Tarot Reader : MaeThida

Tarot Reader : MaeThida

Share

ဂရုဏာ ၊ မုဒိတာ ၊ Positive Thinking

Photos from Tarot Reader : MaeThida's post 27/06/2025

Tarot ဖတ်တဲ့အခါ
မေးခွန်း ဘယ်လိုမေးမလည်း???

ယေဘူယျမေးခွန်းတွေ ဖြစ်တဲ့

အိမ်ထောင်ရေး
အချစ်ရေး
လူမှု့ရေး
စီးပွါးရေး အဲ့လို မမေးရပါဘူးနော်

Tarot ဖတ်တယ်ဆိုတာ
သိလိုရာကို တိတိကျကျ မေးရတာပါ

အလုပ်ဆို
လက်ရှိလုပ်နေတာ
အသစ်လုပ်နေတာ လုပ်ချင်တာ
စာမေးပွဲလား ရာထူးတိုးလား
သိလိုရာ မေးခွန်းကို သေချာမေးရပါတယ်
ခွဲပြီး မေးရပါတယ်

အချစ်ရေး
ရွေးရခက်နေတာမျိုးဆိုရင်တောင်

ဥပမာ
ကောင်လေး/ကောင်မလေး
၂/၃ ယောက်ဆို
တယောက်ခြင်းရဲ့ နာမည် ဓါတ်ပုံ နေနံ နဲ့ မေးခွန်းတခုစီကိုသာ မေးရတာပါ

Tarot ဟာ ဗေဒင်မဟုတ်ပါ မဟာဘုတ်မဟုတ်ပါ အကြားအမြင်မဟုတ်ပါ
(ရေးထားတဲ့ပညာ အကုန် မဟုတ်တောင် တတ်သိနားလည်ကြတာတော့များပါတယ်)
Tarot သီးသန့်ကိုသာပြောတာပါ

အရေးကြီးတာက
ပညာမစမ်းရပါ (card ချိုးတာနဲ့သိကြပါတယ်)
ဒဲ့သာ မေးပေးရပါတယ်

ကျမဆို မေးခွန်း ၃ ခု မေးခိုင်းလေ့ရှိပါတယ်
၃ ခုဆိုပေမယ့် အတော်ပြည့်စုံအောင် သေချာဟောပေးပါတယ်
(အသံဖိုင်ပို့ပေးပါတယ်)

တချို့က တမိသားစုလုံးစာခြုံပြီးမေးတာ
တန်အောင်မေးတာ
တန်ချင်တော့ မတန်တော့ပါ
အရေးကြီးတာ မသိရတော့ပါဘူး

က်မ က
တယောက်ထဲရဲ့ ကံကြမ္မာသီးသန့်စီပဲ ဖတ်ပါတယ်

လင်မယား
မိသားစု မေးမယ်ဆို မေးခွန်းမေးရတာ မတူပါ

တယောက် ၃၃၀၀၀ ယူတာမို့
တယောက်စာ မေးခွန်း-၃ ခုသာ မေးခွင့်ရှိပါတယ်

နှစ်ယောက် ၆၀၀၀၀ ယူပါတယ်
လင်မယား ကိုဆိုလိုပါတယ်
တယောက်စီ မေးခွန်းနှစ်ခု
နှစ်ယောက်နဲ့ဆိုင်တာ တခုသာ မေးခွင့်ရှိပါတယ်

သားသမီးအတွက်မေးမယ်ဆို
သူ့အတွက်
မေးခွန်းတခု ထပ်တိုးပြီးမေးခွင့်ရှိပါတယ်
ဒါဆို မိသားစုအတွက် ၃ ယောက်စာ ၇၅၀၀၀ ပါ

မိမိတဦးထဲ အတွက် သီးသန့်စီမေးတာက ပိုကောင်းပါတယ်

အိမ် / ခြံ မြေ မေးခွန်းဆို
ရောပြီး မမေးပါနဲ့
သီးသန့် မေးပါ
ဘယ်သူပိုင်တာ
ဘယ်လောက်နဲ့ ဝယ်ချင် ရောင်းချင်တာ
အိမ်/ခြံ နံပါတ် ဓာတ်ပုံ ပြပြီး မေးပေးပါ

