Hissho 日本語学校

Hissho 日本語学校

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hissho 日本語学校, Yangon.

09/05/2026

一緒に学びませんか?

20/04/2026

「的(てき)」の言葉(ミャンマー語)
1. 個性的(こせいてき)
→ ကိုယ်ပိုင်လက္ခဏာရှိသော / ထူးခြားသော
2. 独創的(どくそうてき)
→ တီထွင်ဆန်းသစ်သော
3. 理性的(りせいてき)
→ အကြောင်းပြချက်နဲ့ စဉ်းစားတတ်သော
4. 感情的(かんじょうてき)
→ ခံစားချက်အပေါ် မူတည်သော
5. 衝動的(しょうどうてき)
→ အတွေးမလုပ်ဘဲ လုပ်လိုက်တတ်သော
6. 発作的(ほっさてき)
→ တစ်ခါတရံ ချက်ချင်း ဖြစ်ပေါ်တတ်သော
7. 具体的(ぐたいてき)
→ အသေးစိတ် ရှင်းလင်းသော
8. 抽象的(ちゅうしょうてき)
→ အထွေထွေ / မရှင်းလင်းသော
9. 人為的(じんいてき)
→ လူလုပ်ထားသော (သဘာဝမဟုတ်)
10. 人工的(じんこうてき)
→ လက်လုပ် / အတု
11. 人道的(じんどうてき)
→ လူသားရေးဆိုင်ရာ
12. 流動的(りゅうどうてき)
→ ပြောင်းလဲလွယ်သော
13. 開放的(かいほうてき)
→ ဖွင့်လှစ်ထားသော / လွတ်လပ်သော
14. 閉鎖的(へいさてき)
→ ပိတ်ထားသော / မဖွင့်လှစ်သော
15. 消極的(しょうきょくてき)
→ မတက်ကြွသော / မလုပ်ချင်သော
16. 積極的(せっきょくてき)
→ တက်ကြွသော / စိတ်အားထက်သန်သော

25/10/2024

တဖြည်းဖြည်း အသက်အရွယ် ရလာတဲ့အခါကျရင် IQ မြင့်တဲ့လူရဲ့အနားမှာ နေဖို့ထက် EQ မြင့်တဲ့လူရဲ့ အနားမှာ နေဖို့ကပဲ ပိုအရေးကြီးလာတယ်။


ဒါမျိုးပြောလို့ IQ သမားတွေက ဘာဖြစ်နေလို့လဲဆိုပြီး မေးစရာရှိတယ်။ ဘာမှတော့ မဖြစ်ပါဘူး။ နောက် ကိုယ့်ထက် IQ မြင့်တဲ့ လူတွေနဲ့ မပေါင်းရတော့ဘူးလား.. အထွန့်တက်ချင် တက်မယ်။ ဒီလိုလည်း ဘယ်ဟုတ်မလဲ။ ပေါင်းရမယ်။

ကိုယ့်ထက် အလုပ်အကိုင်ကောင်း ရှိတဲ့လူ၊ ဖြတ်ထိုးဉာဏ်ကောင်းတဲ့လူ၊ စီးပွားရေးအမြင်ရှိတဲ့လူ၊ ပညာရေးဘက်ကို ကြည့်ပြန်လည်း ကိုယ့်ထက် ဘွဲ့ကောင်းကောင်း ရထားတဲ့ လူ၊ တော်တဲ့လူ.. ဒီလို Intelligent ဖြစ်တဲ့ လူတွေနဲ့ ပေါင်းရမှာပဲ။

သူတို့ဆီမှာ ဆည်းကပ်မှပဲ သူတို့ရဲ့ အတွေ့အကြုံကောင်းတွေ၊ ဘဝတက်လမ်းအတွက် အတွေးအခေါ်ကောင်းတွေ၊ ဗျူဟာကောင်းတွေ၊ ရှယ်နည်းစနစ်တွေ ရမှာကိုး။ ဒါပေမဲ့ ကိုယ်ချဉ်းကပ်တဲ့လူက IQ ပဲ မြင့်ပြီး EQ မမြင့်တဲ့ လူဆိုရင်တော့ ချဉ်းကပ်ရတာ မလွယ်ဘူး။

ဒါ့ကြောင်မလို့ IQ ထက် EQ တစ်ပန်းပိုသာတဲ့ လူတွေကမှ ပေါင်းရသင်းရ ပိုကောင်းတာ။


ဆိုတော့ EQ ဆိုတာ ဘာလဲ.. ပေါ့။ သူ့ရဲ့အရှည်ကောက်က Emotional Quotient ပဲဖြစ်ပါတယ်။ ဒီလူကဖြင့်.. အကျင့်ကောင်းတယ်၊ ဒီလူကဖြင့် အကျင့်မကောင်းဘူး ဆိုတာကို EQ နဲ့ပဲ တိုင်းတာရ လွယ်တယ်.. တိုင်းသင့်တယ်ပေါ့။

တစ်နည်းအားဖြင့် လူတစ်ယောက်ရဲ့ Personality (ကိုယ်ရည်ကိုယ်သွေး) ဟာ EQ ပဲ။ ဘယ်လိုကိုယ်ရည်ကိုယ်သွေးတွေလဲဆိုရင်တော့ -

▪ Adaptable (အလိုက်တသိ,ရှိတာ)
▪ Empathy (မျှဝေခံစားတတ်တာ, စာနာတတ်တာ)
▪ Considerate (ကြင်နာတတ်တာ)
▪ Humble (နှိမ့်ချတတ်တာ)
▪ Responsibility (တာဝန်ယူတတ်တာ)
▪ Succour (ကူညီဖေးမတတ်တာ)
▪ Self-Control (ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်တာ)

ဒီ (၇) ချက်။ တခြားအချက်တွေ အများကြီး ရှိပေမဲ့ ဒီ (၇) ချက်က Formal ပိုဖြစ်တယ်။

ကျွန်တော့်အနေနဲ့ကတော့ EQ ကို “ ပြည့်ဝတယ် ” လို့ ဆိုချင်တယ်။ ဘာတွေ ပြည့်ဝလဲဆိုရင် နှိမ့်ချခြင်း၊ စာနာခြင်း၊ ကူညီခြင်း၊ တာဝန်ယူခြင်း၊ ကြင်နာခြင်း... စသဖြင့် စိတ်ထဲမှာ ပြည့်ဝတာကို ဆိုလိုတာ။


နောက်တစ်ခုက EQ မြင့်တဲ့လူတွေမှာ တွေ့ရတတ်တဲ့စိတ်နေစိတ်ထားတစ်ခုကတော့ “ Empathy ” ပဲ။

တစ်ဖက်လူ ဘာခံစားနေရလဲ၊ တစ်ဖက်လူ ဘာဖြစ်နေလဲ၊ တစ်ဖက်လူ ဘာတွေကြုံတွေ့နေရသလဲဆိုတာကို ငဲ့ကွက်တတ်... “ မျှဝေခံစားတတ်တဲ့ စိတ် ” ပဲ။

