Thuriya Academy

Thuriya Academy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thuriya Academy, Education, Room 402, 4th Floor, Hledan Centre, Kamayut Township, Yangon.

ဂျပန်နိုင်င့မှာ တက္ကသိုလ်တက်ချင်တာပဲဖြစ်ဖြစ်၊ collegeနဲ့ Language School သွားချင်တာပဲဖြစ်ဖြစ်Thuriya Japanese Education Centreအနေနဲ့ ကူညီပံ့ပိုးပေးလျက်ရှိပါတယ်။

Room 402, 4th floor, Hledan Centre, Kamayut Township, Yangon
+95 9 44293 6131

18/08/2026

🤩 ဂျပန်မှာ Business Majorကို လေ့လာချင်တဲ့သူတွေအတွက် မိတ်ဆက်ပေးချင်တဲ့ကျောင်းတစ်ကျောင်း

17/08/2026

🤩 E Track Programကို Full Scholarship ပေးတဲ့ Tokyo University of Foreign Studies (TUFS)

16/08/2026

Thuriyaက ဂျပန်စာ N5အတန်းကို သင်ကြားပေးမယ့် ဆရာမတွေနဲ့ မိတ်ဆက်ပေးပါရစေ❤️❤️❤️

🌞N5 Class(3Months)
Start date: Sep 5〜
Sat&Sun 9:00am-1:00pm
Hledan Centre 4th floor

16/08/2026

👩🏻‍💻 Computer Scienceဘာသာရပ်ကို E Trackနဲ့သင်ကြားပေးမဲ့ Ritsumeikan University

🇯🇵 ဂျပန်ဗီဇာလျှောက်ထားရာတွင် သိထားသင့်သောအချက်များ😇 ဂျပန်ဗီဇာလျှောက်ထားဖို့အတွက် လက်လှမ်းမီသိရှိရသလောက်အချက်အလက်တွေကို T...
15/08/2026

🇯🇵 ဂျပန်ဗီဇာလျှောက်ထားရာတွင် သိထားသင့်သောအချက်များ

😇 ဂျပန်ဗီဇာလျှောက်ထားဖို့အတွက် လက်လှမ်းမီသိရှိရသလောက်အချက်အလက်တွေကို THURIYA မှ ဖော်ပြလိုက်ပါတယ်။
1️⃣ https://visa.vfsglobal.com/mmr/my/jpn/login မှာ အကောင့်ပြုလုပ်ပါ။ လိုအပ်တဲ့ အချက်တွေဖြည့်ပြီးတဲ့အခါ ကိုယ့်အတွက်အဆင်ပြေမဲ့ရက်စွဲကို ရွေးချယ်ပြီး Appointment Booking ပြုလုပ်ပါ။

2️⃣ ဗီဇာစင်တာကိုလာတဲ့အခါ အောက်ပါစာရွက်စာတမ်းများကို ယူဆောင်လာပါ။
- ရက်ချိန်းအတည်ပြုသည့်အီးမေလ်းကိုပရင့်ထုတ်လာပါ။ 2D ဘားကုတ်စာရွက်
- ဗီဇာလျှောက်လွှာ (အချက်အလက်များအားစုံလင်စွာဖြည့်စွက်ပြီး မှင်ဖြင့် ရက်စွဲတပ်၊ လက်မှတ်ထိုးပါ။)
- ပတ်စပို့
- ၆လအတွင်းရိုက်ကူးထားသောဓါတ်ပုံ (45mm x 45mm or 45mm x 35mm)
- COE (Electronic COE Form လည်း လက်ခံသည်။)
- စာရွက်စာတမ်းအားလုံး A4နှင့်မိတ္တူကူးထားပါ။ စာရွက်စာတမ်းများကို မချုပ်ပဲ တစ်ရွက်ချင်းစီယူလာပါ။
- ဘောလ်ပင်အနက် သို့မဟုတ် အပြာ (မှားယွင်းဖြည့်စွက်ထားသည်ကို ပြင်ဆင်လိုပါက မှားသည့်နေရာအား နှစ်ချက်ခြစ်ပြီး ပြင်ပါ။)
- ဗီဇာကြေး (၂၀၂၆ခုနှစ် ဇူလိုင်လ၁ရက်နေ့မှ ပြောင်းလဲထားသော ဗီဇာကြေးကို ဒီနေရာမှာကြည့်ပါ။)
https://assets.ctfassets.net/xxg4p8gt3sg6/7lDWsOnzcoTkSCKZVnl7ib/c574a4c09eb1fb9d865db7f1b26154c2/New-Visa-Fee-Japan-Myanmar-latest.pdf

