Aye Lay - Marathon

Aye Lay - Marathon Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aye Lay - Marathon, Sports & Fitness Instruction, Yangon.

မမြင့်မြင့်အေးဟာ ၂၀၁၃ Sea Games မှာ ငွေတံဆိပ်ရ မာရသွန် အားကစားသမားဖြစ်ပြီး နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ၅ခု ၊ ငွေ တံဆိပ် ၂ ခု ထိ ပိုင်ဆိုင်ထားတဲ့ ကစားသမားဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Freelance Professional အဖြစ် လုပ်ဆောင်လျှက်ရှိပါတယ်။

27/08/2026

Runner မှန်ရင် Exercise တော့လုပ်ရတယ်မို့လား
Running Form မှန်ဖို့ရယ်
ကြံ့ခိုင်သန်မာဖို့ရယ် Long Run နိုင်ဖို့အတွက်ရယ်ဆို
အားလုံးပြည့်စုံနေမှ ရမယ်နော်
ချစ်တဲ့
Marathon Aye Lay

ဒီတပတ် တနဂ်နွေနေ့ (23.8.2026) @အတွက် ဆရာမ Aye Layရဲ့ Free Class Running Club လေးကို အစီအစဉ်သစ်လေးတခုလုပ်ထားပါတယ် 🥰🥰 #ရန်...
21/08/2026

ဒီတပတ် တနဂ်နွေနေ့ (23.8.2026) @အတွက်
ဆရာမ Aye Layရဲ့ Free Class Running Club လေးကို အစီအစဉ်သစ်လေးတခုလုပ်ထားပါတယ် 🥰🥰
#ရန်ကုန်မြို့ရဲ့အပြင်ဘက်တနေရာ သဘာဝတရားကိုခံစားရင်းနဲ့ရော 🥰🥰
#နောက်ပိုင်း Trail Run တွေ ပြေးကြတဲ့အခါ လိုအပ်လာမယ့် Training လေးတွေရော တူတူလုပ်ကြရအောင်နော် 🥰🥰🥰
၁။ တနဂ်နွေနေ့ (23.8.2026) မနက်မှာ (၁၁) ကုန်းကို Training သွားကြမယ်နော်
၂။ လိုက်ပါမည့်သူများ မိမိအစီအစဉ်ဖြင့်လိုက်ပါနိုင်ပါသည်
၃။ မနက် ၄:၄၅ နာရီ၊ ပြည်လမ်းမပေါ် အင်းယားကန် (တံတားဖြူမှတ်တိုင်)တွင် လူစုပါမည်။
၄။ မနက် ၅:၀၀ နာရီ စထွက်ပါမည်။
၅။ လိုက်ပါမည့်သူများ Page Messenger တွင် စာရင်းပေးရပါမည်။
၆။ မိုးရွာနိုင်ပါသဖြင့် မိုးကာ (သို့မဟုတ်) ထီး ယူလာပါ။
၇။ ရေစို၊ ချွေးစိုဝတ်များလဲနိုင်ရန် အဝတ်အစားအပိုထည့်လာခဲ့ကြပါနော်
၈။ Beginner များအား ဆရာမကိုယ်တိုင် လိုက်ပြေးပေးပါမည်။
၉။ လူအများနှင့်သွားရမည် ဖြစ်ပါသောကြောင့် မနက် ၅:၀၀ နာရီထက် နောက်မကျဖို့တောင်းဆိုပါတယ် ခင်ဗျာ
၁၀။ လိုရမယ်ရ မှတ်ပုံတင် (သို့) စမတ်ကဒ်များယူဆောင်လာကြပါရန်
အားလုံးကို ချစ်တဲ့ ဆရာမ Aye Lay💕💕💕
မနက်ဖြန်မနက် ပျော်ပျော်ပါးပါး ဆုံကြမယ် နော်


20/08/2026

တစ်ရက်တာ Training ပေါ့ပေါ့ပါးပါးနဲ့ အပြုံးပိုင်ရှင် Runner များ

19/08/2026

ကျန်းမာရေး ရဲ့အစ အားကစားက ဆိုတဲ့အတိုင်း
အားကစားကို လုပ်နိုင်တာ မလုပ်နိုင်တာထက်
ကျန်းမာဖို့ဆိုရင် အစပြုဖို့ပဲ လိုအပ်တာပါ
ဖြေးဖြေးချင်း ကစပြီးပြေးကြည့်ပါ ပိုက်ဆံပေးပြီး
ဝယ်လို့မရတဲ့ ကြံ့ခိုင်တွေကနေ ကျန်းမာချင်းသုခ
တွေကို သိလာပါလိမ့်မယ်
သားသား-မီးမီး ကအစ
ကိုကို-မမတွေပါ join လို့ရပါတယ်
Runner အားလုံး ကိုချစ်တဲ့
Marathon Aye Lay
Aye Lay ကမကြမ်းပါဘူးနော်
သွေးထိုးစကားမယုံကြေး
ဖြည်းဖြည်း လေးပါပဲ 🤭🤭🤭

