Edu Hub

Edu Hub

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Edu Hub, Education Website, No. 45/47, 1st Floor 2A, Than Ta Dar Street, San Chaung Township, Yangon.

Edu Hub aims to provide educational information, scholarship opportunities and job opportunities for young people, to create a modern and smart digital online learning environment, to effectively study languages ​​and to stay in touch with education.

23/02/2026

🎓 Research Title ရွေးချယ်ခြင်း အနုပညာ 🎓

နိုင်ငံခြားမှာ Master ဒါမှမဟုတ် PhD လျှောက်မယ့်သူတွေအတွက် Research Proposal ရေးသားခြင်းက အဓိကခြေလှမ်းဖြစ်ပြီး…

အဲဒီထဲမှာမှ Research Title ကို မှန်ကန်စွာ ရွေးချယ်နိုင်ခြင်းက အရေးကြီးဆုံး "အနုပညာ" တစ်ခုပဲ ဖြစ်ပါတယ်။

ခေါင်းစဉ်ကောင်းတစ်ခုက သင့်ရဲ့ Research ကို လမ်းကြောင်းမှန်စေသလို Reviewer တွေရဲ့ စိတ်ဝင်စားမှုကိုလည်း ချက်ချင်းဖမ်းစားနိုင်ပါတယ်။

ဒီတော့ ခေါင်းစဉ်ရွေးတော့မယ်ဆိုရင် ဒီအချက်တွေကို နဲ့ စဉ်းစားကြည့်ပါ။

1️⃣ ခေါင်းစဉ်ကောင်းတစ်ခုရဲ့ ဝိသေသလက္ခဏာများ

• ဖတ်လိုက်တာနဲ့ ဘာကိုလေ့လာမှာလဲဆိုတာ မြင်သာရပါမယ်။

• သတ်မှတ်ထားတဲ့ ကာလအတွင်းမှာ တကယ်လက်တွေ့ ပြီးမြောက်နိုင်မယ့် ခေါင်းစဉ်မျိုး ဖြစ်ရပါမယ်။

• မကျယ်လွန်း၊ မကျဉ်းလွန်း (ဥပမာ - "မြန်မာနိုင်ငံ၏ ပညာရေးအကြောင်း" ဆိုတာထက် "ဘုန်းတော်ကြီးသင် ပညာရေးစနစ်မှ Education Policy နှင့် Practice များ နှိုင်းယှဉ်ချက်") ဒါမျိုး Narrow Down လုပ်ပြီး တိကျအောင် ရွေးချယ်ရပါမယ်။

• သုတေသနပြုလုပ်ဖို့အတွက် ကုန်ကျမယ့် Budget ဟာလည်း သင့်တော်ရပါမယ်။

2️⃣ Research လုပ်တဲ့အခါ ဘာတွေ လုပ်နိုင်ရမလဲ?

ခေါင်းစဉ်တစ်ခုဟာ အောက်ပါအချက်တွေကို လုပ်ဆောင်နိုင်စွမ်း ရှိရပါမယ် -

• Sides မျိုးစုံကနေ တင်ပြနိုင်ရမယ်၊ ကောင်းကျိုးတွေအပြင် ကိုယ်ပိုင်အမြင်ပါ ထည့်သွင်းနိုင်ရမယ်။

• Research Evidence တွေနဲ့ အပြန်အလှန် ဆွေးနွေးနိုင်ရမယ်။

• အရင်ရှိပြီးသား Theory တွေရဲ့ တူညီချက်နဲ့ ကွဲပြားချက်တွေကို နှိုင်းယှဉ်ပြနိုင်ရမယ်။

• အရင်ရှိပြီးသား စာတမ်းတွေကို Critical ကျကျ သုံးသပ်ပြီး အဲဒီမှာရှိတဲ့ လိုအပ်ချက် တွေကို ထောက်ပြနိုင်ရပါမယ်။

3️⃣ ခေါင်းစဉ်ကောင်းတစ်ခုကို ဘယ်လိုရှာမလဲ?