နောက်ပြီး
အရမ်းမျှော်လင့်ချက် မကြီးပါနဲ့
ကျမ တို့က တန်ခိုးရှင်မဟုတ်ပါ

မြင်တဲ့အတိုင်းပဲ ဟောပေးလို့ရပါတယ်

အိမ်/ခြံ ရောင်းချင်တယ် ထိထိရောက်ရောက်ပြောပေးဆို
ရောင်းထွက်ကို ထွက်အောင်လုပ်ပေးရမယ်ဆိုပြီး
အကြောကြီးနဲ့လာမေးရင် မဟောပါ

Tarot crad တွေက ညွှန်သမျှကိုသာ ကျမက ဘာသာပြန် ဖတ်ပေးသူပါ
ပွဲစား မဟုတ်ပါ
ပွဲစားတောင် ပွဲခပေးရပါတယ်
သူလည်း အာမခံနဲ့ဘယ်နှစ်ရက်အတွင်းထွက်မယ် မပြောနိုင်ပါ

ရောင်းမရတဲ့ကာလဆို ရကို မရတာပါ
အတတ်နိုင်ဆုံးတော့ ယတြာပေးပါတယ်
(အတတ်နိုင်ဆုံး အကြံပြုပေး လုပ်ပေးပါတယ်)

ရရင် ရတယ်ပြောပေးပါတယ်

အချစ်ရေး အိမ်ထောင်ရေးလည်း အတူတူပါပဲ
ရတဲ့ကိစ္စရှိသလို
ဘယ်လိုမှ မရတာလည်းရှိပါတယ်

ဒီလောက်ဆို tarot ဘယ်လို မေးရမလည်း
သဘောပေါက်နားလည်မယ်ထင်ပါတယ်

ကျမဆီ မေးမယ်ဆို
အမည်
နေ့နံ အသက်
မေးသူ၏ ဓာတ်ပုံ
သိလိုသိ မေးခွန်း သုံးခု မေးပေးရပါတယ်
ငွေလွှဲ ss ပြပေးမှ ဖတ်ပေးပါတယ်(တချို့ အမေ့ခံကြလို့ပါ)

ဖတ်မည့်ရက် ခန့်မှန်းပြောပေးပါတယ်

သေရေး ရှင်ရေးဆို အရေးကြီးကြောင့် တခါထဲကြိုပြောပေးပါ

#အချစ်များစွာဖြင့်
#ချစ်တဲ့အမမယ်သီတာ
🌺✡️💛👑

13/06/2025

Tarot Card တွေကို ယုံကြည်လို့ ဖတ်တဲ့ အခါ
tarot card တွေက ညွှန်ပြတဲ့ အတိုင်း မလုပ်နဲ့ဆိုရင် လုံးဝ မလုပ်ပါနဲ့နော်။

ဖတ်ကြားပေးသူရဲ့ စကားကို နားမထောင်ကြဘူး။
မေးပြီး မယုံကြည်ကြဘူး။
လုပ်ချင်ရာလုပ်ကြ။ပြီးမှ ကယ်ပါတဲ့

လူအတော်များများကလေ tarot card ဖတ်တဲ့အခါ
ကောင်းတာပဲ ကြားချင်ကြတာ။ မေးမြန်းသူရဲ့ ကံကြမ္မာတွေကို tarot card က ညွှန်ပြတာကိုပဲ ကျမက ဘာသာပြန် ဖတ်ကြားပေးတာပါ။

ဒါတောင်
ကျမက အဆိုးတွေ တွေ့ရင်တောင် ဒဲဟောာတဲ့အထဲ မပါတဲ့သူပါ
အတတ်နိုင်ဆုံး မရရအောင် ဘုရား ယတြာလေးတွေ လုပ်ပေးသူပါ

