Pillar Professional Teacher Academy

Pillar Professional Teacher Academy Pillar Professional Teacher Academy

✨Thadingyut Full Moon Day✨🌕 On this Thadingyut Full Moon Day,we pay respect to parents, teachers, and elders, expressing...
06/10/2025

✨Thadingyut Full Moon Day✨

🌕 On this Thadingyut Full Moon Day,
we pay respect to parents, teachers, and elders, expressing gratitude for their guidance.

🙏 May the light of Thadingyut bring
• Peace in hearts 🕊️
• Happiness in families 💖
• Success in education 📚
• Prosperity in society 🌟

Pillar Professional Teacher Academy
wishes everyone a joyous and blessed Thadingyut Festival.

ဆယ်ကျော်သက်အရွယ်ဆိုတာ လူ့သက်တမ်းအတွင်း အလွန်အရေးပါသော ဖွံ့ဖြိုးတိုးတက်မှုကာလတစ်ခု ဖြစ်ပါတယ်။ ကလေးဘဝမှ လူကြီးဘဝသို့ ကူးပြ...
27/09/2025

ဆယ်ကျော်သက်အရွယ်ဆိုတာ လူ့သက်တမ်းအတွင်း အလွန်အရေးပါသော ဖွံ့ဖြိုးတိုးတက်မှုကာလတစ်ခု ဖြစ်ပါတယ်။ ကလေးဘဝမှ လူကြီးဘဝသို့ ကူးပြောင်းသည့်အချိန်ကာလဖြစ်တဲ့အလျောက် ခန္ဓာကိုယ်အတွင်း အမျိုးမျိုးသော အပြောင်းအလဲများ အလွန်ထင်ရှားစွာ ဖြစ်ပေါ်နေတတ်ပါတယ်။ လျင်မြန်စွာ အရပ် ရှည်လာခြင်း၊ အရိုးနှင့် ကြွက်သားများ တဖြည်းဖြည်း ဖွံ့ထွားလာခြင်းတို့ကြောင့် ကလေးဘဝက မျက်နှာနှင့် ခန္ဓာကိုယ် အနေအထားများ ပြောင်းလဲလာကြပါတယ်။

ယေင်္ကျားလေးများတွင် အသံဩလာခြင်း၊ ကိုယ်ခန္ဓာတစ်ခုလုံးတွင် အမွေးအမျှင်များ ပေါ်ထွက်လာခြင်းနှင့် ကြွက်သားများ ဖွံ့ဖြိုးလာခြင်း စသည်တို့ ပြောင်းလဲလာပြီး မိန်းကလေးများတွင်လည်း ရာသီလာခြင်း၊ ရင်သားကြီးထွားလာခြင်း၊ ခန္ဓာကိုယ်ပုံသဏ္ဍာန် အမျိုးသမီးဆန်လာခြင်းတို့ ဖြစ်ပေါ်လာကြပါတယ်။ဒီလိုပြောင်းလဲမှုတွေဟာ တစ်ဖက်တွင် သဘာဝကျသော ဖွံ့ဖြိုးတိုးတက်မှုများဖြစ်သော်လည်း တစ်ဖက်တွင် လူငယ်များအတွက် အပြင်းအထန် စိန်ခေါ်မှုများ ဖြစ်လာနိုင်တာကို သိထားဖို့လိုပါတယ်။

အထူးသဖြင့် အရေပြားဆိုင်ရာ ပြဿနာများဖြစ်သည့် ဝက်ခြံပေါက်ခြင်း၊ အဆီပြန်ခြင်းတို့ကြောင့် မိမိကိုယ်ကို အလှအပအရ ယုံကြည်မှု လျော့နည်းသွားတတ်တာမျိုး ရှိလာနိုင်ပါတယ်။ အချို့လူငယ်များမှာ ခန္ဓာကိုယ်အရွယ်အစား မျှတမှု မရှိခြင်း၊ အမွေးအမျှင်များထူထပ်လာခြင်း သို့မဟုတ် အလွန်ပိန်ခြင်းများကြုံတွေ့ရနိုင်ပြီး ၎င်းတို့ကြောင့် စိတ်ပိုင်းဆိုင်ရာ ဖိအားများ ထပ်မံဖြစ်ပေါ်တတ်ပါတယ်။