ကိုယ့်ခံစားချက်ကို ရှေ့တန်းမတင်ဘူး။ ကိုယ် ဖြစ်ချင်တာကို ရော့.. အင့်ဆိုပြီး အတင်းထိုးမပေးဘူး။ ဒရမ်မာ လာမချိုးဘူး။ မကြွားဘူး။ ဂုဏ်မဆာဘူး။ တစ်ဖက်လူ.. ခံစားပါစေဆိုပြီး ရည်ရွယ်ချက်ရှိရှိ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲအောင် မလုပ်ဘူး။ ပြောမယ်ဆို Self-control အားကောင်းတယ်.. ပေါ့။

တချို့ IQ တွေ သိပ်မြင့်ကြတယ်။ သူတို့ရဲ့ Position ကြည့်ကြည့်တော့လဲ လုံးဝ Heavy တွေ။ ဒါပေမဲ့ သူတို့နဲ့ ကိုယ်နဲ့ အလုပ်တွဲလုပ်တဲ့အခါဖြစ်ဖြစ်၊ စကားပြောတဲ့အခါဖြစ်ဖြစ်.. ကိုယ့်မှာ Energy ကုန်ရတယ်။ သိပ်ပင်ပန်းရတယ်။ အရင်းစစ်ကြည့်တော့ အဲလိုလူတွေဟာ IQ ပဲ မြင့်ပြီး EQ နိမ့်ကြတာပဲ။

လူတစ်ယောက်ဟာ သူ့ဘဝမှာ အစစအရာရာ သာလွန်နေပြီးမှ EQ အားနည်းနေပြီဆိုရင် လူတွေနဲ့ မတည့်တာပိုများတယ်။ ပိုအထီးကျန်တတ်တယ်။ အဲလိုလူတွေနဲ့ ခင်မင်ကြတဲ့အခါမှာလည်း အဆင်မပြေဖို့ပဲ များတယ်။ စိတ်နောက်ကျိရတာနဲ့.. Distraction ဖြစ်ရတာနဲ့။


ငယ်ငယ်က အဖွားကို ကန်တော့တဲ့အခါ အဖွား ဆုပြန်ပေးတာတစ်ခုခုကို ကောင်းကောင်း မှတ်မိသေးတယ်။

“ လူကောင်းဖြစ်ပါစေ.. လူကောင်းသူကောင်းနဲ့ ဆုံပါစေ.. စိတ်ဆင်းရဲခြင်း ကင်းပါစေ ” တဲ့။ ရိုးရိုး ကြည့်ရင် သာမန် ဆုပေးရုံပဲ။ ဒါပေမဲ့ အဖွားက သေချာလေးပြန်ရှင်းပြတယ်။

အရင်ဦးဆုံး ကိုယ့်ဘက်က လူကောင်းဖြစ်အောင်နေ၊ ဒါဆိုရင် လူကောင်းနဲ့ တွေ့မယ်၊ လူကောင်းဆိုတာ ကိုယ့်ကိုယ်ကိုယ်ရော သူများကိုပါ စိတ်ဆင်းရဲအောင် ဘယ်သောအခါမှ မလုပ်ဘူး.. တဲ့။

အဖွား ပြောဖူးတဲ့ လူကောင်းဆိုတာ EQ မြင့်တဲ့လူတွေကို ဆိုလိုတာပဲ နေမှာ။ အဲဒါ Educated ဖြစ်တာ မဖြစ်တာနဲ့ မဆိုင်သလို သူ့မှာ ဝင်ငွေ (Income) ဘယ်လောက်ရှိတာနဲ့လည်း မဆိုင်ဘူး။

အမှန်က Educated ဖြစ်တယ်ဆိုတာ IQ မြင့်တာပဲလေ။ ဒီ Educated ကြောင့်ပဲ Income ကောင်းကြတာ မဟုတ်ဘူးလား။ ဒါပေမဲ့ Educated တို့၊ Income တို့က EQ မြင့်တာကို အားမပေးပါဘူး။

ဘာလို့ အားမပေးလဲဆိုရင်တော့ Educated ဖြစ်တာနဲ့ EQ မြင့်တာနဲ့ မဆိုင်လို့ပဲ။ နောက် ရုပ်ချောတာ၊ Background တောင့်တာ၊ အနုပညာ Talent ရှိတာ၊ နာမည်ကြီးတာတွေကလည်း EQ စစ်စစ် မဟုတ်ဘူး။

EQ စစ်စစ်ဆိုတာ Wisdom ဖြစ်တာပဲ။ အနည်းဆုံး ကိုယ့်အတွက်နဲ့ သူများ အကျိုးစီးပွားပျက်အောင်၊ ရည်ရွယ်ချက်ရှိရှိ အနာတရဖြစ်အောင်၊ စိတ်ညှိုးငယ်အောင် မလုပ်တာ၊ မပြောတာ.. မနေတာ၊ စိတ်သဘောထား မသေးသိမ်တာ။


သူငယ်ချင်းအပေါင်းအသင်းတွေကြားမှာလည်း EQ မြင့်တဲ့လူကမှ ပေါင်းရသင်းရကောင်းတယ်။ သူ့ဘာသူ IQ မြင့်လို့ နေရာတစ်ခုရောက်တာက တစ်ပိုင်း။

အများစုက ရင်ဘတ်နဲ့ ရင်းပြီး ပေါင်းသင်းတဲ့ဘော်ဒါမျိုးကိုမှ ပေါင်းသင်းချင်တာ။ ပို.. ခင်တွယ်တာ။ အောက်ဖဲလှန်တဲ့ကောင်၊ သူများကောင်းစားနေရင် အောက်ဆွဲချတဲ့ကောင်၊ မနာလိုစိတ်နဲ့ တိုက်ခိုက်နေတဲ့ကောင်... စသဖြင့် ဒီလိုမျိုး EQ နိမ့်တဲ့ စုန်းပြူးတွေဆို ဘယ်သူမှ မပေါင်းသင်းချင်ဘူး။

နောက်ပြီး ချစ်သူရည်းစားထား၊ အိမ်ထောင်ပြုမယ့်အခါမှာလည်း ဒီကိစ္စကိုပါ ထည့်တွက်ထားဖို့ လိုမယ်။

ကိုယ့်လူက ကိုယ့်ကို ဘယ်လောက်ထိပျော်အောင်ထားလဲ၊ Unhealthy Relationship ဖြစ်အောင်ပဲ ပြောနေ.. လုပ်နေသူလား၊ ပြဿနာပုံကြီးချဲ့တဲ့လူလား၊ ကိုယ့်ကို.. Comfort ဖြစ်စေသူလား၊ ဖောက်ပြန်တတ်တဲ့ ဗီဇရှိတဲ့လူလား.. ဒီလိုမျိုး EQ နဲ့ ဆိုင်တဲ့ Skill တွေကို Check-up လုပ်ကြည့်သင့်တယ်။ ဆန်းစစ်သင့်တယ်။

