Shizuki's Planet

Shizuki's Planet

Share

Hello! 🥕
Welcome to the Shizuki's Planet.

シズキ君、戻ってきたぜ!

20/05/2026

Keep doing, just DO IT!
Focus on Yourself ရဲ့ Challengers တွေအတွက် Supporting Session ✨🕊️

လွန်ခဲ့တဲ့ 3လပိုင်းအကုန်လောက်ကစခဲ့တဲ့ "ကိုယ့်ကိုယ်ကို အာရုံစိုက်ပါ" ဆိုတဲ့ challenge ကိုစတင်ခဲ့ပေမယ့် လက်ရှိထိ Daily Reflection ဆက်ရေးနေတာက Shizuki နဲ့ Shizuki ဘဲကျန်ခဲ့ပါတယ်။ 🥲

🥕 ဘာလို့ဆက်မလုပ် ဖြစ်တော့တာများလဲ ⁉️
လိုရင်ပြောရရင် consistency မရှိတာ၊ စိတ်အားထက်သန်မှုမရှိတာလို့ ပြောနိုင်ပါတယ်။ စိတ်အားထက်သန်မှုမရှိ‌တဲ့အခါ ကြုံနေကြ ပြသနာဖြစ်ဖြစ်၊ အဆင်မပြေတာတစ်ခုခုရှိရင် ရပ်လိုက်တက်ကြတာ များပါတယ်။
နောက်တစ်ခုက ကိုယ့်အတွက် အရေးကြီးတာကို ဘဲရွေးချယ်လိုက်တာမျိုးလည်းရှိတက်ပါတယ်။ အဲ့လိုရွေးချယ်လိုက်တာမျိုးဆိုလည်း ကောင်းပါတယ်။ ဒါပေမယ့် ဒီလိုအမြဲဖြစ်နေမယ်ဆို ကိုယ့်ရဲ့ တိုးတက်မှုတွေက အဲ့မှာတင်ရပ်တန့်နေမှာပါ။

‼️ဒီလိုမျိုး consistency မရှိတာ၊ ကိုယ့်ကိုယ်ကို အားမရဖြစ်နေတဲ့ သူတွေအတွက် supporting session တစ်ခုကို သယ်လာပါတယ်။

🥕 Supporting session က⁉️
" အတွေးတွေမများဘဲ လုပ်စရာရှိတာကို စိတ်ရှင်းရှင်းနဲ့ လုပ်ချင်တာတွေကို လုပ်သွားနိုင်အောင်" supporting ပေးသွားမှာပါ။

🕊️ ဒီ session အတွက် လက်ရှိမှာ Serina အမည်နဲ့ နေ့စဥ်ဘဝနဲ့ လုပ်ငန်းခွင်အတွက် ထိရောက်တဲ့ Mindfulness အကြောင်းအရာတွေကို မျှဝေပေးနေတဲ့ Mindfulness Practitioner Ma Thinzar ကို Shizuki ရဲ့ Supporting Session မှာ Guest Speaker အနေနဲ့ ဖိတ်ခေါ်ထားပါတယ်။ ‼️

🍀 Supporting session Details
Date - 23th May 2026 (Wed)
Time - 21:30 🇯🇵/ 19:00 🇲🇲
Place - zoom
Language - Burmese
Speakers - Shizuki (Host)
Serina (Guest)

ပါဝင်ချင်တယ်ဆိုရင် comment မှာ ပါဝင်လိုကြောင်း comment ပေးခဲ့ပါ။
Messenger ကနေ တစ်ရက်ကြိုစောပြီး zoom လင့်ခ် ပို့ပေးပါမယ်။

🥕 ဘယ်လိုသူတွေ join သင့်လဲ?
- ကိုယ့်ကိုယ်ကိုအားမလို အားမရဖြစ်တာတွေ၊ Blame တာတွေ လျှော့‌နည်းလာချင်တယ်။
- လုပ်စရာရှိတာတွေကို အတွေးမများနေဘဲ step by step လုပ်လာနိုင်ချင်တယ်။
- အချိန်ကို အကောင်းဆုံးစီမံခန့်ခွဲတက်လာနိုင်ချင်တယ်။

ဒီအချက်‌အလက်တွေထဲမှာ ကိုယ်လိုအပ်နေတဲ့ အချက်အလက်တွေပါနေတယ်ဆိုရင် လာ join ဖို့ ဖိတ်ခေါ်ပါတယ်။ 🍀✨


03/05/2026

MEXT specialized training college
category နဲ့ Fashion design ပညာကို သင်ယူဖို့ ဘယ်လိုတွေ ပြင်ဆင်ခဲ့ရလဲ⁉️🤔

MEXT scholarship လို့ကြားလိုက်တာနဲ့ Shizuki ရဲ့ စိတ်ထဲမှာ degree ဘာသာရပ်တွေကိုဘဲမြင်ယောင်ပြီး "စာအရမ်းလုပ်ရမယ်" ဘဲထင်နေခဲ့တာ။ ဒါပေါ့ scholarship ရဖို့ကတော့ ကြိုးစားခဲ့မှာက‌တော့ အသေချာဘဲ။
အရေးကြီးတာက ဒီ scholarship က ကိုယ့်အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်တဲ့ လမ်းကြောင်းဖြစ်အောင် အသုံးချနိုင်ဖို့က အဓိကကျပါတယ်။