ဒါ့အပြင် အိမ်၊ကျောင်း၊လူမှုအဖွဲ့အစည်းရဲ့ ပျိုးထောင်မှုပုံစံနှင့် ခေါက်ရိုးကျိုးနေထိုင်မှုပုံစံအရ အစားအသောက်အလေ့အထ လွဲမှားခြင်း သို့မဟုတ် အားကစားလုပ်ဆောင်မှုမရှိခြင်းတို့ကြောင့်လည်း ကျန်းမာရေးအပေါ် ဆိုးကျိုးများလည်း ဖြစ်စေနိုင်ပါတယ်။ ***ဆယ်ကျော်သက်များအတွက် အိပ်ချိန်မှန်မှန် အိပ်စက်ခြင်း၊ ကျန်းမာသည့်အစားအသောက် စားသုံးခြင်းနှင့် သင့်လျော်သော အားကစားများ ပြုလုပ်ပေးမှသာ ကျန်းမာကြံ့ခိုင်သော ခန္ဓာကိုယ်ပြောင်းလဲမှုမျိုး ရနိုင်မှာဖြစ်ပါတယ်။

အချုပ်အားဖြင့် ဆယ်ကျော်သက်အရွယ်သည် ရုပ်ပိုင်းဆိုင်ရာအပြောင်းအလဲများ တိုးတက်ပေါ်ထွက်ပြီး များစွာသော စိန်ခေါ်မှုများကို ကြုံတွေ့ရသည့် ကာလဖြစ်ပါတယ်။ ဤကာလအတွင်း မိမိကိုယ်ကို လက်ခံနိုင်မှု၊ ကျန်းမာသန်စွမ်းမှုကို ထိန်းသိမ်းနိုင်မှုတို့သည် အလွန်အရေးကြီးကြောင်း မိဘများ၊ ဆရာများနှင့် ပတ်ဝန်းကျင်မှ လူကြီးများ၏ နားလည်ပံ့ပိုးမှုတို့သည် မရှိမဖြစ်လိုအပ်ပါသည်။

မြန်မာတို့၏ သမိုင်းကြောင်းတလျှောက်၌ အထင်ကရနေ့ဖြစ်သော “အမျိုးသားနေ့” ကို အောက်မေ့ဦးညွှတ်၍ ဂုဏ်ပြုအပ်ပါသည်။
25/11/2024

မြန်မာတို့၏ သမိုင်းကြောင်းတလျှောက်၌ အထင်ကရနေ့ဖြစ်သော “အမျိုးသားနေ့” ကို အောက်မေ့ဦးညွှတ်၍ ဂုဏ်ပြုအပ်ပါသည်။

သီတင်းကျွတ်လပြည့်နေ့အဘိဓမ္မာအခါတော်နေ့လေးမှာကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်းကျွန်မတို့ PPTA မှ ဆုမွန်ကောင်းတော...
17/10/2024

သီတင်းကျွတ်လပြည့်နေ့
အဘိဓမ္မာအခါတော်နေ့လေးမှာ
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း
ကျွန်မတို့ PPTA မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်


🗓️ 5. 10. 2024  "World's Teacher Day"Theme:"Valuing Teachers' Voices: Towards a New Social Contract for Education." 🍀🍀🍀🍀...
04/10/2024

🗓️ 5. 10. 2024

"World's Teacher Day"

Theme:"Valuing Teachers' Voices: Towards a New Social Contract for Education." 🍀🍀🍀🍀

✨ Time to celebrate the dedication, passion, and resilience of our PPTA teachers and around the world!

🌟 Skills Upgrading Teacher Training 🌟သင်တန်းကို ယခုလာမည့် 🗓️ (2. 10. 2024) ရက်မှ စတင်၍ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ 📣📣📣🌟 သင...
27/09/2024

🌟 Skills Upgrading Teacher Training 🌟

သင်တန်းကို ယခုလာမည့် 🗓️ (2. 10. 2024) ရက်မှ စတင်၍ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ 📣📣📣

🌟 သင်တန်းအ‌ကြောင်းအသေးစိတ်ကို အောက်ပါ
linkတွင် အသေးစိတ် ဝင်ရောက်လေ့လာနိုင်ပါတယ်ရှင်။
🥰🥰🥰

https://www.facebook.com/share/p/aA68A8Ksc12yYVJF/?mibextid=oFDknk

💁 ဆရာ၊ ဆရာမများအတွက်မိမိတို့သင်ကြားမည့်ဘာသာရပ်နယ်ပယ်အလိုက်ကျွမ်းကျင်ပိုင်နိုင်စွာ ယုံကြည်မှုအပြည့်ဖြင့် သင်ကြားသွားနိုင်ရန် ရည်ရွယ်၍ ဤသင်တန်းကို ဖွင့်လှစ်‌ပေးခြင်းဖြစ်ပါတယ်။
✅✅✅✅✅🌟🌟

