Smart Nanny Preschool

Smart Nanny Preschool Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Smart Nanny Preschool, School, အမှတ် ၁၂၁၊ ဗိုလ်ချူပ်လမ်း၊ ရွှေပြည်သာ မြို့နယ်၊ ရန်ကုန်။, Yangon.

👨‍👩‍👦 သားသား၊ မီးမီး တို့အတွက် Digital Flash Card 🎴မိမိတို့ရဲ့ ချစ်လှစွာသော ရင်သွေးလေးကို အင်္ဂလိပ်စာ အခြေခံ ဝေါဟာရလေးမျ...
03/07/2023

👨‍👩‍👦 သားသား၊ မီးမီး တို့အတွက် Digital Flash Card 🎴

မိမိတို့ရဲ့ ချစ်လှစွာသော ရင်သွေးလေးကို အင်္ဂလိပ်စာ အခြေခံ ဝေါဟာရလေးများ သင်ကြားပေးလိုသော

ဖေဖေ၊ မေမေတို့အတွက်

ဉာဏ်ကောင်းတဲ့ ဘေဘီလေးဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ?ကလေးရဲ့မွေးစကနေအသက် ၅နှစ်ထိ အစောပိုင်းကာလတွေကကလေးရဲ့ပညာရေးမှာထူးချွန်မှု၊...
21/06/2023

ဉာဏ်ကောင်းတဲ့ ဘေဘီလေးဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ?

ကလေးရဲ့မွေးစကနေအသက် ၅နှစ်ထိ အစောပိုင်းကာလတွေကကလေးရဲ့ပညာရေးမှာထူးချွန်မှု၊ ဉာဏ်ရေးဉာဏ်သွေတိုးတက်မှု၊ စဉ်းစားတွေးခေါ်နိုင်စွမ်းကောင်းမှု စတဲ့အရာတွေကိုပျိုးထောင်ပေးဖို့ အရေးကြီးတဲ့အချိန်ဖြစ်ပါတယ်။ ကလေးရဲ့စိတ်ပိုင်းဆိုင်ရာကိုလှုံ့ဆော်ပေးတာမျိုးလုပ်ပေးခြင်းကကလေးရဲ့ဉာဏ်ရည်ဉာဏ်သွေးကိုထက်မြက်လာအောင် လုပ်ယူနိုင်ပါတယ်။ အဲဒါကြောင့် သင့်ကလေးရဲ့ဉာဏ်ရည်ကိုဘယ်လိုမြင့်တင်ပေးနိုင်မလဲဆိုတဲ့အချက်လေးတွေဖော်ပြပေးလိုက်ပါတယ်။

၁) ကလေးနဲ့စကားပြောပေးပါ။
ကလေးရဲ့ဉာဏ်ကောင်းခြင်းအတွက် ဆက်ဆံရေးကအဓိကကျတဲ့စွမ်းရည်ဖြစ်ပါတယ်။ သင့်ကလေးနဲ့သင့်ကြားယုံကြည်မှု၊ တန်ဖိုးထားမှုစတာတွေကိုပိုပြီးဖြစ်ပေါ်စေပါတယ်။ ကလေးရဲ့ပြောဆိုဆက်ဆံရေးကိုတိုးတက်လာအောင် သင်ကြားပေးခြင်းကကလေးနဲ့စကားများများပြောပေးဖို့ပါပဲ။ “သားဘာတွေလုပ်နေတာလဲ” “ဒီနေ့အဆင်ပြေရဲ့လား” “သားကဘာလိုချင်လို့လဲ” စသဖြင့် ကလေးကိုအဖက်လုပ်စကားပြောပေးပါ။ အဲဒီလိုစကားများများပြောပေးတဲ့အခါ ကလေးကလည်းစကားပြန်ပြောဖို့ ကြိုးစားပါလိမ့်မယ်။ ဘာသာစကားစွမ်းရည်ကကလေးရဲ့ဉာဏ်ကောင်းခြင်းနဲ့ ဆက်စပ်နေပါတယ်။ အဲဒါကြောင့် သင့်ကလေးကိုစကားများများပြောပေးသင့်ပါတယ်။