• ပထမဆုံးအနေနဲ့ ကိုယ်တကယ် စိတ်ဝင်စားတဲ့အရာ ဖြစ်ဖို့လိုသလို Reference ပေါများတဲ့ Title မျိုးလည်း ဖြစ်ရပါမယ်။

• စာတမ်းတွေကို Scanning & Skimming နည်းတွေနဲ့ ဖတ်ပါ။ Abstract နဲ့ Findings တွေကို အဓိကကြည့်ပါ။

• စာတမ်းတွေရဲ့ အဆုံးမှာပါတဲ့ "Limitations and Suggestions for Further Research" မှာ ရှေ့လူတွေ မလုပ်နိုင်သေးတဲ့ အချက်တွေကို ရှာကြည့်ပါ။

ဥပမာ - Researcher တစ်ဦးက "AI သုံးတာ ပညာရေးအတွက် ကောင်းတယ်" လို့ ဆိုပြီး နောက်တစ်ဦးက "AI က Critical Thinking ကို အားနည်းစေတယ်" လို့ ဆိုထားရင် ဒီကွာဟချက် ကို အခြေခံပြီး သင့်ရဲ့ Research Title ကို ဖော်ထုတ်
နိုင်ပါတယ်။

Research ခရီးလမ်းကို စတင်တော့မယ့် ကျောင်းသား၊ ကျောင်းသူအားလုံးအတွက် 𝐄𝐝𝐮 𝐂𝐨𝐫𝐧𝐞𝐫 မှ အစဉ်အမြဲ အားပေးလျက်ရှိပါတယ်။

အကျိုးရှိမယ်ထင်ရင် "ရှယ်" သွားနိုင်ပါတယ်ဗျ၊

22/02/2026

IGCSE နဲ့ GED ဘာကွာလဲ❓

သားသား၊ မီးမီးတို့ရဲ့ ပညာရေးလမ်းကြောင်းကို ရွေးချယ်တော့မယ်ဆိုရင် မိဘတိုင်း ခေါင်းရှုပ်ရတဲ့ မေးခွန်းတစ်ခုကတော့ "IGCSE တက်သင့်လား? GED ပဲ ဖြေသင့်လား?" ဆိုတာပါပဲ။

နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်တွေ ဖြစ်ကြပေမယ့် ဒီနှစ်ခုက သွားမယ့်လမ်းကြောင်းချင်း မတူပါဘူး။

ဒါကြောင့် Education Hub ကနေ မိဘတွေနဲ့ ကျောင်းသားတွေ ဆုံးဖြတ်ချက်ချရ လွယ်ကူစေဖို့ အဓိကကွာခြားချက် (၄) ချက်ကို ယှဉ်ပြပေးလိုက်ပါတယ်။ 👇

၁။ သင်ရိုးညွှန်းတမ်း (Curriculum)

• 🇬🇧 IGCSE: ဗြိတိန်နိုင်ငံ (UK) အခြေပြု သင်ရိုးဖြစ်ပါတယ်။ အခြေခံပညာရေးကို စနစ်တကျနဲ့ အသေးစိတ် သင်ကြားရတဲ့ ပုံစံပါ။
• 🇺🇸 GED: အမေရိကန်နိုင်ငံ (US) အခြေပြု High School Equivalency (အထက်တန်းအဆင့် တတ်မြောက်မှု) လက်မှတ်ဖြစ်ပါတယ်။ အမေရိကန် အထက်တန်းပြီးဆုံးတာနဲ့ ညီမျှတဲ့ အသိအမှတ်ပြုလက်မှတ်ပါ။

၂။ အချိန်ပေးရမှု (Duration)

• ⏳ IGCSE: အနည်းဆုံး (၁) နှစ်ခွဲ ကနေ (၂) နှစ် အထိ အချိန်ယူရလေ့ရှိပါတယ်။ ဘာသာရပ်တစ်ခုချင်းစီကို အသေးစိတ်လေ့လာရလို့ အချိန်ပေးရပါတယ်။
• 🚀 GED: (၃) လ ကနေ (၆) လ အတွင်း အပြီးဖြေဆိုနိုင်ပါတယ်။ အချိန်တိုတိုနဲ့ တက္ကသိုလ်တက်ဖို့ ပြင်ဆင်ချင်သူတွေအတွက် လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။

၃။ ဘာသာရပ်အရေအတွက် (Subjects)

