Yangon Life English School

Yangon Life English School

Share

English School. (Satisfaction and Success for Students.)

29/06/2023

Quiz of the day 💭

ဘယ်ဘာသာစကားပဲဖြစ်ဖြစ် သင်ယူပြီဆိုတာနဲ့ Tense ဆိုတာကတော့ မေ့ထားလို့မရဘူးနော်🙋
ဒီနေ့မှာတော့ tense တွေနဲ့ပတ်သက်တဲ့ Quiz လေးတစ်ခုပြင်ပေးထားပါတယ်။🧩

အဖြေလေးကို comment ထဲမှာ မန့်ပေးခဲ့ပါအုန်းနော်🤔

Yangon Life English School မှာ Basic Level ကနေ Upper Intermediate Level အထိကို In person classတွေ တက်ရောက်နိုင်ပါပြီ။💁
အသေးစိတ်သိရှိလိုပါက ~
Yangon Life English School ရဲ့ Page messenger ကနေ စုံစမ်းမေးမြန်းနိုင်သလို
☎️ဖုန်းနံပါတ် 09400 800 353
📬ကျောင်းလိပ်စာ - အမှတ် ၁၃၆ ၊ ပထမထပ် ၊ ဗားကရာလမ်း ၊ စမ်းချောင်းမြို့နယ် ၊ ရှမ်းလမ်းမှတ်တိုင် ၊ စမ်းချောင်းမီးသတ်အနီး ၊ KBZ bank မျက်စောင်းထိုး ၊ ရန်ကုန်
ကိုလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။💙

#အင်္ဂလိပ်စာသင်တန်းကျောင်း

23/06/2023

Quote of the day 📌

YLES ရဲ့ follower တွေထဲမှာ ကိုယ့်ရဲ့ အိမ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့သူတွေ ရှိကြမယ်လို့ထင်ပါ‌တယ်နော်⭐

ဒီနေ့မှာတော့ ကမ္ဘာကျော် Biggest Girl Group ဖြစ်တဲ့ Blackpink အဖွဲ့ဝင် Roséက မိမိရဲ့အိမ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြတဲ့သူတွေအတွက် ပေးတဲ့ အကြံဥာဏ်လေးတခုကို Quote တစ်ခုအနေနဲ့ဖော်ပြပေးချင်ပါတယ်💙

"Dream big when you can and enjoy it"
"မင်းလုပ်နိုင်တဲ့အချိန်မှာ အိမ်မက်ကြီးကြီးမက်ပြီး အကောင်အထည်ဖော်လိုက်ပါ"⏳

#အင်္ဂလိပ်စာသင်တန်းကျောင်း

18/06/2023

လူတော်တော် များများမေးကြတဲ့ အဂ်လိပ်စာလေ့လာဖို့ ဘယ် YouTube Channels တွေက ကောင်းလဲ၊ ဘယ် YouTube Channels တွေကိုအသုံးပြုရမလဲဆိုတာကို ဒီနေ့မှာ Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်💙
အခု Sharing လုပ်ပေးမယ့် YouTube Channels ‌တွေကို ဘယ် English Level ဖြစ်ဖြစ် လေ့လာလို့ အဆင်ပြေပါတယ် 😊

1. Ted Talk
Ted Talk ဆိုတာကတော့ subscribers ပေါင်း ၂၃သန်းကျော် ရှိတဲ့နာမည်ကြီး YouTube Channel တခုဖြစ်ပြီး 2006 ခုနှစ်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာကျော်ပုဂ္ဂိုလ်‌တွေ၊ ပညာရေး၊ စီးပွားရေး၊ နည်းပညာ၊ နိုင်ငံရေးနဲ့ အခြားသက်ဆိုင်ရာနယ်ပယ်တွေက ကျွမ်းကျင်ပညာရှင်တွေကနေ မိမိတို့ရဲ့ အတွေ့အကြုံတွေ၊ ဘ၀အကြောင်းတွေကို ‌‌English ဘာသာစကားနဲ့ မျှ‌‌‌‌‌‌‌‌ဝေပေးတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ Technology၊ Entertainment၊ Science၊ Business၊ Global Issues၊ The arts စတဲ့နယ်ပယ်ပေါင်းစုံက အကြောင်းအရာတွေကိုလေ့လာရင်း ကိုယ့်ရဲ့ English skill ကိုပါ မြှင့်တင်နိုင်မှာဆိုတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲပေါ့။ ဒါ့အပြင် မြန်မာဘာသာစကားအပါအဝင် ဘာသာစကားပေါင်း ၁၀၀ ကျော် နဲ့ subtitle ထိုးပေးထားတာဖြစ်လို့ နားထောင်လို့ နားမလည်မှာလည်းမပူရတော့ဘူးပေါ့။✔️