ဒါ့‌ကြောင့် Tokyo မြို့ပေါ်မှာ MEXT နဲ့ Fashion design ပညာရပ်ကို အထူးပြုလေ့လာနေပြီး Muyar Burmese page နဲ့ လှုပ်ရှားမှုတွေလုပ်နေတဲ့ Pwint Phyu Aung ကို Guest အနေနဲ့ ဖိတ်ခေါ်ထားပါတယ်။

🥕 ဘာတွေ ဝေမျှပေးမှာလဲ ?
- MEXT နဲ့ အနာဂါတ်အိမ်မက်
- MEXT လျှောက်လွှာပြင်ဆင်ပုံ
- Exam အတွက်ပြင်ဆင်ပုံ
- Interview အတွက်ပြင်ဆင်ပုံ
- ယခုလက်ရှိကျောင်းတက်နေတဲ့ အခြေအနေ
- လက်ရှိ MUYAR Burmese ရဲ့လှုပ်ရှားမှု စတာတွေကို ဝေမျှပေးသွားမှာပါ။

အတွေ့အကြုံ မျှဝေ‌တဲ့ session ပြီးသွားရင် အားလုံး သိချင်တာ ရှိရင်လည်း တိုက်ရိုက်မေးနိုင်တဲ့ Q&A session လည်း ပါဝင်ပါမယ်။ ✨

🥕 Webinar Info ℹ️
Date - 6th May 2026 (Wed)
Time - 22:00 🇯🇵/ 19:30 🇲🇲
Place - zoom
Language - Burmese
Speakers - Shizuki (Host)
Pwint Phyu Aung (Guest)

ပါဝင်ချင်တယ်ဆိုရင် like & Sharing လုပ်ပြီး comment မှာ ပါဝင်လိုကြောင်း comment ပေးခဲ့ပါ။
Messenger ကနေ တစ်ရက်ကြိုစောပြီး zoom လင့်ခ် ပို့ပေးပါမယ်။

🥕 ဘယ်လို သူတွေ join သင့်လဲ?
- နိုင်ငံရပ်ခြားမှာ ဝါသနာပါရာကို လေ့လာချင်တဲ့သူတွေ၊
- MEXT scholarship အကြောင်းသိချင်တဲ့သူတွေ (အထူးသဖြင့် Specialized Training Collegeအကြောင်း)
- တခြားသူရဲ့ ကြိုးစားထားတဲ့ အတွေ့အကြုံတွေ၊ လှုပ်ရှားမှုတွေရှိကနေ အတုယူကြိုးစားချင်တဲ့သူတွေ ပါဝင်သင့်ပါတယ်။

အားလုံးတက်တက်ကြွကြွနဲ့ ပါဝင်လာမှာကို စောင့်မျှော်နေပါမယ်ဗျို့။ ✨

03/04/2026

ဂျပန်စကားပြောလေ့ကျင့်နိုင်ဖို့
Let's Speak 日本語 club ‌activites
တွေပြန်စနေပါပြီဗျို့✨📣

Shizuki ရဲ့ အတွေ့အကြုံအရ ပြောရမယ်ဆိုရင် စကားပြောတက်လာဖို့အတွက်
- အရင်ဆုံးအ‌နေနဲ့ လူတွေနဲ့ စကားပြောချင်တဲ့စိတ် ရှိရပါမယ်။
- ကိုယ်ပြောတက်ချင်တဲ့ စကားကို ပြော‌နေကြတဲ့ပတ်ဝန်းကျင်ကို သွားဖို့လိုပါမယ်။

"လူတွေနဲ့" ဆိုတဲ့နေရာမှာ native တွေဖြစ်ရင်ပိုကောင်းတာပေါ့။ အနည်းဆုံး အဲ့စကားကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ပြောနေတဲ့သူဖြစ်ရင် ဒါဟာ ကိုယ့်အတွက် စကားပြောလေ့ကျင့်လို့အကောင်းဆုံးပါ။

Shizuki အခုပြောမယ့် Let's Speak 日本語 Club က အပေါ်မှာပြောထားတဲ့ အချက်အပြင်ကို စကားပြောလေ့ကျင့်တဲ့ နေရာတစ်ခုထက်ပိုပါတယ်။ သင်တန်းကြေးလည်းမကုန်၊ ကိုယ်ပြောချင်တဲ့ အပတ်မှာ (၁)ရက်ကြိုပြီး စရင်းပေးလိုက်တာနဲ့ စကားဝင်ပြောလို့ပြီ။

🥕 Shizuki နဲ့ Let's Speak နဲ့ပတ်သက်ဆက်စပ်မှု
Shizuki's Planet page ကို အရင်ထဲကသိနေတဲ့သူဆိုရင် Let's Speak 日本語 နဲ့ မစိမ်းလောက်ပါဘူး။ အရင်က Shizuki ကိုယ်တိုင် အခု page မစခင်ထဲက ပါဝင်သူအနေနဲ့ စတင်ပါဝင်ခဲ့ပြီး စီစဉ်ပေးတဲ့သူအနေထိ လုပ်ခဲ့တဲ့ Club activities တစ်ခုပါ။ အခု Club activities ကိုတော့ Shizuki ရဲ့ သူငယ်ချင်းလည်းဖြစ်၊ Let's Speak ရဲ့ပါဝင်သူအဟောင်းက လက်လွဲပြီး ဦးဆောင်ပေးနေပါတယ်။ လက်ရှိ Shizuki အနေနဲ့က activities နဲ့ပတ်သက်ပြီး တက်နိုင်တဲ့ဘက်ကနေ support ပေးနေတဲ့ အပိုင်းကနေပါဝင်‌ပေးတယ်။