⏳ ကြာချိန်
ရုံးဖွင့်ရက် (၅)ရက်ခန့်ကြာမြင့်နိုင်ပါသည်။
အသေးစိတ်ဖတ်ရှုလိုပါက အောက်ပါလင့်တွင်ဖတ်ရှုနိုင်ပါသည်။
https://visa.vfsglobal.com/mmr/my/jpn/visa-type #အလုပ်လုပ်ခြင်းသို့မဟုတ်ရေရှည်နေထိုင်ခြင်းဗီဇာ(အရည်အချင်းအထောက်အထားပါဝင်သော)

🔽 ဗီဇာတင်ရန်လိုအပ်သည့်စာရွက်စာတမ်းများအကြောင်းကို ဂျပန်သံရုံး၏ဤစာမျက်နှာတွင်ဖတ်ရှုပါ။
https://www.mm.emb-japan.go.jp/files/100326395.pdf

📍 ဗီဇာတင်ရန်လိပ်စာ
ဂျပန်ဗီဇာလျှောက်ထားရေးစင်တာ
ကန်သာယာစင်တာ
အမှတ် ၁၁၊ ကန်ရိပ်သာလမ်းနှင့် ဦးအောင်မြတ်လမ်းထောင့်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ရန်ကုန်။
မြေပုံကြည့်ရန်
https://maps.app.goo.gl/7QftcGvw7LdqgRSq6

【JVAC လက်ခံကောင်တာ ဖွင့်ချိန်၊ လိပ်စာ၊ ဆက်သွယ်ရန်】
အလုပ်ချိန်- တနင်္လာနေ့မှ သောကြာနေ့ နံနက် ၀၈:၃၀ မှ ညနေ ၁၇:၃၀ နာရီ

လျှောက်လွှာလက်ခံခြင်း- တနင်္လာနေ့မှ သောကြာနေ့ နံနက် ၀၈:၃၀ မှ ညနေ ၁၂:၃၀ နာရီ၊ ညနေ ၁၃:၃၀ မှ ညနေ ၁၆:၀၀ နာရီ
ဗီဇာထုတ်ပေးခြင်း- တနင်္လာနေ့မှ သောကြာနေ့ နံနက် ၀၉:၀၀ မှ ညနေ ၁၇:၀၀ နာရီ
(စနေ၊ တနင်္ဂနွေ၊ အစိုးရရုံးပိတ်ရက်များနှင့် ဂျပန်သံရုံးပိတ်ရက်များတွင် စင်တာပိတ်ပါမည်)

🎯 သင့်ရဲ့  ဂျပန်မှာတက္ကသိုလ်တက်မဲ့ အိပ်မက်ကို အချိန်မရွေး၊ နေရာမရွေး လေ့လာနိုင်မည့် "EJU Video Class"🇯🇵💻 နဲ့အကောင်အထည်ဖေ...
14/08/2026

🎯 သင့်ရဲ့ ဂျပန်မှာတက္ကသိုလ်တက်မဲ့ အိပ်မက်ကို အချိန်မရွေး၊ နေရာမရွေး လေ့လာနိုင်မည့် "EJU Video Class"🇯🇵💻 နဲ့အကောင်အထည်ဖော်လိုက်ပါ။