• 📚 IGCSE: အနည်းဆုံး (၅) ဘာသာ ကနေ (၇) ဘာသာအထိ ဖြေဆိုရလေ့ရှိပါတယ်။ (Science, Math, English စသဖြင့် ဘာသာရပ်ခွဲတွေ များပါတယ်)။
• 📝 GED: အဓိက (၄) ဘာသာ ပဲ ဖြေဆိုရပါတယ်။ (Math, Science, Social Studies, RLA)။ ဘာသာရပ်နည်းပြီး လိုရင်းကိုပဲ စစ်ဆေးတဲ့ ပုံစံပါ။

၄။ စာမေးပွဲပုံစံ (Exam Style)

• 🗓️ IGCSE: သတ်မှတ်ထားတဲ့ လတွေမှာပဲ ဖြေဆိုရပါတယ် (ဥပမာ - May/June ဒါမှမဟုတ် Oct/Nov)။
• 💻 GED: မိမိ အဆင်ပြေတဲ့အချိန်မှာ Computer Based စနစ်နဲ့ ကြိုက်တဲ့အချိန် ဖြေလို့ရပါတယ်။ တစ်ဘာသာချင်းစီ ခွဲဖြေလို့ရတာကလည်း အားသာချက်တစ်ခုပါ။

📌 ဘယ်လိုကျောင်းသားတွေ GED ကို ရွေးချယ်လေ့ရှိလဲ?

✅ အချိန်မဖြုန်းဘဲ တက္ကသိုလ်မြန်မြန် တက်ချင်တဲ့သူတွေ
✅ ပြည်ပနိုင်ငံတွေ (ထိုင်း၊ အမေရိကန်၊ ဥရောပ၊ စင်ကာပူ) မှာရှိတဲ့ တက္ကသိုလ်တွေကို Scholarship နဲ့ တိုက်ရိုက်လျှောက်ချင်သူတွေ
✅ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းနားထားရပြီး ပညာရေးလမ်းကြောင်း ပြန်စချင်သူတွေ

💡IGCSE ကတော့ အသက်ငယ်သေးတယ် (၁၃-၁၄ နှစ်ဝန်းကျင်)၊ အခြေခံအုတ်မြစ်ကို ခိုင်ခိုင်မာမာ လိုချင်တယ်၊ Medicine/Engineering လို ဘာသာရပ်ကြီးတွေ ဆက်တက်ဖို့ ရည်မှန်းထားရင် အလွန်သင့်တော်ပါတယ်။

💡 GED ကတော့ အသက် (၁၆) နှစ်ကျော်နေပြီ၊ အချိန်တိုအတွင်းမှာ တက္ကသိုလ်တက်ဖို့၊ နိုင်ငံခြားထွက်ဖို့ ရည်ရွယ်ထားရင် အထိရောက်ဆုံး လမ်းကြောင်းတစ်ခုပါပဲ။

ကိုယ့်ကလေးရဲ့ ရည်မှန်းချက်နဲ့ လက်ရှိအခြေအနေပေါ်မူတည်ပြီး အကောင်းဆုံးဖြစ်မယ့် လမ်းကြောင်းကို ရွေးချယ်နိုင်ကြပါစေခင်ဗျာ။ ✨

အကျိုးရှိမယ်ထင်ရင် ရှယ် သွားနိုင်ပါတယ်ဗျ။

21/02/2026

GED ဖြေဖို့ အခြေခံအင်္ဂလိပ်စာ ဘယ်လောက် လိုအပ်လဲ❓

GED ဖြေဖို့ ပြင်ဆင်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ မိဘတွေ အမေးများဆုံး မေးခွန်းကတော့ "အင်္ဂလိပ်စာ သိပ်မကျွမ်းကျင်ဘူး၊ GED ဖြေလို့ရမလား" ဆိုတာပါပဲ။ ဒီအတွက်အဖြေကတော့ "အခြေခံကောင်းဖို့ လိုအပ်ပါတယ်"။

ဘာကြောင့်လဲဆိုတော့ GED ဆိုတဲ့ အမေရိကန် အထက်တန်းအဆင့် စာမေးပွဲမှာ RLA, Science, Social Studies နဲ့ Math ဆိုပြီး ဘာသာရပ် (၄) ခု ရှိပါတယ်။

