက်ပါ။

စမယ့်ရက် အတိအကျ မရှိတဲ့အခါ "နောက်မှ" ဖြစ်တတ်တာက လူတိုင်းရဲ့ သဘာဝပါ။ အခုတော့ စမယ့်ရက် ရှိပါပြီ။ ဒီတစ်ပတ်အတွင်း Technortal ရဲ့ August Intake အတန်းတွေ အကုန် စပါတော့မယ်။

🤖 AI-Assisted Full Stack Development
🎨 UX/UI Design
🐍 Python Basic to Project
🚀 Advanced Python
📊 Python for Data Analysis
📱 Android Native Development

လုံးဝအခြေခံကနေ စချင်တဲ့သူအတွက် Python Basic နဲ့ UX/UI ရှိတယ်။ Foundation ရှိပြီးသားသူအတွက် Full Stack, Advanced Python, Data Analysis, Android ရှိတယ်။ ဘယ်အဆင့်မှာ ရှိနေရှိနေ ဝင်လို့ရတဲ့ လမ်းကြောင်းတစ်ခုတော့ ရှိပါတယ်။

အတန်းတိုင်းက Zoom Live Session နဲ့ သင်ပြီး Recording playback နဲ့ Telegram support group ပါ ပါဝင်တာမို့ Live တစ်ခါလွတ်သွားရင်လည်း ပြန်လိုက်လို့ရပါတယ်။

ဒီ batch လွတ်သွားရင် နောက် intake အထိ စောင့်ရပါမယ်။ အဲ့ဒီအချိန်မှာ အခုစလိုက်တဲ့သူတွေက ၃ လစာ ရှေ့ရောက်နေပါပြီ။

👉 စိတ်ဝင်စားတဲ့ အတန်းနာမည်လေးကို Messenger မှာ ပို့ပြီး ဒီနေ့ပဲ စာရင်းပေးနိုင်ပါတယ်။








10/08/2026

Dribbble မှာ Like ထောင်ချီရတာနဲ့ Good UX ဖြစ်ပြီလား?

YouTube မှာ Python tutorial တွေ ကြည့်ဖူးတယ်။ Course တွေလည်း ဝယ်ဖူးတယ်။ ဒါပေမယ့် ကိုယ်ပိုင် Project တစ်ခုတောင် အစအဆုံး ဆေ...
09/08/2026

YouTube မှာ Python tutorial တွေ ကြည့်ဖူးတယ်။ Course တွေလည်း ဝယ်ဖူးတယ်။ ဒါပေမယ့် ကိုယ်ပိုင် Project တစ်ခုတောင် အစအဆုံး ဆောက်ကြည့်ဖူးသေးလား။

ဒီမေးခွန်းကို မေးလိုက်ရင် ရပ်သွားတဲ့သူ အများကြီးပါ။

Tutorial ကြည့်နေချိန်မှာ နားလည်သလိုလို။ ကိုယ့်ဘာသာ ရေးမယ်ဆိုတော့ ဘယ်ကစရမှန်း မသိတော့ဘူး။ Mini-Project လေးတွေပဲ ရေးပြီး အချိန်ကုန်နေတယ်။ ဒီအခြေအနေက ကျောင်းသားတို့ရဲ့ capability ပြဿနာ မဟုတ်ပါဘူး။ **စနစ်တကျ လျှောက်ရမယ့် လမ်းကြောင်းတစ်ခု မရှိတာရဲ့ ပြဿနာပါ။** Tutorial တွေက အပိုင်းအစတွေ သင်ပေးတယ်။ ဒါပေမယ့် အပိုင်းအစတွေကို Product တစ်ခုအဖြစ် ဘယ်လိုဆက်ရမလဲဆိုတာ ဘယ်သူမှ မသင်ပေးဘူး။

အဲ့ဒီ လမ်းကြောင်းကို ဖြည့်ဖို့ **Python Basic to Project** class ကို August Intake မှာ ပြန်ဖွင့်ပါမယ်။