ကျမ နှုတ်က
လုံးဝ မရပါဘူးဆိုရင်
ဒါ စကား အကုန်ပဲ လုပ်လို့ကို မရလို့ပါ ။

ဒီ Tarot Reader အလုပ်ဟာ ကျမ စီးပွါးဖြစ်လုပ်တဲ့ အထဲမှာ
မပါခဲ့ပါဘူး။

ကျမ ဆုတောင်းနဲ့သစ္စာက
အမှန်ဆုံး အဟောများကို ဖတ်ခွင့်ရသူ
လူတွေကို ချမ်းသာစေဖို့ ကူညီပေးသူ ဖြစ်ချင်တာပါ

ဆရာတော်ဘုရားကြီးဆီ မေတ္တာခံယူတုန်းက
ဒီအလုပ်ကို သာသနာအတွက် ရည်စူးလုပ်ပါလို့ မိန့်ခဲ့တာပါ

Tarot Card ဖတ်တဲ့ အဖိုးအခနဲ့
အလှုများစွာ ပြန်ပြုပေးခဲ့သူပါ။

အခုလည်း tarot card ဖတ်ခငွေထဲကနေ
မွေးနေ့အတွက် ရည်ရွယ်ပြီး
ဆရာတော်ဘုရားကြီးကို ကပ်ဖို့
ရည်ရွယ်ထားတဲ့ အိတ်ထဲ ငွေစုမှာပါ
အိတ်ဝင် အလှုတော်ကြီးပေါ့

ဒါ ကျမဆီ card ဖတ်ကြသူတွေအတွက်
သစ္စာပြုပေး ဆုတောင်းပေးတဲ့အခါ
အဆင်ပြေစေဖို့ ကုသိုလ်ထုပ်ကြီးပါ

အခုလို ရေးလို့ tarot card ဖတ်ကြဖို့ မည်သူ့ကိုမျှ
မဆွယ်ပါဘူးနော်။

ဒီဆရာမ က
တနေ့ တယောက် အနိုင်နိုင် ဖတ်ရတာပါ

Tarot Card ဖတ်တာ
စိတ်ရော လူရော ကျန်းမာနေမှ
မေးသူ အတွက် အချိန်အခါ ကိုက်ဦးမှ
ဒါတွေ ညီညွတ်မှ
အမှန်ဆုံး အဟောတွေ ဖတ်ပေးနိုင်တာပါ

Tarot Card ဖတ်တဲ့အခါ
ဓာတ်ပုံ
အမည် နေ့နံ
တိကျတဲ့ မေးခွန်း သုံးခု ပဲ လိုပါတယ်

Card ဖတ်တဲ့ အဖိုးအခ
တယောက်စာ-33000 ပါရှင် 🌺✡️💛👑

#အချစ်များစွာဖြင့်
#ချစ်တဲ့အမမယ်သီတာ
#ချမ်းသာပေးတဲ့မယ်သီတာလေး
#မယ်သီတာနှင့်ဆက်စပ်သမျှချမ်းသာပါစေ

Photos from Tarot Reader : MaeThida's post 15/05/2025

🌺 Tarot Card တွေက သင့်ကို ဘာတွေ လမ်းညွှန်နေလဲ ?

🌺 သင်ကရော Tarot Card တွေဆီက ဘာတွေ သိချင်နေလဲ?

🌺 သင် သိချင်နေတဲ့ Tarot Card လေးတွေ ဆီက ပြောပြနေတာ လမ်းညွှန်နေတာကို ဘာသာပြန် ဖတ်ကြားပေးမယ့် သူလေး Tarot Reader : MaeThida လေးပါ။

💬 တစ်ယောက်စာ မေးခွန်း ၃ခု - ၃၃၀၀၀ ကျပ်

(တယောက်စာမေးခွန်း က ကိုယ်စားဆို မေးမယ့်သူရဲ့ ဓါတ်ပုံ လိုပါ့မယ်)