၂) ကလေးကိုချစ်ခင်မှုပြသပါ။
ကလေးက “ဖေဖေမေမေက ငါ့ကိုအချစ်ဆုံး” ဆိုတဲ့စိတ်ကလေးကကလေးကိုလုံခြုံမှုဖြစ်စေပါတယ်။ အဲဒါကြောင့် ဘဝမှာကြုံရတဲ့စိန်ခေါ်မှုတွေကိုလည်း ပိုပြီးခံနိုင်ရည်ရှိစေပါတယ်။ ကလေးကိုမှန်ကန်တဲ့နည်းလမ်းနဲ့ စိတ်လုံခြုံမှုခံစားရ့ပါစေ။ အိမ်မှာ ပျော်စရာကောင်းတဲ့ပတ်ဝန်းကျင်ကို ဖန်တီးပေးပါ။ အရေပြားခြင်းထိတွေ့မှုကကလေးနဲ့သင့်ကိုပိုပြီးရင်းနှီးစေပါတယ်။

၃) အသက်အရွယ်အလိုသင့်လျှော်တဲ့အရုပ်လေးတွေနဲ့ လှုံ့ဆော်ပေးပါ။
မွေးစကတည်းကနေအသက်အရွယ်အလိုက် ကလေးရဲ့ဦးနှောက်ကိုလှုံ့ဆော်ပေးတဲ့ကစားစရာလေးတွေရှိပါတယ်။ အားလုံးကိုလိုက်ဝယ်စရာမလိုဘဲ ကလေးရဲ့အသက်အရွယ်အလိုလှုံ့ဆော်ပေးနိုင်တဲ့ ကိုယ်နဲ့လည်းအဆင်ပြေလောက်တဲ့အရုပ်မျိုးကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ အသက်အရွယ်အလိုက်အမှန်ကန်တဲ့အရုပ်ရွေးချယ်ခြင်းကသာကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှု၊ လက်ချောင်းလေးတွေသန်စွမ်းမှု၊ ဉာဏ်ရည်တိုးတက်မှု အတွက်အကျိုးရှိတာဖြစ်ပါတယ်။ ကစားစရာလည်းဖြစ်ပြီးeducational toolsလည်း ဖြစ်ပါတယ်။

၄) သင့်ကလေးနဲ့အတူဆော့ကစားပေးပါ။
သင့်ကလေးကိုဘေးကနေအတူဆော့ကစားပေးခြင်းကသူ့အတွက် အခွင့်အရေးအသစ်တွေရစေပြီးနားလည်လွယ်စေပါတယ်။ ပုံမုန်လိုသင့်ကလေးကိုအချိန်လေးသတ်မှတ်ပေးပြီးဆော့ကစားပေးသင့်ပါတယ်။ သူနားလည်လောက်မယ့်စကားမျိုးနဲ့ ကလေးကိုကလေးလိုမျိုးအတူဆော့ကစားပေးပါ။ ဥပမာ ။ သူက ပါဝါရိန်းဂါးအနီကောင်ဆို ကိုယ်က ပါဝါရိန်းဂျားပန်းရောင်ပါဆိုတာမျိုးပေါ့။ ကစားနည်းအသစ်အဆန်းတွေ တဖြေးဖြေးချင်းအတူသတ်မှတ်ကြတာ၊ အတူအသစ်ထွင်ကြတာမျိုးကလည်းကလေးရဲ့ဦးနှောက်ကိုလှုံ့ဆော်ပေးနိုင်ပါတယ်။ ကလေးနဲ့အတူပြိုင်ပွဲလုပ်တာမျိုး၊ ကလေးကိုပုံမုန်ကစားနည်းနဲ့ခွဲထွက်ပြီးကစားဖို့ စဉ်းစားခိုင်းတာမျိုးပေါ့။