ဒီအတန်းက Programming ကို လုံးဝအခြေခံကနေ စမယ့်သူတွေအတွက် ဒီဇိုင်းထုတ်ထားတာပါ။ Python syntax သင်ရုံနဲ့ မရပ်ပါဘူး။ ၃ လအတွင်း ဒီအဆင့်တွေကို တစ်ဆင့်ချင်း ဖြတ်သွားမှာပါ။

🐍 Python Foundation : Programming ရဲ့ အခြေခံ သဘောတရားတွေကနေစပြီး လေ့လာရမှာပါ
🧩 Problem Solving : Logic တည်ဆောက်ပုံကို လက်တွေ့ လေ့ကျင့်ရမယ်
⚙️ OOP + Functional Concepts : Industry မှာ သုံးတဲ့ code ရေးနည်း စနစ်တွေကိုလေ့လာမယ်၊
🌐 HTML/CSS + Flask : Web Development ထဲ ခြေချ
🚀 Web-based Project ကိုယ်ပိုင် Project တစ်ခု အစအဆုံး တည်ဆောက်ကြမယ်။​

အတန်းပြီးချိန်မှာ "Python သင်ဖူးတယ်" ဆိုတဲ့ စကားတစ်ခွန်းတည်း မဟုတ်ဘဲ ကိုယ်တိုင် ဆောက်ထားတဲ့ Web Project တစ်ခု လက်ထဲမှာ ရှိနေမှာပါ။ Advanced Python, Data Analysis, ML ဘက် ဆက်သွားချင်ရင်လည်း ဒီအတန်းက entry point အစစ်ပါ။

သင်ကြားပေးမှာက Technortal ကို စတည်ထောင်ခဲ့တဲ့ Sir Bo Bo Min ကိုယ်တိုင်ပါ။ လေးနှစ်ကျော်အတွင်း ကျောင်းသား ၃၇၉ ယောက်ကျော်ကို ဒီလမ်းကြောင်းအတိုင်း ခေါ်သွားခဲ့ဖူးပြီး Tutorial Hell ထဲက ကျောင်းသားတွေ ဘယ်နေရာမှာ ညပ်တတ်လဲဆိုတာ အသေးစိတ် သိထားတဲ့ founder-instructor ပါ။

Zoom Live Session တွေအပြင် Recording playback နဲ့ Telegram support group ပါ ပါဝင်တာမို့ Live လွတ်သွားရင်လည်း ပြန်လိုက်လို့ရပါတယ်။

📅 Start Date: August 19
🗓️ Days: Wed, Thursday
🕗 Time: 8:00 PM
💰 Fees: 350000 MMK
👉 စိတ်ဝင်စားရင် Messenger မှာ "Python" လို့ ပို့ပြီး အသေးစိတ် မေးမြန်းနိုင်ပါတယ်။





"Android App ရေးတတ်တာ" နဲ့ "Android Developer" ဖြစ်တာ... တကယ်တမ်း မတူဘူး။YouTube Tutorial ကြည့်ပြီး App တစ်ခုရေးနိုင်တဲ့...
06/08/2026

"Android App ရေးတတ်တာ" နဲ့ "Android Developer" ဖြစ်တာ... တကယ်တမ်း မတူဘူး။

YouTube Tutorial ကြည့်ပြီး App တစ်ခုရေးနိုင်တဲ့သူက အများကြီးရှိတယ်။

ဒါပေမယ့်...

User ထောင်ချီသုံးတဲ့ App ကို တည်ဆောက်နိုင်တဲ့ Developer ကတော့ နည်းနေသေးတယ်။

ဘာကွာသွားတာလဲ?

Code ရေးနိုင်တာထက်... Engineering Thinking ကွာသွားတာပါ။

API Fail ရင် ဘာလုပ်မလဲ?

App နှေးလာရင် ဘယ်ကစရှာမလဲ?

Feature အသစ်ထပ်ထည့်ရင် Code အဟောင်းမပျက်အောင် ဘယ်လို Design လုပ်မလဲ?

ဒါတွေက Android Development ရဲ့ တကယ့် Challenge တွေပါ။

ဒါကြောင့် Professional Android Development with Kotlin Course မှာ Syntax သင်တာထက်...