💻 Online ကနေ ပဲ ဖြေကြားပေးပါတယ်နော် ။


#095187284

Photos from Tarot Reader : MaeThida's post 13/02/2025

ဒီနေ့ရဲ့ ပီတိကုသိုလ်🙏🙏🙏🌺✡️🥰

Tarot Reader : MaeThida ဖြစ်ခွင့်ရတာ ဂုဏ်ယူရတဲ့နေ့ပါ

လူတယောက်ရဲ့အသက်ကို ကယ်နိုင်ခဲ့တာပါ

ပုံမှန် card လာဖတ်ကြတဲ့အခါ
တပတ် အတွင်းဟောပေးပါတယ်
တခါတလေလည်း ဒီထက်ကြာတတ်ပါတယ်

စီးပွါးဖြစ်ဟောတာ မဟုတ်တာမို့
အချိန်အခါ ကျမှ ဟောပါတယ်

ဒီနေ့မေးလာတော့ အရေးကြီးသလားလို့မေးမိတာပါ

အရေးပေါ် ရောက်နေတယ် အမတဲ့

မကြာဘူး ဦးခေါင်းခွဲစိပ်ရတော့မယ်တဲ့ စာလေးဝင်လာတယ်

မီးကပျက် မှောင်နေတာပါ

မကြာဘူး
ထူးဆန်းတာ မီးစောလာတာမို့ ချက်ခြင်းဟောပေးတော့
ခွဲခန်းဝင်နေပါပြီ

ဆိုင်ရာနဲ့ ချိတ်ဆက်တော့ မယ်တော် နမိတ်ပါနေတာပါ

မေးကြည့်တော့ မယ်တော် မွေးနေ့ရှိနေတာပါ

အလှုပြုဖို့ မယ်တော့်ထံ အပ်နှံပြီး မေတ္တာခံယူဖို့တွေပြောကြပြီး

ကျမ ပါ မယ်တော့်မွေးနေ့အတွက် အလှုသီးသန့်ပြုဖို့ တိုင်တည်ပြီး
မေတ္တာခံယူခဲ့ပါတယ်

ကျမ လှုခဲ့ဘူးတဲ့
အသက်ကယ်ကုသိုလ်တွေ ဆေးကုသိုလ်
ကျောင်းကုသိုလ် လမ်းကုသိုလ်တွေနဲ့ သစ္စာဆို အမျှပေးပေါ့

နမိတ်မှာ ၃ ပုံ ၂ ပုံပဲ အားရှိနေတာပေမယ့်

သစ္စာနဲ့ကုသိုလ်ဓါတ်
မယ်တော့်မေတ္တာကြောင့် ခွဲစိပ်မှု့အောင်မြင်ခဲ့ပါတယ်
90% အားသာချက်ရခဲ့ပါတယ်🙏🙏🙏

ပီတိဖြစ်ရတာများ
ဒီစာလေးရေးရင်းကို မျက်ရည်ပါဝဲရတာပါ

လူနာရဲ့ မိသားစု ပုံကိုကြည့်တော့ သမီးလေးပါရှိနေတာမို့
(ကျမ ကလေ ကလေးသိပ်ချစ်တာ)
သေသေချာချာ မေတ္တာပို့ သစ္စာဆို ဆုတွေ သေချာတောင်း
မေတ္တာတွေ ပို့သပေးခဲ့တာပါ

အရာအားလုံးအတွက်ရော
မယ်တော့်မေတ္တာအတွက်ရော ကျေးဇူးတင်ပါတယ်🙏🙏🙏

မိသားစုလေး ပျော်ရွှင်ပါစေ🙏🙏🙏🌺✡️

ကာယကံရှင် မိသားစုခွင့်ပြုချက်ဖြင့်တင်တာပါ

မော်လမြိုင်မှ ချစ်ရတဲ့ညီမလေး
အမရဲ့ခိုင်ဇာလေး Khine Zar ရဲ့ မိသားစုဝင်ပါ(အကိုပါ)