ဒီဘာသာရပ်တွေ အားလုံးမှာ မေးခွန်းတွေ၊ ရှည်လျားတဲ့ စာပိုဒ်တွေကို English လို ဖတ်ပြီး နားလည်မှ၊ ခွဲခြမ်းစိတ်ဖြာနိုင်မှ အဖြေမှန်ကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် General English တတ်ရုံနဲ့ မလုံလောက်ဘဲ Academic English စွမ်းရည်ပါ ရှိထားမှ GED ကို ယုံကြည်မှုရှိရှိ ဖြေဆိုနိုင်မှာပါ။

အင်္ဂလိပ်စာ အခြေခံမရှိဘဲ GED အတန်းတွေကို တန်းတက်ရင် ဘာဖြစ်မလဲ❓

✅ စာသင်ခန်းထဲမှာ ဆရာသင်တာကို နားလည်ပေမယ့် ကိုယ်တိုင်စာဖတ်တဲ့အခါ Vocabulary အခက်အခဲတွေ တွေ့လာမယ်။

✅ မေးခွန်းက ဘာကိုဆိုလိုချင်တာလဲဆိုတာ နားမလည်လို့ အဖြေမှားတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒါဟာ အချိန်ကုန်၊ လူပန်းစေပြီး စာမေးပွဲအောင်ဖို့ နှောင့်နှေးစေနိုင်ပါတယ်။

ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် 𝐄𝐝𝐮 𝐇𝐮𝐛 မှာ Pre-GED Foundation Class ကို စီစဉ်ပေးထားပါတယ်။ ✔️✔️

အခြေခံ အုတ်မြစ် ခိုင်မာမှ တိုက်ဆောက်တဲ့အခါ မယိုင်လဲမှာ ဖြစ်သလို၊ GED ခရီးစဉ်ကို လျှောက်လှမ်းဖို့အတွက်လည်း Pre-GED Foundation ကနေ စတင်တာဟာ အကောင်းဆုံး ရွေးချယ်မှုတစ်ခုပါပဲ။

အင်္ဂလိပ်စာ အားနည်းလို့ စိတ်မပူပါနဲ့။
𝐄𝐝𝐮 𝐇𝐮𝐛 နဲ့အတူ အခြေခံကစပြီး ပြင်ဆင်လိုက်ကြရအောင်နော်…😉

☎️ 09794617720, 09758764080

📍 အမှတ်(၄၅/၄၇)၊ (2-𝐀)၊ သံတံတားလမ်း၊ စမ်းချောင်း (ညစျေးမှတ်တိုင်အနီး)

20/02/2026

၁၀ တန်းမအောင်သေးလို့ ဒါမှမဟုတ်
ကျောင်းနားထားရလို့ စိတ်ညစ်နေတဲ့ လူငယ်တွေအတွက် "GED" ဆိုတဲ့ ဖြတ်လမ်း 🌏🎓

လက်ရှိအချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် ပညာရေးနှောင့်နှေးနေရတဲ့ လူငယ်တွေ အများကြီးရှိပါတယ်။

၁၀ တန်း ဒါမှမဟုတ် အထက်တန်းပညာရေး ပြီးဆုံးဖို့ အချိန်အများကြီး ထပ်ပေးရမယ့်အခြေအနေမှာ GED (General Educational Development) က အကောင်းဆုံး အစားထိုးလမ်းကြောင်းတစ်ခု ဖြစ်လာပါတယ်။

📝 GED ဆိုတာ ဘာလဲ?

GED ဆိုတာ အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့က အသိအမှတ်ပြုထားတဲ့ High School Equivalency Diploma ဖြစ်ပါတယ်။ မြန်မာလို လွယ်လွယ်ပြောရရင်တော့ "အမေရိကန် အထက်တန်းအောင်လက်မှတ်" နဲ့ တန်းတူညီမျှတဲ့ အရည်အချင်းစစ် စာမေးပွဲတစ်ခုပါ။

🧠 ဘာတွေဖြေရလဲ?

သိပ္ပံနဲ့ ဝိဇ္ဇာ ခွဲခြားထားတာမျိုးမရှိဘဲ အဓိက ဘာသာရပ် (၄) ခုကိုသာ ဖြေဆိုရတာမို့ ဝန်ထုတ်ဝန်ပိုး နည်းပါးပါတယ်။
1. Mathematical Reasoning
2. Reasoning Through Language Arts
3. Social Studies
4. Science

✅ ဘယ်သူတွေနဲ့ ကိုက်ညီလဲ?