Production App တစ်ခု ဘယ်လိုတည်ဆောက်ရလဲ ဆိုတဲ့ Thinking ကို ပိုအလေးထားပါတယ်။

📚 Course Highlights

• Kotlin Programming Fundamentals

• Jetpack Compose (Modern Android UI)

• Retrofit API Integration

• DataStore

• Kotlin Coroutines & Flow

• MVVM Architecture

👨‍🏫 Instructor

Sir. Zay Phyo

Senior Android Developer @ Codigo

နေ့စဉ် Production Android Applications တွေကို တည်ဆောက်နေတဲ့ Industry Practitioner တစ်ယောက်ဆီကနေ လေ့လာခွင့်ရမှာပါ။

📅 Duration — 3 Months

💻 Format — Zoom (Online) + Class Recordings

👥 Student Limit — 20 Students

💰 Course Fee — 350,000 MMK

🎉 Early Bird — 320,000 MMK (30,000 MMK Discount)

Programming Language တစ်ခုကို သင်တာထက်... Android Engineer တစ်ယောက်လို တွေးတတ်ဖို့ ပိုအရေးကြီးတယ်။

Android Development ကို အခြေခံကနေ Industry မှာ အသုံးချနိုင်တဲ့ Level အထိ လေ့လာချင်တယ်ဆိုရင်...

📩 Messenger မှာ "Android" လို့ ပို့ပြီး အသေးစိတ် မေးမြန်းနိုင်ပါတယ်။

"AI က code ရေးပေးနိုင်နေပြီဆိုတော့ Developer တွေ မလိုတော့ဘူးလား။"ဒီမေးခွန်းကို ကျွန်တော်တို့ဆီ လာမေးတဲ့သူ များလာပါတယ်။အဖ...
05/08/2026

"AI က code ရေးပေးနိုင်နေပြီဆိုတော့ Developer တွေ မလိုတော့ဘူးလား။"

ဒီမေးခွန်းကို ကျွန်တော်တို့ဆီ လာမေးတဲ့သူ များလာပါတယ်။
အဖြေက ရှင်းပါတယ်။ AI က code ရေးတတ်တဲ့သူကို အစားထိုးမှာ မဟုတ်ပါဘူး။ AI ကို ကိုင်တွယ်တတ်တဲ့ Developer က AI ကို မကိုင်တွယ်တတ်တဲ့ Developer ကို အစားထိုးမှာပါ။

Industry ထဲမှာ အခုဖြစ်နေတာက ဒါပါ။ Company တွေက "code ရေးတတ်လား" ထက် "AI tools တွေနဲ့ ဘယ်လောက်မြန်မြန် professional quality product ထုတ်နိုင်လဲ" ကို ကြည့်လာကြပါပြီ။ Prompt ရိုက်ပြီး code copy ကူးတတ်ရုံနဲ့တော့ မလုံလောက်ပါဘူး။ System architecture နားလည်ရမယ်။ AI ထုတ်ပေးတဲ့ code ကို ပြန် audit လုပ်တတ်ရမယ်။ Production အထိ ကိုယ်တိုင် deploy လုပ်နိုင်ရမယ်။
ဒီ gap ကို ဖြည့်ဖို့ AI-Assisted Full Stack Development class ကို August 15 မှာ ပြန်စပါမယ်။

ဒီအတန်းက tutorial လိုက်ရိုက်တဲ့ class မဟုတ်ပါဘူး။ တစ် batch လုံး Product တစ်ခုကို အစအဆုံး တည်ဆောက်သွားမှာပါ။ ဒီ batch မှာ ဆောက်မယ့် project က Hotel Management System ပါ။

🖥️ Admin Dashboard (Next.js) — Live Grid, Dynamic Pricing, Staff Management
📱 Guest Mobile App (React Native Expo) — Real-time Booking, Digital Concierge
🔄 Real-time Synchronization — Booking status တွေ တစ်ပြိုင်နက် update
🔐 Zero-Trust Security — JWT Authentication, Role-Based Access Control
🚀 CI/CD Deployment — Vercel + EAS နဲ့ တကယ့် production ရောက်အောင် Deploy
အတန်းပြီးချိန်မှာ "သင်ဖူးတယ်" ဆိုတဲ့ certificate တစ်ခုတည်း မဟုတ်ဘဲ Live deploy ဖြစ်ပြီးသား product တစ်ခု ကိုယ့် portfolio ထဲ ရောက်နေမှာပါ။