မိသားစုတွေ အများကြီး ပျော်ရွှင် ကျန်းမာပါစေ 🙏🙏🙏🌺✡️

#အချစ်များစွာဖြင့်
#ချစ်တဲ့အမမယ်သီတာ
#ပဌာန်းဆက်တွေချစ်တဲ့မယ်သီတာ

#ချမ်းသာပေးမယ့်မယ်သီတာလေး
#မယ်သီတာနှင့်ဆက်စပ်သမျှချမ်းသာပါစေ

14/12/2024

Send a message to learn more

Photos from Tarot Reader : MaeThida's post 03/12/2024

ဒီနေ့ card ဖတ်ပေးတဲ့ ကလေး ဝတ်ထားတဲ့
အင်္ကျီက ရင်ဘတ်မှာ မြွေအနက်ရောင်နဲ့
ကိုရီးယားသွားခိုင်းရမလားတဲ့
မသွားခိုင်းနဲ့တခြားနိုင်ငံရွေးပါလို့ပြောခဲ့တာပါ

ကိုရီးယားသတင်းတက်လာတယ်

ဟုတ်တော့နေတာပဲနော်

ဟောတဲ့အချိန် အမေကြီး ကြွတယ်
တိုက်ဆိုင်တာလား ထင်တာ သတင်းတက်လာမှ ဒါကြောင့်ကိုးလို့ သိရတော့တယ်

ကျေးဇူးတင်ပါတယ် အမေကြီး🙏🙏🙏🖤👑🌺✡️

#အချစ်များစွာဖြင့်

#မယ်သီတာနှင့်ဆက်စပ်သမျှချမ်းသာပါစေ

03/01/2024

Card တွေက သင့်ကို ဘာတွေ လမ်းညွှန်နေလဲ ?

သင်ကရော Card တွေဆီက ဘာတွေ သိချင်နေလဲ?

သင့်အကြောင်း Card တွေက ပြောပြနေတာ လမ်းညွှန်နေတာကို

ဘာသာပြန် ဖတ်ကြားပေးမယ့် သူလေးပါ။

တစ်ယောက်စာ မေးခွန်း ၃ခု - ၃၀၀၀၀ ကျပ်

(တယောက်စာမေးခွန်း က ကိုယ်စားဆို မေးမယ့်သူရဲ့ ဓါတ်ပုံ လိုပါ့မယ်)


#095187284

Photos from Tarot Reader : MaeThida's post 10/05/2023

ကျမက card ဖတ်သူတယောက်မို့ လူပေါင်းများစွာနဲ့ စကားပြောရပါတယ်

အလုပ်တွေအဆင်မပြေဘူးဆိုလာသူတွေ အခက်အခဲကြီးနေသူတွေ ကြည့်လိုက်တိုင်း အဓိက မိဘနဲ့အဆင်မပြေကြတာများတယ်

ကျမ ဆရာတော်ဘုရားဆီနာကြားခဲ့ရတဲ့ ခင်ပွန်းကြီးဆယ်ပါးတရားကိုနာဖို့အမြဲတိုက်တွန်းပြီး
ကျမနာခဲ့ရတဲ့အထဲကမှ ကိုယ်တွေ့တွေနဲ့ပြန်ပြီးမျှဝေခဲ့ပါတယ်

ဝမ်းသာစရာကောင်းတာ မိဘနဲ့အဆင်တွေပြေကြ စီးပွါးပြန်ကောင်းလာကြတာပါ

ချမ်းသာချင်ရင် ခင်ပွန်းကြီးဆယ်ပါးကို သေသေချာချာ ကန်တော့ပါ
သက်တော်ထင်ရှားမြတ်စွာဘုရားရှင်ရဲ့ ခြေအစုံကို စိတ်မှာရည်မှန်းပြီး ဦးခိုက်လို့ကန်တော့ပါ
မိဘ ခြေအစုံဦးခိုက်လို့ကန်တော့ပါ🙏🙏🙏