• အသက် (၁၆) နှစ်ပြည့်ပြီးသူများ
• နိုင်ငံတကာတက္ကသိုလ် (US, UK, Australia, Thailand, Singapore) တွေမှာ ပညာဆက်သင်ချင်သူများ
• ပြည်တွင်းရှိ နိုင်ငံတကာအဆင့်မီ Private University များ တက်ရောက်လိုသူများ
• အချိန်တို (၃ လ မှ ၆ လခန့်) အတွင်း အထက်တန်းအဆင့်ကို အပြီးသတ်လိုသူများအတွက် အထူးသင့်တော်ပါတယ်။

💡GED အောင်လက်မှတ်ရတာနဲ့ တက္ကသိုလ်ဝင်ခွင့် လျှောက်လို့ရရုံသာမက တချို့တက္ကသိုလ်တွေမှာ Scholarship လျှောက်ခွင့်ပါ ရရှိနိုင်ပါတယ်။ အချိန်ကို တန်ဖိုးထားပြီး ရှေ့ဆက်တက်လှမ်းချင်တဲ့ လူငယ်တွေအနေနဲ့ ဒီလမ်းကြောင်းကို ထည့်သွင်းစဉ်းစားသင့်ပါတယ်နော်။ ✨

နိုင်ငံတကာပညာရေးနဲ့ပတ်သက်ပြီး သိလိုသမျှကိုလည်း Comment မှာ ဝင်ရောက်ဆွေးနွေး မေးမြန်းနိုင်ပါတယ်ဗျ။

12/02/2026

🇲🇲 (၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့ကို EDU HUB မှ လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုရုံတင်မကဘဲ အထူးအစီအစဉ်တွေပါ ယူဆောင်လာပါပြီ! 🇲🇲

​“စည်းလုံးခြင်းသည် အင်အား” ဆိုတဲ့အတိုင်း ကျွန်ုပ်တို့ရဲ့ မျိုးဆက်သစ်လူငယ်တွေ အနာဂတ်မှာ အင်အားရှိရှိ လျှောက်လှမ်းနိုင်ဖို့ဆိုတာ ပညာရေးက အဓိကကျပါတယ်။

​EDU HUB Education Center က ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေနဲ့ ပညာသင်ဆု (Scholarships) နဲ့ သင်တန်းကြေး Discount များစွာကို စီစဉ်ပေးထားပါတယ်။

​✅ ရရှိနိုင်မည့် အခွင့်အရေးများက‌ေတာ့-
-​ပြည်ထောင်စုနေ့ အထူး Discount (၁၀% မှ ၃၀% အထိ)(၁၂/၁၃/၁၄ အတွက်သာ)
-​Course အသစ်များအတွက် အခမဲ့စမ်းသပ်တက်ရောက်ခွင့်
-​အနာဂတ်ပညာရေးအတွက် အခမဲ့ Career Counseling တို့ဖြစ်ပါတယ်။

​မြန်မာ့သားကောင်းရတနာလေးများ ပညာရည်ထူးချွန်ပြီး နိုင်ငံဂုဏ်ဆောင်နိုင်ကြပါစေကြောင်း EDU HUB မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

​📍 လိပ်စာ - No.45/47, Thandata St, Sanchaung, Near Nya Zay.
📞 ဖုန်း - 09794617720/ 09427497955

​

26/01/2026

သင်ကြားရေးထိရောက်ပြီး ယုံကြည်မှုရစေဖို့ ကျောင်းသားအနည်းငယ်သာလက်ခံတဲ့ 𝐆𝐄𝐃 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐂𝐥𝐚𝐬𝐬🎓

𝐆𝐄𝐃 ဖြေဆိုဖို့ ပြင်ဆင်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် 𝐄𝐝𝐮 𝐇𝐮𝐛 ကနေ 𝐌𝐚𝐫𝐜𝐡 𝐈𝐧𝐭𝐚𝐤𝐞 (𝐁𝐚𝐭𝐜𝐡 19) 𝐆𝐄𝐃 , 𝐏𝐫𝐞 𝐆𝐄𝐃 အတန်းတွေကို ဖွင့်လှစ်တော့မှာပါ။ 🔊🔊