🥕 ဘာလို့ Let's Speak မှာပါဝင်သင့်တာလဲ ❓
အပေါ်မှာ Shizuki ပြောထားသလိုဘဲ စကားပြောတက်ဖို့ဆိုရင် စကားပြောပေးမယ့် partner ရော၊ network တစ်ခုအနေနဲ့ပါ စကားပြောလေ့ကျင့်လို့ကောင်းမယ့် ပတ်ဝန်းကျင် သေးသေးလေးတစ်ခုပါ။ စကားပြောဖော်ဆိုရင်လည်း native တွေနဲ့ပါပြောနိုင်တာကြောင့် စကားပြောတိုးတက်ချင်တယ်ဆိုရင် ‌သေချာပေါက်ပါဝင်ကြည့်ဖို့ တိုက်တွန်းပါတယ်။ Shizuki ကိုယ်တိုင် တိုးတက်လာခဲ့တဲ့ ပတ်ဝန်းကျင်လေးတစ်ခု ဖြစ်တာမို့ ကြိုးစားရင် ကြိုးစားသလောက် တိုးတက်လာမယ်လို့ အာမခံပါတယ်။

Program အသေးစိတ်ကိုတော့ Let's Speak 日本語 ရဲ့ FB private group မှာသွားကြည့်ပေးနော်။
Group link ;
https://www.facebook.com/share/g/1XF16VPyKa/

Group member request လုပ်လိုက်တာနဲ့ ချက်ချင်း accept မရတာမျိုးရှိတက်ပါတယ်။ join ပြီး ဒီပို့စ် comment အောက်မှာ လာပြောပေးမယ်ဆိုရင်တော့ Shizuki ဝင်စစ်ပေးလို့ရပါတယ်။ 🫶🏻✨

#日本語会話
#会話練習

29/03/2026

၃လ အတွင်းမှာ အလေ့အကျင့်တစ်ခုကို တည်ဆောက်နိုင်ပါ့မလား 🤔⁉️

"Focus on yourself" ဆိုတဲ့ "ကိုယ့်ကိုယ်ကို အာရုံစိုက်ပါ" Challenge မှာ Shizuki ကိုယ်တိုင်ရော၊ ဒီ challenge မှာအတူတူပါဝင်သွားမယ့် သူတွေကိုပါ။ " ၃လအတွင်း ဘယ်လောက်ထိ တိုးတက်လာနိုင်မလဲ" ဆိုပြီး စိန်ခေါ်ထားပါတယ်။ တချို့တွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတာကြောင့် မဖြစ်နိုင်ဘူးထင်ကြတယ်။ 🤔

🥕 Shizuki လက်တွေ့အရ "ဒါဟာ ဖြစ်နိုင်ပါတယ်" ကိုယ်ရဲ့ အာရုံစိုက်နိုင်စွမ်းအား အပေါ်မူတည်ပြီး တစ်ခုဘဲတိုးတက်မလား၊ တစ်ခုပိုသွားမလား ဆိုတာမျိုးတော့ ကွာသွားပါလိမ့်မယ်။ Shizuki ဂျပန်ရောက်ပြီးတည်က ဂျပန်စာတိုးတက်ဖို့ထက် အင်္ဂလိပ်စာပြောနိုင်လာဖို့ ပိုပြီးအာရုံစိုက်ခဲ့တယ်။ အချိန်ပိုင်းအလုပ်ကိုလည်း ဂျပန်စာရော၊ အင်္ဂလိပ်စာပါ သုံးလို့ရမယ့် အလုပ်မျိုးကို ဦးစားပေးရှာခဲ့တယ်။

🥕 ရလဒ်က‌နေပြောရရင် part time အလုပ်ဝင်ပြီး ၃လ ဝန်းကျင် အတွင်းမှာ English Speaking အပိုင်းကို အတော်လေးပြောရဲဆိုရဲ ဖြစ်လာတယ်။ Grammar အပိုင်းတွေ၊ ဝေါဟာရအသုံးနှုန်းတွေ မှန်မှန်ကန်ကန်နဲ့ ကျွမ်းကျင်စွာ မသုံးတက်သေးပေမယ့် တဖက်သားနဲ့ communication လုပ်နိုင်လောက်တဲ့ အနေအထားထိတိုးတက်လာပါတယ်။ ဒါဟာ shizuki ရဲ့စိတ်ထဲမှာ “ငါ အင်္ဂလိပ်စကား ပြောတတ်လာရမယ်” ဆိုပြီးအမြဲအာရုံစိုက်နေလို့ပါ။

