Poe Eain's No Hungry Area

Poe Eain's No Hungry Area

Share

Dream Land Nihon

19/03/2024

အမေးများလှတဲ့ရာသီဥတုအကြောင်း တင်ပြသွားမှာပါ

✅ဂျပန်နိုင်ငံ၏ ရာသီဥတုများ✅

-ရာသီဥတု ၄မျိုး

-နွေဦးရာသီ ၃လပိုင်းမှ ၅လပိုင်း

-နွေရာသီ ၆လပိုင်းမှ ၈လပိုင်း

-ဆောင်းဦးရာသီ ၉လပိုင်းမှ ၁၁လပိုင်း

-ဆောင်းရာသီ ၁၂လပိုင်းမှ ၂လပိုင်း

✅နွေဦးရာသီ

အအေးဒဏ်လျော့ပါး
ရာသီဥတု နွေးထွေး
လေပြင်းများတိုက်ခတ်လေ့ရှိသော ရာသီ
၃လပိုင်းမှ ၅လပိုင်းအတွင်းတွင် အင်္ကျီလက်ရှည်နှင့် အပေါ်၀တ်ကုတ်အပါးတို့ကို ၀တ်

(ဆာကူရာပန်းပွင့်ချိန်ဖြစ်သော‌ကြောင့် ပန်းကြည့်ပွဲတော်ကို ဆင်နွှဲနိုင်)

✅နွေရာသီ

-နွေရာသီ၏အစ ၆လပိုင်းမှ ၇လပိုင်းအလယ်ခန့်တွင် မိုးရွာသွန်း
-အပူချိန်လျော့ကျကာ အနည်းငယ် အေးသောကြောင့် ထိုကာလကို မိုးရာသီဟုခေါ်
-ခေါက်ထီး (သို့)မိုးကာအင်္ကျီဆောင်

(နွေရာသီတွင် နေကြာပန်းနှင့် နေပူခံနွယ်ပန်းများ ပွင့်သည့်အပြင် မီးပန်းပွဲတော်နှင့် နွေရာသီပွဲတော် များလည်းကျင်းပပါသည်။)

✅ဆောင်းဦးရာသီ

-ဆောင်းဦးရာသီဖြစ်သည့် ၉လပိုင်းမှ ၁၁လပိုင်းအတွင်းသည် အပူချိန် လျော့ကျကာ ခြောက်သွေ့
-နေထိုင်ရကောင်းသောရာသီ

(ဆောင်းဦးရာသီသည် ကော်စမိုပန်းများပွင့်ပြီး သစ်ရွက်ဝါများစတင်ကြွေသော ရာသီဖြစ်သည်။)

✅ဆောင်းရာသီ

၁၂လပိုင်းမှစပြီး အပူချိန် လျော့ကျဆောင်းရာသီသို့ စတင်၀င်ရောက်လာလကုန်ပိုင်းမှစကာ အအေးရှိန် မြင့်လာ ၃လပိုင်းထိ အအေးဒဏ်ကို ခံစား

(ဆောင်းရာသီတွင် ခရစ်စမတ်နှင့် နှစ်သစ်ကူးပွဲတော်များ ကျင်းပပြီး နှင်းလျှောစီးခြင်းများ ကစားနိုင်သော ရာသီ)

မူရင်းရေးသားသူ creditပေးပါတယ်

Photos from Poe Eain's No Hungry Area's post 16/03/2024

မူရင်းရေးသားသူကို creditပေးပါတယ်.....

ဒီနေ့အတွက်ကတော့ ဂျပန်နိုင်ငံတွင်းပါဆယ်ပို့နည်းအကြောင်းတင်ပေးသွားမှာပါ 💁‍♀️
ဂျပန်နိုင်ငံတွင်း Delivery Service လုပ်ငန်းတွေ အများကြီးရှိပါတယ်။
ဒီထဲကမှ အားလုံးနဲ့ အဆင်ပြေစေမယ့် နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။
🏪၂၄နာရီကွန်ဗီနီစတိုးဆိုင်များနှင့် စာတိုက်ဘဏ်ကနေ ပို့လိုရတဲ့နည်းလမ်းလေးတွေပါ။

(၁) ヤマト Delivery Service 🐈‍⬛📦
(ကြောင်နှစ်ကောင်လို့ လည်းတစ်ချို့မြန်မာတွေခေါ်ကြပါတယ်)
🔶Seven Eleven
🔶Family Mart စသည့် ကွန်ဗီနီများတွင် ပေးပို့နိုင်ပါတယ်။

(၂) ゆうパック Delivery Service 📮📦
စာတိုက်ဘဏ်မှပေးတဲ့ ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းပါ။
🔷郵便局(ゆうびんきょく)စာတိုက်နှင့်
🔷Lawson
🔷100 တန် Lawson
🔷Ministop
🔷Daily စသည့် ကွန်ဗီနီများတွင် ပေးပို့နိုင်ပါတယ်။