𝐄𝐝𝐮 𝐇𝐮𝐛 က "𝐐𝐮𝐚𝐧𝐭𝐢𝐭𝐲" ထက် "𝐐𝐮𝐚𝐥𝐢𝐭𝐲" ကို ဦးစားပေးတဲ့အတွက် တစ်တန်းကို ကျောင်းသား (၅) ယောက်ကနေ (၁၀) ယောက် အထိပဲ လက်ခံပါတယ်။

ဒါမှသာ ဆရာနဲ့ ကျောင်းသား တစ်ဦးချင်းစီ အနီးကပ် ဆွေးနွေးသင်ကြားနိုင်မှာ ဖြစ်ပါတယ်။ ✨

🎁 အခုတစ်ပတ်တက်မယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက်…
🎁စာမေးပွဲနီးရင် လေ့ကျင့်ဖို့လိုတဲ့ 𝐈𝐧𝐭𝐞𝐧𝐬𝐢𝐯𝐞 𝐂𝐥𝐚𝐬𝐬 (၁) လ ကို 𝐅𝐫𝐞𝐞 မေတ္တာလက်ဆောင် ထည့်ပေးထားပါတယ်။ 🎁ဒါ့အပြင် ပထမဆုံး ကျောင်းလာအပ်တဲ့ (၃) ယောက် ထဲမှာ ပါဝင်ခဲ့ရင် 10% 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 ပါ ထပ်ရဦးမှာနော်။

ဒီတော့ နိုင်ငံတကာတက္ကသိုလ်တွေမှာ ကျောင်းတက်ချင်တဲ့သူတိုင်း တက်သင့်တဲ့ 𝐆𝐄𝐃 ကို ယုံကြည်စိတ်ချရတဲ့ 𝐄𝐝𝐮 𝐇𝐮𝐛 နဲ့အတူ လက်တွေ့အကောင်အထည်ဖော်လိုက်ပါ။ 📖

📚 သတိပြုရန်-𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐂𝐥𝐚𝐬𝐬ဖြစ်တဲ့အတွက် အမှန်တကယ် 𝐆𝐄𝐃 အထက်တန်းအောင်လက်မှတ်ကို ရယူလိုသူများသာ တက်ရောက်ပါရန်နှင့် အထူးသဖြင့်အတန်းချိန်မှန်ကန်အောင်တက်ရောက်ကြဖို့ လိုအပ်ပါသည်။

အတန်းချိန်နဲ့ အသေးစိတ်အချက်လက်များကို အောက်ပါဖုန်းနံပါတ်တွေကနေတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ 👇

☎️ 09794617720, 09758764080

📍 အမှတ်(၄၅/၄၇)၊ (2-𝐀)၊ သံတံတားလမ်း၊ စမ်းချောင်း (ညစျေးမှတ်တိုင်အနီး)

စိတ်အားထက်သန်မှုနဲ့ အမှန်တကယ်ကြိုစားမှုသာ ယူခဲ့ပါ။ အောင်မြင်မှုတွေအတွက် 𝐄𝐝𝐮 𝐇𝐮𝐛က အစဉ်အမြဲ ကြိုးစားပေးနေပါတယ်။💪💪💪

#𝐄𝐝𝐮𝐇𝐮𝐛 #𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 #𝐆𝐄𝐃 #𝐒𝐭𝐮𝐝𝐲𝐀𝐛𝐫𝐨𝐚𝐝 #𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲𝐈𝐧𝐭𝐚𝐤𝐞 #𝐒𝐦𝐚𝐥𝐥𝐂𝐥𝐚𝐬𝐬𝐒𝐢𝐳𝐞 #𝐐𝐮𝐚𝐥𝐢𝐭𝐲𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧

22/01/2026

မေး : ဆရာ မလာခင် နင်တို့ ဘာလုပ်ကြလဲ
ငါတို့အဖွဲ့:: 🤣🤣🤣🤣

#သင်ကြားရေးစိတ်အချရဆုံးGEDကျောင်း

21/01/2026

MOCK Test ဖြေရမည် ဆိုသောအခါ 😂

20/01/2026

🚀 EDU HUB နဲ့အတူ GED ကို အောင်မြင်စွာ ဖြတ်ကျော်ခဲ့တဲ့ Success Story! 🎓

GED ဖြေဖို့ ပြင်ဆင်နေတဲ့ ကျောင်းသားတိုင်းအတွက် စိတ်အားတက်ကြွစရာ Video လေးတစ်ခု လာပါပြီ။ 🎬

