Sayar Nyein

Sayar Nyein လူတိုင်းဘဝတိုးတတ်ဖို့ ပညာရေးကိုအားပေးစို့

25/09/2023

အရသာစိမ့်စိမ့်လေးနဲ့ " #ကောက်ညှင်းပဲလိတ်" 😋
ကောက်ညှင်းပဲလိတ် ကိုယ်တိုင်လုပ်စားချင်သူတွေအတွက် 👇👇

အရင်ဆုံးလုပ်ရမှာတွေကတော့...
- မိမိလိုသလိုကောက်ညှင်းမှုန့်ကို ရေအနည်းငယ် ဆန်မှုန့်အနည်းငယ်ထည့်နယ်ပြီး ၁နာရီ သို့မဟုတ် နာရီဝက် နှပ်ထားပါ။
- ကုလားပဲအနည်းငယ်ပြုတ်၍ကြိတ်ထားပါ။ ကြိတ်ထားသောပဲထဲကို ဆားအနည်းငယ်ထည့်ပါ။
- နှမ်းကိုထောင်းထားပါ။ ထောင်းထားသောနှမ်းကို သကြားအနည်းငယ်ထည့်ရောထားပါ။
- အုန်းသီးခြစ်ထားပါ။

အားလုံးပြင်ဆင်ပြီးရင်ကောက်ညှင်းပဲလိတ်စလုပ်ပါမယ်👇👇
- နှပ်ထားသောမုန့်နှစ်ကို ကွမ်းသီးလုံးခန့်ယူ၍လက်ပေါ်တွင်ပြားပါ။
- ပြားထားသောမုန့်နှစ်အလည်တွင် ကြိတ်ထားသောပဲအနည်းငယ်ထည့်၍ လိတ်ပါ။
- ရေနွေးပွက်ပွက်ဆူထဲကိုထည့်ပါ။
- ရေပေါ်ပေါ်လာပြီးကျက်လာသော ပဲလိတ်ကိုဆယ်ပြီး ရေအေးထဲသို့ထည့်ပါ။
- အေးလျှင်ဆယ်ပြီး ခြစ်ထားသောအုန်းသီးနှင့်ကပ်ပါ။
- အုန်းသီးမကြိုက်သူများက ဆယ်ပြီးလျှင်အုန်းသီးမကပ်ပဲ ကပ်ကြေးဖြင့်ညှပ်ပြီး နှမ်းထောင်းလေးဖြူးစားပါ။

ကဲအရသာစိမ့်ပြီး စားလို့ကောင်းတဲ့ ကောက်ညှင်းပဲလိတ်ရပါပြီ

* မုန့်လုံးရေပေါ်နှင့်လုပ်ပုံတူပါတယ်။ အလုံးနှင့်အလိတ်ပဲကွာသည်။ အထဲထည့်သည့် ပဲနှင့်ထန်းလျက်သာ ကွာသည်။ ကျန်တဲ့လုပ်နည်းပုံစံတူပါသည်။
အားလုံးလွယ်ကူအဆင်ပြေစွာ အိမ်မှာလုပ်စားနိုင်ကြပါစေနော်😊😊

25/05/2023

Address

108 Quarter
Yangon
231119

Telephone

+959683984680

Website

Alerts

Be the first to know and let us send you an email when Sayar Nyein posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share