မြန်မာဂန္ထဝင်စာပေ

မြန်မာဂန္ထဝင်စာပေ

Share

မြန်မာစာနှင့် မြန်မာစကားကို ချစ်ခင်မြတ်နိုးသူများအတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ပါသည်။

13/06/2026

တောလမ်းကဗျာ (မောင်လင်းကြည်)
ရွာကိုလွမ်းလို့ 😔
#ရှေးဟောင်းမြန်မာစာပေ
#မြန်မာစာ #ကဗျာ #မောင်လင်းကြည်

13/06/2026

1971ခုနှစ် မိုးဝေမဂ္ဂဇင်းမှာ ရေးသားခဲ့တဲ့
ဆရာမောင်သာနိုးရဲ့ အပေါစားပြတ်လုံး ဆောင်းပါး။
စာရေးရာမှာခေတ်ပေါ်စကား နဲ့ရေးဖို့ တိုက်တွန်းချက်။

အပေါစားပြက်လုံး

အဒေါ်ကြီးတယောက် လမ်းပေါ်မှာ ချော်လဲသွားတယ်။ ဒါကို ရပ်ကြည့်နေတဲ့ နိုင်ငံရေးသမားတဦးက “အင်း၊ ခုလို အဖေါ်ကြီး ချော်လဲရတာ နယ်ချဲ့သမားရဲ့ လက်ချက်ပဲ” `လို မှတ်ချက်ချပါသတဲ့။

ဒါ လက်ဝဲသမားတွေကိုသရော်တဲ့ အရင်တခေတ်က ပြက်လုံး တခုပါပဲ၊ နေရာတကာ နယ်ချဲ့သမားကြောင့်လို့ ့ ပြောချင်တဲ့ လက်ဝဲနိုင်ငံရေးသမားတချို့ကို သရော်လိုက်တာပေါ့၊ နို့ လက်ျာ သမားတွေ ကိုယ်တိုင်ကတော့ကော။ တဖက်ကို အကျိုးသင့် အကြောင်းသင့် ပြောစရာ မရှိတော့ဖူးဆိုရင်၊ နိုင်ငံရေး ချွတ်ခြုံ ကျပီဆိုရင် တခါထဲ ပြောချပစ်လိုက်တယ်“နိုင်ငံခြားဩဇာ”။ ဒီလူတွေအဖို့ ဗမာစကားပုံတခုဟာလဲ တော်တော် အသုံးဝင် အရာရောက်ခဲ့တယ်၊ “အမေကျော်ဒွေးဒေါ်လှမ်း”ပါတဲ့။

နိုင်ငံရေးမှာ ဖန်တရာတေပြီး ဆီသည်မ လက်သုတ်ပုဝါဖြစ် လာတဲ့ ဒီစကားစုဟာ စာပေတ္တိ အနုပညာတို့ဖက်မှာပါ ကူးစက် လာတယ်။

ကြည့်၊ ဗမာစာ အရေးအသားမှာ ခေတ်ပေါ်စကားကို သုံးပြီး ရေးသင့်တယ်လို့ အကြံပေး တိုက်တွန်းနေတာကိုပဲ “နိုင်ငံ ခြား ဩဇာခံ” တဲ့။ စောစောပိုင်းကတည်းက ဒီလိုဝေဖန်သံကို ကျနော်တို့ ကြားခဲ့ရပါတယ်၊ ဘယ်လို အကျိုးအကြောင်း ဆက် စပ်ပြီး ဒီလိုဝေဖန်လေသလဲ ကျနော်တို့တော့ စဉ်းစားလို့ မရဖူး
ဗမာပြည်မှာ ဗမာစကား အရေးအသား ဟန်ပန်တခု အကြောင်း ဆွေးနွေးတင်ပြတာကိုများ ဘယ်နိုင်ငံခြားတိုင်းပြည်က ရေးကြီး ခွင့်ကျယ်လုပ်ပြီး ဩဇာပေးနေရဦးမလဲ။ ဒါ သူတို့ အလုပ်လား။ သူတို့စိတ်ဝင်စားလောက်တဲ့ ပြဿနာမျိုးလား။ အကြောင်းအရာ ပိုင်းအရ သိမ်းသွင်းနေကြတယ်၊ ဩဇာပေးနေကြတယ်ဆိုရင် ဖြင့် ရေးတေးတေး ရှိသေး။ လုပ်လဲ လုပ်နေကြ တာကိုး။ အမေရိကန်ပြန်ကြားရေး၊ ဆိုဗီယက်သတင်းစဉ်၊ ကြီးမြတ်တော် မူထသော ရဲဖော်ကြီး ကင်အီဆွန်။