(၁) နဲ့ (၂) ဘာကွာလည်းမေးရင်

ゆうパック Delivery Service က ပစ္စည်းအလေးချိန်ကိုမတိုင်းပါဘူးအလျား x အနံx အမြင့်(ထုထည်) အရွယ်အစားအလိုက် စျေးသတ်မှတ်ထားပါသည်။

ヤマト Delivery Service ကတော့ ပစ္စည်းအလေးချိန်နှင့် အရွယ်အစား (အလျား x အနံx အမြင့်(ထုထည်) )နှစ်မျိုးလုံးတိုင်းတာပြီးမှ စျေးများတာနှင့် စျေးသတ်မှတ်ယူပါသည်။

ပစ္စည်းပေးပို့တဲ့အခါတွင် ပေးပို့သူဘက်မှပေးချေမည်ဆိုပါက
元払い伝票(もとばらい でんぴょう)လို့ခေါ်ပါတယ်။
ပစ္စည်းလက်ခံမည့်သူဘက်မှ ငွေပေးချေမည်ဆိုပါက
着払い伝票(ちゃくばらいでんぴょう)လို့ခေါ်ပါတယ်။
နီးစပ်ရာ ကွန်ဗီနီဆိုင်များမှကောင်တာတွင် အလကားတောင်းယူနိုင်ပါတယ်။

(၁) ヤマト Delivery Service 🐈‍⬛📦🚚

ဖြည့်သွင်းရမည့်အချက်များကိုအောက်တွင် ပုံနှင်တကွ
အမှတ်စဉ်များဖြင့်ရှင်းပြထားပါတယ်။

(၁) လက်ခံမည့်သူ စာတိုက်နံပါတ်
(၂) လက်ခံမည့်သူ ဖုန်းနံပါတ်
(၃) လက်ခံမည့်သူ လိပ်စာ( ခရိုင်၊ မြို့နယ်၊ ရပ်ကွက်စသည်)
(၄) လက်ခံမည့်သူ နာမည်
(၅) ပေးပို့မည့်သူ စာတိုက်နံပါတ်
(၆) ပေးပို့မည့်သူ ဖုန်းနံပါတ်
(၇) ပေးပို့မည်သူ လိပ်စာ( ခရိုင်၊ မြို့နယ်၊ ရပ်ကွက်စသည်)
(၈) ပေးပို့မည့်သူ နာမည်
(၉) ပစ္စည်းရောက်လိုသည့် ရက်စွဲ
(၁၀) ပစ္စည်းရောက်လိုသည့် အချိန်
(၁၁) မိမိပို့သည့် ပစ္စည်းအမျိုးအစား
(၁၂) 宅急便センター受け取りサービス
ကိုယ်ပေးပို့မယ့်အစားအသောက်ပေါ် မူတည်ပြီး
အသီးအရွက်တွေဆို ညှိုးလွယ်တဲ့အတွက် အအေးပစ္စည်းများပို့တဲ့冷蔵ကိုအမှန်ခြစ်ပေးပါ။
တခြားပစ္စည်းတွေ အ၀တ်အထည်တွေဘာတွေပို့မယ်ဆို အမှန်ခြစ်စရာမလိုပါဘူး။

(၂) ゆうパック Delivery Service 📮📦

ဖြည့်သွင်းရမည့်အချက်များကိုအောက်တွင် ပုံနှင်တကွ
အမှတ်စဉ်များဖြင့်ရှင်းပြထားပါတယ်။

(၁) လက်ခံမည့်သူ စာတိုက်နံပါတ်
(၂) လက်ခံမည့်သူ လိပ်စာ( ခရိုင်၊ မြို့နယ်၊ ရပ်ကွက်စသည်)
(၃) လက်ခံမည့်သူ နာမည်
(၄) လက်ခံမည့်သူ ဖုန်းနံပါတ်
(၅) ပေးပို့မည့်သူ စာတိုက်နံပါတ်
(၆) ပေးပို့မည်သူ လိပ်စာ( ခရိုင်၊ မြို့နယ်၊ ရပ်ကွက်စသည်)
(၇) ပေးပို့မည့်သူ နာမည်
(၈) ပေးပို့မည့်သူ ဖုန်းနံပါတ်
(၉) ပစ္စည်းရောက်လိုသည့် ရက်စွဲ
(၁၀) ပစ္စည်းရောက်လိုသည့် အချိန်
(၁၁) မိမိပို့သည့် ပစ္စည်းအမျိုးအစား

元払い(もとばらい)နဲ့着払い(ちゃくばらい)အပြင်
Luggage(ခရီးဆောင်အိတ်)တွေကို နီးစပ်ရာ ကွန်ဗီနီဆိုင်ကနေ မသွားခင်ထဲက ကိုယ်သွားမယ့်နေရာ (ဟိုတယ်စသည်ဖြင့်)ကို ကြိုပို့ထားလို့လည်းရပါတယ်။ ပို့တဲ့အခါဖြည့်ရမယ့်ဘောင်ချာကတစ်ရွက်ထဲပါ။
ခရီးအသွားအပြန် ကိုယ်တိုင်အထုတ်တွေသယ်စရာမလိုတော့လို့ တော်တော်အဆင်ပြေတဲ့နည်းပါ။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Yangon