🥕 ဒီရလဒ်ကိုကြည့်ရင် ဘယ်လိုအရာမျိုးဖြစ်ဖြစ် တကယ်အာရုံစိုက်မယ်ဆိုရင် လုပ်ချင်တာတွေ၊ ဖြစ်ချင်တာ‌တွေကိုလည်း တကယ်အကောင်အထည်ဖော်နိုင်ပါတယ်။ အဓိက ကိုယ့်အတွက်
- ဘယ်အရာကို ရအောင်လုပ်သင့်လဲ၊
- ဘယ်အရာက ကိုယ့်အတွက်အရေးပါဆုံးလဲ၊
- ဘယ်အရာကို လုပ်ချင်ဆုံးလဲ၊ ဆိုတာကို သေချာနားလည်သဘောပေါက်ပြီး “ကိုယ့်ကိုယ်ကို အာရုံစိုက်ပါ” challenge ကို စိန်ခေါ်ကြည့်ပါ။

ဒီအတွက် Shizuki ဘက်ကနေ support ပေးနိုင်မယ့် အရာတွေကိုလည်း ပေးသွားမယ်။ support ပေးတာထဲက ကိုယ့်အတွက် အသုံးဝင်မယ့် နည်းလမ်းတွေ ကိုဘဲဆွဲထုတ်ယူပါ။
အဓိကတော့ "ကိုယ့်ကိုယ်ကို ‌အာရုံစိုက်ပါ" ✌🏼✨

⭐️ဒါနဲ့ Shizuki နဲ့အတူ challenge လုပ်သွားချင်တဲ့ သူတွေကို supporting session တွေ သေသေချာချာ လုပ်ပေးသွားနိုင်အောင် community group တစ်ခုလုပ်ထားချင်ပါတယ်။⭐️

ရှေ့ပိုစ့်မှာ Like, share တွေနဲ့ စိတ်ဝင်စားတဲ့သူတွေကို တွေ့ရပေမယ့် ဘယ်နှစ်ယောက်လောက် ပါဝင်မလဲ သေချာမသိရတာကြောင့် community groups နဲ့ Challenge ကိုပါဝင်ချင်တဲ့သူတွေ comment လေးပေးခဲ့ကြပါနော် 🤗

📌 Relate content
Focus on yourself | Challenge
https://www.facebook.com/share/p/19UDo7Lgpc/

22/03/2026

Focus on Yourself | Challenge
Are you ready for personal deployment ⁉️
Growth up with Shizuki 🥕

နှစ်တစ်နှစ်ရဲ့ 4ပုံပုံ 1ပုံခန့်ဟာ ကုန်ဆုံးလုနီးပါး ဖြစ်နေပါပြီ။ ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီး၊ အော်ဟစ်နေတဲ့ Shizuki လည်း မလုပ်ဖြစ်တဲ့အပိုင်းတွေ ရှိပါသေးတယ်။ ဒါကြောင့် Shizuki အားလုံးနဲ့အတူတူ၊ "Focus on Yourself" Challenge တစ်ခုလုပ်သွားချင်ပါတယ်။
ကိုယ့်ရဲ့ အလေ့အထတွေ၊ အကျင့်စရိုက်တွေကို 3 လအတွင်းမှာ တိုးတက်အောင် ကြိုးစားကြည့်ချင်တယ်၊ Challenge လုပ်ကြည့်ချင်တဲ့သူတိုင်း ကိုဖိတ်ခေါ်ပါတယ်။

🥕 Challenge ရည်ရွယ်ချက်
အခက်အခဲတွေ၊ စိတ်ဖိစီးမှုတွေကြားမှာ ကိုယ်ကိုယ်ကိုယ် အလေးထား၊ focus လုပ်ဖို့မေ့နေတက်ကြပါတယ်။ ဒီလိုအခက်ခဲတွေကြားကနေ ကိုယ်ကိုယ်ကိုယ် focus ပြန်လုပ်တက်လာအောင် ဒီ challenge ကရည်ရွယ်ပါတယ်။

🥕ဘယ်လိုသူမျိုးတွေ ပါဝင်သင့်လဲ❓
အထူသဖြင့် မိသားစုနဲ့ ဝေးကွာနေပြီး အနီးအနားမှာ အားပေးမယ့်သူမရှိ၊ ဝေးကွာနေတဲ့ မိသားစုနဲ့လည်း တိုင်ပင်ရခက်၊ ကိုယ်ကိုယ်ကိုယ် နေ့တတူး တိုးတက်မှုမရှိဘူးဆိုပြီး ခံစားနေရတဲ့ သူတွေကို ရည်ရွယ်ပါတယ်။
တဖက်မှာလည်း လက်ရှိ နိုင်ငံအတွင်းမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကြောင့် စိတ်ဓာတ်ကျပြီး လုပ်နေတာတွေရပ်ပစ်လိုက်တာမျိူး၊ ဘာလုပ်ရမှန်းမသိလမ်းပျောက်သွားတာမျိူး ရှိနေတဲ့သူတွေလည်း ဒီ challenge ကို ပါဝင်ဖို့ဖိတ်ခေါ်ပါတယ်။