🇯🇵 ဂျပန်နိုင်ငံမှာ ကောလိပ်၊ တက္ကသိုလ် တက်ဖို့အတွက် အဓိကကျတဲ့ EJU (Examination for Japanese University Admission) စာမေးပွဲကို ပြင်ဆင်ချင်ပေမဲ့ အလုပ်တွေ၊ ကျောင်းတွေကြောင့် အတန်းပုံမှန်တက်ဖို့ အခက်အခဲ ဖြစ်နေပါသလား။
အဝေးကနေပဲဖြစ်ဖြစ်၊ အချိန်မရွေးပဲဖြစ်ဖြစ် မိမိရဲ့ ကိုယ်ပိုင်လေ့လာချိန်အတိုင်း ထိရောက်စွာ ပြင်ဆင်နိုင်မယ့် Thuriya ရဲ့ EJU Video Class ရှိနေပြီမို့ စိတ်ပူစရာမလိုတော့ပါဘူး။ နောက်ပြီး JASSO ရဲ့ ပြောင်းထားတဲ့ EJU သင်ရိုးညွှန်းတမ်းနဲ့အညီ update လုပ်ပြီးသင်ကြားပို့ချနေတာဖြစ်လို့ EJU သင်ရိုးပြောင်းတာနဲ့ မညီမှာစိုးပြီး ပူပန်စရာမရှိပါဘူး။

🤔EJU အမှတ်ကောင်းရင် ဘာတွေရနိုင်သလဲ။။
✅EJU အမှတ်ကောင်းရင် ဂျပန်တက္ကသိုလ်/ကောလိပ်တွေကို လျှောက်တဲ့အခါ အားသာချက်ရှိပါတယ်။
✅EJU အမှတ်ကောင်းရင် JASSO Scholarship ကို ရရှိနိုင်ပါတယ်။
✅MEXT Scholarship (Embassy Recommendation) လျှောက်တဲ့အခါ အထက်တန်းကျောင်းရမှတ်တွေ သိပ်မကောင်းပေမဲ့ EJU အမှတ် ၆၀% ရှိရင်လည်း ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။

EJU Video Class ရဲ့ ထူးခြားချက်များ
⏰ အတန်းချိန်လိုက်လျောညီထွေလုပ်နိုင်ခြင်း
✅ အတန်းချိန် ပုံသေမရှိဘဲ မိမိအားလပ်တဲ့ ဘယ်အချိန်၊ ဘယ်နေရာမှာမဆို ဗီဒီယိုသင်ခန်းစာများကို စိတ်ကြိုက် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ခြင်း။
🔄 အကန့်အသတ်မရှိပြန်လည်ကြည့်ရှုနိုင်ခြင်း
✅ ခက်ခဲနက်နဲပြီး နားမလည်တဲ့ သင်ခန်းစာ အပိုင်းတွေကို မိမိသဘောပေါက် နားလည်သွားသည်အထိ အကြိမ်ကြိမ် ပြန်လည်ဖွင့်လှစ် လေ့လာနိုင်ခြင်း။ နားမလည်တဲ့အပိုင်း၊ မရှင်းလင်းတဲ့နေရာကို သင်ကြားရေးတယ်လီဂရမ်ကနေ တိုက်ရိုက်မေးမြန်းနိုင်ပြီး သက်ဆိုင်ရာဆရာ/ဆရာမက ပြန်လည်ရှင်းလင်းဖြေကြားပေးမှာ ဖြစ်ပါတယ်။
📖 သင်ရိုးကို JASSO ညွှန်ကြားချက်အတိုင်း Update လုပ်ထားခြင်း
✅ EJU သင်ရိုးတွေကို ၂၀၂၆ကနေစပြီး JASSO အသင်းကြီးက ပြောင်းလဲထားတဲ့အတိုင်း Thuriya မှာ သင်ရိုးကို Update လုပ်ပြီး သင်ကြားနေပါတယ်။ ဒါ့အပြင် ဂျပန်ဘာသာစကား (Reading, Listening) ဆိုင်ရာ ဝေါဟာရနှင့် သဒ္ဒါပိုင်းများအပြင် ဝိဇ္ဇာတွဲနှင့် သိပ္ပံတွဲ ဘာသာရပ်အားလုံး၏ Core Concepts (အခြေခံ သဘောတရားများ) ကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာ ပို့ချပေးထားပါတယ်။
👨‍🏫 သင်ကြားရေးအတွေ့အကြုံရှိဆရာဆရာမများနှင့် နားလည်လွယ်သောရှင်းလင်းသင်ကြားမှုများ
✅ EJU စာမေးပွဲပြင်ဆင်ရေးနဲ့ပတ်သက်ပြီး အတွေ့အကြုံရင့် ဆရာ/ဆရာမများက အချက်အလက်များကို ရိုးရှင်းလွယ်ကူပြီး မှတ်မိလွယ်အောင် ဗီဒီယိုထဲတွင် သေချာရှင်းလင်း သင်ကြားပေးထားပါတယ်။