ကျေးဇူးတရားကျင့်စဉ်ဆိုပြီး
စာအုပ်ထဲ ကျေးဇူးတင်ကြောင်းရေးနေကြပြီး

တကယ့်လက်တွေ့မှာ ကျေးဇူးတရားပုံဖော်ပြီး ကျေးဇူးတွေဆပ်ကြရမှာဆိုတာ မေ့နေကြတယ်

ချမ်းသာချင်ရင် မြတ်စွာဘုရားရဲ့တရားတွေ သေသေချာချာ တစိမ့်စိမ့်နာပါ လိုက်နာပါ

ဂုဏ်တလုံးလောက် မညာစတမ်း ဆောင်ကြည့်ပါ

စိတ်ကညွှတ်ယုံနဲ့ ချမ်းသာခြင်းတွေ ဧကန်ရလာမှာပါရှင်🙏🙏🙏

သံသယာအစမှစ၍ ယခုအချိန်တိုင်အောင်
ကာယကံ ဝစီကံ မနောကံ အပြစ်များရှိခဲ့ဘူးသည်အား
ရိုသေစွာဖြင့် ဝန်ချ တောင်းပန် ကန်တော့လိုက်ပါတယ်🙏🙏🙏

ဒီဘဝမှာ မြတ်စွာဘုရားရှင်ရဲ့အဆုံးအမတွေကို
Card ဖတ်သူတယောက်အနေနဲ့ပြန်ပြီး မျှဝေခွင့်ရတာကို ဂုဏ်ယူမဆုံးတော့ပါဘူး🥰🙏🙏🙏

Tarot Reader Mae Thida ကျမမယ်သီတာနှင့်ဆက်စပ်သမျှ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ🙏🙏🙏

#ကျေးဇူးတင်ချစ်ခင်စွာဖြင့်
#အကောင်းဆုံးenergyသာပေးချင်သူ
#ချမ်းသာကြွယ်ဝစေချင်သူလေး
#အချစ်များစွာဖြင့်
#သင်တို့ရဲ့ချစ်သောမယ်သီတာ

ခင်ပွန်းကြီးဆယ်ပါး_ကန်တော့နည်း
*******************************

ဗုဒ်ဓါ ပစ္စေကဗုဒ္ဓေါစ ၊ အရဟာ အဂ္ဂသာဝ ကာ ။
မာတာပိတု ဂုရုသတ်တာ ၊ ဓမ်မဒသေကာ စ ဒါယကာ ။
ဣမေ ဒဿ မဟာဂုဏေ ၊ အဟံဝန္ဒာမိ သဗ္ဗဒါ ။


ဘုရားတပည့်တော်သည်...
သံသရာအစမှ စ၍ ယနေ့ယခု အချိန်ထိတိုင်အောင် -

၁ ။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော....
သဗ္ဗညုတ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့ အပေါ်၌လည်းကောင်း၊

၂ ။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော...
ပစ်စကေဗုဒ်ဓါအရှငျ ကိုယ်တော်မြတ်ကြီးတို့ အပေါ်၌လည်းကောင်း၊

၃ ။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော...
အဂ္ဂသာဝက ၊ မဟာသာဝက ရဟန္တာအရှင်မြတ်ကြီးတို့ အပေါ်၌လည်းကောင်း၊

၄ ။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော....
ရဟန္တာအရှင်မြတ်ကြီးတို့ အပေါ်၌လည်းကောင်း၊

၅ ။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော...
မိခင်တို့ အပေါ်၌လည်းကောင်း၊

၆ ။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော...
ဖခင်တို့ အပေါ်၌လည်းကောင်း၊

၇ ။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော...
လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သော
ဆရာသမားတို့၏ အပေါ်၌လည်းကောင်း၊

၈ ။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော...
သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ဖြင့်
ပြည့်စုံသော ပုဂ္ဂိုလ် ၊ ရဟန်းပုဂ္ဂိုလ် ၊ အရိယာပုဂ္ဂိုလ် ၊
မိမိထက်သိကာ အရွယ်ကြီးမားသူတို့ အပေါ်၌လည်းကောင်း၊

