English with Ko Shwe

English with Ko Shwe

Share

Language is The Key to open the door of World! Learning a new language makes you young and active!

27/01/2023

အင်္ဂလိပ်စာမှာ တစ်ခုထက်ပိုတဲ့အများကိန်းတွေဆိုရင် "s" , "es" နဲ့ "ies" တွေထည့်ပေါင်းလေ့ရှိကြပါတယ်

ဒါပေမဲ့ တချို့သောစကားလုံးတွေမှာတော့ ခြွင်းချက်အနေနဲ့အဲဒီလိုမျိုးထည့်မသုံးပါဘူး
အနည်းရော အများရော စကားလုံးအတူတူပဲသုံးပါတယ်
အဲဒီထဲမှာ သိသမျှ အနည်းငယ်ကိုဖော်ပြပေးလိုက်ပါတယ်နော်

Homeworks❎ Homework✅
Moneys❎ Money✅
Furnitures❎ Furniture✅
Advices❎ Advice✅
Equipments❎ Equipment✅
Feedbacks❎ Feedback✅

22/01/2023

Without ( မ ----- ဘဲ)

Without + ving, noun

1. Without you, I am nobody.
မင်းမရှိရင် ငါက ဘာမှမဟုတ်တဲ့ကောင်ပါ

2. Without studying hard, he wants to win medal.
သူကမကြိုးစားဘဲ ဆုလိုချင်နေတယ်

3. Without your help, I think I cannot do it.
မင်းအကူညီမပါရင် ဒါကို ငါ လုပ်နိုင်လိမ်မယ်မထင်ဘူး

4. Without music, I would fell boring.
ဂီတသာမရှိရင် ငါကပျင်းနေမှာ

*** သူနဲ့ ဆန်ကျင် ဘက်ကို သုံးချင် ပြောချင်ရင်
With ( နှင့်အတူ )ကို ပြောလို့ သုံးလို့ရပါတယ်

1. The girl with red shirt is my one-sided love.
အနီရာင် အင်္ကျိနဲ့ကောင်မလေးက ငါ့တစ်ဖက်သတ်အချစ်ကလေးပေါ့

2. She lives with her friends at hostel and work at a company.
သူမက သူ့ငယ်ချင်းတွေနဲ့အတူ အဆောင်မှာနေတယ် ပီးတော့ ကုမ္မဏီတစ်ခုမှာ အလုပ်လုပ်နေတယ်

3. With you, I am able to clim the higest mountains and pass the sea of fire.
မင်းနဲ့အတူဆို အမြင့်ဆုံးတောင်ကို တက်ပီး မီးပင်လယ်ကိုဖြတ်နိုင်တယ်

15/01/2023

Parallel structure အကြောင်း လေ့လာကြည့်ရအောင်

parallel ဆိုတာက အပြိုင် ( ပြိုင်မျဉ်း) ဆိုတော့ တစ်စုံတစ်ခု အပြိုင် ဖြစ်တာကိုပြောတာပေါ့

ဥပမာ
၁။ ပိုရလေ ပိုလိုချင်လေ
၂။ ပိုကြိုးစားရင် ပိုအောင်မြင်လေ
၃။ ပိုလေ့လာလေ ပိုမှတ်မိလေ
၎။ ပိုစားလေ ပိုဝလေ

စသဖြင့် မြန်မာလိုပြောကြပါတယ်

English ဘာသာစကားမှာလည်း အများကြီးပြောကြပါတယ်

pattern

The D2 + S + V, the D2 + S + V
( D2 က comparative degree ကိုပြောတာပါ )

1. The more you get, the more you want
ပိုရတော့ ပိုလိုချင်တယ်

2. The more you study, the more things you memorise
ပိုလေ့လာတော့ ပိုမှတ်မိတယ်

3. The more she loves, the more she suffers
သူမကပိုချစ်တော့ ပိုခံစားရတယ်

4.The wealthier Hnin Hnin becomes, the greedier she becomes
နှင်းနှင်းက ပိုချမ်းသာတော့ ပိုလောဘကြီးလာတယ်