2. Learn English with TV Series
ဘာသာစကားတစ်ခုကို လေ့လာတဲ့အခါမှာ စာကြီးပဲထိုင်ကျက်နေတာမျိုးမဟုတ်ဘဲ ရုပ်ရှင်တွေ စီးရီးတွေကနေလည်း လေ့လာတာကလည်း တကယ်ကိုထိရောက်တဲ့သင်ယူမှုပုံစံတမျိုးဖြစ်ပါတယ်။ ကမ္ဘာကျော် K-pop အဆိုတော်ဖြစ်တဲ့ RM တောင်မှ Friends ဆိုတဲ့ series ကနေ အဂ်လိပ်စာကို လေ့လာခဲ့တာဖြစ်ပါတယ်တဲ့။ ဒီ Channel မှာဆိုရင် -
1️⃣ Learn English with celebrities,
2️⃣ Learn English Grammar/Vocabulary/British English with TV series,
3️⃣ Learn English with Friends,
4️⃣ Learn English with Interviews,
5️⃣ Learn English with Superheroes,
6️⃣ Learn English with Disney,
7️⃣ Learn English with TV series (Kids Appropriate) စသဖြင့် Playlists ပေါင်းများစွာရှိတာကြောင့်မို့ ကြိုက်တဲ့ Topics ကို စိတ်ကြိုက် လေ့လာလို့ရပါတယ်။ WEDNESDAY တို့လိုလက်ရှိ ရေပန်းစား နေတဲ့ Series တွေကိုလည်း update လုပ်ပေးသေးတာမို့ အရမ်းအဆင်ပြေပါတယ်။

3. Easy English
ဒီ Channel ကတော့ ကလေးတွေနဲ့ အဂ်လိပ်စာကိုလုံး၀ အခြေခံပဲရှိသေးတယ်ဆိုတဲ့ လူတွေအတွက် အထူးသင့်‌‌တော်ပါတယ်။ ဒီ Channel မှာဆိုရင် -
နေ့စဥ်သုံးအဂ်လိပ်စာ ‌စကား‌ပြော
1️⃣ Grammar
2️⃣ Vocabulary
3️⃣ Phrases and Idioms
4️⃣ Tenses စတာတွေ ကိုလေ့လာလို့ရမှာပဲဖြစ်ပါတယ်။ အဓိကအားဖြင့် အခြေခံ Speaking ကို လေ့လာနိုင်မှာဖြစ်ပါတယ်။

4. English with Lucy
English with Lucy ကလည်း တော်တော်များများနဲ့ ရင်းနှီးပြီးသား Channel တစ်ခုပါပဲ။ သူက British English ဖြစ်ပြီး အဂ်လိပ်စာနဲ့ပတ်သက်တာ တော်တေတော်များများကို လေ့လာလို့ရပါတယ်။ သူ့ Channel မှာအများဆုံး တွေ့နိုင်တဲ့ Lesson တွေကတော့ -
1️⃣ Pronunciation Lessons (British English)
2️⃣ Grammar
3️⃣ Speaking Lessons
4️⃣ Vocabulary Lessons
5️⃣ Listening Practice စတာတွေအပြင် အခြား Channel တွေနဲ့ collab လုပ်ထားတာတွေ၊ Business English နဲ့ Youtube shorts လေး‌တွေလည်း အများကြီးရှိပါတယ်။ အခုလက်ရှိ Video Lessons စုစုပေါင်း 367 တောင်ရှိတာဆိုတော့ စိတ်ကြိုက် လေ့လာလို့ရပါတယ်။💙

13/06/2023

Applications for English Learners Part -2

ဒီနေ့မှာလည်း English စာလေ့လာနေတဲ့ လူတွေအတွက် အသုံးဝင်မယ့် Applications တွေကို ဆက်ပြီး sharing လုပ်ပေးသွားပါအုန်းမယ် ခင်ဗျာ။💙