စာပေ အရေး အသား ဟန်ပန် ကိစ္စဟာ နိုင်ငံခြား ဝါဒ ဖြန့်ချိရေးအမားတွေ စိတ်ဝင်စားတဲ့ ပြဿနာမျိုး မဟုတ်ပါ ဖူး။ ဘယ်လိုဟန်နဲ ့ရေးရေး သူတို့ပေးချင်တဲ့ အကြောင်းအရာ ကို ပေးလို့ ရရင် သူတို့အဖို့ ပီးတာပါပဲ။ ဒီတိုင်းပြည်မှာ ဒီလိုရေး သလား၊ အဲသလို သူတို့က ရေးမှာပါပဲ။ နိုင်ငံခြား မဟုတ်ဖူး၊ ပြည်တွင်းဝါဒဖြန့်ချိရေးသမားတွေကိုယ်တိုင် အဲသလို ဖြစ်နေ တယ်။ “ပုံသဏ္ဌာန် အဓိက မဟုတ်ပါဖူးဗျာ၊ အကြောင်းအရာ သာ အဓိကပါ” ဆိုတာ သူတို့ပြောနေကျ စကားပေါ့။ ပြည်သူ အတွက် ဘယ်လို အကြောင်းအရာတွေ ရေးကြမလဲ ပြဿနာ အရေးကြီးနေတဲ့အချိန်မှာ ဘာမဟုတ်တဲ့ ပုံသဏ္ဌာန် ကိစ္စကို ပြဿနာ လာ လုပ်ရတယ်လို ့သူတို့က ရန်တွေကြတယ်။

ခေတ်ပေါ် စကားကိုယူပီး စာပေရေးသားကြဖို့ တိုက်တွန်း တာဟာ နိုင်ငံရေး ရည်ရွယ်ချက် မပါဖူး။ (ဟုတ်ကဲ့၊ တိုင်းပြည် အရေးမှန်သမျှ နိုင်ငံရေးပဲ ဆိုချင်ရင်တော့ ခေါ်ပေါ့။ လက်ဝဲ လက်ျာ နိုင်ငံရေးမျိုးတော့ မဟုတ်ဖူး)။ အတတ်ပညာပိုင်း ဆိုင်
joo

မောင်သာနို။

ရာ အာကာဒဲမိက ပြဿနာသက်သက်ပဲ ဖြစ်တယ်။ ခေတ်ပေါ် စကားနဲ့ စာရေးတာကို လက်ဝဲသမားက သ သဘောကျချင်လဲ ကျ မှာပဲ။ လက်ျာသမားက ကြိုက်ချင်လဲ ကြိုက်မှာပဲ။ ပြည်သူ လူထုရဲ့ စကားနဲ ့သာ စာရေးရမယ်လို့ ဆိုရှယ်လစ် သရုပ်မှန် စာပေ ခေါင်းဆောင်ကြီး ဂေါ်ရကီ ကလဲ မိန့်ကြားတယ်။ အင်္ဂလန်က တော်ဝင်အသင်းကြီးကလဲ ပညာရှင်သုံး၊´သုတေသီ သုံး စကားထက် စက်မှုအလုပ်သမားတွေ၊ တောသူတောင်သား တွေ၊ ကုန်သည်တွေရဲ့ စကားကို သုံးရမယ်။(... The language of artisans, countrymen and merchants, before that of wits and scholars) လို့ ့ညွှန်ကြားတယ်။ ဘာသာစကား တုိ့၊ သိပ္ပ ံပညာဆိုတာ နိုင်ငံရေးအယူအဆကွဲပြားမှုဘောင် ရဲ့ အထက်မှာရှိတဲ့ ကိစ္စတွေပါပဲ။ လက်ဝဲကလဲ လုပ်နိုင်တယ်။ လက်ျာကလဲ လုပ်နိုင်တယ်။ တဦးလုပ်တာကို တဦးကလက်ခံသုံး ယူတာလဲ ရှိနိုင်တယ်။