၅) ပုံပြင်တွေ စာအုပ်တွေအတူဖတ်ပြပေးပါ။
သင့်ကလေးရဲ့စိတ်ကူးပုံဖော်နိုင်စွမ်းကိုလှုံ့ဆော်ပေးနိုင်တဲ့အကောင်းဆုံးနည်းလမ်းကစာဖတ်ခြင်းပါပဲ။ သင့်ကလေးနဲ့အတူပုံပြင်ပြောပြတာ၊ စာဖတ်တာမျိုးနေ့တိုင်းလုပ်သင့်ပါတယ်။ စာအုပ်ဖတ်မယ်ဆိုရင်တော့ အရောင်တောက်ပတဲ့စာအုပ်မျိုးကိုပိုပြီးရွေးချယ်သင့်ပါတယ်။ ရိုးရှင်းပြီးကလေးနားလည်လွယ်တဲ့စာအုပ်မျိုးဖြစ်မှ ကလေးက စိတ်ဝင်စားမှာဖြစ်ပါတယ်။ သင့်ကလေးကရုပ်ပုံလေးတွေ၊ စာလုံးလေးတွေ၊ စကားလုံးအသစ်တွေနဲ့ရင်းနှီးသွားတဲ့အခါ အရွယ်ရောက်ချိန်မှာတစ်ယောက်ထဲလည်းစာဖတ်ဖို့ အားသန်လာပါလိမ့်မ
ယ်။

၆) ပတ်ဝန်းကျင်ကအရာတွေနဲ့ကလေးကိုထိတွေ့ခွင့်ပေးပါ။
ကလေးမသိသေးတဲ့ ပတ်ဝန်းကျင်အသစ်နဲ့ ကလေးကို ထိတွေ့ခွင့်ပေးပါ။ ကလေးကိုပတ်ဝန်းကျင်ကအရာတွေကို သင်ပြပေးပါ၊ ရှင်းပြပေးပါ။ ကလေးနဲ့အတူဈေးသွားဝယ်ရင် းလမ်းတလျှောက်မှာ မြင်သမျှကို ကလေးကိုပြောပြသွားတာမျိုးပေါ့။

၇) ကိန်းကဂဏန်းတွေနဲ့ နံပါတ်တွေကို စောစီးစွာသင်ပြပေးပါ။
ကလေးရဲ့ကျောင်းတက်မယ့်အရွယ်ထိ မစောင့်ဘဲ ကိန်းဂဏန်းလေးတွေနဲ့ နံပါတ်လေးတွေကို ကလေးစကားပြောတတ်စ ၂နှစ်လောက်ကတည်းက စတင်သင်ပေးပါ။ အိမ်မှာ ကလေးရဲ့ကစားစရာတွေကို ရေတွက်ပြတာမျိုး၊ ဂဏန်းတွေကို မှတ်မိအောင် သင်ပေးတာမျိုးလုပ်ပေးပါ။ ကိန်းဂဏန်းတွေစတင်သင်ကြားရတဲ့ကလေးက ပိုပြီး မှတ်ဉာဏ်အားကောင်းစေပါတယ်။ ကျောင်းစာသင်သလို နေ့မနားညမနားသင်ခိုင်းတာမဟုတ်ပါဘူးနော်။ ဆော့ကစားရင် တလုံးရရ နှစ်လုံးရရ ကလေးကို ပြောသွားမှတ်သွားခိုင်းတာမျိုးပါ။