1️⃣ English Myanmar dictionary
Dictionary app ကောင်းကောင်း တခုကတော့ လူတိုင်းမှာ ရှိသင့်ပါတယ်နော်။ ဒီ appမှာဆိုရင် English စကားလုံးတိုင်းကို အသံထွက်ပါထည့်ပေးထားပြီး စကားလုံးတစ်လုံးကို ရှာလိုက်တာနဲ့ အဲ့ဒီ့ စကားလုံးနဲ့ဆိုင်တဲ့ collection တွေကိုပါ တခါတည်း လေ့လာနိုင်မှာဖြစ်ပါတယ်။ Example sentences တွေ synonyms, antonyms တွေပါထည့်သွင်းပေးထားတာမို့ သုံးရတာ အရမ်း အဆင်ပြေတယ့် app တစ်ခုပါ။📚

2️⃣ Ometv
Ometv ကတော့ vlogger တွေကြားမှာ ရေပန်းအစားဆုံး app တစ်ခုလို့ ပြောလို့ရပါတယ်။ ဒီ app မှာဆိုရင် သူစိမ်းတွေနဲ့ စကားပြောနိုင်မှာဖြစ်ပြီး
မိမိ ရဲ့ English စာကိုလည်း တခါတည်း လေ့ကျင့်နိုင်ပါတယ်။ ကိုယ်က နိုင်ငံခြားက လူတွေနဲ့ ဆက်သွယ်‌စကားပြောချင်တယ်၊ လူတွေနဲ့စကားပြောရတာကြိုက်တယ် ဆိုရင်တော့ ဒီ appက အသင့်တော်ဆုံးပါ။

3️⃣ Elsa
အသုံးပြုသူ 10သန်းကျော်နဲ့ Elsa app မှာဆိုရင် Beginner, Intermediate, Advanced Level အလိုက်အလိုက်လေ့လာနိုင်မှာဖြစ်ပြီး တနေ့မှာ ဘယ်လောက်ကြာကြာလေ့လာမယ်ဆိုပြီးပါ ရွေးချယ်လို့ရပါသေးတယ်။ ကိုယ့်ရဲ့ achievement, progress တွေကိုလည်း ကြည့်နိုင်မှာဖြစ်ပြီးတော့ IELTS TOEFL TOEIC စတဲ့ international exam တွေအတွက်ပါ လေ့ကျင့်နိုင်မှာဖြစ်ပါတယ်။

4️⃣ BBC Learning English
BBC Learning English ဟာလည်း အသုံးပြု 5သန်းကျော်ရှိပြီး English စာလေ့လာသူတွေကြား ရေပန်းစားတဲ့ app တစ်ခုပဲဖြစ်ပါတယ်။ Everyday English, Business English, Learning with news, Learning with drama, Grammar, Pronunciation, Vocabulary စသဖြင့် မိမိတို့ ကြိုက်နှစ်သက်ရာ topic ကိုရွေးချယ် လေ့လာနိုင်မှာဖြစ်ပါတယ်။

Yangon Life English School မှာ Basic Level ကနေ Upper Intermediate Level အထိကို In person classတွေ တက်ရောက်နိုင်ပါပြီ။💁
အသေးစိတ်သိရှိလိုပါက ~
Yangon Life English School ရဲ့ Page messenger ကနေ စုံစမ်းမေးမြန်းနိုင်သလို
☎️ဖုန်းနံပါတ် 09400 800 353
📬ကျောင်းလိပ်စာ - အမှတ် ၁၃၆ ၊ ပထမထပ် ၊ ဗားကရာလမ်း ၊ စမ်းချောင်းမြို့နယ် ၊ ရှမ်းလမ်းမှတ်တိုင် ၊ စမ်းချောင်းမီးသတ်အနီး ၊ KBZ bank မျက်စောင်းထိုး ၊ ရန်ကုန်
ကိုလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။💙
#အင်္ဂလိပ်စာသင်တန်းကျောင်း

05/06/2023

🍃🌳World Environment day နဲ့ သက်ဆိုင်တဲ့
ဝေါဟာရလေးတွေ လေ့လာရအောင်🌏⛰️

ဒီနေ့ Juneလ 5ရက်နေ့ဟာဆိုရင် "World Environment Day" (သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနေ့) ပဲဖြစ်ပါတယ်။🍁🍂