ချစ်လို့ တွဲတွဲ၊ ချစ်လို့ပဲယူယူ.. အမှန်တကယ် ကိုယ့်အချစ်နဲ့ ထိုက်တန်သူ၊ ကိုယ့်အနား မခွာဘဲ နေသွားမယ့် လူဆိုတာ အထူးသဖြင့် EQ မြင့်တဲ့လူတွေပဲ။ တချို့ ပျော်ရွှင်နေကြတဲ့ Couple တွေမှာ ကောင်လေး.. ဒါမှမဟုတ် ကောင်မလေး.. ဒါမှမဟုတ် နှစ်ယောက်စလုံးက EQ မြင့်ကြတာမျိုး တွေ့ရတယ်။

တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်... ကြင်နာယုယတယ်၊ နွေးထွေးတယ်၊ ကူညီဖေးမတယ်။ တစ်ဖက်သတ်မဆန်နေဘူး၊ ကိုယ့်ကောင်းစားရင် ဝှက်ထားပြီး သူများဟာကိုမှ လိုချင်နေတဲ့စိတ်မျိုး EQ မြင့်တဲ့ လူတွေမှာ မရှိဘူး။

တချို့ IQ မြင့်ပြီး ပညာတတ်၊ စာတတ်၊ ဝင်ငွေကောင်းတဲ့ လူတွေဟာ သူ့လိုမျိုး IQ မြင့်တဲ့လူထက် EQ မြင့်တဲ့လူကို ပိုလိုချင်ကြတာ၊ ရည်းစားတော်ချင်တာ၊ လက်ထပ်ချင်တာဟာ.. ဒီ EQ ကြောင့်ပဲ။


နောက်ပြီး လောကကြီးကို အန္တရာယ်ပြုနိုင်တဲ့ လူတချို့မှာလည်း EQ နိမ့်တာတွေ တွေ့ရတယ်။

သူတို့ IQ ကိုကြည့်ရင် တော်ရုံလူမဟုတ်ဘူး၊ ခေသူ မဟုတ်ဘူး။ ဒါပေမဲ့ EQ နိမ့်တဲ့အခါကျတော့ သူများ နာကျင်သွားမှာ၊ သူများ စိတ်ဆင်းရဲမှာကို မစဉ်းစားတော့ဘူး။ သူတို့သိထား၊ တတ်ထားတာနဲ့ ဂျင်းထည့်(အန္တရာယ်ပြု) ကြတော့တာပဲ။

မြင်သာအောင်ပြောရရင် တချို့နိုင်ငံရေးသမားတွေ။ သူတို့ကို ကြည့်လိုက်ရင် တကယ့်လူတော်၊ လူတတ်ကြီးတွေ.. ။ စနစ်တစ်ခုလုံးရဲ့ ပဲ့ကိုင်ရှင်တွေ။

အဲ.. စာရိတ္တပိုင်း၊ ကျင့်ဝတ်ပိုင်း ညံ့ဖျင်းတဲ့အခါကျတော့ သူတို့နဲ့ နီးစပ်ရာလူတစ်စုကပဲ ရေလျှံသွားတာ၊ ချမ်းသာသွားကြတာ များတယ်။ သူတို့ ပြန်အကျိုးပြုရမယ့် ပြည်သူတွေကို ကြည့်တော့ ဖွဲနဲ့ဆန်ကွဲ၊ ထမင်းနဲ့ရေတောင် အနိုင်နိုင်။


ကိုယ့် IQ ကို မမြှင့်ရဘူး၊ IQ မြင့်တာမကောင်းဘူး၊ IQ မြင့်ရင် ပြဿနာရှိတယ်လို့ မဆိုလိုဘူးနော်။ IQ ကလည်း မြင့်၊ EQ ကလည်း မဆိုးဘူးဆိုရင်တော့ အဲဒီလူဟာ Perfect ပဲပေါ့။

(ကိုယ့် ပါဆင်နယ်အမြင်ရဆိုရင် EQ က ပိုအရေးကြီးတယ်လို့တော့ မြင်မိတယ်။ ဘယ်သူ့ကို ပိုပေါင်းချင်လဲဆို EQ ကို အရင်ရွေးမိမယ်)

ဘာလို့လဲဆိုတော့ သူတို့မှာ ဘာသာတရား၊ အသိုင်းအဝိုင်း၊ လူမျိုးတူတာတွေက အရေးမကြီးဘူး.. “ ငါတို့ ဘယ်လိုမျိုး မျှဝေခံစားကြမလဲ ” ဆိုတာကပဲ ပိုအရေးကြီးတယ်။ သူတို့မှာ Sympathy ထက်.. ပိုတဲ့ Empathy တွေ ပြည့်ဝတယ်။

ဘဝတစ်လျှောက်လုံး ကိုယ်နဲ့ ဆိုးတူကောင်းဖက် နေသွားမယ့်လူဟာ EQ သမားတွေပဲ ဖြစ်ပါတယ်။

ဘုန်းမောင်ဦး
ဒီဇင်ဘာ ၂၉၊ ၂၀၂၃။

31/03/2024

𝗚𝗘𝗗 ​ကျောင်းသားများအတွက် Ctrl List ရဲ့ GED စုစည်းမှု 🎓

🔔 April Intake မှာ မကြာခင်ဖွင့်​တော့မယ့် Ctrl List ရဲ့ GED Preparation Class
https://www.facebook.com/100018657475838/posts/1446615919303643/

🔔 Ctrl List မှ GED Scholarship အစီအစဥ်
https://www.facebook.com/100018657475838/posts/1455305115101390/

🎯 GED အ​ကြောင်းအ​သေးစိတ်
https://www.facebook.com/100018657475838/posts/1258053031493267/

🎯 GED ​ဖြေသင့်လား
https://www.facebook.com/100018657475838/posts/1380258309272738/

🎯 GED မတက်ခင် ဒါ​တွေကြိုစဥ်းစားထားပါ
https://www.facebook.com/100018657475838/posts/1453282558636979/

🎯 GED ​ဖြေပြီး ​နောင်တမရချင်ရင်
https://www.facebook.com/100018657475838/posts/1421700455128523/

🎯 အထက်တန်းမပြီး​သေးတဲ့သူ​တွေအတွက် GED
https://www.facebook.com/100018657475838/posts/1387279515237284/

🎯 GED or IGCSE?
https://www.facebook.com/100018657475838/posts/1420826021882633/

🎯 မှန်ကန်တဲ့ GED သင်တန်းတစ်ခုဘယ်လို​​ရွေးချယ်မလဲ
https://www.facebook.com/100018657475838/posts/1345996496032253/

🎯 GED ရဲ့ အားသာချက်နဲ့ အားနည်းချက်
https://www.facebook.com/100018657475838/posts/1419714068660495/

🎯 GED နဲ့ဘာဆက်လုပ်ကြမလဲ
https://www.facebook.com/100018657475838/posts/1422862008345701/

🎯 GED ပြီးရင် ​​ရွေးချယ်လို့ရမယ့် University များ
https://www.facebook.com/100018657475838/posts/1448660739099161/