ခေတ်ပေါ် ဗမာစကားနဲ့ စာရေးဖို့ တင်ပြတာနဲ ့ပတ်သက် ပီး နိုင်ငံခြားရောက်နေတဲ့ မင်းလတ်ရဲခေါင်နဲ ့ ရောထွေးပစ်သူ တွေကိုလဲ တွေ့ခဲ့ရတယ်။ ပါးစပ်ကပြော၊ စာနဲ ့လဲရေးဖူးတယ်။

မင်းလတ်ရဲခေါင်ဟာ ချက်ကိုစလိုဗားကီးယားမှာ ဘွဲ့တခုယူ ဖိုအတွက်“ဗမာသဒ္ဒါလေ့လာချက်များ” ဆိုတဲ့ ကျမ်းတစောင်ကို ပြုစုခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်ဆီကပါ။ သူ့ ့ကျမ်းမှာ လေ့လာ ထားတဲ့ ဗမာစကားက ခေတ်ပေါ် ဗမာစ ဒီ သဒ္ဒါကျမ်း အကြောင်းကို နားစွန်နားဖျားကြားဖူးတဲ့လူတွေ ဗမာစကား ဖြစ်ပါတယ်။
က ဟာ ကျနော်တို့ရဲ့ ခေတ်ပေါ်စာပေအရေးအသားကို မင်းလတ် ရဲခေါင်နဲ့ ရောထွေးပစ်လိုက် ပါတော့တယ်။ ဒီလူတွေဟာ မင်း လတ်ရဲခေါင်ရဲ့ သဒ္ဒါအကြောင်းသာကြားဖူးကြတာကိုး၊အင်္ဂလန် စတူးဝတ်၊ အမေရိကန်က ကော်နင်၊ မက်ဒေးဗစ်တို့ရဲ့ သဒ္ဒါ၊ `ဗမာစကား သုတေသန စာပေတွေအကြောင်း မသိရှာ ကြသေးဖူး။ ကနေ့ခေတ်မှာ ု သိပ္ပံနည်းကျ ဘာသာစကားကို လေ့လာတယ်ဆိုတာ ပြောနေတဲ့ စကားကို လေ့လာရတာချည်း ပဲ။´ ဒါ ကနေ့ခေတ် ဘာသာသိပ္ပ ံရှင်တွေ လိုက်နေတဲ့ လမ်း၊ ခေတ်မှီတဲ့ စာပေသမားတွေ လိုက်နေတဲ့လမ်း။ ဗမာစကားကို လေ ့လာတယ်ဆိုတော့လဲ ဗမာတွေ ကနေ့ပြောနေတဲ့စကားကိုပဲ လေ့လာကြရတာပေါ့။ အဝ ရောက်လာတဲ့ ဆရာယုဒသန်က လွဲ ရှင် ဗမာစကား လေ ့လာမှုမှန်သမျှ ခေတ်ပေါ်စကားကို လေ့ လာတာချည့်။

ကျနော်တို လူငယ်တစုဟာ ကိုယ့်ဗမာစာကို လေ့လာရင်းက ဘာသာသိပ္ပံပညာကို လေ့လာမိကြတယ်။ လေ ့လာတော့ ဘာသာစကား တကာတ္ထိ လိုက်နေတဲ့ လမ်းကြောင်းကို သွားတွေ ကြရတယ်။ အဲသလို သိပ္ပ ံနည်းကျ လေ့လာလိုက်တော့မှ ဗမာ စကားနဲ့ အရေးအသားတို့ရဲ့ က္ခာခြားပုံကို စံနစ်တကျ သဘော့ ပေါက် သိမြင်ပီး ကိုယ့် ဗမာစာပေ အရေးအသားဟာ ခေတ် နောက်ကျနေတာကိုပါ တွေရှိ နားလည်လာခဲ့ကြတယ်။ ဒါနဲ ကျနော်တို့ ထ လုပ်ကြတာပဲ။ အထက်ဗမာနိုင်ငံ စာရေးဆရာ အသင်းရဲ့ စာဆိုတော်နေ့ ဘာ်နေ့ စာတန်းဖတ်ပွဲမှာ ဗမာစာပေ အရေး အသားကို ခေတ်မှီအောင် ပြောစကား နီးစပ်သထက် နီးစပ် စေရမယ်လို့ ကြွေးကြော်လိုက်ကြပါတယ်။ လုပ် စမှာ လူကြီး
မောင်သာနိုး