ကျွန်တော်တို့ 21ရာစု ကမ္ဘာကြီးမှာဆိုရင် သစ်တောများပြုန်းတီးပြီး‌ လေထုထဲမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ပမာဏများပြားလာမှုကြောင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေဟာ ကမ္ဘာ့နေရာ အနှံ့အပြားမှာ ဖြစ်‌ပေါ်နေပါတယ်။
ဒီနေ့မှာတော့ English စာလည်း လေ့လာရင်း ဘယ်လို ရာသီဥတုဖောက်ပြန်မှုတွေ ဖြစ်နေလဲဆိုတာ သိရအောင် sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။💙

🌳 Climate change = ရာသီဥတုပြောင်းလဲခြင်း

🌳 Drought = မိုးခေါင်ရေရှားခြင်း

🌳 Global Warming = ကမ္ဘာကြီးပူနွေးလာခြင်း

🌳 Earthquake= ငလျင်လှုပ်ခြင်း

🌳 Deforestation = သစ်တောများပြုန်းတီးခြင်း

🌳 Tsunami = ဆူနာမီ

🌳Acid rain = အက်စစ်မိုး

🌳 Extinction = သက်ရှိနှင့် အပင်များ မျိုးတုန်းပျောက်ကွယ်ခြင်း

🌳 Desertification = ကန္တာရဖြစ်ပေါ်ခြင်း

🌳 Water Contamination = ရေညစ်ညမ်းခြင်း

🌳 Air Pollution =လေညစ်ညမ်းခြင်း

🌳 Ozone Depletion = အိုဇုန်းလွှာပေါက်ပြဲခြင်း

🌳 Hailing = မိုးသီးကြွေခြင်း

🌳 Storm = မုန်တိုင်း

🌳 Tornado = လေဆင်နှာမောင်း

ကဲ အခုဆိုရင်တော့ ကမ္ဘာကြီးမှာ‌ဖြစ်ပေါ်နေတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခြေအနေတွေကို English လိုနဲ့ပါ တခါတည်း သိရှိသွားပြီဟုတ်💁

နောက်ထပ်ပြီးတော့လည်း English စာနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကိုပါ Sharing လုပ်ပေးသွားအုန်းမှာဖြစ်တဲ့အပြင် သင်တန်းတွေကိုပါဖွင့်လှစ်သွားဖို့ရှိတာဖြစ်လို့ pageကို like and follow မလုပ်ရသေးရင် လုပ်သွားအုန်းနော်💙

Yangon Life English School မှာ Basic Level ကနေ Upper Intermediate Level အထိကို In person classတွေ တက်ရောက်နိုင်ပါပြီ။💁
အသေးစိတ်သိရှိလိုပါက ~
Yangon Life English School ရဲ့ Page messenger ကနေ စုံစမ်းမေးမြန်းနိုင်သလို
☎️ဖုန်းနံပါတ် 09400 800 353
📬ကျောင်းလိပ်စာ - အမှတ် ၁၃၆ ၊ ပထမထပ် ၊ ဗားကရာလမ်း ၊ စမ်းချောင်းမြို့နယ် ၊ ရှမ်းလမ်းမှတ်တိုင် ၊ စမ်းချောင်းမီးသတ်အနီး ၊ KBZ bank မျက်စောင်းထိုး ၊ ရန်ကုန်
ကိုလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။💙
#အင်္ဂလိပ်စာသင်တန်းကျောင်း

03/06/2023

💭Quiz of the day

Temporal preposition တွေကို‌မြင်တိုင်း ဟိုဟာသုံးရမလိုလို ဒီဟာသုံးရမလိုလို ခဏခဏဖြစ်ကြတယ်ဟုတ်🤭
ဒီနေ့မှာတော့ temporal Prepositionတွေ နဲ့ပတ်သက်ပြီး ဘယ်လောက်ထိ ကျွမ်းကျင်နေပြီလဲဆိုတာကို ဆန်းစစ်နိုင်ဖို့အတွက် Quiz လေးတစ်ခုပြင်ပေးထားပါတယ်🧩