🌟စိတ်ပါဝင်စားလို့ သင်တန်းတက်ရောက်ချင်ပါတယ်ဆိုရင်
Page messengerမှာ စာရင်ပေးသွင်းနိုင်ပါတယ်ရှင်😊😊😊

"Build your skills with us"


PPTA ၏ ဆောင်ပုဒ်ဖြစ်သည့်"BUILD YOUR SKILLS WITH US"နှင့်အညီ ဆရာ၊ ဆရာမများအတွက် ရည်ရွယ်သော🌟 Skills Upgrading Teacher Trai...
06/08/2024

PPTA ၏ ဆောင်ပုဒ်ဖြစ်သည့်
"BUILD YOUR SKILLS WITH US"
နှင့်အညီ ဆရာ၊ ဆရာမများအတွက် ရည်ရွယ်သော
🌟 Skills Upgrading Teacher Training🌟
သင်တန်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေရှင် 🛎️🛎️🛎️🛎️🛎️

💁 ဘယ်သူတွေအတွက်လဲ ???

💥မူလတန်းအဆင့် English, Mathematics နဲ့ Science ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားနိုင်လိုသူဆရာ/ဆရာမများအတွက် ဖြစ်ပါတယ် 📢📢📢

🌺 မိမိကိုယ်တိုင် မူလတန်းအဆင့် ဘာသာရပ်များကိုကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားနိုင်မည့် အရည်အသွေးပြည့်ဝလိုပါသလား???

🌺 မိမိကျောင်းမှ ဆရာ/ဆရာမများကို ဘာသာရပ်ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားနိုင်သူများအဖြစ် အရည်အသွေးများ မြှင့်တင်ပေးလိုပါသလား???

🧑‍🎓ဘယ်သူတွေက ပို့ချပေးမှာလဲ ???

👩‍🏫 Pillar Professional Teaching Academy မှ English, Mathematics & Science ဘာသာရပ်များ
သင်ကြားရေးတွင် အတွေ့အကြုံပြည့်ဝပြီး ဆရာအတတ်ပညာသင်ကြားရေးကို စဉ်ဆက်မပြတ် လုပ်ဆောင်နေသော Professional Teacher Trainersများက ဆွေးနွေးသင်ကြားပေးမှာဖြစ်ပါတယ်။

📨 ဘာသာရပ်အကြောင်းအရာများကို ကျွမ်းကျင်ပိုင်နိုင်စွာသင်ကြားနိုင်ရန်
🖇Government & International Curriculaများမှ သင်ခန်းစာများကို နမူနာထုတ်နှုတ် လေ့လာဆွေးနွေးပေးမှာဖြစ်သလို
🖇သင်ခန်းစာကိုစိတ်ဝင်စားအောင် သင်ကြားနိုင်စေမည့် ချဉ်းကပ်နည်းများ ၊
🖇 သင်ကြားရေး activities များ ကိုလည်း လေ့လာကြရမှာဖြစ်ပါတယ်ရှင်

💸 သင်တန်းကြေးလေးတွေကတော့ 💸
မိမိ တက်ရောက်ချင်တဲ့
ဘာသာရပ်တစ်ခုချင်းစီအတွက် 50000 kyats
သာကျသင့်မှာဖြစ်ပါတယ်ရှင်
🌟🌟🌟ကြိုက်နှစ်သက်ရာ ဘာသာတစ်ခုချင်းစီလည်းအပ်နှံနိုင်ပါတယ်ရှင်🥰🥰🥰

⏳သင်တန်းကာလမှာ ⏳
September လဆန်းမှ စတင်မှာဖြစ်ပြီး
သင်တန်းကာလ 6 weeks ကြာမြင့်မှာဖြစ်ပါတယ်ရှင်

စိတ်ပါဝင်စားလို့ သင်တန်းတက်ရောက်ချင်ပါတယ်ဆိုရင်
Page messenger ကနေတဆင့် အသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်


⭐  Pillar Professional Teacher Academy မှ ဘာသာရပ်သင်ကြားမှု အရည်အသွးမြှင့်သင်တန်းများကို မကြာမီဖွင့်လှစ်သင်ကြား‌ပေးသွားတ...
20/07/2024