တချို့ ့ကတောင် ဘဝင်မကျ ကြဖူး။ ဥပမာ- ဒေါ်အမာ ဆိုရင် ကျနော်တို့ စာတန်းတင်ပြီးတဲ့ နောက်မှာတောင် ရှေး စကားနဲ့ စာရေးတုန်းပါ။ နောက်မှ လေ ့လာရင်း ဆွေးနွေးရင်းနဲ ့ သူ့ ဟာသူ သဘောကျ လက်ခံသွားတာ ဖြစ်ပါတယ်။

ကျနော်တို့ ဆိုလိုချက်ကို ပြန်လည် ပြောပြလိုက်ပရစေဦး။ စာရေးတယ်ဆိုတာ စကားကို ရေးတာ ဖြစ်တယ်။ ကနေ့ခေတ် မှာ အင်္ဂလိပ်စာ အပါအဝင် နိုင်ငံတကာမှာ ခေတ်စားနေတဲ့ စာပေအရေးအသား ဟန်ပန်က ပြော စကားနဲ့ နီးကပ် တူညီ သထက် တူညီအောင် ရေးတဲ့ဟန် ဖြစ်တယ်။ ပြောစက အလှမ်းဝေးနေတဲ့ စာမျိုးဆိုတာ နှစ်ရာစုံလောက် ခေတ်နောက် မှာ ကျန်နေရစ်ခဲ့ပါပီ။ ပြောစကားနဲ့

“ဒီ ရာစုနှစ်မှာ အထင်ရှားဆုံး စာဟန် လမ်းကြောင်း ကတော့ ပုံသေကားချ မဟုတ်တဲ့နည်း၊ စကားပြောနည်း ဆီ ရွှေ့နေတဲ့ လမ်းကြောင်းပါပဲ။ တန်းမြင့် ဝတ္ထုကြီး ကနေ ကြော်ငြာအထိ အဆင့်အားလုံးမှာ စာ အရေး အသားဟာ သာမန် ကာ လျ ံကာ ပြောစကားဖက်ဆီကို နီးသထက် နီးလာနေပါပြီ”။

"The most obvious trend of style in this century has been towards the informal and the colloquial. At all levels from the 'highbrow' novel to the advertisement, writing has moved nearer to casual speech.".

JOP

ဒါဖြင့် သူများတိုင်းပြည်တွေမှာ လုပ်ကြတာနဲ့ ကိုယ့် တိုင်း ပြည်မှာ လုပ်ရရောတဲ့လားလို့ ့ ပြောချင်ကြမယ်။ ကျနော်တို ကတော့ ကိုယ့် တိုင်းပြည် ကိုယ့် ပြည်သူအတွက် ကောင်းမယ်၊ အကျိုးရှိမယ်ဆိုရင် လုပ်ကို လုပ်ရမယ်လို့ ခံယူပါတယ်။ လူ ့ယဉ် ကျေးမှုဆိုတာ တတိုင်းပြည်က တတိုင်းပြည် ကူးလူး နေမြဲပါပဲ။ ဒီလိုနဲ ့ ကျနော်တိုရဲ့ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ အားကစား အစဖွံဖြိုးတိုးတက်လာခဲ့ရတာပဲ မဟုတ်လား။ မျက်စိကို ကျယ် ကျယ် ဖွင့်မထားဖဲ ကိုယ် ့ကစားနေကျ နည်းလေးနဲ ့ပဲ ကျေနပ် နေရင် ဗမာဘောလုံးဟာ အာရှမှာ ဗိုလ်စွဲစရာတောင် မရှိဖူး။ ယောအတွင်းဝန်ရဲ့ `ရာဇသင်္ဂဟ ကျမ်းလောက်နဲ ့တင် ကျေနပ်နေ ရှင်လဲ ဆိုရှယ်လစ်နိုင်ငံ ထူထောင်လို ့ ဖြစ်မှာကို မဟုတ်ဖူး ။