🥕 Challenge ကဘာတွေလုပ်ရမှာလဲ ❓
အခု challenge က "Focus on Yourself" ဖြစ်လို့ ကိုယ်ကိုယ်တိုင်း Challenge Tasks တွေကိုသက်မှတ်ရမှာပါ။ ဒါပေမယ့် Challenge Goals သက်မှတ်တာတွေနဲ့ Challenge Goals မရောက်ခင်အထိ Supporting workshops (online) တွေလုပ်ပေးသွားမှာပါ။ ဒီတော့ Challenge ထဲမှာ (၂) ပိုင်းပါဝင်ပါမယ်။

1️⃣ ကိုယ်ကိုယ်တိုင်း Challenge Tasks ဖန်းတီးရမယ့်အပိုင်း၊
- စိတ်‌ရော၊ ကိုယ်ပါကျန်းမာရေးအတွက်ကိုယ်လုပ်ကြည့်ချင်တဲ့ task တစ်ခု
- ကိုယ်ရဲ့ Future Plan အတွက် ကိုယ်ကြိုးစားချင်တဲ့ task တစ်ခု စသဖြင့် သတ်မှတ်နိုင်ပါတယ်။
ဒီအပိုင်းမှာ over tasking မလုပ်မိ‌စေဖို့ Challenge ပါဝင်မယ့်သူတွေကို Shizuki ဘက်က Challenge Tasks တွေကို check-up လုပ်၊ အကြံပေးမယ့် session တွေလည်း ထည့်ထားပါတယ်။

2️⃣ Shizuki ဘက်က supporting workshops sessions အပိုင်း
- Stress တွေကနေ စိတ်တည်ငြိမ်‌နေအောင် ဘယ်လိုအလေ့အကျင့်တွေ လုပ်လို့ရမလဲ?
- personal Develope ဖြစ်အောင် ဘယ်လို self analysis လုပ်မလဲ? စသဖြင့် supporting session တွေလုပ်ဖို့တွေးထားပါတယ်။
ဒီအပိုင်းအတွက် Shizuki ပတ်ဝန်ကျင်ကနေ ကျွမ်းကျင်တဲ့ သူတွေနဲ့ collaborate လုပ်သွားမှာပါ။ 🫶🏻✨

ဒီတော့ အခု challenge ကိုစိတ်ဝင်စားတယ်၊ ပါဝင်ချင်တယ်၊ like & Share လုပ်ခဲ့နော်။
အဓိကတော့ ဒီ Challenge activity ကလည်း Shizuki ရဲ့ Challenge Task တစ်ခုပါ။ ✌🏼
Shizuki ကိုယ်တိုင်းလည်း Challenge လုပ်ချင်တဲ့ အရာတွေကို "Focus on Myself" သွားမှာဖြစ်လို့ စိတ်ဝင်စားတဲ့သူတိုင်းကို ဖိတ်ခေါ်ပါတယ်။

📌 3 လပြီးတိုင်းမှာ Shizuki နဲ့အတူ Challenge မှာရှိနေတဲ့သူတွေကို participation certificate or badge တွေးပေးသွားမှာပါ ‼️

နောက် post တွေမှာ Shizuki ရဲ့ Challenge Tasks တွေနဲ့ Challenge supporting sessions တွေကို အသိပေးသွားမှာဖြစ်လို့ စိတ်ဝင်စားပါဝင်ချင်တဲ့ ရှိမရှိသိချင်ပါတယ်။ ✨🥹

I'm looking forward for your participation.

18/03/2026

ဂျပန်မှာ ပြန်ဆုံဖြစ်ကြတဲ့ JENESYS Alumni - Connect Camp အကြောင်း ✨🌸

Shizuki ရှေ့တစ်ပတ်က JENESYS Alumni activity တစ်ခုကို join ဖြစ်ခဲ့ပါတယ်။ ✨
တကယ်ကို ပျော်စရာလည်း‌ကောင်း၊ network ကိုလည်းချဲ့နိုင့်တဲ့ program လို့လည်းပြောလို့ရတယ်။
" JENESYS Alumni တစ်ယောက်ဖြစ်ခွင့်ရတာ တကယ်ကို ဝမ်းသာမိတယ်" ဆိုတဲ့ ခံစားချက်အပါဝင်၊ အမှတ်တရတွေအများကြီးဖန်းတီးခဲ့ပါတယ်။

ဒီလို alumni program ကို ပါဝင်ပြီး၊ ကိုယ်ရဲ့ အားသားချက်၊ အားနည်းနေတဲ့အပိုင်း၊ လိုအပ်ချက်အပါဝင် ကိုယ်ကိုယ်ကိုယ်ပြန်သုံးသပ်မိသလိုမျိုး၊ ASEAN နိုင်ငံသားရဲ့ personality အပိုင်းကိုပါချုံငုံပြီး သတိထားလေ့လာဖြစ်ခဲ့ပါတယ်။

JENESYS Alumni - Connect Camp က နှစ်ရက်ထဲပါ။ ဆိုပေမယ့် နှစ်ရက်အတွင်း activities တွေက အရမ်းများတာကြောင့်
- program ကိုချုံငုံပြီး sharing ရယ်၊
- Shizuki သင်ယူလိုက်ရတဲ့ အရာနဲ့ တိုးတက်မှုအပိုင်းကို သက်သက်စီစီမျှဝေပေးပါမယ်။