၈) အခြားသောကလေးတွေနဲ့ ဆက်ဆံခွင့် ဆော့ကစားခွင့်ပေးပါ။
လူမှုဆက်ဆံရေးက ကလေးကို အတွေ့အကြုံအသစ်တွေရစေပါတယ်။ စိန်ခေါ်မှုတွေကြောင့် ကလေးက သူ့ကိုယ်သူ အရွယ်ရောက်လာစေတယ်လို့ ခံစားလာရစေပါတယ်။ သူ့ရဲ့အသက်အရွယ်အလိုက် အခြားသော ကလေးတွေနဲ့အတူဆော့ကစားခွင့်ကိုပေးသင့်ပါတယ်။ ပန်းခြံထဲဆော့ကစားတာ၊ ကစားကွင်းသွားတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ ကလေးရဲ့ တုံ့ပြန်မှုကို မိဘက သတိထားစောင့်ကြည့်ပေးနိုင်ပါတယ်။ ကလေးမှားနေတာတွေရှိရင် ကလေးကို နူးညံ့စွာပြန်လည်ပြုပြင်ပေးသင့်ပါတယ်။ သူငယ်ချင်းကောင်းဆိုတာဘယ်လို၊ လူကောင်းဆိုတာဘယ်လိုကလေးကို သွန်သင်ပေးနိုင်ပါတယ်။ အဲဒါမှ အခြားသူတွေရဲ့တုံ့ပြန်မှုအပေါ်မှာ သင်ခန်းစာယူနိုင်ပါတယ်။ တဖက်ကလေးက မကောင်းတဲ့အပြုအမူမျိုးတုံ့ပြန်လာခဲ့ရင် ကလေးက ဘယ်လိုမျိုး တုံ့ပြန်သလဲဆိုတာမျိုးစဉ်းစားမိစေတာက ကလေးအတွက် အရွယ်ရောက်လာတဲ့အခါ ပိုပြီးအခြားသူတွေထက် ဉာဏ်ကောင်းစေပါတယ်။

၉) ကလေးရဲ့စူးစမ်းချင်စိတ်ကို အားပေးပါ။
ကလေးရဲ့သဘာဝကိုက စူးစမ်းချင်စိတ် ရှိပါတယ်။ ထိုသိချင်စိတ်၊ စူးစမ်းချင်စိတ်ကို လှုံ့ဆော်ပေးပါ။ ကလေးကသိချင်လို့မေးမြန်းတာမျိုးကို မိဘက စိတ်ရှည်စွာနဲ့ ကလေးနားလည်အောင် ဖြေပေးပါ။ အဲဒါမှ ကလေးကလည်း ဆက်ပြီး သူသိချင်တာတွေကို မိဘကို မေးမှာဖြစ်ပါတယ်။ အဲလိုမဟုတ်ရင်တော့ ကလေးကို စိတ်ရှည်စွာအဖြေမပေးဘဲ အော်ငေါက် ဟန့်တားလိုက်ခြင်းက ကလေးကို နောက်ထပ်သိချင်စိတ်တွေကို သတ်ပစ်လိုက်သလိုဖြစ်စေပါတယ်။ ကလေးက အသစ်အဆန်းတွေလုပ်နေတဲ့အခါမျိုး၊ သူ့အသိစိတ်လေးနဲ့ အသစ်တွေဖန်တီးနေတဲ့အခါမျိုးမှာ ကလေးကို အားပေးပါ။ ချီးကျူးပေးပါ။

၁၀) နည်းပညာဆိုင်ရာပစ္စည်းတွေနဲ့ ထိတွေ့ချိန်ကို နည်းနိုင်သမျှနည်းပါစေ။
ကလေးငယ်လေးတွေကို နည်းပညာဆိုင်ရာပစ္စည်းတွေနဲ့ ထိတွေ့စေခြင်းက ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ကလေးအတွက် ပေးသင့်တဲ့အချိန်ပမာဏလောက်သာ ကြည့်ခွင့်ပေးသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားခြင်း၊ ပြေးလွှားဆော့ကစားခြင်းမျိုးကသာ ကလေးကို ကြီးထွားသန်မာစေတာဖြစ်ပြီး နည်းပညာပစ္စည်းတွေနဲ့အချိန်ကုန်ခြင်းက ကလေးကို မကျန်းမာစေပါဘူး။ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုပြဿနာ၊ အမြင်အာရုံပြဿနာမျိုးဖြစ်စေပါတယ်။

Bawa101
photo - theAsianParents

Address

အမှတ် ၁၂၁၊ ဗိုလ်ချူပ်လမ်း၊ ရွှေပြည်သာ မြို့နယ်၊ ရန်ကုန်။
Yangon
11411

Alerts

Be the first to know and let us send you an email when Smart Nanny Preschool posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Smart Nanny Preschool:

Shortcuts

Share