17/01/2021
မြေသန့်မင်္ဂလာ
# လိုအပ်သောပစ္စည်းများနှင့်ကြိုတင်ပြင်ဆင်ခြင်း
(၁) အုတ်/ကျောက်တုံး/ကျောက်တိုင် (၈) ချပ်
(၂) ပရိတ်အိုး (၈) လုံး
(၃) ပရိတ်ရေ
(၄) ပရိတ်ပန်း
(၅) ပရိတ်သဲ
(၆) ပရိတ်ချည်
(၇) လှူဖွယ်ဝတ္ထု
# အခမ်းအနားကျင်းပခြင်း
(က) ရွေးချယ်သတ်မှတ်ထားသည့် မင်္ဂလာနေ့ရက်မှာ မြေသန့်မင်္ဂလာအခမ်းအနား ကျင်းပရသည်။
(ခ) အနည်းဆုံးအားဖြင့် သံဃာ (၅) ပါး ပင့် ရမည်။ (သံဃာဂိုဏ်းပြည့်ရန်ဖြစ်သည်။)
(ဂ) ဘုရား/ကျောင်း ဒါယကာ၊ ဥပါသကာများ သီလ ဆောက်တည်ကြရမည်။
(ဃ) နိမိတ်အုတ်နှင့် ပရိတ်ရေ စသည်ကို သံဃာတော်တို့အား အခမ်းအနားတွင် ဆက်ကပ်ရမည်။
(င) သံဃာတော်တို့ထံမှ ပရိတ်တရားများ နာယူကြရမည်။
(စ) စေတီတော်/ကျောင်း ဝတ္တုကံမြေ နယ်နိမိတ်ဆုံးရာ အရှေ့အရပ်ဒိသာမှစ၍ အရပ်ရှစ်မျက်နှာ၌ လက်ျာရစ်ပတ်ကာ နိမိတ်အုတ်နှင့် ပရိတ်ရေအိုးတို့ကို မြှုပ်နှံကာ နိမိတ်၊ အရံအတား ပြုရမည်။ ပရိတ်ရေ၊ ပရိတ်ပန်း၊ ပရိတ်သဲ၊ ပရိတ်ချည် တို့ဖြင့်လည်း အရှေ့အရပ်ပြန်ရောက်သည်အထိ နိမိတ်ချင်းဆက်အောင် ပက်ဖြန်းချည်နှောင်ကာ အရံအတားပြုရမည်။
(ဆ) သံဃာတော်အရှင်သူမြတ်တို့က နိမိတ်ကြားပြီးသောအခါမှာ ကမ္မဝါစာဖတ်ကာ မြေသန့် မင်္ဂလာပြုရပါမည်။
(ဇ) လှူဖွယ်ပစ္စည်း ဆက်ကပ်လှူဒါန်းပြီး အနုမောဒနာတရား နာကြားကာ ရေစက်သွန်းချ အမျှပေးဝေကြရမည်။
(ဈ) "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်းလျက် မြေသန့်မင်္ဂလာအခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းကြရမည်။
# သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန "စေတီတော်တည်ထားခြင်းဆိုင်ရာ နဝမဟာမင်္ဂလာကမ္မအခမ်းအနားများ" စာအုပ် မှ ထုတ်နှုတ်ဖော်ပြပါသည်။