အဖြေလေးကို comment ထဲမှာ မန့်ပေးခဲ့ပါအုန်းနော်🤔

Yangon Life English School မှာ Basic Level ကနေ Upper Intermediate Level အထိကို In person classတွေ တက်ရောက်နိုင်ပါပြီ။💁
အသေးစိတ်သိရှိလိုပါက ~
Yangon Life English School ရဲ့ Page messenger ကနေ စုံစမ်းမေးမြန်းနိုင်သလို
☎️ဖုန်းနံပါတ် 09400 800 353
📬ကျောင်းလိပ်စာ - အမှတ် ၁၃၆ ၊ ပထမထပ် ၊ ဗားကရာလမ်း ၊ စမ်းချောင်းမြို့နယ် ၊ ရှမ်းလမ်းမှတ်တိုင် ၊ စမ်းချောင်းမီးသတ်အနီး ၊ KBZ bank မျက်စောင်းထိုး ၊ ရန်ကုန်
ကိုလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။💙

#အင်္ဂလိပ်စာသင်တန်းကျောင်း

Photos from Yangon Life English School's post 02/06/2023

Applications for English Learners Part (1)💻

English စာကိုသင်ယူချင်ပေမဲ့ သင်တန်းမတက်နိုင်သေးတဲ့သူတွေ၊ အားတဲ့အချိန်လေးမှာ လေ့လာချင်တယ်ဆိုတဲ့လူတွေအတွက် အသုံးဝင်မယ့် applications တွေကို sharing လုပ်ပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျာ။🙋

1️⃣ Duolingo
Duolingo ကတော့ လူတိုင်းနဲ့ရင်းနှီးပြီးသား Language Learning App တစ်ခုဖြစ်ပါတယ်။ Duolingo မှာဘာသာစကားမျိုးစုံကို လေ့လာနိုင်ပြီး အသုံးပြုသူဟာဆိုရင်လည်း သန်း 100 ကျော်တောင်ရှိပါတယ်။🙀
ကိုယ်ကြိုက်နှစ်သက်တဲ့ Level ကနေ စတင်လေ့လာနိုင်ပြီးတော့ Topic တွေလည်း စုံစုံလင်လင်ကို ထည့်ပေးထားပါတယ်။ ကိုယ့်နည်းတူ လေ့လာနေတဲ့လူတွေနဲ့ community တခုသဖွယ် ပြုလုပ်ပေးထားပြီး point ပြိုင်စု၊ top3 နေရာလုရတာလည်း ‌တကယ်ကိုပျော်စရာကောင်းပါတယ်။ daily steak တွေအတွက်လည်း reminder ပေးပြီးတော့ badge တွေပါပေးတဲ့အတွက် စာလုပ်ဖို့ motivation💪ကိုရစေမှာတော့ အသေအချာပဲဖြစ်ပါတယ်။

2️⃣ Easy English News-TODAI
Easy English News-TODAI ဆိုတာကတော့ အသုံးပြုသူအနေနဲ့ 1သိန်းကျော်သာရှိပေမဲ့ သတင်းဆောင်းပါးတွေဖတ်ရတာကြိုက်တဲ့လူတွေ၊ vocabulary အသစ်အဆန်းတွေကို လေ့လာချင်တဲ့ လူ‌အတွက်‌တော့အင်မတန် အသုံးဝင်တဲ့ application တစ်ခုပါ။ BBC, VOA, CNN စတဲ့
သတင်းဌာနတွေရဲ့ ဆောင်းပါးတွေကို တစုတစည်းနဲ့ဖတ်ရှုနိုင်ပြီး ကိုယ်ကြိုက်နှစ်သက်တဲ့ topic ကိုလည်း ရွေးချယ်လို့ပါတယ်။ ဒါ့အပြင် ဖတ်နေရင်းနဲ့ မသိတဲ့ စကားလုံးပါခဲ့ရင်တောင် အဲ့ဒီစကားလုံးလေးကိုထောက်လိုက်ရုံနဲ့ E to E dictionary ကျလာမှာဆိုတော့ dictionary ကိုတကူးတက သွားရှာကြည့်နေစရာမလိုတော့ဘူးပေါ့။💁
Flash card, audiobook, Note, Vocabulary list, test စတာတွေကိုလည်း provide လုပ်ပေးထားတဲ့အပြင် Japanese, German, French, Korean, Chinese, Spanish, စတဲ့versionတွေလည်းရှိတာမို့လို့ ဘာသာစကားလေ့လာတဲ့သူတွေအတွက်တော့ လုံးဝကို ရတနာသိုက်ကြီး တခုပါပဲ။💙