🎯 US မှာ GED ကိုလက်ခံတဲ့ University & College တချို့
https://www.facebook.com/100018657475838/posts/1423430444955524/

🎯 GED ကို Self-Study လုပ်ဖို့အကြံ​လိုချင်တယ်ဆိုရင်
https://www.facebook.com/100018657475838/posts/1342317769733459/

🎯 GED ​လေ့လာတဲ့အခါ ကူညီ​ပေးမယ် App 4ခု
https://www.facebook.com/100018657475838/posts/1327391667892736/

🎯 GED ရဲ့ Social Studies
https://www.facebook.com/100018657475838/posts/1349485715683331/

🎯 Youtube Channels for GED
https://www.facebook.com/100018657475838/posts/1424242191541016/

🎯 GED ရဲ့ ရတနာသိုက်
https://www.facebook.com/100018657475838/posts/1419130042052231/

🎯 GED ဟာလွယ်မလိုလိုနဲ့ ခက်တဲ့ပုစ္ဆာတစ်ခု
https://www.facebook.com/100018657475838/posts/1456070951691473/

🎯 မြန်မာ​ကျောင်းသား​​တွေလည်း အခွင့်အ​ရေးရှိတဲ့
USA ပညာ​ရေးစနစ်
https://www.facebook.com/100018657475838/posts/1453614255270476/



​ပေါင်းချုပ်

19/02/2024

ပေါ်တာဆွဲတယ်လို့ သတင်းဖြန့်ပြီး လူကုန်ကူးတွေလှုပ်ရှားနေတာပါနော်

ကော်ပီယူလာတာပါ
လူတိုင်းသတိထားမိအောင်ပါ
တကယ့်အဖြစ်အပျက်ပါ
ခုရက်ပိုင်းဖြစ်တာပါ

လူပျောက်ပို့စ်တွေ ခနခနတွေ့နေရလို့ အခုကိုယ်နဲ့ ရင်းနှီးတဲ့ မိသားစုကသမီးလေးပျောက်သွားပြီး ပြန်တွေ့တဲ့ ရုပ်ရှင်ဆန်ဆန် ဇာတ်လမ်းလေး အကြောင်းကို မိဘတွေ၊ လူငယ်တွေ သတိထားနိုင်ဖို့ မျှဝေပြောပြချင်ပါတယ်။
ဖြစ်တာက ပြီးခဲ့တဲ့တနလာ်နေ့ကပါ။ ကောင်မလေးက တက္ကသိုလ်နားထားတုန်းအလုပ်လုပ်နေတာ။ ရိုးရိုးအေးအေးလေး။ အရှေ့ဒဂုံမှာနေတာပါ။ အလုပ်သွားဖို့ အဖေက လိုင်းကားပေါ်လိုက်တင်ပေး၊ ကြိုပေးတာလုပ်ပေးနေကျ။ အလုပ်က တအားအဝေးကြီးတော့မဟုတ်ဘူး။ အဲ့နေ့က ခါတိုင်းလိုပဲတင်ပေးပြီး လွှတ်လိုက်တာ ညနေကျ ပြန်မလာလို့ ဖုန်းဆက်တော့ မကိုက်ဘူး။ အဲ့ဒါနဲ့ အလုပ်ကိုဖုန်းဆက်တော့ အလုပ်က ဒီနေ့မလာဘူးလေတဲ့။ အဲ့တော့မှ ပြူးပြူးပြာပြာနဲ့ လိုက်ရှာကြရတယ်။ ကောင်မလေးက ရည်းစားဘာညာမရှိ၊ သူငယ်ချင်းနဲ့လဲ အဲ့လိုတွေမသွားတတ်တော့ ဘယ်လိုရှာရမှန်းမသိတော့ မိဘတွေခေါင်းမီးတောက်ရပြီပေါ့။ အသိကားတစီးရယ်၊ အလုပ်က ကားတစီးရယ်နဲ့ ရောက်တတ်ရာလျှောက်ရှာနေတုန်း ည ခုနစ်နာရီခွဲလောက်မှ ကောင်မလေးကဖုန်းဆက်တယ်။ သမီးထွက်ပြေးနေရတာတဲ့။ နောက်ကလဲ လူသုံးယောက်လိုက်ဖမ်းနေလို့တဲ့။ ဘယ်နားလဲဆိုတော့ မသိဘူးတဲ့။ မှောင်နေတယ်တဲ့။
မိဘတွေရော ကောင်မလေးရောက ရိုးရိုးအေးအေးတွေဆိုတော့ google map တွေဘာတွေ မလုပ်တတ်။ ကံကောင်းချင်တော့ ပြေးရင်းနဲ့ ကားလမ်းမဘက်ရောက်လာတော့ နောက်ကလူတွေက သိပ်မလိုက်ရဲတော့ဘူး။ ကောင်မလေးကိုသူ့အမေတွေက ဘေးမှာ ဘာဆိုင်းဘုတ်တွေ့လဲ ဘေးမှာလူတွေမတွေ့ဘူးလား ဘာညာပြောတော့မှ တွန်းလှည်းနဲ့မိန်းမတယောက်ကိုမေးတော့မှ ရွှေပေါက်ကံ ဖက် တံတားအဆင်းနားလို့ပြောတော့ ကားအသားကုန်မောင်းလိုက်ရှာမှ အလုပ်ကကားက အရင်တွေ့တာ ကောင်မလေးပြေးနေတာကို။ အဲ့ဒါနဲ့ လှမ်းခေါ်တာလဲမရဘူး ကောင်မလေးကအကြောက်လွန်နေပြီ။ လျှောက်ပြေးနေတုန်းပဲ။ မိဘတွေကားကရောက်လာပြီး ခေါ်လဲ သူသိပ်မမှတ်မိ ထွက်ပြေးနေလို့ မနဲလိုက်ဖမ်းရတယ်။ နောက်တော့ မေ့လဲသွားရော။
နောက်ရက် အေးဆေးဖြစ်မှ မေးတော့ သူ အဲ့နေ့က ကားပေါ်ကဆင်းခါနီး ခြင်းတောင်းကြီးနဲ့အဒေါ်ကြီးတယောက်က သမီးဆင်းလေဆိုပြီး လာတို့လိုက်တာ သူဘာမှမသိတော့ဘူးတဲ့။ လိုက်သွားတာလဲမမှတ်မိဘူးတဲ့။ နေ့လည်စောင်းမှ နိုးလာတော့ သူ့လိုပဲ လေးငါးခြောက်ယောက်လောက်ရှိမယ် ထိုင်တဲ့သူကထိုင် အိပ်တဲ့သူကအိပ်နဲ့ ဂိုထောင်လိုမျိုးထဲမှာတဲ့။ သူ့ကို လူတယောက်က နိုးလာပြီလား ရော့ ရေသောက်ဆိုပြီး တိုက်တယ်တဲ့။ ရေတွေကခါးလို့ သူပြန်အိပ်ပျော်သွားတယ်တဲ့။ နောက်တခါနိုးလာတော့ မိုးချုပ်နေပြီတဲ့။ အစောင့်လဲမရှိဘူးတဲ့။ ကံကောင်းချင်တော့ သူက ဖုန်းခိုးခံရဖူးတော့ နောက်တခါမခံရအောင်ဆိုပြီး အနွေးထည်အောက်မှာ အိတ်နဲ့စလွယ်သိုင်းလွယ်ထားတာဆိုတော့ သူဖုန်းပါတာ မသိကြဘူး။ သတိရတချက်မရတချက်နဲ့ အဲ့ဂိုထောင်ထဲလျှောက်ကြည့်ပြီး တံခါးအပြင်ကို သူ့လက်က​ သေး​ေတာ ့နှိုက်ကြည့်လိုက်တာ သော့က ချိတ်ရုံပဲချိတ်ထားတာ ခတ်မထားတော့ မရမက လှမ်းဖွင့်တာ ပွင့်သွားတော့ သတိရနေတဲ့သူတွေ သုံးလေးယောက်က ထွက်ပြေးကြတာတဲ့။ နောက်ကချက်ချင်း လိုက်ဖမ်းတော့ သူတို့လဲ ပြေးမိပြေးရာ တကွဲတပြားစီ ပြေးကြတာတဲ့။ ကံကောင်းချင်တော့ သူက ကားလမ်းဖက်ကိုပြေးမိတာတဲ့။ နေရာကလဲမမှတ်မိဘူးတဲ့။ ပြီးမှအိမ်ကိုဖုန်းဆက်ဖို့သတိရလို့ဆက်လိုက်တာတဲ့။
ပြန်ပြောပြတာနားထောင်ရတာ ရင်တွေတုန်လိုက်တာနော်။ သိပ်လဲစိတ်ပူသွားတယ်။ ကျန်တဲ့သူတွေ လွတ်မလွတ် စိတ်ပူတယ်။ သက်ဆိုင်ရာကိုသွားပြောထားတယ်ပြောတာပဲ။ ရဲကဖိဖိစီးစီး လုပ် မလုပ်တော့ ကိုယ်လဲမသိ။ ကြားရတာ ရုပ်ရှင်ဇာတ်လမ်းနားထောင်ရသလိုပဲ။ သူများဆိုရင်တောင် ဟုတ်ပါ့မလား ဆိုပြီး ထင်မိအုံးမယ်။
အခုက တကယ့်အဖြစ်အပျက်ကြီး။
လူငယ်တွေ တယောက်ထဲသွားနေရတဲ့ လူငယ်တွေကိုတအားစိတ်ပူသွားတယ်။ စစ်မှု့ထမ်းဥပဒေကို လန့်နေကြတော့ တောကြောင်တွေက ပွဲလန့်တုန်းမှာ လှုပ်ရှားနေကြတာ သတိကြီးကြီးထားစေချင်ပါတယ်။ လူကုန်ကူးတဲ့ သူတွေက တကယ့်ကို ယုတ်မာစွာနဲ့ ဒီအချိန်မှာ လှုပ်ရှားနေပါတယ်။
တယောက်ထဲမသွားကြပါနဲ့။
ဒီကောင်မလေးဟာ တော်တော်ကြီးကိုကံသီလို့ ဖြစ်တောင့်ဖြစ်ခဲ ပြန်လွတ်လာတာပါ။
သူလဲ ဒီအကောင့်က Friend List ထဲရှိနေပါတယ်။
တအားစိတ်ပူလို့၊ အကျိုးအကြောင်းအားလုံးကိုသိစေချင်လို့၊ သတိထားကြစေချင်လို့ အခုလိုရေးတင်ရတာကိုလဲ နားလည်ပေးပါနော်။
ခွင့်တောင်းပါတယ်။
ပြောချင်တာက လူပျောက်သွားပြီဆို ပေါ်တာ ဆွဲတာလို့ တမျိုးပဲ တွေးမနေကြပါနဲ့နော်။ လူကုန်ကူးတာမျိုးတွေ၊ တခြား မသမာမှု့တွေလဲ ရှိနိုင်ပါတယ်။ တယောက်ထဲ လုံးဝမသွားကြပါနဲ့နော်။