🥕 Connect Camp မှာဘာတွေလုပ်ခဲ့ရလဲ ❓
အရင်ဆုံး Shizuki တို့ ဆုံမှတ်ရောက်ရောက်ချင်းမှာ JENESYS ရဲ့ ထုံစံအတိုင်း Mission တွေပေးဖို့အတွက် မစခင်ထဲက team အလိုက်ခွဲထိုင်ပြီး၊ အပြန်အလှန် မိတ်ဆက်ကြတာပေါ့။ ပြီးတော့ Camp ကိုပါဝင်လာကြတဲ့ ပါဝင်သူ အယောက် (40) လုံးကို ရင်းနှီးစေဖို့ icebreak Game လေးတွေဆော့ကြပါတယ်။ ပြီးတော့ Asakusa နဲ့ sumida တဝိုက်ကို လှည်ပတ်ရင်း ဒုတိယနေ့ Wrap-up Session အတွက် ပထမနေ့မှာ လုပ်ရမယ့် Mission အကြောင်းတွေရှင်းပြတယ်။

🥕 Asakusa မှာဘယ်လို Mission တွေလုပ်ခဲ့ရတာလဲ❓
Mission တွေကလုပ်ရတာ‌များ လွန်းလွန်းတော့ တစ်ခုချင်းအသေးစိတ်ပြောရင် အပိုင်းဆက်လိုက်ကြီးတင်နေရလိမ့်မယ်။ အနီးစပ်ဆုံး ဥပမာပေးရရင် Running Man အစီစဉ်တွေထဲကလိုမျိုး Mission တွေ‌လိုမျိုးပါ။
浅草寺 (sensoji temple) မှာ နဂါးပုံသုံးပုံရှာပါတို့၊ ဘယ်ဘုရာကျောင်းရဲ့ မုဒ်ဦးမှာဘာတွေရှိလဲတို့၊ အဲ့ဘုရားကြောင်းရဲ့ signature ကိုရှာပြီး group ဓာတ်ပုံရိုက်ပါတို့၊ ဘယ်ဘုရားကျောင်းမှာ Stamps နှိပ်ခဲ့ပါတို့ စသဖြင့် mission ပေါင်း 15ခု ကို 4နာရီခွဲဝန်းကျင် အတွင်းမှာ ဘယ်လောက်ရှာနိုင်လဲ။ 🥹⁉️ စသဖြင့်
ကိုယ်ရှာနိုင်တဲ့ mission test စီတိုင်းအတွက် point တွေရခဲ့ကြတာပေါ့။ ဒီ mission တွေထဲမှာ Shizuki တို့ team yellow 💛 က အမှတ်များဆုံး ရခဲ့ပါတယ်။🫶🏻🥰

ဒါနဲ့ sensoji temple ရောက်ဖူးတဲ့သူရှိလား၊ နဂါးပုံတွေဘယ်နေရာမှာရှိလဲသိကြလား ? ပြီးတော့ golden Skytree ပုံရအောင် ဘယ်လိုရိုက်ရလဲ? သိကြလား?

သိတဲ့သူရှိခဲ့ရင် comment ခဲ့ကြနော်။ ⬇️✉️
(ment မယ့်သူမရှိလောက်မှန်းသိနေပေးမယ့် 🥲)

23/02/2026

Shizuki သွားလည်ခဲ့တဲ့ Tsukuba University
ရဲ့ Campus First Impression ✨

Feb လအစပိုင်းလောက်က Tsukuba University Campus ကို သွားလည်ခဲ့ပါတယ်။ အမှန်က Tsukuba University မှာတက်နေတဲ့ သူငယ်ချင်းတွေနဲ့ Tsukuba တောင်တက်ဖို့သွားရင်းနဲ့ သွားလည်ဖြစ်သွားတာပါ။ သွားလည်ခဲ့တာက နေ့တစ်ပိုင်းလောက်တောင်မရှိတော့ အသေးစိတ်မလေ့လာခဲ့ရပေမယ့်၊ တော်တော်လေး နှံနှံစပ်စပ်ပတ်ကြည့်ဖြစ်ခဲ့ပါတယ်။ သွားလည်ရင်နဲ့ Shizuki ခံစားမိတဲ့ "Tsukuba University ရဲ့ first impression" လေးတချို့ကို မျှဝေပေးချင်လို့ပါ။

Tsukuba University ကို Tokyo akihabara ကနေ Tsukuba express (အမြန်ရထား)နဲ့ တစ်နာရီဝန်ကျင်လောက်နဲ့ သွားလို့ရပါတယ်။ ရထားဘူတာကနေ bus တော့ပြန်စီးရတာပေါ့။

🥕 Shizuki ရဲ့ first impression ကတော့ "ကျောင်း campus ကတော်တော်လေးအေးချမ်းပြီး၊ ကျောင်းသားတွေအတွက် စာကို အာရုံစိုက်နိုင်ဖို့ ပတ်ဝန်းကျင်ကောင်း‌လေးတစ်ခု" လို့ခံစားမိတယ်။ ဒီလိုခံစားရတဲ့ အကြောင်းအရာ 2ချက် ရှိပါတယ်။