3️⃣ Cake
Cake မှာတော့ Duolingo နဲ့မတူဘဲ Short video လေးတွေကိုကြည့်ပြီး လေ့လာနိုင်မှာဖြစ်ပါတယ်။ movies 🎞️ တွေ talk show 🎬 တွေက video clip တွေကို အသုံးပြုပြီး English စာကိုလေ့လာနိုင်ဖို့အတွက် ပြုလုပ်ပေးထားတာကြောင့် Video လေးတွေ ကြည့်ပြီး သင်ယူရတာကြိုက်တဲ့သူတွေအတွက်တော့ cake က အသင့်တော်ဆုံး app တစ်ခုပါ။ Level အလိုက်လည်း vocabulary တွေ native talks တွေကိုပါ လေ့လာနိုင်ရုံသာမက Duolingo လိုမျိုးလည်း Topic အလိုက် လေ့လာနိုင်အုန်းမှာဖြစ်ပါတယ်။😻

4️⃣ Hello Talk
ကိုယ်က မိတ်ဖွဲ့ရတာကြိုက်တယ်၊ ကိုယ်လေ့လာနေတဲ့ဘာသာစကားကိုလည်း လေ့ကျင့်ချင်တယ်၊ အသုံးချကြည့်ချင်တယ် ဆိုရင်တော့ Hello Talk က‌အသင့်တော်ဆုံးပါ။ Hello Talk ကို အများအားဖြင့် English သာမက အခြားဘာသာစကား‌တွေ လေ့လာနေတဲ့ တစ်ကမ္ဘာလုံးက Language Learners တွေနဲ့ communicate လုပ်နိုင်ဖို့ကို ရည်ရွယ်အသုံးပြုကြတာဖြစ်ပါတယ်။

နောက်ထပ်ပြီးတော့လည်း English စာလေ့လာရာမှာ အသုံးဝင်မယ့် applications တွေနဲ့ အခြားအကြောင်းအရာတွေကိုပါ Sharing လုပ်ပေးသွားအုန်းမှာဖြစ်လို့ pageကို like and follow မလုပ်ရသေးရင် လုပ်သွားအုန်းနော်💙

Yangon Life English School မှာ Basic Level ကနေ Upper Intermediate Level အထိကို In person classတွေ တက်ရောက်နိုင်ပါပြီ။💁
အသေးစိတ်သိရှိလိုပါက ~
Yangon Life English School ရဲ့ Page messenger ကနေ စုံစမ်းမေးမြန်းနိုင်သလို
☎️ဖုန်းနံပါတ် 09400 800 353
📬ကျောင်းလိပ်စာ - အမှတ် ၁၃၆ ၊ ပထမထပ် ၊ ဗားကရာလမ်း ၊ စမ်းချောင်းမြို့နယ် ၊ ရှမ်းလမ်းမှတ်တိုင် ၊ စမ်းချောင်းမီးသတ်အနီး ၊ KBZ bank မျက်စောင်းထိုး ၊ ရန်ကုန်
ကိုလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။💙
#အင်္ဂလိပ်စာသင်တန်းကျောင်း

Photos from Yangon Life English School's post 01/06/2023

English စာကို Basic Level ကနေပြီး Upper Intermediate Level အထိကျွမ်းကျင်တတ်‌မြောက်အောင်သင်ယူနိုင်ဖို့အတွက် Yangon Life English School မှ ဇွန်လအတွက် In Center တန်းခွဲအသစ်တွေဖွင့်လှစ်ပေးလိုက်ပါပြီ🥳

ပြည်တွင်းမှာပဲ အလုပ်ခွင်ဝင်မလား၊ နိုင်ငံခြားမှာပဲကျောင်းသွားတက်မလား၊ GED SAT တို့လို international exam တွေဖြေမလား၊ မိမိသင်ယူချင်တဲ့အရာတွေကို Online Free Courses တွေကနေတစ်ဆင့် သင်ယူမလား၊ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် English စာက‌‌တော့လေ့လာထားဖို့လိုကိုလိုအပ်ပါတယ်နော်✅

Yangon Life English School မှာတော့
📘 Productive Skills တွေဖြစ်တဲ့ Speaking and Writing
📘 Receptive Skills တွေဖြစ်တဲ့ Reading and Listening
📘Grammar
📘 Pronunciation စတဲ့ skills တွေကို သက်ဆိုင်ရာ Level အလိုက် ဆရာ/ဆရာမတွေကနေပြီးတော့ သေချာနားလည်သဘောပေါက်အောင် သင်ကြားပေးမှာပဲဖြစ်တဲ့အပြင်