မိုးဝေ၊ ဇူလိုင် ၁၉၇ ၁
#ရှေးဟောင်းမြန်မာစာပေ #မြန်မာစာ #မောင်သာနိုး #မိုးဝေမဂ္ဂဇင်း

09/06/2026

သိပ္ပံမောင်ဝ၏ ဝတ္ထုဆောင်းပါးများ

တိုတောရွာ

တိုတောရွာကား အထက်အညာတွင် ရှိလေသည်။ အညာဆိုရာ မှာလည်း အလွန် အညာကျသော အညာမဟုတ်။ မန္တလေးနှင့် မြင်းခြံ အကြား ဧရာဝတီမြစ်ကမ်းတွင် တည်ရှိ၍ ရှာလည်းမက မြိုလည်းမကျ သော မြို့ကလေးတမြို့ကို ဆိုလိုသည်။

အဆိုမနက်ကလေးသူ မန္တလေးမှ မြင်းခြံ သင်္ဘောဖြင့် ထွက်လာရာ မြို့ကလေးသို့ ၁၁နာရီခွဲခန့် အချိန်တွင် ရောက်၏ ။ ကျဲကျဲ ဖုံတထောင်းထောင်း ထနေသော ကမ်းပါးပေါ်တွင် မြင်းခြံ သင်္ဘော၏ အလာကို စောင့်စားနေကြသော လူထုကြီးကို သင်္ဘော ပေါ်မှ နေ၍ မြင်ရသော်၊ ထိုသင်္ဘောပေါ်တွင် ပါလာသော အမတ် ချုပ်ကြီးသော်၎င်း၊ ခရိုင်မင်းကြီးသော်၎င်း၊ တယောက်ယောက်အား ကြိုဆိုရန် စောင့်စားနေကြသည်ဟု ထင်မှတ်မိ၏။

ဤသို့ကား မဟုတ်ပေ။ ထိုမြိုသား တယောက် တက္ကသိုလ် ကျောင်းမှ ပြန်လာသည်ကို အထူးအဆန်း လုပ်ကာ အကြီးအကျယ် ကြိုဆိုကြခြင်း ဖြစ်လေသည်။ ရှေးအခါက ထိုမြို့မှ တက္ကသိုလ်ကျောင်း သို့ ရောက်ဘူးသူ တယောက်မျှ မရှိခဲ့ပေ။ ယခုမှသာလျှင် မိမိတို့အရပ် မှ ထူးထူးချွန်ချွန် တက္ကသိုလ်ပြည်သို့ စာသင် သွားပေသည်ဟူ၍ အားရ နှစ်သက်ကာ ကြိုဆိုကြခြင်းပင်တည်း။ ဘုရင်ခံချုပ်လာစဉ်က ရှန်ကုန်သူ ရန်ကုန်သားတို ခရီးဦးကြို ပြုကြသည်ထက်ပင် ပိုမို၍ နှစ် သက် အားရစွာ ကြိုဆိုကြလေသည်။

တက္ကသိုလ် ကျောင်းသား တယောက် မိမိ၏ နေရပ်သို့ ပြန်လာ သည်ကိုပင် အရေးတကြီး ခရီးဦးကြို ပြုကြသည်မှာ ရယ်စရာပါတကား ဟု မြို့ကြီးသားတို့က ရယ်ချင် ရယ်ကြပေလိမ့်မည်။ ဤသို့ ပြက်ချော်

ချော် သရော်တော်တော် လုပ်ကာ မရှယ်သင့်ပေ။ မြန်မာပြည်မှ အင်္ဂလန်ပြည်သို့ “ပညာတော်သင်” များ သွားကြခါနီးတွင် ထမင်း ကျွေးလိုကျွေး။ အငြိမ့်ခံလိုခံ။ အင်မတန်မှပင် ကြီးကြီးကျယ်ကျယ် လုပ်ကြသည်မဟုတ်ပါလော။ ဤအကြောင်းကိုကြားလျှင် အင်္ဂလိပ် များက ရှယ်ကြမလား မပြောတတ်ပေ။ သိုရာတွင် သူ ့နေရာနှင့်

သူ ့နေရာ ထင်ရာလုပ်ကြတမ်း ပေပလေ။ တိုတောရွာဓလေ့က တူနိုင်ပမလား မောင်ရို့ ့။ တမျိုး။ မြို့ကြီးသားတို့ ဓလေ့က တခြား။