👩🏻‍🏫 အပ်နှံနိုင်တဲ့ THURIYA ရဲ့ EJU Video Classesများ
🇯🇵 Japanese as a Foreign Language (JFL)တန်းက ဂျပန်စာN3နဲ့အထက် ရှိတဲ့သူတွေ တက်ရောက်နိုင်ပါတယ်။ EJU ကို ဂျပန်လိုဖြေဆိုမဲ့သူတွေတက်ရောက်နိုင်ပါတယ်။
🔬IT, Engineering အပါအဝင် သိပ္ပံဘာသာရပ်တွေကို တက်ရောက်မဲ့သူများ အတွက် Chemistry, Physicsနဲ့ Biology ဘာသာရပ်တွေကို အင်္ဂလိပ်ဖတ်စာအုပ်နဲ့သင်ကြားပေး နေပါပြီ။ ဒီအတန်းတွေမှာ သက်ဆိုင်ရာဘာသာရပ်တွေရဲ့ keywords တွေကို ဂျပန်-အင်္ဂလိပ်လို ဖလှယ်ထားတဲ့ စာရွက်စာတမ်းတွေကိုပါ ဝေမျှပေးထားတာကြောင့် ဂျပန်လိုဖြေဆိုမဲ့သူတွေလည်း တက်ရောက်ကြပါတယ်။
🧮နောက်ထပ်ဒီသိပ္ပံဘာသာရပ်တွေအတွက် မပါမဖြစ်တဲ့ Math2 တန်းကတော့ ၃တန်းရှိပါတယ်။ Math2 (Japanese Textbook)ကတော့ EJU ကို ဂျပန်လိုဖြေဆိုမဲ့သူများနဲ့ သင့်တော်ပါတယ်။ ဂျပန်ဖတ်စာအုပ်နဲ့သင်ပြီး မြန်မာလိုရှင်းပြတာဖြစ်ပါတယ်။ Math2 (English Textbook)တန်း ကတော့ EJU ကို အင်္ဂလိပ်လိုဖြေဆိုမဲ့သူများနဲ့သင့်တော်ပါတယ်။ အင်္ဂလိပ်ဖတ်စာအုပ်နဲ့သင်ပြီး မြန်မာလိုရှင်းပြတာဖြစ်ပါတယ်။ Math2 (Old Question)တန်းကတော့ မေးခွန်းဟောင်း၅စုံကို သင်ကြားပေးတဲ့အတန်းဖြစ်ပါတယ်။ EJU Math2 အင်္ဂလိပ်မေးခွန်းဟောင်းတွေကို သင်ကြား ပေးတာဖြစ်ပါတယ်။