စာချည်းပဲသင်ကြားရမှာမဟုတ်ဘဲ❌ Activities လေးတွေကိုလည်းထည့်သွင်း သင်ကြားပေးမှာဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသားတွေ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနဲ့ သင်ယူလေ့လာနိုင်ဖို့ကို အဓိကဦးစားပေးထားတာလည်းဖြစ်ပါတယ်။ ဘယ် Level ကိုတက်ရောက်ရမယ်မှန်းမသိတဲ့သူတွေအတွက်လည်း Level test စစ်ပေးအုန်းမယ့်အပြင် Level 1ခုစီကို section 2ခုတောင် ဖွင့်ထားပေးတာဆိုတော့ ဘာမှကိုစိတ်ပူနေစရာမလိုတော့ဘူးပေါ့။💙

Yangon Life English School မှအတန်းတွေကို တာဝန်ယူသင်ကြားပေးမယ့်ဆရာကတော့ ဆရာအောင်နိုင်ဝင်းပဲဖြစ်ပါတယ်။🧑‍🏫 ဆရာဟာဆိုရင် East of Yangon University ကနေ Law Major နဲ့ကျောင်းပြီးထားပြီး teaching training, Pre CELTA စတာတွေကိုလည်း ပြီးမြောက်ထားပါတယ်။
Teaching Experience အနေနဲ့ကတော့ 2017 ကတည်းက စာသင်ကြားလာတာဖြစ်ပြီးတော့ ICEC International Schoolမှာ English subject teacher အနေနဲ့ 2နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ experience လည်းရှိပါတယ်။ စာသင်ကြားရာမှာဆိုရင်လည်း Quizzes တွေ Reading samples‌ တွေကို အသုံးပြုပြီး သင်ကြားပေးတဲ့အပြင် ကျောင်းသားတွေရဲ့ တိုးတက်မှုအခြေအနေအလိုက် ဂရုတစိုက် ဖြည့်စွက်သင်ကြားပေးတဲ့ဆရာတစ်ယောက်လည်းဖြစ်ပါတယ်။ ဆရာက အခုလက်ရှိမှာတော့ YLES နဲ့ Expert English Language Center မှာ သင်ကြားပြသပေးနေပါတယ်။💙

Class details
Class Type- Offline Class
Level- Elementary
Date- Mon,Tue,Wed
Time- 1:15-2:45 pm

Date- Mon,Tue,Wed
Time- 10:00-11:30 pm

Date-Fri, Sat, Sun
Time- 2:30-4:00pm
Duration- 3months
Course book - Cambridge Empower

Level - Pre- Intermediate
Date- Fri, Sat, Sun
Time- 10:00-11:30 am

Date- Mon, Tue, Wed
Time- 2:45-4:15pm
Duration- 3months
Course book- Cambridge Empower
Fee- 65000mmk per month
3လစာလုံးကို တခါတည်းသွင်းမယ်ဆိုရင်တော့ 180000mmk သာကျသင့်မှာဖြစ်ပါတယ်။😱

သင်သိပါသလား🤔❓
ကမ္ဘာပေါ်မှာ English ဘာသာစကားကို အသုံးပြုသူဟာ လူပေါင်း2ဘီလီယံရှိနေပါတယ်။ အဲ့ဒီထဲကမှ 1.6ဘီလီယံကျော်ဟာ Non native speakers တွေဖြစ်ကြပါတယ်။🙀
အဲ့ဒီ့ 1.6ဘီယံထဲမှာ သင်မပါသေးဘူး ဆိုရင်တော့ အခုပဲ Page Chat Box ကိုလာပြီး သင်တန်းအပ်လိုက်တော့နော်။🤗

အသေးစိတ်သိရှိလိုပါက ~
Yangon Life English School ရဲ့ Page messenger ကနေ စုံစမ်းမေးမြန်းနိုင်သလို
☎️ဖုန်းနံပါတ် 09400 800 353
📬ကျောင်းလိပ်စာ - အမှတ် ၁၃၆ ၊ ပထမထပ် ၊ ဗားကရာလမ်း ၊ စမ်းချောင်းမြို့နယ် ၊ ရှမ်းလမ်းမှတ်တိုင် ၊ စမ်းချောင်းမီးသတ်အနီး ၊ KBZ bank မျက်စောင်းထိုး ၊ ရန်ကုန်
ကိုလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။💙