18/08/2026

တစ်နေ့ ထက်တစ်နေ့မရိုးသော အပြောတွေနဲ့ပြောပြီး ညဏ်စင်တက်တဲ့ ခလေးကြီးပေါ့ဗျာ Training
လုပ်ပြီဆို သူနဲ့ ကျတော်ကအဲ့လို
ချစ်လို့နော် ဟင်းဟင်းးးးးးးး😛😛😛😛😛
စိတ်ဆိုးနဲ့

16/08/2026

15.8.2026 ရက်နေ့ ကျိုက်ထီးရိုး Trail Training လေးအောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီခင်ဗျာ
မလုပ်နိုင်ဘူး မလိုက်နိုင်ဘူး မလုပ်ပါနဲ့
မရိုးသော Trail Training. တွေနဲ့ အပတ်စဥ်​ တနဂ်နွေ ​ နေ့တိုင်းကျတော် Aye Lay မှ Train ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ
အဓိကက မိမိကိုယ်မိမိ ယုံကြည်မှု့ရှိနေရင်ရပါပြီ
အချိန်လေးတစ်ခုပေး ရင်ရပါပြီခင်ဗျာ
Trail Training မရှိပဲ ပြိုင်ပွဲ ဝင်တယ်ဆိုတာမရှိရအောင် လာ join စေချင်ပါတယ်ခင်ဗျာ
Injury ကင်းစွာ ပန်းဝင်နိုင်ဖို့ အစီစဥ်လေးတွေနဲ့
Trail Training လေးတွေကို စောင့်မျှော်ရင်း
ပျော်ပျော် ပါးပါးလိုက်ပြီး Train နိုင်ကြပါစေခင်ဗျာ
ချစ်တဲ့
Marathon Aye Lay

ပျော်ပျော်ပါးပါး မော်တော်ကားနှင့် ရန်ကုန်မှ ကျိုက်ထီးရိုး တောင်ခြေ သို့ သွားခဲ့ကြပါတယ်။ တောင်ခြေမှ ရင်ပြင်တော်ထိ ခြေလျင်...
16/08/2026

ပျော်ပျော်ပါးပါး မော်တော်ကားနှင့် ရန်ကုန်မှ ကျိုက်ထီးရိုး တောင်ခြေ သို့ သွားခဲ့ကြပါတယ်။ တောင်ခြေမှ ရင်ပြင်တော်ထိ ခြေလျင်တောင်တက် Trail ခရီးစစ်စစ် သွားခဲ့ကြပြီး တောင်အတက်၊ အဆင်း တွေ နဲ့ တကယ့် သဘာဝ တောထဲမှာ Runners များနဲ့ ထရိန်နင် လဲ ဆင်း ၊ ကုသိုလ်လဲရ ခရီး တခုဖြစ်ခဲ့ပါတယ်။

Trail Training တွေ ဆက်တိုက်ရှိပါတယ်ခမျာ။
Trail ပွဲနဲ့ ပြေးပွဲတွေလဲ နီးပြီဆိုတော့ သင်ကိုယ်တိုင် နိုးထရမယ့် အချိန်ရောက်ပါပြီလို့ ….

😂😂😂
မာရသွန် မအေးလေး
09680234160

15/08/2026

ပြေးရင်းပျော် ပျော်ရင်းပြေးရအောင် သုဝဏ္ဏ ပြောင်းထားပါတယ် ခင်ဗျာ

#မိုးရွာရွာနေပူပူ ဆရာမ Aye Lay ကတော့ Runners အားလုံးနဲ့ တူတူရှိမယ်နော်

#မနက်ဖြန် တနဂ်နွေနေ့မှာပုံမှန် Running Training လေးကို ပျော်ပျော်ပါးပါး join လိုက်ကြရအောင်နော်။

မည်သူမဆို (အခမဲ့ )Join နိုင်ပါတယ်ခင်ဗျာ ။

အချိန် - မနက် ၅:၃၀ အရောက်ပါခင်ဗျာ ၆:၀၀ စပါမယ်။
နေရာ - သုဝဏ္ဏကွင်း

ပိုမိုထိရောက်တဲ့ Training တွေနဲ့ ပျော်ပျော်ပါးပါးတွေ့ကြရအောင်နော်

အသေးစိတ် သိရှိလိုသည်များကို Page Messenger တွင် စုံစမ်းနိုင်ပါတယ် ခင်ဗျာ

မာရသွန်အေးလေး
09680234160
Running Club

14/08/2026

မရီကြေးနော်😛😛😛😛😛

Address

Yangon
111104

Alerts

Be the first to know and let us send you an email when Aye Lay - Marathon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share