🎭ဂျပန်တက္ကသိုလ်တွေမှာ ဝိဇ္ဇာဘာသာရပ်တွေဖြစ်တဲ့ Social Sciences or Liberal Arts တက်မဲ့ သူတွေအတွက် Math1တန်းက ၃တန်းရှိပါတယ်။
🧮 Math1 (Japanese Textbook) ကတော့ EJU ကို ဂျပန်လိုဖြေဆိုမဲ့သူများနဲ့ သင့်တော်ပါတယ်။ ဂျပန်ဖတ်စာအုပ်နဲ့သင်ပြီး မြန်မာ လိုရှင်းပြတာ ဖြစ်ပါတယ်။ Math1 (English Textbook)တန်း ကတော့ EJU ကို အင်္ဂလိပ်လို ဖြေဆိုမဲ့သူများနဲ့ သင့်တော်ပါတယ်။ အင်္ဂလိပ်ဖတ်စာအုပ်နဲ့သင်ပြီး မြန်မာလိုရှင်းပြတာဖြစ်ပါ တယ်။ Math1 (Old Question)တန်းကတော့ မေးခွန်းဟောင်း၅စုံကို သင်ကြားပေးတဲ့အတန်း ဖြစ်ပါတယ်။
🇯🇵🌏 ဂျပန်တက္ကသိုလ်တွေမှာ ဝိဇ္ဇာဘာသာရပ်ယူမဲ့သူတွေသင်ရတဲ့ Japan and the World ဘာသာရပ်ကတော့ ၂တန်းရှိပါတယ်။ Japan and the World (Japanese Textbook) ကတော့ EJUကို ဂျပန်လိုဖြေဆိုမဲ့သူများနဲ့ သင့်တော်ပါတယ်။ ဂျပန်ဖတ်စာအုပ်နဲ့သင်ပြီး မြန်မာလို ရှင်းပြတာ ဖြစ်ပါတယ်။ Japan and the World (English Textbook)ကတော့ EJUကို အင်္ဂလိပ်လိုဖြေဆိုမဲ့သူများနဲ့ သင့်တော်ပါတယ်။ အင်္ဂလိပ်ဖတ်စာအုပ်နဲ့သင်ပြီး မြန်မာလို ရှင်းပြ တာ ဖြစ်ပါတယ်။

🧧 သင်တန်းကြေး
✅ EJU VIDEO CLASSES တွေက တစ်ဘာသာကို ၂၇၅,၀၀၀ကျပ်ဖြစ်ပါတယ်။
သင်္ချာမေးခွန်းဟောင်းအတန်း Video Classတွေကတော့ ၁၆၅,၀၀၀ကျပ်ဖြစ်ပါတယ်။

🤙 သင်တန်းအပ်ဖို့အတွက် Messenger ကိုဖြစ်စေ TikTok အကောင့်ကိုဖြစ်စေ၊ ဖုန်းနံပါတ် ၀၉၄၄၂၉၃၆၁၃၁ ကို ဆက်လို့ပဲဖြစ်ဖြစ်အပ်နှံနိုင်ပါပြီ။

📍 ရုံးလိပ်စာ
Thuriya Japanese Education Centre
အမှတ်(၄၀၂)၊ ၄ထပ်၊ လှည်းတန်းစင်တာ၊ ရန်ကုန်မြို့။ ဖုန်း- 09 442 936 131

🌟 အချိန်မဆွဲပါနဲ့! ယခုပဲ Enroll လုပ်ပြီး သင့်ရဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံလိုက်ပါ။
💡 အချိန်မအားလို့ EJU ပြင်ဆင်မှုတွေ နောက်ကျကျန်ခဲ့တာမျိုး မဖြစ်စေဘဲ မိမိရဲ့ လေ့လာမှု အရှိန်ကို ကိုယ်တိုင် မြှင့်တင် လိုက်ပါ။

🤩စက်တင်ဘာ(၅)ရက်မှာဖွင့်လှစ်တော့မဲ့ Thuriya Japanese Education Centre ရဲ့ N5 In Person Class😇 ဂျပန်တက္ကသိုလ်၊ ကောလိပ်နဲ့ဘ...
13/08/2026

🤩စက်တင်ဘာ(၅)ရက်မှာဖွင့်လှစ်တော့မဲ့ Thuriya Japanese Education Centre ရဲ့ N5 In Person Class