Credit Thin Myat

19/02/2024

#အသုံးများသောအဖွဲ့အစည်းအခေါ်အဝေါ်များ....

1. Goal - (ပန်းတိုင်။)
2. Vision - (ရေရှည် ရည်ရွယ်ချက်။)
3. Mission - (ရေလတ် ရည်ရွယ်ချက်။)...
4. Objective - (ရည်ရွယ်ချက်။)
5. Project - (စီမံကိန်း။)
6. Organization - (အဖွဲ့အစည်း။)
7. Management - (စီမံခန့်ခွဲမှု။)
8. Leadership - (ခေါင်းဆောင်မှုအရည်အချင်း။)
9. Method - (နည်းစနစ်ကျ နည်းလမ်း။)
10. Strategy - (နည်းဗျူဟာ။)
11. Policy - (မူဝါဒ။)
12. Structure - (ဖွဲ့စည်းတည်ဆောက်ပုံ။)
13. Work-place - (လုပ်ငန်းခွင်။)
14. Responsibility - (တာ၀န်ယူဆောင်ရွက်မှု။)
15. Accountability - (တာ၀န်ခံမှု၊ တာ၀န်ရှိမှု။)
16. Authority - (အာဏာရှိမှု။)
17. Mutual-Respect - (နှစ်ဦးနှစ်ဖက် အပြန်အလှန်လေးစားမှု။)
18. Inspiring - (စိတ်ဓာတ်တက်ကြွ ဆောင်ရွက်ခြင်း။)
19. Negotiation - (ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခြင်း။)
20. Corporation - (တစည်းတလုံးတည်းဆောင်ရွက်ခြင်း။)
21. Representative - (ကိုယ်စားလှယ်။)
22. Empowering - (လုပ်ပိုင်ခွင့် အာဏာပေးအပ်ခြင်း။)
23. Reinforcement - (လိုအပ်သည့် အကူအညီပေးမှု။)
24. Contribution - (၀င်ရောက်ကူညီခြင်း။)
25. Affirmation - (အခိုင်အမာပြောဆိုခြင်း။)
26. Schedule - (အစီအစဉ်တကျ ဆောင်ရွက်မှုအစီအစဉ်။)
27. Planning - (အစီအစဉ်ရေးဆွဲခြင်း။)
28. Staffing - (၀န်ထမ်းအင်အားဖြည့်ဆည်းခြင်း။)
29. Motivation - (စိတ်ဓာတ်တွန်းအားပေးခြင်း။)
30. Activity - (လုပ်ဆောင်မှု။)
31. Coordination - (လုပ်ငန်းညှိနှိုင်း၊ ပူးတွဲလုပ်ဆောင်ခြင်း။)
32. Controlling - (ထိန်းသိမ်း၊ ကွပ်ကဲဆောင်ရွက်ခြင်း။)
33. Delegation - (လုပ်ငန်းတာ၀န် ခွဲဝြေခင်း၊ ကိုယ်စားလှယ်ပေးခြင်း။)
34. Communication - (ပြန်ကြားဆက်သွယ်ဆောင်ရွက်ခြင်း။)
35. Information Sharing - (အသင်းအချက်အလက် မျှဝြေခင်း။)
36. Memorandum - (သတိရစေရန်ရေးထားချက်၊ မှတ်တမ်း။)
37. Team-Working - (အဖွဲ့လိုက် ပူးပေါင်းပါ၀င်ဆောင်ရွက်ခြင်း။)
38. Time-Management - (အချိန်နှင့် လျှော်ညီစီမံခန့်ခွဲမှု။)
39. Job-Description (JD) - (လုပ်ငန်းဆောင်ရွက်မှု တာ၀န်၊ ၀တ္တရားများ။)
40. Initiation - (အစပျိုးလုပ်ဆောင်ခြင်း။)
41. Establishing - (အကောင်အထည်ဖော်ခြင်း။)
42. Monitoring - (စောင့်ကြည့် အကဲဖြတ်လုပ်ဆောင်ခြင်း။)
43. Evaluation - (ဆန်းစစ်အကဲဖြတ်ဆောင်ရွက်ခြင်း။)
44. Sustainability - (ရေရှည် တည်တံ့ခိုင်မြဲခြင်း။)
45. Accomplishment - (လုပ်ငန်းပြည့်စုံပြီးမြောက်ခြင်း။)
46. Innovation - (ဆန်းသစ်တီထွင်ခြင်း။)
47. Performance - (ပြုမူဆောင်ရွက်ခြင်း။)
48. Appraisal - (သုံးသပ်အကဲဖြတ်မှု။)
49. Safe & Security - (လုံခြုံစိတ်ချမှု။)
50. Role & Responsibility- (တာ၀န်၊ ၀တ္တရားများ။)