သင်ကြားပေးမှာက Ko Phone Nyo ပါ။ Full Stack ၉ နှစ်ကျော် experience၊ NineComplex Co. Ltd. မှာ Project Manager အဖြစ် တာဝန်ယူခဲ့ဖူးပြီး Laravel, React, Next.js, React Native ကနေ AWS အထိ end-to-end ကိုင်ထားတဲ့ တကယ့် industry practitioner တစ်ယောက်ပါ။

📅 Date: August 15 (Sat & Sun)
🕗 Time: 8:00 PM
💰 Fees: 390,000 MMK
👉 စိတ်ဝင်စားရင် Messenger မှာ "Full Stack" လို့ ပို့ပြီး အသေးစိတ် မေးမြန်းနိုင်ပါတယ်။

Programming စလေ့လာမယ်ဆိုပြီး"Python သင်ရမလား?""Java လား?""AI လား?""Full Stack လား?" Google ခေါက်နေရင် နည်းနည်းနောက်ကျနေပ...
03/08/2026

Programming စလေ့လာမယ်ဆိုပြီး

"Python သင်ရမလား?"
"Java လား?"
"AI လား?"
"Full Stack လား?" Google ခေါက်နေရင် နည်းနည်းနောက်ကျနေပြီ

ဒီမေးခွန်းတွေထက် အရေးကြီးတာတစ်ခုရှိတယ်
Job Market က ဘာလိုချင်နေလဲဆိုတာ အရင်ကြည့်။

အခု ၂၀၂၆ မှာ Demand ကောင်းနေတဲ့ Stack တွေဆိုရင်

🐍 Python + AI / Machine Learning
AI ခေတ်မှာ Automation, Data, AI Project တွေ အများကြီးလာနေလို့ Demand က ဆက်တက်နေတုန်း။

⚛️ JavaScript (React + Node.js)
Website, SaaS, Startup, Product Company ဘယ်သွားသွား မတွေ့မဖြစ် Stack။

☕ Java
Enterprise Company တွေ၊ Banking System တွေမှာ အခုထိ Strong ဖြစ်နေတုန်း။

💜 C # .NET
Finance, Enterprise Software ပိုင်းမှာ Career လမ်းကြောင်းတစ်ခုအနေနဲ့ အရမ်း Stable ဖြစ်တယ်။

📱 Kotlin
Android App တွေက ပျောက်သွားတာမဟုတ်ဘူး။ Native Android Developer တွေကိုလည်း လိုနေတုန်းပဲ။

🤖 AI-Assisted Development
AI ကို မသုံးတတ်တဲ့ Developer ထက် AI ကို မှန်မှန်ကန်ကန် အသုံးချတတ်တဲ့ Developer က ပိုတန်ဖိုးရှိလာတဲ့ခေတ်။

ဒါပေမယ့်...

Tech Stack တစ်ခုတည်းက မင်းကို အလုပ်မရစေဘူး။

Project ရှိလား?
Problem Solve လုပ်တတ်လား?
GitHub မှာ ပြစရာရှိလား?
AI ကို ကိုယ့် Assistant လို သုံးတတ်လား?

Company တွေက အဲ့ဒါကို ပိုကြည့်လာတယ်။

အဲ့တော့
Language ကို လိုက်မရွေးနဲ့။
Career ကို ရွေး။

Tech Stack ဆိုတာ Tool ပဲ။
မင်းရဲ့ Value ကို ဆုံးဖြတ်ပေးတာက Skill နဲ့ Mindset ပဲ။

ညီကိုတို့ရော ၂၀၂၆ အတွက် ဘာ Stack ကို လေ့လာနေလဲ? Comment မှာ ပြောခဲ့ပါဦး

🚀 Technortal August Intake Scholarship OpportunityProgramming သင်ချင်တယ်။ အချိန်လည်း ပေးနိုင်တယ်။ ဒါပေမယ့် အခုချိန်မှာ c...
02/08/2026