😇 ဂျပန်တက္ကသိုလ်၊ ကောလိပ်နဲ့ဘာသာစကားသင်တန်းကျောင်းပေါင်း ၃၀ကျော်ကို ပရိုဂရမ်ပေါင်း ၄၀ကျော် နဲ့ပို့ဆောင်ပေးနေတဲ့ Thuriya ကနေ ဂျပန်မှာ ပညာသင်ကြားဖို့နဲ့ အလုပ်အကိုင်လုပ်ကိုဖို့ အနာဂါတ်အတွက် ကြိုတင်ပြင်ဆင်နေသူများအတွက် Basic Japanese N5 In Person Class လေးကို စတင်ပါတော့မယ်။

👩🏻‍🏫 ဒီသင်တန်းမှာတော့ မြန်မာပြည်မှာ နှစ်ပေါင်းများစွာဂျပန်စာသင်ကြားလာခဲ့တဲ့ ဂျပန်လူမျိုးဆရာမနဲ့အတူ ဂျပန်စာသင်ကြားရေးအတွေ့အကြုံများစွာရှိတဲ့ မြန်မာလူမျိုးဆရာမတို့ ပူးပေါင်းသင်ကြားပေးမှာ ဖြစ်ပါတယ်။

🤔 ဒီသင်တန်းကနေဘာတွေရနိုင်မလဲ။
✅ အခြေခံဂျပန်စာကို ခိုင်မာတဲ့အုတ်မြစ်တစ်ရပ်ဖြစ်စေပြီးတော့ နောက်ထပ်လေ့လာမဲ့ဂျပန်စာတွေအတွက် အထောက်အကူကောင်းဖြစ်စေခြင်း
✅ ဂျပန်အသံထွက်အမှန်နဲ့ လေယူလေသိမ်းအစစ်အမှန်ရရှိစေခြင်း
✅ ဂျပန်စာအခြေခံသဒ္ဒါတင်မကပဲ လက်တွေ့အရေးအသားပိုင်းကိုပါတိုးတက်စေခြင်း
✅ Hirgana, Katakanaနဲ့ Kanji တို့ကို စနစ်တကျနဲ့မှန်မှန်ကန်ကန်ရေးသားတတ်စေခြင်း
✅ Kanji ကို မမေ့ပဲအလွယ်တကူမှတ်မိအောင်မှတ်သားနည်း
✅ ဂျပန်စာလက်တွေ့ပြောဆိုနိုင်စွမ်းနဲ့ နားထောင်နိုင်စွမ်းကိုပါ တပြိုင်နက်တိုးတက်စေခြင်း
✅ ဂျပန်မှာ ပညာသင်ကြားမှုနဲ့ပတ်သက်ပြီး လမ်းညွှန်မှုပေးခြင်း စတာတွေကိုပါ ရရှိစေမှာဖြစ်ပါတယ်။

🤔 သင်တန်းပြီးတဲ့အခါဘာတွေရရှိနိုင်မလဲ။
✅ ဂျပန်စာကို အခြေခံသင်တန်းကနေပြီး သေသေချာချာစနစ်တကျနဲ့လေ့လာတတ်မြောက်သွားရင် ဂျပန်မှာ ဘာသာစကားသင်တန်းကျောင်းလျှောက်တာ
✅ ဘိုးဘွားစောင့်ရှောက်ရေးပညာသင်ဆု
✅ သတင်းစာပညာသင်ဆု
✅ MEXT Scholarship
✅ တက္ကသိုလ်၊ ကောလိပ်လျှောက်တဲ့အခါမှာလည်း ဂျပန်စာကို ကျွမ်းကျင်စွာတတ်မြောက်ထားမှုက အားသားချက်တစ်ရပ်အနေနဲ့ဖြစ်နေရုံတင်မကပဲ ဂျပန်မှာ အလုပ်ဗီဇာနဲ့ လုပ်ငန်းခွင်ဝင်တဲ့အခါဖြစ်ဖြစ်၊ ဂျပန်လူမျိုးတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါမှာဖြစ်ဖြစ် အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