Original —

19/02/2024

လူအများစု က BED (အိပ်ယာ)ဆိုတယ့် အပေါ မှာ နေတာ များကြတယ်
B-blame (ဘာမှ မလုပ်ပဲ ထိုင် ပဲ အပြစ်တင်နေတာ)

E -Excuse (တစ်ချို့က အပြစ်ပြောရုံမက ဆင်ခြေပါ ပေးတာ)

D-Deny-(အငြင်းသန်တာ (အသိညဏ်နည်းသူက အငြင်းသန်တယ့်လို့ ကြားဖူးတယ်) ဖင်ပိတ်ပီးတော့ကို ငြင်းတာ

အဲ့ ၃ချက် ညှိနေရင် လူတွေ ရဲ့ သတ်မှတ်ထားတယ့် line အောက် ရောက်နေပီ ၊
Above the line ဖြစ်ဖို့ ကို့ကိုယ်ကို့ပြုပြင်ပီး ဆိုဆုံးမ လွယ်တယ့်လူ ဖြစ်အောင် ကို့ကိုယ်ပဲ ပြောင်းလဲ ရမှာပါ


Khai

09/02/2024

Organization တစ်ခုမှာ Change လုပ်တဲ့အခါ
ဖြစ်ပေါ်လေ့ရှိတဲ့ Resistance လို့ခေါ်တဲ့
ဆန့်ကျင်တင်းခံတဲ့အရာတွေ လျော့ကျသွားအောင်၊ ပေါ်ပေါက်မလာအောင် ဘယ်လိုတားဆီးသင့်ပါသလဲ။ ဘယ်လိုအချက်တွေက Change တစ်ခုကို
Fail ဖြစ်စေနိုင်ပါသလဲ
--------------------------------------------
Change လုပ်တဲ့အခါမှာ Resistance လို့ခေါ်တဲ့
ဆန့်ကျင်တင်းခံတဲ့ Response ငါးမျိုး
ဖြစ်လေ့ရှိပါတယ်။
အဲဒါတွေကတော့ . . .

၁။ Denial : Change
တစ်ခုခုလုပ်ပြီဆိုရင် လူ့သဘာ၀အရ
အလွယ်တကူလက်မခံဘဲ (Denial)
ငြင်းဆန်လေ့ရှိပါတယ်။
သိသိသာသာပဲဖြစ်ဖြစ်၊ မသိစိတ်ကပဲဖြစ်ဖြစ် အလွယ်တကူလက်မခံကြပါဘူး။
ဖြစ်လာမှာမဟုတ်ပါဘူးလို့
အရင်ယူဆလေ့ရှိပါတယ်။

၂။ Resistance :
အဲဒီ Response ကနေ နောက်ဆန့်ကျင်တဲ့အထိ
ဖြစ်လာတယ်။
ပထမစိတ်ထဲမှာ၊ ဒါမှမဟုတ် ကွယ်ရာမှာ
မဖြစ်နိုင်ပါဘူးဆိုပြီး ဆန့်ကျင်စိတ်ကနေ
ပေါ်ပေါ်ထင်ထင်ပဲ ဆန့်ကျင်တင်းခံလာတတ်တာကို
တွေ့ရပါလိမ့်မယ်။

၃။ Acceptance :
ဆန့်ကျင်တင်းခံမှုတွေကိုမှ အဖွဲ့အစည်းမှာရှိတဲ့ Management က နည်းလမ်းအမျိုးမျိုးနဲ့
ကိုင်တွယ်တဲ့အခါမှာ လက်မခံချင်၊ လက်ခံချင်နဲ့
လက်ခံတတ်လာတဲ့ Response တွေလည်း
တွေ့ရမှာ ဖြစ်တယ်။

၄။ Exploration :
Acceptance ထက် ပိုကောင်းသွားတဲ့
အခြေအနေက Exploration လို့ခေါ်တယ်။
ဒီပြောင်းလဲမှုကတော့ ငါတို့အတွက်ကတော့
အဆင်ပြေနိုင်လောက်တယ် ၊
ဖြစ်နိုင်တယ် ထင်တယ်ဆိုတဲ့ အခြေအနေကို
ရောက်လာတယ်။
အောင်မြင်မှာပါလို့လည်း ယူဆလာတယ်။

၅။ Commitment :
အဲဒါထက် ပိုကောင်းတဲ့အခြေအနေကတော့ Commitment ရှိလာတယ်။
Commitment ရှိလာတယ်ဆိုတာ
Change လုပ်ဖို့ကို သူတို့ကိုယ်တိုင်ကပါ
စိတ်ရောကိုယ်ပါ ပူးပေါင်းပါ၀င်တဲ့
Response အဆင့်ထိ ရောက်သွားတာလည်း
ရှိပါတယ်။

အရှေ့ဆုံးငြင်းဆန်တဲ့အဆင့်ကနေ
Commitment လို့ပြောတဲ့ နောက်ဆုံးစိတ်ရော
ကိုယ်ပါ လုပ်ဆောင်ချင်စိတ်ရှိသွားတဲ့
အခြေအနေထိရောက်ဖို့ဆိုရင် ပြင်ဆင်ရမယ့်
အချက်က ကိုးချက်ရှိတယ်။
ဒီကိုးချက်ကို လုပ်ဆောင်သွားမယ်ဆိုရင်
Change Management Process က
အောင်မြင်မှာဖြစ်ပါတယ်။
အဲဒါတွေကတော့ . . .

