Nyi Tu Swan - ညီတူစွမ်း

Nyi Tu Swan - ညီတူစွမ်း

Share

“မသန်စွမ်းကလေးငယ်များပညာသင်ခွင့်ရရှိရေးနှင့်
လူတိုင်းအကျုံးဝင် ပညာရေးဖြစ်ဖို့ အားလုံးဝိုင်းဝန်းပူးပေါင်းစို့”

26/04/2026

“သာတူညီမျှ ကလေးတို့ဘဝ”

#မသန်စွမ်း #ညီတူစွမ်း #လူတိုင်းအကျုံးဝင်ပညာရေး

24/04/2026

“မသန်စွမ်းကလေးငယ်တွေ ကျောင်းမှာ အဆင်ပြေဖို့”
#မသန်စွမ်းလည်းချစ်ပေးကြပါ😘 #ညီတူစွမ်း #လူတိုင်းရဲ့ရင်ထဲသို့

23/04/2026

“မသန်စွမ်းကလေးငယ်များကိုလဲ ပူးပေါင်းပါဝင်ခွင့်ပြုပါ”

#ညီတူစွမ်း #တန်းတူညီမျှမေတ္တာတွေရကြပါစေ #လူတိုင်းရဲ့ရင်ထဲသို့ #မသန်စွမ်း

22/04/2026

“ကျွန်တော်တို့အားလုံးဟာ အတူတူပါပဲ”
#မသန်စွမ်းလည်းချစ်ပေးကြပါ😘 #ညီတူစွမ်း #လူတိုင်းရဲ့ရင်ထဲသို့ #တန်းတူညီမျှမေတ္တာတွေရကြပါစေ🙏

21/04/2026

“မသန်စွမ်းကလေးလဲ ပညာသင်ခွင့်ပေးပါ”

#ညီတူစွမ်း
#လူတိုင်းရဲ့ရင်ထဲသို့
#မသန်စွမ်းလည်းချစ်ပေးကြပါ😘

#မသန်စွမ်း

21/04/2026

🌱 မသန်စွမ်းသူများအား နားလည်ပြီး တန်းတူဆက်ဆံကြပါစို့

မသန်စွမ်းမှုဆိုတာ မတူညီမှုတစ်ခုပဲ ဖြစ်ပါတယ်။
ဒါပေမယ့် လူတိုင်းလိုပဲ
အခွင့်အရေးတွေ၊ အိပ်မက်တွေ၊ အလားအလာတွေ ရှိပါတယ်။

မသန်စွမ်းသူများကို
နွေးထွေးစွာ ဆက်ဆံပေးတာ၊
တန်းတူအခွင့်အရေးပေးတာ၊
သင့်တော်တဲ့ ပံ့ပိုးမှုတွေ ပေးတာက
ကျွန်ုပ်တို့အားလုံး လုပ်နိုင်တဲ့အရာတွေပါ။

တစ်ခါတလေ
သူတို့ကို ကူညီပေးရမယ်လို့ပဲ မထင်ပါနဲ့—
သူတို့မှာလည်း ကိုယ်ပိုင်စွမ်းရည်တွေရှိပြီး
လူ့ဘောင်အဖွဲ့အစည်းထဲမှာ
သူတို့နည်းလမ်းနဲ့ အကျိုးပြုနေကြပါတယ်။

ဘယ်သူမဆို စိတ်ဓာတ်ကျနိုင်တဲ့အချိန်တွေရှိတယ်။
ဒါပေမယ့် အဲဒီအချိန်တွေကြားမှာတောင်
ဇွဲရှိရှိနဲ့ ရှင်သန်နေတဲ့သူတွေဟာ
တကယ်ကို လေးစားဖွယ်ကောင်းပါတယ်။

ပန်းတွေက အရောင်မတူကြပေမယ့်
အတူရှိတဲ့အခါ ပိုပြီးလှပသလို—
လူတွေကလည်း မတူကွဲပြားမှုတွေနဲ့အတူ
အလှတရားတစ်ခု ဖြစ်လာပါတယ်။

💙 မတူကွဲပြားမှုသည် အလှတရား ဖြစ်ပါတယ်။

📢 ဒီနေ့ကစပြီး
လေးစားမှု၊ နားလည်မှုတွေ ဝေမျှရင်း
ပိုနွေးထွေးတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခု
အတူတူ တည်ဆောက်ကြရအောင်။

#ညီတူစွမ်း #လူတိုင်းရဲ့ရင်ထဲသို့ #နွေးထွေး #မသန်စွမ်းလည်းချစ်ပေးကြပါ😘

19/04/2026

📚 ကလေးတိုင်းအတွက် ပညာရေး

မသန်စွမ်းရှိတဲ့ကလေးတစ်ယောက်လည်း
အခြားကလေးတွေလိုပဲ သင်ယူချင်တယ်၊ အိပ်မက်ရှိတယ်။

တစ်ခါတလေ သူတို့လိုအပ်တာက—
နားလည်ပေးမှုနဲ့ အခွင့်အရေးတစ်ခုပဲ။

မိဘတစ်ယောက်ရဲ့ ယုံကြည်မှု၊
ဆရာတစ်ယောက်ရဲ့ မခွဲခြားတဲ့ သင်ကြားမှုနဲ့အတူ
အတန်းဖော်သူငယ်ချင်းတွေရဲ့ နားလည်မှု၊
ဖော်ရွေစွာ လက်ခံကြိုဆိုမှုတွေကလည်း
ကလေးတစ်ယောက်အတွက် အလွန်အရေးကြီးပါတယ်။

အတူတူ သင်ယူနိုင်တာ၊
အတူတူ ဆော့ကစားနိုင်တာတွေက
သူတို့ကို ပိုပြီး ယုံကြည်မှုရှိလာစေပါတယ်။

💙 ဘယ်ကလေးမဆို သင်ယူနိုင်တယ်၊ အောင်မြင်နိုင်တယ်။


#ညီတူစွမ်း

#လူတိုင်းအတွက်ပညာရေး
#မသန်စွမ်း

17/04/2026

နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့
ရည်မှန်းချက် ရည်ရွယ်ချက်တွေကို
အကောင်အထည်ဖော်ပြီး
စိတ်ကျန်းမာ လူချမ်းသာစွာ
မိသားစုနဲ့ ပျော်ရွှင်စွာနေနိုင်ပါစေကြောင်း
နှစ်သစ်ကူးဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်

ညီတူစွမ်း
#ညီတူစွမ်း #လူတိုင်းရဲ့ရင်ထဲသို့ #နွေးထွေး #မသန်စွမ်း

15/04/2026

“မခွဲခြား၊ နွေးထွေး၊ တန်းတူဆက်ဆံပေး”

#ညီတူစွမ်း
#မသန်စွမ်း
#တန်းတူညီမျှ
#နွေးထွေး
#လူတိုင်းရဲ့ရင်ထဲသို့

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Yangon
11191