၉ ။ ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော...
တရားဓမ္မတို့ကို ဟောပြောပြသ ဆုံးမတတ်သော
မြတ်ဆရာသမားတို့၏ အပေါ်၌လည်းကောင်း၊

၁ဝ ။ ထမင်းတစ်လုပ် ၊ ရေတစ်မှုတ် စသည်ဖြင့်
ပေးကမ်းချီးမြှင့် ထောက်ပံ့ဖူးသော မိမိကို
ကိုယ်၊ နှုတ်၊ နှလုံးတို့ဖြင့် ကျေးဇူးပြုဖူးသော
ကျေးဇူးရှင်ပုဂ္ဂိုလ်တို့၏ အပေါ်၌လည်းကောင်း၊

ကာယကံ ၊ ဝစီကံ ၊ မေနာကံ သုံးပါးသောကံတို့ဖြင့်
ပြစ်မှားမိခဲ့သည် ရှိခဲ့ပါသော်...
ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှါ
ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ ဘုရား။

ဤခင်ပွန်းကြီးဆယ်ပါးတို့အပေါ်၌...
ဘုရားတပည့်တော်သည်...
ပစ္စုပ္ပန်ဘဝ၌လည်းကောင်း ၊ သံသရာဘဝ၌လည်းကောင်း...
သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ ကာယကံ၊ ဝစီကံ၊ မနောကံ တို့တွင် တစ်ပါးပါးသော ကံတို့ဖြင့် ပြစ်မှား၊ ကျူးလွန်၊ ကြံစည်၊ ပြုလုပ်မိခြင်းကို သိရှိနားလည်စွာဖြင့် ဝန်ခံပါ၏။ ဝန်ချပါ၏။ တောင်းပန်ပါ၏။ ကန်တော့ပါ၏ ။

ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးသော ကံတို့ဖြင့်
ပြစ်မှားမိခဲ့သည် ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား။

ဤကုသိုလ်စေတနာတို့ကြောင့်...
ဆိုးကျိုးပေးဆဲ၊ ဆိုးကျိုးပေးလတ္တံ့သော ပယောဂမှန်သမျှ ၊ အကုသိုလ်မှန်သမျှအနန္တတို့သည် ပိန်းကြာဖက်တွင်ရေမတင် လျှောကျဘိသကဲ့သို့ ကင်းစင်လွင့်ပျောက် မထိရောက်တော့ဘဲ ကောင်းကျိုးအနန္တဖြစ်ထွန်းရပါလို၏ အရှင်ဘုရား။

ကောင်းကျိုးအနန္တဖြစ်ထွန်းရ၍...
အားထုတ်ဆဲ၊ အားထုတ်လတ္တံ့သော ဒါန၊ သီလ၊ စေတနာ ကံနှင့်တကွ ဝိပဿနာဉာဏ်သည် မဂ်ဉာဏ်သို့ ကျေးဇူးပြု၍ နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလို၏ အရှင်ဘုရား...

ခင်ပွန်းကြီးဆယ်ပါး ပူဇော်ရကျိုး

၁။ အစားအစာမရှားပါးခြင်း၊
၂။ ရောက်ရာအရပ်၌လေးစားပူဇော်ခံရခြင်း
၃။ ရန်သူမျိုးငါးပါးနှင့် ကင်းဝေးနိုင်ခြင်း၊
၄။ လူချစ်လူခင် ပေါများခြင်း၊
၅။ ပရိသတ်အလယ်၌ တင့်တယ်စွာနေနိုင်ခြင်း၊
၆။ ကောင်းသတင်းဂုဏ်ကျော်စောခြင်း ၊
၇။ အခြွေအရံများခြင်း၊
၈။ စီးပွားဥစ္စာဖွံ့ဖြိုးတိုးတက်ခြင်း၊
၉။ ဘေးဒုက္ခကြုံသော် အကူအညီရရှိခြင်း၊
၁၀ ။ သားကောင်းသမီးကောင်းရရှိနိုင်ခြင်း။