ကျွန်တော်တို့ EDU HUB ရဲ့ ကျောင်းသူလေး [ကျောင်းသူအမည်] က သူမ GED ဘယ်လိုတက်ဖြစ်ခဲ့လဲ၊ EDU HUB ရဲ့ ဘယ်လို Support တွေကြောင့် အခုလို အောင်မြင်မှုရခဲ့တာလဲဆိုတာကို ဝေမျှပေးထားပါတယ်။

EDU HUB မှာ GED တက်ရင် ဘာတွေရမလဲ?
✨ အတွေ့အကြုံရင့် ဆရာ/မများရဲ့ စနစ်ကျတဲ့ သင်ကြားမှု။
✨ Exam အတွက် သေချာပြင်ဆင်ပေးတဲ့ Mock Test များ။
✨ GED အောင်ပြီးရင်လည်း ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာကျောင်းတွေ ဆက်လျှောက်ဖို့အတွက် အစအဆုံး အကြံပေးဝန်ဆောင်မှု စတာတွေကို တပါတည်း ရယူနိုင်ပါတယ်။

Edu Huberလေးတို့ရော Yadanar Oo လိုမျိုး အချိန်တိုအတွင်း GED အောင်မြင်ပြီး နိုင်ငံတကာတက္ကသိုလ်တွေကို တက်လှမ်းချင်ပြီလား?

အနာဂတ်အတွက် ခိုင်မာတဲ့ ခြေလှမ်းတွေကို EDU HUB နဲ့အတူ အခုပဲ စတင်လိုက်ပါ။ 🤝

📩 တန်းခွဲအသစ်များအကြောင်း စုံစမ်းရန် Messenger သို့ "GED" ဟု စာပို့ပေးပါ သို့မဟုတ် 09794617720 /09427497955သို့ # # ဆက်သွယ်လိုက်ပါ။

14/01/2026

GED ဖြေဆိုဖို့ ပြင်ဆင်နေကြတဲ့ ကျောင်းသား/သူတွေအတွက် အရေးကြီးသတင်း (သို့မဟုတ်) အသိပေးချက် တစ်ခုကို မျှဝေပေးလိုက်ပါတယ်။

​လာမယ့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ ကစပြီး GED နိုင်ငံတကာစာမေးပွဲကြေးတွေ အပြောင်းအလဲရှိမှာဖြစ်လို့ ကြိုတင်ပြင်ဆင်နိုင်အောင် အောက်ပါအတိုင်း အသိပေးနှိုးဆော်အပ်ပါတယ်ခင်ဗျာ။

​နိုင်ငံတကာ GED အဖွဲ့အစည်းရဲ့ တရားဝင်ထုတ်ပြန်ချက်အရ စာမေးပွဲကြေးများကို အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်သွားမှာဖြစ်ပါတယ်။

​ဘာသာရပ်တစ်ခုချင်းစီအတွက် စာမေးပွဲကြေးပြောင်းလဲခြင်း: မူလ $85 မှ $90 သို့ တိုးမြှင့်သွားမည်။

​စတင်မည့်ရက်: ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့။

​GED Ready (စမ်းသပ်စစ်ဆေးမှု): မူလဈေးနှုန်း $7.99 အတိုင်း မပြောင်းလဲဘဲ တည်ရှိနေပါမည်။

​သတိပြုရန်: အထက်ပါနှုန်းထားမှာ စာမေးပွဲကြေးသီးသန့်သာဖြစ်ပြီး မိမိဖြေဆိုမည့် နိုင်ငံအလိုက် သတ်မှတ်ထားသော အခွန် (Taxes) များ ထပ်ဆောင်းရှိနိုင်ပါသည်။

​✨ အကြံပြုချက်
မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ EDU HUBerလေးတို့ကို ​စာမေးပွဲကြေး မတိုးခင်မှာ ဖြေဆိုဖို့ ပြင်ဆင်ပြီးသားသူတွေအနေနဲ့ ဧပြီလ မတိုင်ခင် အမြန်ဆုံး စာရင်းပေးသွင်း ဖြေဆိုထားကြဖို့ တိုက်တွန်းလိုပါတယ်။