⭐ Pillar Professional Teacher Academy မှ ဘာသာရပ်သင်ကြားမှု အရည်အသွးမြှင့်သင်တန်းများကို မကြာမီဖွင့်လှစ်သင်ကြား‌ပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင် 📣📣📣

⭐ ဆရာ၊ ဆရာမများအတွက်မိမိတို့သင်ကြားမည့်ဘာသာရပ်နယ်ပယ်အလိုက်ကျွမ်းကျင်ပိုင်နိုင်စွာ ယုံကြည်မှုအပြည့်ဖြင့် သင်ကြားသွားနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်‌ပေးခြင်းဖြစ်ပါတယ် 😊😊😊

⭐ သင်တန်းများကို စိတ်ပါဝင်စား၍ တက်ရောက်လိုပါက
Page messenger တွင် လာရောက် စုံစမ်း‌မေးမြန်းနိုင်ပါတယ်ရှင်
🕵️‍♂️🕵️‍♂️🕵️‍♂️✨✨✨✨

"Build your skills with us"


ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့လေးမှာကိုယ်စိတ် နှစ်ဖြာရွှင်လန်း ချမ်းမြေ့ပါစေကြောင်း ကျွန်မတို့ PPTA မှ ဆုမွန်ကောင်းတေ...
20/07/2024

ဝါဆိုလပြည့်နေ့
ဓမ္မစကြာအခါတော်နေ့လေးမှာ
ကိုယ်စိတ် နှစ်ဖြာရွှင်လန်း ချမ်းမြေ့ပါစေကြောင်း
ကျွန်မတို့ PPTA မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်

💦 မြန်မာ့ရိုးရာနှစ်သစ်ကူး ဆုတောင်း 💦မြန်မာသက္ကရာဇ် ၁၃၈‌၆ခုနှစ်ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်း ၁ ရက်နေ့ မြန်မာ့ရိုးရာ နှစ်သစ်မင်...
17/04/2024

💦 မြန်မာ့ရိုးရာနှစ်သစ်ကူး ဆုတောင်း 💦

မြန်မာသက္ကရာဇ် ၁၃၈‌၆ခုနှစ်
ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်း ၁ ရက်နေ့
မြန်မာ့ရိုးရာ နှစ်သစ်မင်္ဂလာ အခါသမယ မှာ
PPTA မှ ဆရာ ဆရာမ များနှင့်တကွ ခုနှစ်ရက်သားသမီးများအားလုံး
မင်္ဂလာအပေါင်းခညောင်းကာ ဘေးဘယာဝေးကွာပါစေ
ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်း‌မြေ့ပြီး
ကုသိုလ်တရားများပွားများနိုင်ကြပါစေကြောင်း ကျွန်မတို့ PPTA မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်



#နှစ်သစ်ဆုတောင်း

🎉🎉🎉"နှစ်သစ်ဆုမွန်တောင်း" 🎉🎉🎉🎉နှစ်သစ်ကူး အချိန် အခါသမယမှာ ကျက်သရေ မင်္ဂလာအပေါင်းတို့နှင့်ပြည့်စုံ၍ ကြံတိုင်းအောင်ပြီး ဆော...
01/01/2024

🎉🎉🎉"နှစ်သစ်ဆုမွန်တောင်း" 🎉🎉🎉🎉

နှစ်သစ်ကူး အချိန် အခါသမယမှာ ကျက်သရေ မင်္ဂလာအပေါင်းတို့နှင့်ပြည့်စုံ၍ ကြံတိုင်းအောင်ပြီး ဆောင်တိုင်း‌မြောက်ကြပါစေ
ကိုယ်၊စိတ်၊ နှလုံး ကျန်းမာချမ်းသာ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ကျွန်မတို့ PPTA မှဆုတောင်းမေတ္တာပို့သလိုက်ပါတယ် ရှင်.🎊🎊🎊🎊🎊🎊🎊🎊🎊



#နှစ်သစ်ဆုမွန်ကောင်း

Address

Yangon

Opening Hours

Monday 07:00 - 23:30
Tuesday 07:00 - 23:30
Wednesday 07:00 - 23:30
Thursday 07:00 - 23:30
Friday 07:00 - 23:30
Saturday 07:00 - 23:30
Sunday 07:00 - 23:30

Telephone

+959951928512

Website

Alerts

Be the first to know and let us send you an email when Pillar Professional Teacher Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share