ခင်ပွန်းကြီးဆယ်ပါးအား
ပြစ်မှားသူတို့ကြုံရမည့် ဒဏ် ၁ဝ ပါး

၁။ ပြင်းထန်သော ဦးခေါင်းနာ စသည့် ဝေဒနာများဖြစ်ခြင်း။
၂။ ပိုင်ဆိုင်သောဥစ္စာပစ္စည်းများ ဆုတ်ယုတ်ပျက်စီးခြင်း။
၃။ လက်ခြေပြတ်ခြင်း၊ ကိုယ်အင်္ဂါကြီးငယ် ချွတ်ယွင်းခြင်း၊
၄။ ကုသ၍မရနိုင်သော ကြီးလေးသည့်ရောဂါများ ဖြစ်ခြင်း။
၅။ ရူးသွပ်ခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ခြင်း။
၆။ မင်းပြစ်မင်းဒဏ် ခံရခြင်း၊
၇။ မတရားသဖြင့် စွပ်စွဲခံရခြင်း။
၈။ ဆွေမျိုးကောင်း၊ မိတ်ဆွေကောင်း မရရှိခြင်း။
၉။ စည်းစိမ်ဥစ္စာ အခြွေအရံများ ပျက်စီးခြင်း။
၁၀။ နေရာတိုက်အိမ် မီးလောင်ပျက်စီးခြင်း။

ပစ္စုပန်ဘဝ၌
ထိုဒဏ်(၁ဝ)ပါး သင့်မည့်အပြင်...
သေလွန်သော အခါ၌လည်း...
အပါယ်ငရဲသို့ ကျရောက်နိုင်ပါသည်။

#

Photos from Tarot Reader : MaeThida's post 25/11/2022

ဒီနေ့ ကွယ်လွန်သူတွေအတွက် သီးသန့်ဖတ်ပေးဖြစ်တဲ့နေ့လို့ဆိုရမလားပဲ

မနက်ဖြန်က ဝေးတယ်
နောင်ဘဝကနီးတယ်

ရောဂါကြီးမဖြစ်ဖူးတဲ့သူ
ဆေးလည်း အပြင်းမသောက်ဘူး
ရင်ခေါင်းအောင့်လို့ ဆေးရုံပို့တယ်
အောက်စီဂျင်ကျနေလို့ အသက်ရှုခိုင်းတယ် ဆုံးသွားတယ်

သမီးတခု အမေတခုမို့ မှာချင်တာလေး ရှိမလားတဲ့

Card အဖြေက အေးနေလို့
အတော်အနေအေးတယ်ထင်တယ်လို့ မေးတော့ ဟုတ်တယ်တဲ့

သူ့အတွက် အလင်းဓာတ် ရေအလှု သင်္ဃန်း နေရာထိုင်ခင်းအလှု
သိပ် အထူးအခြား တောင်းဆိုတာ မရှိ
ချမ်းသာတဲ့ အမိဝမ်းမှာ ဝင်စားခွင့် ရတော့မယ်
ကျန်တဲ့ သမီးကို ဘုရားမမေ့ဖို့ပဲ ပြောတယ်

မနက်ဖြန် ရက်လည်တဲ့
ကျမ ကုသိုလ်တွေ သေသေချာချာ ဖိတ်ပြီး
အမျှ ပေးဝေနိုင်ခဲ့ပါတယ်

ကျမကုသိုလ်
အများကုသိုလ်မို့

ကုသိုလ်မျှဝေ သာဓု ခေါ်နိုင်ကြပါစေရှင်

သံသရာ မိဟောင်း ဖဟောင်းတွေပဲမို့
ကုသိုလ်တွေ ပေးခွင့်ရတာ ပီတိဖြစ်မိပါတယ်

သာဓု သာဓု သာဓု 🙏🙏🙏



#ချမ်းသာခြင်းတွေအမှန်တကယ်ပေးမယ့်

#အချစ်များစွာဖြင့်

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Yangon