🧧သင်တန်းကြေး
🏆 တက္ကသိုလ်ဝင်တန်းအမှတ်(၄၀၀)နဲ့အထက်ရရှိသူများအတွက် သင်တန်းအခမဲ့တက်ရောက်ခွင့် (ပညာသင်ဆု)ရှိပါတယ်။
🤩 ဩဂုတ်လ (၂၆)ရက်နေ့မတိုင်ခင်အပ်ရင်တော့ ၃သိန်းခွဲ(၃၅၀,၀၀၀)ကျပ်ဖြစ်ပါတယ်။
🤩 သူငယ်ချင်းနဲ့အတူတူအပ်နှံရင်တော့ တစ်ဦးကို ၃သိန်း၃သောင်း(၃၃၀,၀၀၀)ကျပ်ဖြစ်ပါတယ်။
🧧 ပုံမှန်သင်တန်းကြေးကတော့ ၄သိန်း(၄၀၀,၀၀၀)ကျပ်ဖြစ်ပါတယ်။
⏳ သင်တန်းကာလက (၃)လဖြစ်ပါတယ်။

သင်ကြားမဲ့ရက်နဲ့အချိန်ကတော့
📆 စက်တင်ဘာ(၅)ရက်ကစလို့ အပတ်စဉ် စနေ၊ တနင်္ဂနွေ
⏰ မနက်၉နာရီမှ နေ့လည် ၁နာရီထိ ဖြစ်ပါတယ်။

တက်ရောက်လိုသူများအနေနဲ့ မက်ဆင်ဂျာကဖြစ်ဖြစ်၊ TikTokကပဲဖြစ်ဖြစ်၊
ဖုန်းနံပတ် 09 442936131ကို ဆက်သွယ်လိုပဲဖြစ်ဖြစ်အပ်နှံနိုင်ပါပြီ။

12/08/2026

🇯🇵ဂျပန်မှာ Language School တက်ရင် ဘယ်လောက်ကုန်မလဲ?

😇 通信制大学  Online Seminar အတွက် ကျေးဇူးတင်ရှိခြင်း🤩 ဩဂုတ်လ(၉)ရက်နေ့မှာ ကျင်းပခဲ့တဲ့  通信制大学  Online Seminar   မှာ စိတ်ဝင်တစ...
11/08/2026

😇 通信制大学 Online Seminar အတွက် ကျေးဇူးတင်ရှိခြင်း

🤩 ဩဂုတ်လ(၉)ရက်နေ့မှာ ကျင်းပခဲ့တဲ့ 通信制大学 Online Seminar မှာ စိတ်ဝင်တစားတက်ရောက်ကြတဲ့ မြန်မာကျောင်းသူ/သားတွေကို Thuriya Japanese Education Centre မှ အထူးပဲကျေးဇူးတင်ရှိပါတယ်။

✅ 通信制大学 ကို အလုပ်လုပ်ရင်းနဲ့တက်ရောက်နိုင်ခြင်း
✅ COE Reject ထိသူများလည်းတက်ရောက်နိုင်ခြင်း
✅ Double Degree ရချင်တဲ့သူတွေ
✅ အနာဂါတ်မှာ Work Visa နဲ့ ဂျပန်မှာအလုပ်လုပ်နိုင်ခြင်း စတဲ့အကျိုးတွေများပါတယ်။

🎯 သင်ယူနိုင်တဲ့ဘာသာရပ်တွေကလည်းများပါတယ်။ ဒီဆယ်မီနာကို မတက်ရောက်လိုက်ရတဲ့သူတွေအနေနဲ့ Messengerကနေ archive video ကိုတောင်းခံနိုင်ပါတယ်။

😇 通信制大学ကို လျှောက်ထားချင်သူများအနေနဲ့ Thuriya ကို messenger ဒါမှမဟုတ် Tiktok ကနေ ဆက်သွယ်ပြီး ကျောင်းလျှောက်ထားဖို့တိုင်ပင်နိုင်ပါတယ်။

🏆50% Scholarship ပေးတဲ့ Chougoku Gakuen University (CGU) Online Seminar အတွက် ကျေးဇူးတင်ရှိခြင်း😇🤩 ဩဂုတ်လ(၈)ရက်နေ့မှာ ကျ...
10/08/2026