၁။ Preparation :
Change လုပ်ဖို့အတွက် Preparation
ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့ပါ။
ဘယ်သူတွေကို Change လုပ်ချင်တာလဲ၊
ဘယ်အတိုင်းအတာအထိ Change လုပ်ချင်တာလဲ၊ ဘယ်တော့အကောင်အထည် စဖော်မှာလဲ၊
ဘယ်လို Approach နဲ့ Change လုပ်ဖို့
ဆိုတာတွေကို ကြိုတင်ပြင်ဆင်ဖို့လိုပါတယ်။

၂။ Communicate :
ပြင်ဆင်ပြီးရင်တော့ နောက်တစ်ဆင့်အနေနဲ့ Communicate လုပ်ဖို့လိုတယ်။
အပြောင်းအလဲတွေလုပ်တော့မယ်ဆိုတာကို
၀န်ထမ်းတွေကို အသိပေးရပါတယ်။
ကိုယ်လုပ်မှာတွေကို သိရှိရဲ့လား၊ နားလည်ရဲ့လား
ဆိုတာကို သေချာအောင်လုပ်ရပါမယ်။

၃။ Opinion Leader :
တတိယအဆင့်အနေနဲ့ Opinion Leader တွေ
ထားရပါမယ်။ သူတို့က ကိုယ်ဖြစ်ချင်တဲ့
အခြေအနေတွေကို လူတွေကို Persuade
လုပ်ပေးမယ့်သူတွေပါ။
အဲဒီလူတွေကို ကိုယ်ပြောင်းလဲချင်တဲ့နေရာကို
ပါလာအောင် ဆွဲဆောင်မှုတွေလုပ်ပါတယ်။
Directly ပဲဖြစ်ဖြစ်၊ Indirectly ပဲဖြစ်ဖြစ်
ဆွဲဆောင်မှုတွေလုပ်မယ့်
Opinion Leader တွေထားရမယ်။
Change လုပ်မယ်ဆိုရင် ဒီလိုကောင်းကျိုးတွေ
ရလာမယ်၊ ဒါတွေတော့ ဖြစ်လာမယ်ဆိုတာကို
ပြောင်းလဲခြင်းမှာ ပါ၀င်မယ့်သူတွေ သိအောင်
လုပ်ဖို့လိုတယ်။

၄။ Participation :
ဒီ Change မှာ ပါ၀င်မယ့်
အဓိက Key Person တွေကို Participate
လုပ်ခိုင်းရပါမယ်။
ဒီ Change ဖြစ်စဉ်မှာ သူတို့အတွက်လည်း
သက်သောင့်သက်သာလည်းဖြစ်မယ့်
မခက်ခဲမယ့်၊ ပျော်စရာလည်း ကောင်းမယ့်
အရာတွေကို ပါ၀င်လုပ်ခိုင်းရပါမယ်။
ဒီလိုပါ၀င်ခိုင်းလိုက်တဲ့အတွက် Change ကို
စိတ်၀င်စားလာပါလိမ့်မယ်။

ဥပမာ- Organization တစ်ခုမှာ
Handbook တစ်ခု၊ Policy တစ်ခုကို
ရေးဆွဲတယ်ဆိုရင် Management ကနေ
ရေးဆွဲလိုက်ပြီးတော့ ၊
ဒါကိုလိုက်နာဆိုပြီးချလိုက်တာမဟုတ်ဘဲနဲ့
ဒါကိုသူလိုချင်တဲ့ပုံစံနဲ့ဆွဲထားပြီးသား၊
ဒါကိုချပြဖို့၊ လိုက်နာစေဖို့က အဆင်သင့်ရှိပြီးသား။

ဒါပေမဲ့ Participation ဆိုတာပါရမယ်ဆိုတဲ့ အနေအထားနဲ့ ကျွန်တော်တို့ ဆွဲထားတာကတော့
ဒီလိုပါ၊ အဆင်ပြေသလိုတော့ရှိပေမယ့်
ကျွန်တော်တို့ မမြင်တဲ့အရာလေးတွေလည်း
ရှိနိုင်တယ်။

အဲဒီတော့ ဌာနအကြီးအကဲတွေအနေနဲ့
ကျွန်တော်တို့ မမြင်နိုင်တဲ့အရာတွေ ရှိနိုင်တဲ့အတွက် ပါ၀င်ပြီးဖြည့်စွက်ပေးပါဦး။
ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ရေးဆွဲပေးကြပါ
ဆိုပြီး သူတို့ကိုနေရာပေးရပါမယ်။
သူတို့ကလည်း သူတို့ကို သူတို့အရေးပါတယ်လို့
ယူဆလာမယ်။
အဲဒီလိုဖန်တီးမှုမှာ သူတို့ပါတယ်ဆိုတဲ့အသိနဲ့
သူတို့အောက်မှာရှိတဲ့သူတွေက မေးလာခဲ့ရင်ပဲဖြစ်ဖြစ်၊ ဆန့်ကျင်တာမျိုးရှိလာခဲ့ရင်ပဲဖြစ်ဖြစ်
ဒါကို သူတို့ကိုယ်တိုင်ဆွဲတဲ့အထဲမှာပါတယ်၊
ကိုယ်တာ၀န်ခံရမယ်ဆိုတဲ့အသိနဲ့ သူတို့ကပါ Management ဘက်ကနေပြီးတော့ ပါ၀င်ပြီး
နားလည်အောင်ရှင်းပြတာမျိုး၊
ဒီ Policy ကို ကာကွယ်လာတာမျိုး တွေ့ရနိုင်ပါတယ်။

တကယ်လည်း Top Management က
ပြည့်စုံတယ်လို့ ယူဆထားပေမယ့်
Department Head တွေကို ပါ၀င်ခွင့်
ပေးလိုက်တယ်ဆိုရင် ကိုယ်မမြင်တာ၊
လိုတာလေးတွေ ထောက်ပြတဲ့အခါ
ပိုပြည့်စုံသွားတယ်။

အဲဒီမှာမှ မကျေနပ်ဘူး၊ ဒီအချက်တော့
အဆင်မပြေဘူးဆိုပြီး ပေါ်လာနိုင်တယ်။
အဲဒီအခါ ကြိုတင်ညှိနှိုင်းပြီးတော့
Smooth ဖြစ်အောင်လုပ်လို့ရတယ်။

၅။ Training :
Change ဖြစ်စဉ်မှာ ၀င်ပါမယ့်လူတွေအနေနဲ့ Participate လုပ်လာနိုင်အောင်
Training တွေ ပေးဖို့လိုပါတယ်။
Resistance တွေလျော့ကျအောင်၊ ဖြစ်မလာအောင်၊ Control လုပ်နိုင်အောင်
Change Management လို ဘာသာရပ်တွေ
သင်ကြားပေးရမယ်။
Change လုပ်မယ့် သူရဲ့ Characteristics ကို
အသိပေးရမယ်။