🚀 Technortal August Intake Scholarship Opportunity

Programming သင်ချင်တယ်။ အချိန်လည်း ပေးနိုင်တယ်။ ဒါပေမယ့် အခုချိန်မှာ course fee က အဆင်မပြေသေးဘူး ဆိုတဲ့သူတွေ ရှိမှာပါ။
ကျွန်တော်တို့ Technortal မှာ လေးနှစ်တာအတွင်း ကျောင်းသား ၃၇၉ ယောက်ကျော်နဲ့ အတူသွားခဲ့ရင်း သိလာတာတစ်ခုက တကယ်တတ်သွားတဲ့သူတွေက ငွေကြေးအခြေအနေနဲ့ ဆုံးဖြတ်လို့ရတာ မဟုတ်ဘူး၊ သင်ယူချင်စိတ်နဲ့ အချိန်ပေးနိုင်မှုက ဆုံးဖြတ်တာပါ။

ဒါကြောင့် August Intake အတွက် Scholarship Program လေးကိုလည်း ဖွင့်လိုက်ပါပြီ။ အတန်း ၆ တန်းစလုံးမှာ တစ်တန်းကို Scholarship တစ်နေရာစီ ပေးသွားမှာပါ။

✅ AI-Assisted Full Stack Development
✅ UX/UI Design
✅ Python Basic to Project
✅Advanced Python
✅Python for Data Analysis
✅ Android Native Development

လျှောက်ထားဖို့ လုပ်ရမှာက ၃ ဆင့်ပါပဲ။
၁။ ဒီ Post ကို Public နဲ့ Share ပါ။
၂။ Share ထားတဲ့ Screenshot နဲ့အတူ Form မှာ လျှောက်ပါ။
၃။ Form ထဲမှာ "ဘာကြောင့် ဒီအတန်းကို သင်ယူချင်လဲ" ဆိုတာ သေချာလေးရေးပေးပါ။
ဒါက Giveaway မဟုတ်ပါဘူး။ ကံစမ်းမဲနဲ့ ရွေးမှာ မဟုတ်ဘဲ သင်ယူချင်စိတ် အပြင်းထန်ဆုံးသူတွေကို ကျွန်တော်တို့ team က ဖတ်ပြီး ရွေးချယ်သွားမှာပါ။ Scholarship ရတဲ့သူက အတန်းကို အခမဲ့ အပြည့်အဝ တက်ရောက်နိုင်ပါတယ်။

⏰ Deadline: August 10 (ညနေ 6:00 PM)

📢 Scholarship ရရှိသူများကို August 12 မှာ ကြေညာပေးပါမယ်။

👉 လျှောက်ရန် Form: https://forms.gle/jKLiRg248ZENGyM29

မိမိအတွက် မဟုတ်ရင်တောင် ဒီအခွင့်အရေး လိုအပ်နေမယ့် ညီကိုမောင်နှမတွေ ရှိနိုင်လို့ Share ပေးထားလိုက်ပါ။

02/08/2026

AI က Code ရေးပေးနိုင်တဲ့ခေတ် ရောက်လာပြီ။

ဒါပေမယ့်...

AI ရေးပေးတဲ့ Code ကို နားလည်တဲ့ Developer နဲ့ Copy-Paste လုပ်တဲ့ Developer ကြားက ကွာခြားချက်က ပိုကြီးလာတယ်။

Technology ပြောင်းလဲနေတာ မဟုတ်ဘူး။

Developer တွေ လိုအပ်တဲ့ Skill Set ပြောင်းလဲနေတာပါ။

Foundation, System Thinking, Architecture နဲ့ Problem Solving တွေကို နားလည်တဲ့သူတွေက AI နဲ့အတူ ပိုတန်ဖိုးရှိလာမယ်။

ဒီ Video မှာ AI ခေတ်မှာ ဘာကြောင့် "Code ရေးတတ်တာ" ထက် "System ကို နားလည်တာ" က ပိုအရေးကြီးလာသလဲဆိုတာကို ဆွေးနွေးထားပါတယ်။