နံနက်ခင်း တဲအနီး၊ မီးလှုံကာ ထန်းမြစ်ဖုတ်စား။ ပဲပြုတ်နှင့် ထမင်းချမ်းကို လက်ဖက်ရည်ကြမ်းနှင့်မြည်း။ ဆိမ့်တိမ့်တိမ့်၊ အီတီတီ၊ နတ်သုဒ္ဓါ မှီပမလား။

ထမင်းစားပြီးလျှင် ယာခင်းထဲသွား။ ပျော်ပါးစွာ ပြွေမှုတ်သူ မှုတ်။ သီချင်း တကြော်ကြော် အော်ဆိုသူဆို။ ပျော်စဖွယ်လိ။

နွားကျောင်း သွားသူတွေက မရှား။ ငှက်ခါး ထောင်သူတွေက ထောင်။ချိုးပစ်သူပစ်။ စစ်သလင်းမှာ စစ်ခင်းကြသလို။

ညနေခင်းတွင် မြစ်ဆိပ်မှာ၊ အပျို တသင်း ရေဆင်းခပ်ရှာကြ။ တယောက်ကိုတယောက် ခေါ်သူ ခေါ်။ပျော်လိုက်ကြတဲ့ အပျိုတွေ။ အတင်းပြောလိုပြော။ရည်းစား အကြောင်း ဆွေးနွေးလို ဆွေးနွေး။ ဣန္ဒြေရရ သွားသူသွား။စကားများသူက များ။ တယောက်ကို တ ယောက် ကျီစားသူက ကျီစား။

ထိုအမျိုးတွေမှာ ရုပ်ချောသူချော။ ရုပ်ဆိုးသူဆိုး။မဲမဲလည်း ရှိ။ ပြုပြုလည်း ပါ။ အကြည့်ဘန်သူတွေက မရှား။ သနားကမားတွေက လဲ အပုံပင်။ (

ကြွယ်ဝသူ မိန်းမကလေးတို့ကား ရှက်ကြလိုထင့်၊ ရေခပ်မသွား။ ရေစည်ကို ငှါး၍ သုံးကြသတဲ့။တကဲ့ မိန်းကလေးတွေ။ သူတကာ ရေ
တို့တောရွာ

ခပ်သွားလျှင် သနပ်ခါး ပိန်းကြမ်းရိုက်။ လူပျိုကလေးတွေ အသွား အလာကို အိမ်ထဲမှ နေ၍ မျက်စိ အရသာကို ခံကြလေသည်။

ကာလသား လူပျိုတသင်းကမူကား မြစ်ဆိပ်သို့ ဆင်းကာ အပျို တွေ ရေခပ် အလာကို ကြည့်ကြ။ မြိုဆန်ကြသူ ကိုဟဝါတို့က မာ ့ ဖလာကို စည်းလိုစည်း။ ဗိုလ်ကေကို သလိုသ။ ဣန္ဒြေရှရ နေလိုနေ။ အဲသည်လို ဟန်ပါပါနှင့် စံရှာနေကြ၏။

မြို့နှင့်မနီး တောမှာ ကြီးရသော ကိုလူပျိုတို့ကမူကား တော သားပီပီ၊ အင်္ကျီနတ္ထိ၊ “ဗလာတိ၊ ဗလိတာ”၊ မဲကျိကျိ၊ ကိုယ်ပြာပြာ ့ နှင့် အပျို တကာ ရေဆိပ်ဆင်းလျှင် ပြုပြင်းပြင်း မှုတ်သတတ်။

မိန်းကလေး အပျိုကညာတို့ကလည်း ကိုဟဝါတို့ကို မြင်ကြလျှင် အသံပေးလိုပေး။ ပြုံးသွားလို ပြုံးသွား။ ရှက်လို့ ခြေလှမ်းမှားသူက ဍ မှား။ ကစားသလို စောင်းပါးရိပ်ခြည် ပြောသွားသူက ပြောသွား။ ပျော်စရာ့၊ ပျော်စရာ၊ ပျော်စရာကြီး ဖြစ်လေသည်။