ငွေကုန်ကြေးကျ သက်သက်သာသာနဲ့ အချိန်မီ အောင်လက်မှတ်ရယူနိုင်မယ့် အခွင့်အရေးကို လက်မလွှတ်ပါနဲ့။

​ပိုမိုသိရှိလိုပါက GED ရဲ့ တရားဝင် Email ဖြစ်တဲ့ [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

​ကျောင်းသား/သူအားလုံး စာမေးပွဲမှာ ထူးထူးချွန်ချွန်နဲ့ အောင်မြင်ကြပါစေ။ 🎓

​ဒီသတင်းစကားလေးကို သိရအောင် သူငယ်ချင်းတွေဆီကိုလည်း Share ပေးလိုက်ပါဦးနော်။
​
ာမေးပွဲပြောင်းလဲခြင်း

13/01/2026

EDU HUB မှာ GED (General Educational Development) အောင်မြင်စွာ ဖြေဆိုအောင်မြင်ပြီး နိုင်ငံတကာတက္ကသိုလ်တွေဆီ လှမ်းတက်နိုင်ဖို့အတွက် နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်။

အခြေခံပညာအထက်တန်း (သို့မဟုတ်) Grade 9/10/11/12 ကို အချိန်တိုအတွင်း ကျော်ဖြတ်ပြီး မိမိအိမ်မက်တွေကို အကောင်အထည်ဖော်ချင်တဲ့ ကျောင်းသား/သူတွေအတွက် EDU HUB က အကောင်းဆုံး လက်တွဲဖော် ဖြစ်လာမှာပါ။

ဘာကြောင့် EDU HUB မှာ GED တက်သင့်တာလဲ?

• ကျွမ်းကျင်ဆရာများမှ သင်ကြားပေးခြင်း: GED ဘာသာရပ်တစ်ခုချင်းစီကို အတွေ့အကြုံရှိ ဆရာ/ဆရာမများက ထိထိရောက်ရောက် သင်ကြားပေးပါတယ်။
• ထိရောက်သော သင်ကြားမှုစနစ်: စာမေးပွဲပုံစံအတိုင်း Practice Tests တွေနဲ့ လေ့ကျင့်ပေးတဲ့အတွက် စာမေးပွဲဖြေဆိုတဲ့အခါ ယုံကြည်မှုရှိစေမှာပါ။
• ပံ့ပိုးမှုအပြည့်: စာမေးပွဲအတွက် လိုအပ်တဲ့ Register လုပ်ခြင်းကစလို့ အောင်လက်မှတ် ရယူတဲ့အထိ အစအဆုံး ကူညီပေးပါတယ်။
• ပျော်ရွှင်စရာ သင်ကြားရေးဝန်းကျင်: စာသင်ခန်းထဲမှာတင်မဟုတ်ဘဲ အချင်းချင်း ဆွေးနွေးတိုင်ပင်နိုင်တဲ့ ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးထားပါတယ်။

ဘယ်သူတွေ တက်ရောက်သင့်လဲ?

1. နိုင်ငံတကာတက္ကသိုလ်တွေကို မြန်မြန်ဆန်ဆန် တက်ရောက်ချင်သူများ။
2. အခြေခံပညာအဆင့်ကို အချိန်တိုအတွင်း အောင်မြင်လိုသူများ။
3. အလုပ်လုပ်ရင်း ပညာရေးကို တစ်ဖက်တစ်လမ်းက မြှင့်တင်လိုသူများ တက်ရောက်သင့်ပါတယ်။

သင်ယူရမည့် ဘာသာရပ်တွေကတော့

• Mathematical Reasoning (သင်္ချာ)
• Reasoning Through Language Arts (အင်္ဂလိပ်စာ)
• Science (သိပ္ပံ)
• Social Studies (လူမှုရေးသိပ္ပံ) တို့ပဲ ဖြစ်ပါတယ်

"သင့်ရဲ့ အနာဂတ်အတွက် လမ်းကြောင်းသစ်တစ်ခုကို EDU HUB နဲ့အတူ ဒီနေ့ပဲ စတင်လိုက်ပါ။"

10/01/2026

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


No. 45/47, 1st Floor 2A, Than Ta Dar Street, San Chaung Township
Yangon
11111