🥕 Campus ရဲ့ တည်နေရာ
Tsukuba University က ibaraki ခရိုင် Tsukuba မြို့မှာရှိတာပါ။ ကျောင်းက Tokyo မြို့ပေါ်လို ကျောင်းအပြင်ထွက်လိုက်တာနဲ့ လည်ပတ်စရာ များများစားစားမရှိဘူး။ "ဒါဆိုခြောက်ကပ်ကပ်လား" ဆိုရင်လည်းမဟုတ်ပြန်ဘူး။ သူဟာနဲ့သူ ဝယ်လို့ခြမ်းလို့ လွယ်တဲ့ထဲမှာတော့ရှိတယ်။ ကျောင်းကပေးတဲ့အဆောင်လည်းရှိသလို၊ အပြင်မှာငှားနေမယ်ဆိုလည်း ကျောင်းသားအတွက် တက်နိုင်မယ့်အခြေအနေမှာရှိပါတယ်။ လည်ပတ်စရာနည်းတော့ ပိုက်ဆံကိုလည်း အလေအလွင့်မရှိတော့ဘူးပေါ့။ အားနည်းချက်တစ်ခုကတော့ ဘယ်ချိန်ထွက်ထွက် လိုချင်တာ၊ စားချင်တာအကုန်ရတဲ့ မြို့ပြလို 24hr open တို့တော့မရှိပါဘူး။

🥕 Campus facilities များ
Tsukuba University ရဲ့ facilities တွေထဲမှာ စာကြည့်တိုက်က shizuki အတွက်သဘောအကျဆုံးဘဲ။ စာကြည့်တိုက်က 3၊ 4လွာလောက်ရှိတယ်။ အထဲမှာ ကျောင်းသားတွေသုံးဖို့ computer တွေ၊ ကိုယ်စာကို အာရုံစိုက်ပြီး လေ့လာနေတဲ့ ကျောင်းသားတွေ၊ တစ်ယောက်စာ စာကြည့်ခန်းတွေကိုကြည့်ပြီး ကျောင်းသားတွေကို တကယ်ပံ့ပိုးပေးနေတဲ့ ကျောင်းလို့ခံစားမိခဲ့ပါတယ်။ ဒီလိုပြောတော့ စာကြည့်တိုက်ပဲ ‌သဘောကျစရာကောင်းတာလားဆိုရင်မဟုတ်ပါဘူး။
Tsukuba University မှာက student communications ခန်းမတွေ၊ အားကစားကွင်းတွေနဲ့ အနုပညာခန်းမတွေလည်းများစွာရှိတာကြောင့် ပြင် activities တွေကို အများကြီး support ပေးနေတယ်ဆိုတာ ခံစားမိခဲ့ပါတယ်။

နောက်တစ်ခုကောင်းတာက JE program နဲ့ Tsukuba University မှာတက်နေတဲ့ မြန်မာကျောင်းသားတွေလည်း ရှိတာကြောင့် တစ်ယောက်ထဲ "စိတ်အားငယ်နေရမလား" ဆိုပြီးစိတ်ပူနေစရာမလိုဘူးပေါ့။

Shizuki သွားလည်ခဲ့တုန်းက campus ကို main အနေနဲ့လေ့လာခဲ့တာမဟုတ်တာကြောင့် ကျောင်းနဲ့ပတ်သက်ပြီး အသေးစိတ်ဆိုတာထက် first impression ကိုသာမျှဝေပေးလိုက်ပါတယ်။

နောက်ပိုင်းလည်း open campus တွေ campus tour တွေသွားဖို့ရှိပါတယ်။ ဒိလိုပုံစံ content မျိုးတွေဆက်တင်စေချင်ရင် comment, like & Share ခဲ့နော်။ ✨🫶🏻

17/02/2026

shizuki ရေ
Activities တွေရပ်နားလိုက်ပြီလား ⁉️

ဂျပန်ရောက်ပြီးကတည်းက content တွေတင်လိုက်မတင်လိုက်နဲ့ Social media ပေါ်မှာ‌ ပျောက်လိုက် ပေါ်လိုက်နဲ့ ဘာ activitiesမှလည်း မလုပ်ဖြစ်ဘူး။ ဒီကြားထဲ CB ကို "EJU အတန်းတွေရှိလား" EJU အတန်းတွေ ဖွင့်ခိုင်းတဲ့သူတွေလည်း ရောက်လာသေးတယ်။
(EJU နဲ့ပတ်သက်တဲ့ content တွေအတင်းများလို့ဖြစ်မယ်ထင်တယ်) 🤓
ငြိမ်နေတော့ စိတ်ပူပြီးလာမေးကြတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။

"ဘာကြောင့် page မှာ content တွေသိပ်မတင်ဖြစ်တော့တာလဲ" ဆိုတော့
Shizuki ဂျပန်ကိုထွက်မလာခင်ထဲက social active ကနည်းနည်း ငြီးငွေ့နေတာရော၊ ဂျပန်ရောက်ပြီး လူ့ဘောင်အဖွဲ့အစည်းအသစ်၊ လူအမျိုးမျိုး၊ စိတ်အထွေထွေတွေနဲ့ တွေ့လိုက်ရတော့ ကိုယ်ဟာကို "ဘယ်သူ" ဆိုတာကိုမေ့သွားတယ်။
(ပတ်ဝန်ကျင်နဲ့ လိုက်လျှောညီထွေဖြစ်အောင်နေရင်းနဲ့ပေါ့) 🥲