မြစ်ဆိပ်သို့ ရောက်ကြလျှင် ရေကူးသူကူး။ ရေခပ်သူခပ်။ ပျော် စရာပင်။ သီချင်း ဆိုသူဆို။ မ သံပေးလိုက်ကြသည်မှာလည်း တ ၊ ကြော်ကြော်။ ဖိုသံ ပေးလိုက်ကြသည်မှာလည်း အလွန်ပျော်။ တ ၊ ယောက်နှင့် တယောက် များစွာ ရင်းနှီးကြပေ၏။

တစိမ်းတယောက် အနားသို့ ရောက်သွားလျှင် သီချင်းဆိုသူတို က တိတ်။ မ သံပေးသူတို့ကလည်း ဆိတ်။ ကစားနေသူတို့ကလည်း ရှပ်။ ရှက်တက်တက်၊ ရှုံတွန့်တွန့်နှင့် မျက်နှာများကို အသာငုံ့နေကြ ။ လေသည်။

မြိုမှာလို မော်တော်ကား စီးချင်သော စိတ်လည်း မရှိ။ ဘီ-အေ၊ အမ်-အေ၊ အောင်ချင်သော စိတ်တိုလည်း မလာ။ ဆရာ၊ ဝတ်လုံ ၊ လုပ်ချင်သော စိတ်တိုမှလည်း ဝေး။ ရုပ်ရှင်သို့ ပြေးချင်သော စိတ်တို့ လည်း မပေါ်။ စိန်၊ ရွှေ ဝတ်ချင်သော စိတ်တိုမှလည်း ကင်း။ မင်း
သိပ္ပံမောင်ဝ၏ ဝတ္ထုဆောင်းပါးများ

ကတော် ဖြစ်ဖို့ရာ စိတ်ကူးထဲပင် မထည့်။ ဖုံတထောင်းထောင်းနှင့် လမ်းပေါ်မှာ လှည်းကြမ်းကြီးကို စီးရလျှင်ပင် နတ်ပြည်က ဝေဇယန္တာ ၁ားကို စီးရသည်ဟု ထင်။ လှည်းဘီးမှ တအီအီ မြည်နေသည်ကို လည်း ပဉ္စသိင်္ခ နတ်သား၏ စောင်းသံဟု မှတ်ကြလေသည်။

စားရသမျှ၊ ကြားရသမျှ၊ သွားရသမျှတို့နှင့်ပင် ကျေနပ်ရှာကြ ကုန်၏။

ပြီ

လောကတွင် `ကျေနပ်လျှင် စိတ်ချမ်းသာ။ စိတ်ချမ်းသာလျှင် သုခကြီးပင်တည်း။

၁၂၉၁-ခု၊ တပေါင်းလ။

#မြန်မာဂန္ထဝင်စာပေ #တောဓလေ့ရွာဓလေ့ #ရှေးဟောင်းမြန်မာစာပေ #သိပ္ပံမောင်ဝ #ဝတ္ထုတို

08/06/2026

ကိုယ့်တောမှာပဲ ကိုယ်ပျော်တယ်။
မောင်လင်းကြည်ရဲ့ ကဗျာတစ်ပုဒ်ပါ။
#မြန်မာဂန္ထဝင်စာပေ #ကဗျာ #မြန်မာစာ #အညာ #တောဓလေ့ရွာဓလေ့

07/06/2026

သိဒ္ဒတ္ထမင်းသားကို မိန်းမပေးစားခန်း
ဆရာမောင်သာနိုး
(အာရှတိုက်ရဲ့ အလင်းရောင် ကဗျာစာအုပ်)
#မြန်မာဂန္ထဝင်စာပေ #ကဗျာ #သိဒ္ဒတ္ထ
#ဘုရား