#အင်္ဂလိပ်စာသင်တန်းကျောင်း

09/05/2023

✍️📅မေလ တန်းခွဲသစ်များအတွက် စုံစမ်းနိုင်ပါပြီခင်ဗျာ ။ 💙
~ အခြေခံ Elementary မှ
~Pre intermediate
~Intermediate
~Upper intermediate ထိ level အမျိုးမျိုးကို
မိမိနှစ်သက်ရာ အချိန်နဲ့ ရက်တို့ကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။💁

အသေးစိတ်သိရှိလိုပါက ~
ဖုန်း 09400 800 353 📞
ကျောင်းလိပ်စာ - အမှတ် ၁၃၆ ၊ ပထမထပ် ၊ ဗားကရာလမ်း ၊ စမ်းချောင်းမြို့နယ် ၊ ရှမ်းလမ်းမှတ်တိုင် ၊ စမ်းချောင်းမီးသတ်အနီး ၊ KBZ bank မျက်စောင်းထိုး ၊ ရန်ကုန်။
#အင်္ဂလိပ်စာသင်တန်းကျောင်း

17/04/2023

✨နှစ်သစ်ကူး အချိန်အခါသမယမှာ ကျက်သရေမင်္ဂလာနှင့် ပြည့်စုံပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ
နှင့် ရွှင်လန်းချမ်းမြေ့ပါစေကြောင်း Yangon Life English School က ဆုတောင်းမေတ္တာပို့သအပ်ပါသည်ရှင်🙏🙏🙏 #အင်္ဂလိပ်စာသင်တန်းကျောင်း

ရန်ကုန်မြို့ရဲ့ အင်္ဂလိပ်စာ သင်တန်းကောင်းကောင်းလေး ✅💯✨ Yangon Life English School #YLES #YangonLifeEnglishSchool 30/03/2023

အင်္ဂလိပ်စာသင်တန်းတတ်ဖို့စဉ်စားနေတယ်ဆို
Yangon Life English School ကိုလာခဲ့ပါနော်💙💙

ရန်ကုန်မြို့ရဲ့ အင်္ဂလိပ်စာ သင်တန်းကောင်းကောင်းလေး ✅💯✨ Yangon Life English School #YLES #YangonLifeEnglishSchool

Photos from Yangon Life English School's post 26/03/2023

🗣️အင်္ဂလိပ်စာသင်တန်းကောင်းကောင်းလေးကို
ရန်ကုန်မြို့ရဲ့ စည်ကားပြီး အချက်အချာကျတဲ့နေရာမှာ တက်ချင်ရင်😍
Life English School က သင့်အတွက်ပါပဲနော် ။🥰🤝
✅ နိုင်ငံတကာအဆင့်မှီ Cambridge University မှ သင်ရိုး ၊ 📖
✅အင်္ဂလန်နိုင်ငံမှ တက္ကသိုလ်များနှင့် ချိတ်ဆက်ထားသော အင်္ဂလိပ်စာဒီပလိုမာများ ၊📝
✅အမေရိကန်ဗီဇာအင်တာဗျူးထရိန်နင် ။🇺🇸
စသည်တို့ကို 💁
အေးချမ်းပြီး သက်တောင့်သက်သာရှိသော စာသင်ခန်းလေးမှာ 🖼️
နွေးထွေးဖော်ရွေပြီး ဂရုစိုက်ပေးတတ်တဲ့ အတွေ့အကြုံရှိ
ဆရာ/ဆရာမ များမှ 👩‍🏫👨‍🏫သင်ကြားပေးသွားမှာ ဖြစ်ပါတယ်ရှင်။
🎉 အပတ်စဥ် လစဥ်တိုင်း တန်းခွဲသစ်တွေ ရှိပါတယ်ရှင့် ✨✍️💞
အသေးစိတ်ကို ပုံလေးတွေမှာ ကြည့်ပေးနော် ။ ✨🫶🏻

Yangon Life English School
“ Satisfaction and Success for Students “ #အင်္ဂလိပ်စာသင်တန်း

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

No 136, Bagaya Road , Sanchaung Township
Yangon