🏆50% Scholarship ပေးတဲ့ Chougoku Gakuen University (CGU) Online Seminar အတွက် ကျေးဇူးတင်ရှိခြင်း😇

🤩 ဩဂုတ်လ(၈)ရက်နေ့မှာ ကျင်းပခဲ့တဲ့ CGU Online Seminar မှာ စိတ်ဝင်တစားတက်ရောက်ကြတဲ့ မြန်မာကျောင်းသူ/သားတွေကို Thuriya Japanese Education Centre မှ အထူးပဲကျေးဇူးတင်ရှိပါတယ်။

🏤 CGUကို အိုကယာမမြို့မှာ ဖွင့်လှစ်ထားပြီး မြန်မာကျောင်းသူကျောင်းသားတွေလည်း တက်ရောက်နေကြပါတယ်။ ပြီးခဲ့တဲ့နှစ်က CGU ကျောင်းဝင်ခွင့်အတွက် Thuriya နဲ့ ကျောင်းလျှောက်ထားခဲ့သူတိုင်း ကျောင်းက ပေးအပ်တဲ့ ၅၀% Scholarship ကို ရရှိခဲ့ကြပါတယ်။ တချို့ကျောင်းသူ/သားတွေ ဆိုရင် ကျောင်းကပေးအပ်တဲ့ပညာသင်ဆုတင်မကပဲ အခြားပညာသင်ဆုကိုပါ ထပ်ရကြတာကိုပါ တွေ့ရတော့ ဝမ်းသာပြီးမုဒိတာပွားပါတယ်။

📚CGUကနေ Global Liberal Arts, Child Studies နဲ့ Human Nutrition တို့ကို Undergraduate Program မှာ သင်ကြားနိုင်ပါတယ်။ Semester တစ်ခုကို ၃၄၇,၅၀၀ယန်းကျတာကြောင့် တစ်နှစ်လုံးစာဆိုရင် (Semester နှစ်ခုပေါင်း) ၆၉၅,၀၀၀ယန်းကျပါတယ်။

📖Junior College မှာလည်း Integrated Life Studies, Childcare နဲ့ IT Businessတို့ကို သင်ကြားနိုင်ပါတယ်။ ပညာသင်နှစ်ဝက်(Semesterတစ်ခု)ကို ၁၉၆,၅၀၀ယန်းကျတာကြောင့် ပညာသင်နှစ်တစ်နှစ်လုံးဆိုရင် ၃၉၃,၀၀၀ယန်း ကျပါတယ်။

🏆 ၅၀%ပညာသင်ဆုရရင်တော့ ကျောင်းလခထက်ဝက်လောက်သက်သာသွားပါတယ်။

😇 CGU Online Seminar မတက်ရောက်လိုက်ရတဲ့သူများလည်း archive videoကို messenger ကနေတောင်းခံနိုင်ပါတယ်။

🤩 2026 October Intake အတွက်လည်းခေါ်နေပါပြီ။
နောက်ဆုံးတင်ရမဲ့ရက်က
📆 September 9 (WED)ဖြစ်ပါတယ်။

🌞 ဒါကြောင့် October Intake အတွက် CGU ကို လျှောက်ထားချင်သူများအနေနဲ့ Thuriya ကို ကျောင်းလျှောက်လွှာလက်ခံကာလအမှီ messenger ဒါမှမဟုတ် Tiktok ကနေ မြန် မြန်လေးဆက်သွယ်လိုက်နော်။

#50%scholarship

Address

Room 402, 4th Floor, Hledan Centre, Kamayut Township
Yangon
11041

Opening Hours

Monday 09:00 - 12:00
13:00 - 16:00
Tuesday 09:00 - 12:00
13:00 - 16:00
Wednesday 09:00 - 12:00
13:00 - 16:00
Thursday 09:00 - 12:00
13:00 - 16:00
Sunday 09:00 - 12:00
13:00 - 16:00

Telephone

+959442936131

Alerts

Be the first to know and let us send you an email when Thuriya Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share