5. The more he eats, the fatter he becomes
သူက ပိုစားတော့ ပိုဝလာတယ်

ဝါကျလေးတွေ ကိုယ်တိုင် တည်ဆောက်ပီး ရေးကြည့်လို့ရပါတယ်

comment box စိတ်ဝင်စားရင် ရေးလို့ရပါတယ်ဗျ 😘😍😍

09/01/2023

ဒီနေ့တော့ အခြေခံကျတဲ့ Subject (ပြုလုပ်သူ)အကြောင်း လေ့လာကြရအောင်

📌 Subject(Sub)ဆိုတာ "A person or thing that does something"
တစ်စုံတစ်ခုကိုပြုလုပ်လိုက်တဲ့ လူ ဒါမှမဟုတ် အရာတစ်ခုခုကို Subလို့ခေါ်ပါတယ်
ဥပမာအနေနဲ့ I drink coffee. ဆိုတဲ့စာကြောင်းမှာ " I " က Sub ပါ
များသောအားဖြင့် စာကြောင်းတစ်ကြောင်း‌ရဲ့အရှေ့ဆုံးမှာ Sub ကိုတွေ့ရတတ်ပါတယ်

ဒါဆို ဥပမာစာကြောင်းလေးတစ်ကြောင်းလောက် Comment မှာရေးပြီး ဘယ်ဟာကSubဖြစ်ကြောင်းရေးခဲ့ပါနော်

08/01/2023

အသုံးလည်းများ၊ လွယ်လည်းလွယ်ကူတဲ့ positive degree အသုံး လေးလေ့လာကြည့်ရအောင်ပါနော်

သူ့ pattern က
as + adjective +as

ုဂုဏ်ရည်တူတာ နှစ်ခုကို နှိုင်းယှည် ပြောချင်တဲ့အခါ သုံးပါတယ်

ဥပမာ - ကိုဇင်က ရုပ်ချောတယ် ။ ကိုဝေလည်း ရုပ်ချောတယ်။

ကိုဇင်ရော ကိုဝေရော ရုပ်ချောတာချင်း ဂုဏ်ရည်တူတဲ့အတွက် သူတို့နှစ်ယောက်ကို ဒီလိုမျိုး English sentence လေး ရေးလို့ရပါတယ်

1. Ko Zin is as handsome as Ko Wai.
(ကိုဇင်က ကိုဝေလောက် ရုပ်ချောတယ်)

အလားတူ sentence တွေ ကွကိုယ် ဖန်တီးရေးကြည်လိုက်ပါ

1. Sunrise is as beautiful as sunset.
နေထွတ်တာက နေဝင်တာလောက်ကြည့်ကောင်းပါတယ်

2. Hin Hins is as slim as Wai Wai.
နှင်းနှင်းက ဝေဝေလောက် ပိန်တယ်

3. This sugar is as sweet as honey.
ဒီသကြားက ပျားရည်လောက်ချိုတယ်

4. Mg Mg is as clever as Thazin.
မောင်မောင်က သဇင်လောက်လိမ္မာတယ်

5. Actually, tiger is as stong as lion.
တကယ်တော့ ကျားက ခြင်္သေ့ လောက်သန်မာပါတယ်

အလားတူ ဝါကျလေးတွေကို ကိုယ့်ကကို ဖန်တီးရေးကြည့်လိုက်ပါ
speaking မှာရော writing မှာပါ အသုံးများပါတယ်

page comment မှာ လည်း စမ်းရေးကြည့်လို့ရပါတယ်ဗျ😍😍😍

04/01/2023

Hi! Everyone❗️
💢 Our New Class is Coming up soon. 📍📍📍
We will start our in-person class on 7 Jan 2023 at (1:00 PM).♦️
I am looking forward to seeing you at the class.💯

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

W595+PRX ဓမ္မရက္ခိတ စာသင်တိုက်
Yangon
11301