အဆုံးထိကြည့်ပြီး ကိုယ့်အမြင်ကို Comment မှာ မျှဝေပေးခဲ့ပါဦး။

ဒီတစ်ပတ် Student Story မှာ UCSY က Software Engineering ကျောင်းသား ဘုန်းဝင့်ထွန်းရဲ့ ခရီးကို မျှဝေချင်ပါတယ်။သူ့အစက ကျွန်တ...
02/08/2026

ဒီတစ်ပတ် Student Story မှာ UCSY က Software Engineering ကျောင်းသား ဘုန်းဝင့်ထွန်းရဲ့ ခရီးကို မျှဝေချင်ပါတယ်။

သူ့အစက ကျွန်တော်တို့ ညီကိုမောင်နှမ အများစုနဲ့ တူပါတယ်။ ၅ နှစ်သားအရွယ်ကတည်းက ကွန်ပြူတာနဲ့ ရင်းနှီးခဲ့တယ်။ ၈ တန်းမှာ KMD မှာ A+ နဲ့ Networking သင်ခဲ့တယ်။ ကွန်ပြူတာနဲ့ ပတ်သက်တာပဲ လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ကလည်း အဲ့ကတည်းက ခိုင်မာနေပြီ။ ၁၀ တန်းအပြီးမှာ YouTube tutorial တွေကြည့်၊ article တွေ ရှာဖတ်ရင်း programming ကို စွဲသွားပြီး UCSY မှာ Software Engineering ကို ရွေးချယ်ခဲ့တယ်။

ဒါပေမယ့် စိတ်ဝင်စားမှုရှိရုံနဲ့ လမ်းကြောင်းက ရှင်းမသွားပါဘူး။ ကျောင်းစာနဲ့ self study ကြားမှာ သူ့စကားအတိုင်း ပြောရရင် "ယောင်လည်လည်ပါပဲ" တဲ့။ Java Spring နဲ့ project တစ်ခုတောင် ရေးဖူးပြီးသားဖြစ်ပေမယ့် API နဲ့ CRUD ကို စနစ်တကျ နားမလည်ခဲ့ဘူး။ Code တော့ ရေးနေတယ်၊ ဘာကြောင့် အလုပ်ဖြစ်နေမှန်း ကိုယ့်ဘာသာ ရှင်းရှင်းလင်းလင်း မသိတဲ့ အခြေအနေပါ။

Second year မှာ Technortal ကို ရောက်လာပြီး Python အတန်း တက်ဖြစ်တယ်။ အဲ့ဒီအတန်းက သူ့အတွက် အလှည့်အပြောင်းပါ။ ကျောင်းမှာ သင်ခဲ့ရတဲ့ C++, Java concept တွေ၊ Computer Science theory တွေကို ပြန်မြင်လာပြီး သေသေချာချာ နားလည်သွားတယ်။ အရင်က မမိခဲ့တဲ့ concept တွေ တစ်ခုပြီးတစ်ခု ပြန်မိလာတယ်။

ပြီးတော့ ASP .NET Core In-Person Batch-1 ကို ဆက် join ပြီး ဟိုစပ်စပ် ဒီစပ်စပ် မလုပ်တော့ဘဲ .NET တစ်ခုတည်းကို ဇောက်ချဖို့ ဆုံးဖြတ်ခဲ့တယ်။ အခုချိန်ထိ learn by doing နည်းနဲ့ နေ့စဉ် improve ဖြစ်အောင် လုပ်နေဆဲပါ။

သူ မှတ်မိနေဆဲ စကားတစ်ခွန်းလည်း ရှိပါသေးတယ် —

"လိုင်းကြောင်လို့တော့ ရတယ်၊ အကြာကြီးတော့ ကြောင်လို့မရဘူး။ ကိုယ့်ဘဝကိုယ် အနစ်မခံနဲ့။"

လမ်းကြောင်းရှာနေဆဲ ညီကိုမောင်နှမတွေအတွက် ဖုန်းဝင့်ထွန်းရဲ့ ခရီးက သက်သေတစ်ခုပါ။ ကြောင်နေတာက ပြဿနာမဟုတ်ပါဘူး။ အဲ့ဒီမှာ ကြာကြာနေမိတာကမှ ပြဿနာပါ။