🥕 ဒီ‌တော့ ဒီကာလအပိုင်းအခြား အတော်အတွင်းမှာ
- Shizuki ကိုယ့်ဟာကိုနဲ့ စိတ်ခံစားချက်တွေကို ပြန်သုံးသပ်တယ်၊
- ကိုယ့်ရဲ့တစ်လတာ ဝင်ငွေ၊ ထွက်ငွေတွေကို ပြန်သုံးသပ်တယ်၊
- ခရီးအတိုလေးတွေသွားတယ်၊
- လူတွေအကြောင်းကို ဂရုတစိုက်လေ့လာဖြစ်တယ်၊
- ရှေ့ဆက် ကိုယ်ဘယ်လိုဆက်သွားမယ်၊ ဘာတွေလုပ်မယ် စသဖြင့် တွေးလိုက်၊ ထလုပ်လိုက်နဲ့ပေါ့။

နောက်ပိုင်း Content အသစ်တွေရော Activities အသစ်တွေကိုပါပြန်စဖြစ်‌ဖို့ ကြိုးစားသွားပါမယ်။ sharing လုပ်ပေးချင်တဲ့ content တွေကလည်း များနေတော့ ပြန်လည်စမ်းစစ်ရင်းနဲ့ ဖြည်းဖြည်းချင်လုပ်သွားချင်ပါတယ်။

ဒါကတော့ Shizuki ရဲ့ လက်ရှိ update status လေးတစ်ခုပါ။ 🤓🫶🏻

24/12/2025

Merry Christmas!🎄✨
Hope you have a great holiday!

Shizuki ကတော့ နှစ်မကုန်ခင်လေ အမြဲကြိုးစားနေတဲ့ ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်တဲ့အနေနဲ့ IPad Air M3 လေးနဲ့ ဆုချလိုက်ပါတယ်။ 🥰
(နှစ်စထဲက activity တွေ လုပ်လိုက်၊ စာမေးပွဲတွေအတွက် ကြိုးစားလိုက်နဲ့ ယောက်ယှက်ကို ခက်နေတာပဲ)

ဒါလေးက Shizuki နှစ်မကုန်ခင် အမြဲလုပ်ဖြစ်တဲ့နည်းလေးပါ။ နှစ်ကုန်ခါနီးပြီးဆို လူကပျင်းလာရော၊ လုပ်တော့လုပ်နေပေမယ့် နှစ်စကလောက် မတက်ကြွဘူးတော့ပေါ့။
ဒါကြောင့် နှစ်တစ်နှစ်ကုန်ခင်နီးတိုင်းမှာ ကိုယ်လုပ်ခဲ့တဲ့ အရာတွေကို ပြန်တွေးပြီး၊ ကိုယ်နိုင်တဲ့ ပမာဏလောက်နဲ့ ကိုယ်လုပ်ချင်တဲ့အရာ၊ ကိုယ့်အတွက် အသုံးဝင်မယ့် ပစ္စည်း၊ လိုချင်တာလေးတွေ၊ စားချင်တာလေးတွေနဲ့ ဆုချဖြစ်ပါတယ်။

ဒီလိုလုပ်ခြင်းအားဖြင့် Self awareness လည်းရ၊ နောက်နှစ်အတွက် motivation လည်းရတာမို့ အားလုံးလည်း လိုက်လုပ်ကြည်ဖို့ တိုက်တွန်းပါတယ်။
တန်းဖိုးအရမ်းကြီးစရာမလိုပါဘူး၊ အပေါ်မှာ ပြောထားသလို ကိုယ့်မှာရှိတဲ့ ပမာဏနဲ့ နိုင်တဲ့အရာလေးနဲ့ဘဲ စလုပ်ကြည့်ပါ။
shizuki လည်း Amazon Black Friday discount ရှိနေလို့ ဝယ်လိုက်တာပါ၊ ဒါတောင် အချိန်ပိုင်းလုပ်အားခ တစ်လစာ ကုန်သွားပါတယ်။ 🥲

တကယ်တော့ unboxing လေးလုပ်ရင်း voice over လေးနဲ့ တစ်နှစ်တာကြိုးစားခဲ့တဲ့ achievement အကြောင်းတွေပြောပြတဲ့ vlog လေးလုပ်ဖို့ စိတ်ကူးထားတာ၊ 🥲
Unboxing လုပ်တဲ့အချိန်မှာဘဲ ကိုယ်ပူတွေတက်လာတာကြောင့် videos က ကောင်းကောင်းမွန်မွန်ထွက်မလာပါဘူး။
အဲ့တာနဲ့ video အတိုလေးဘဲ editing လုပ်ပြီး၊ အဓိကပြောချင်တာ တွေကို စာနဲ့တွဲတင်လိုက်ပါတယ်။ 🤗

အခု video ကတော့ ကိုယ့်ရဲ့ editing skill ကိုပြန်စမ်းရင်း လုပ်ထားတာပါ။
နောက်နှစ်ထဲမှာ video content တွေလုပ်သွားနိုင်အောင် ကြိုးစားပါအုံးမယ်။✌🏼
✨

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Address

Yangon
1670041