07/06/2026

ပုဂံဘုရား တစ်ဆူက ကျိန်စာ

ဤ ငါ့အလှူခပ်သိမ်းသောကို ဖျက်ဆီးသော၊ လုယက်စားသော သူတို့ကား ဤလူတွင် လျှင် ခုနစ်ရက်တွင်လျှင်၊ ခုနစ်ရက်လွတ်မူကား ခုနစ်လတွင်လျှင်၊ ခုနစ်လတည်း လွတ်မူကား ခုနစ်နှစ်တွင်လည်း အနာများသော ဖြစ်စေ။ အသက်တိုသော ဖြစ်စေ။ လူတွင်လျှင် လူပြိတ္တာ ဖြစ်စေ။ ချစ်သောမယား ချစ်သောသား ချစ်သောလင်နှင့် ကွေကင်းသောဖြစ်စေ။ ဥစ္စာစည်းစိမ် ချမ်းသာခပင်း အကြွင်းမဲ့လျှင် ပျက်စီးပြုန်းတီး စေသတည်း။ မင်းကြီးဘေး သင့်စေ။ အိမ် မိုးကြိုးပုဆိန် ကျစေ။ ရေဘေး မီးဘေးက စသော ဘေးကြီးသင့်စေ။ သေသောလည်း ညောင်ဦးစသောသရေပစ္စယာတိုင်အောင်သော မြေပုံအလုံးအတိုင်းလျှင် မြေအထဲအဝစိငရဲလျှင် ကျက်လေစေသတည်း။ အဝိစိမှကား ငရဲကြီး ရှစ်ထပ် ငရဲငယ် တစ်ဆယ့်ခြောက်ထပ်သို့ ကျက်လေစေသတည်း။ ငရဲမှကား ပြိတ္တာသို့ ပြိတ္တမှကား ငရဲသို့ လူ့ရွာ နှစ်ဆစ်မပြန် အတိုင်းမသိ ဆင်းရဲကြီးလျှင် ခံစေသတည်း။
#မြန်မာဂန္ထဝင်စာပေ #ရှေးဟောင်းမြန်မာစာပေ #ပုဂံကျောက်စာ #ကျိန်စာ

07/06/2026
06/06/2026

တောစပ်ကကြိုနှင့်မယ် (ကဗျာ)
#မြန်မာဂန္ထဝင်စာပေ #မြန်မာစာ #ကဗျာ

06/06/2026

အဘိုးအိုနဲ့သေမင်း ပုံပြင်
#ရှေးဟောင်းမြန်မာစာပေ #မြန်မာဂန္ထဝင်စာပေ #မြန်မာစာ #ပုံပြင်

06/06/2026

ဝက်ကြီးအင်းရွှေကျောင်းကျောက်စာ
ကြောက်စရာကျိန်စာ။ သက္ကရာဇ် ၅၉၁ဆိုတော့
တော်တော်စောပါတယ်။

နိယ်ရောင် လရောင် မမြင်သော ဖစ်စိယ်ဧအ် ။
[နေရောင်လရောင် မမြင်သောဖြစ်စေ၏]

မ္လယ်ကာအထက် အယင်ကာ သြက်ဖစ်စိယ်ဧအ် ။
[မြေကားအထက် အယင်ကားအောက် ဖြစ်စေ၏]

ဤယ်ငာမုယ်သော ငကိုဝ်စာ ရဟန်သ င်္ဃာလက္ကောင် ။
[ဤငါမည်သော ငါ့ကိုယ်စား ရဟန်းသင်္ဃာလည်းကောင်း]

လူလက္ကောင်
[လူလည်းကောင်း]

ဤယ်ငာလှူသော လယ်ကျွနွာကိုဝ်
[ဤငါလှူသော လယ်ကျဲနွားကို]

အရိယ်အရံ ယူပိယ်သောသူ ကာ ၊
[အရေားအရံယူပေးသောသူကား]

ပုရှာတျာသင်္ဃာကိုဝ် ကုံပြိရုယ်
[ဘုရား တရား သံဃာကုိ ကုန်ပြီး၍]

အနုပ်ကောက်ပိမူလေ အပ္လစ်မဟိယ်စိယ် ။
[အနုပ်ကောက်ပြီးမူလည်ူ အပြစ်မရှိစေ]

ငာလှူသော ပုရှ ဥစ္စာကိုဝ် အရိယ်အရမ်ယူ ပိယ်သော
[ငါလှူသော ဘုရားဥစ္စာကို အရေးအရာယူပေးသော]

သင်ဖဝတကာလေ ငာနှင်ထပ်တူ ရစာပါစိယ်သတေ
[သင်ဖဝတလည်း ငါနှင့်အတူ ရာပါစေသတည်း]

#မြန်မာဂန္ထဝင်စာပေ #မြန်မာစာ #ပုဂံ #ရှေးဟောင်းမြန်မာစာပေ #ပုဂံကျောက်စာ

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Yangon