လုပ်ငန်းတစ်ခု ကြီးထွားလာရင် ပြဿနာတစ်ခု စလာပါတယ်။အရောင်း၊ ဂိုဒေါင် နဲ့ စာရင်းအင်း စနစ်တွေက တစ်ခုနဲ့တစ်ခု မချိတ်ဆက်တော့တာပ...
27/07/2026

လုပ်ငန်းတစ်ခု ကြီးထွားလာရင် ပြဿနာတစ်ခု စလာပါတယ်။
အရောင်း၊ ဂိုဒေါင် နဲ့ စာရင်းအင်း စနစ်တွေက တစ်ခုနဲ့တစ်ခု မချိတ်ဆက်တော့တာပါ။

ဒီအတွက် IT သမားတွေ ခေါ်တယ်။
ကိုယ်ပိုင် Software ကို အစကနေအဆုံး ထိုင်ရေးကြတယ်။
လချီ၊ နှစ်ချီ ကြာတယ်။ သိန်းရာချီ ကုန်တယ်။
အဆုံးမှာ System ကြီးက တောင့်မခံနိုင်ဘဲ Crash ဖြစ်သွားတတ်တယ်။

ဒီတော့ လုပ်ငန်းကြီးတွေ အဖြေတစ်ခု ရှာတွေ့လာကြတယ်။
"စနစ်ကို အစကနေ မရေးနဲ့။ ရှိပြီးသား အားကောင်းတဲ့ Framework ကို ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီအောင် Customization လုပ်တာ အကောင်းဆုံးပဲ။"

ဒီလို IT အပြောင်းအလဲမှာ Local SME ကနေ Corporate ကြီးတွေအထိ အားထားနေရတဲ့ ကျောရိုးကတော့ Odoo ERP Framework ဖြစ်လာပါတယ်။

ဘာကြောင့် Odoo ကို ရွေးကြတာလဲ?
သူက "All-in-One Integrated Ecosystem" ဖြစ်နေလို့ပါ။

— POS ကနေ ပစ္စည်းတစ်ခု ရောင်းထွက်သွားတာနဲ့၊

— ဂိုဒေါင်က Inventory စာရင်း အလိုလို လျော့သွားမယ်။

— Accounting ထဲကို ဝင်ငွေစာရင်း တန်းရောက်သွားမယ်။

အားလုံးက Centralized Data တစ်ခုတည်းမှာ ချိတ်ဆက်နေလို့ လုပ်ငန်းလည်ပတ်မှု တဟုန်ထိုး မြန်ဆန်သွားတယ်။

ဒါ့အပြင် လုပ်ငန်းတိုင်းရဲ့ မတူညီတဲ့ အရောင်းအဝယ် Logic တွေကို Python သုံးပြီး လိုသလို ပြုပြင် နိုင်တယ်။
အချိန်နဲ့ ကုန်ကျစရိတ် ၈၀% အထိ သက်သာသွားပြီး၊ လပိုင်းအတွင်း လုပ်ငန်းခွင်မှာ ချက်ချင်း သုံးနိုင်ပါတယ်။

ဒါကြောင့်လည်း Python နဲ့ Odoo Customization လုပ်နိုင်တဲ့ Developer တွေဟာ လက်ရှိ Job Market မှာ အလုပ်အခေါ်အများဆုံးနဲ့ လစာအကောင်းဆုံး Role ဖြစ်လာတာပါ။

ဒါပေမယ့် သတိထားပါ။ Pro ကျတဲ့ Odoo Developer ဆိုတာ Module install လုပ်ရုံ မဟုတ်ပါဘူး။
လုပ်ငန်းတစ်ခုရဲ့ Business Flow ကို သေချာနားလည်ရပါမယ်။

Server-Side Programming၊ Security Control နဲ့ OWL (Odoo Web Library) တို့ကို ပိုင်နိုင်မှသာ Enterprise Level Developer ဖြစ်လာမှာပါ။

Address

TimeCity, Kamayut Township
Yangon

Telephone

+959955214464

Website

Alerts

Be the first to know and let us send you an email when Technortal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Technortal:

Shortcuts

Share

Category