၆။ Patience :
Change လုပ်ဖို့အတွက် စိတ်ရှည်ဖို့ လိုတယ်။
ဆန့်ကျင်တာတွေ၊ တင်းခံတာတွေကရှိမှာပဲ။
အဲဒါကို စိတ်ရှည်ရှည်နဲ့ စောင့်ပြီးတော့
Persuade လုပ်ရမယ်။

၇။ Supporting of the boss :
ကိုယ့်အထက်မှာရှိတဲ့ အကြီးအကဲတွေရဲ့
ကူညီပံ့ပိုးမှုလိုတယ်။
ငွေကြေးတင်မကဘူး၊ အချိန်ပေးနိုင်မှု၊
အာရုံစိုက်နိုင်မှုတွေ လိုအပ်တယ်။
တချို့အဖွဲ့အစည်းတွေမှာဆို သူတို့မအားဘူးဆိုပြီး
ပါ၀င်မှုအားနည်းတယ်။
အဲဒီလိုဆို Change က မအောင်မြင်နိုင်ဘူး။

၈။ Role Model :
နံပါတ်ရှစ်အချက်က Change လုပ်တဲ့သူက
စံပြဖြစ်နေရမယ်။
သူများတွေကို စောစောလာရမယ်လို့ပြောရင်
သူကိုယ်တိုင်ကလည်း စောစောလာရမယ်။
ယုံကြည်ကိုးစားလောက်စရာ အသွင်အပြင်၊
အပြုအမူ၊ စိတ်ဓာတ်ရှိနေရမယ်။

၉။ Be the Same Member :
နောက်ဆုံးတစ်ခုအနေနဲ့ကတော့
Be the same member ပါ။
Change လုပ်တဲ့အနေနဲ့ ကျွန်တော်တို့၊
ကျွန်မတို့ သေသေချာချာကို စိစစ်ပြီးတော့မှ
Change ကို ဆောင်ရွက်တာဖြစ်ပါတယ်။
ကျွန်တော်တို့၊ ကျွန်မတို့ကို ဒုက္ခဖြစ်စေမယ့်
Change မျိုးကို လုပ်မှာမဟုတ်ပါဘူး။

ဘာကြောင့်လဲဆိုရင် ကိုယ့်လည်ပင်းကို
ကြိုးကွင်းစွပ်မယ့်အရာကို ဘယ်သူမှလုပ်မှာ
မဟုတ်တဲ့အတွက် ကျွန်တော်တို့ရဲ့ Change က အဆင်ပြေလောက်တယ်လို့ ယူဆပါတယ်။
ကျွန်တော်တို့ကိုယ်တိုင်ကလည်းပဲ နည်းသစ်မှာ
အတူတူလိုက်ပါပြီး ပြောင်းလဲရမှာဖြစ်တဲ့အတွက်
ကျန်တဲ့၀န်ထမ်းတွေနဲ့ ကျွန်တော်တို့ကလည်း
အတူတူပါပဲ၊ တစ်သားတည်းပါပဲဆိုပြီး
သူတို့နဲ့အတူတစ်သားတည်း ဖြစ်ပါတယ်ဆိုတာကို
ပြဖို့လိုတယ်။

အဲဒီလိုပြတော့မှ သူတို့ကိုယ်တိုင်
တစ်သားတည်းဖြစ်တယ်လို့ ယူဆလာနိုင်တယ် ။
ဒါဆိုရင် Change လုပ်တဲ့အခါမှာ
Resistance တွေ လျော့ကျသွားပါမယ်။

Organization တွေမှာ Change လုပ်တဲ့အခါ
ကျရှုံးရတဲ့အကြောင်းရင်း ၈ ခု
----------------------------------
Organization တွေမှာ Change လုပ်တဲ့အခါ
ကျရှုံးရတဲ့အကြောင်းရင်းတွေရှိတယ်။
Resistance တွေ လျှော့မချနိုင်တာမျိုးတွေရှိတယ်။
ဘာကြောင့်ကျရှုံးရတာလဲဆိုတော့ . . .

၁။ Change မှာ ဦးဆောင်တဲ့သူက
ပြည့်ပြည့်၀၀ ဦးမဆောင်တဲ့အခါ

၂။ Communication အားနည်းတဲ့အခါ

၃။ Change မှာ ဦးဆောင်တဲ့သူတွေအချင်းချင်း
Role တွေကို Create လုပ်တဲ့နေရာမှာ
မကွဲပြားတဲ့အခါ

၄။ Change လုပ်တဲ့အခါမှာ တစ်ပြိုင်တည်းမှာ
အများကြီး Change တဲ့အခါ

(ဥပမာ- တချို့ Organization တွေဆိုရင်
HR အနေနဲ့၊ Restructuring ၊
Re-engineering လုပ်နေတယ်။
ဒါပေမဲ့ လက်ရှိမှာ Organizational Development လည်းလုပ်တယ်။ ISO ကလည်း လုပ်နေတယ်။ တစ်ပြိုင်တည်း Change တွေ အများကြီးလုပ်တယ်
ဆိုရင် Focus လျော့ပြီး မအောင်မမြင်ဖြစ်တတ်တယ်။ စုပြုံပြီးမလုပ်သင့်ဘူး။)

၅။ Change လုပ်တဲ့အခါ Change Agent က Organization လည်ပတ်ပုံကိုနားမလည်တဲ့အခါ၊ Organization Culture ကို နားမလည်တဲ့အခါ

၆။ Change လုပ်ဖို့ ဇွဲမရှိတဲ့အခါ

(Resistance လေးနည်းနည်းရှိလာတာနဲ့
စိတ်ဓာတ်ကျတာတို့၊ လက်လျှော့အရှုံးပေးချင်စိတ်
ရှိတာမျိုး ဖြစ်လာရင်လည်း ကျဆုံးတယ်။)

၇။ Change လုပ်တဲ့နေရာမှာ
Empowerment - လုပ်ပိုင်ခွင့်၊ အခွင့်အာဏာကို
ခွဲဝေပေးမှု အားနည်းတဲ့အခါ

၈။ Change မှာ ပါ၀င်တဲ့ Key Person တွေက
Change လုပ်တာ နေ့စဉ်အလုပ်တွေကို
အနှောင့်အယှက်ဖြစ်စေတယ်၊
အပိုအလုပ်တွေဖြစ်တယ်လို့
Negative အမြင်နဲ့ကြည့်တဲ့အခါ၊
Change လုပ်ရတာ စိတ်၀င်စားစရာ ကောင်းတယ်၊ ပညာရတယ်လို့မမြင်ဘဲ Stress ဖြစ်တယ်လို့
ယူဆတာတွေဟာ Organization တစ်ခုမှာ
Change ကို ကျရှုံးစေတဲ့အရာတွေဖြစ်တယ်။

ဒေါက်တာတင်မမစိုး - HR Consultant cm MD, Billion Force Services Co Ltd

07/02/2024

မြန်မာနာမည်တွေကို ဂျပန်လို Katakanaနဲ့ မှန်မှန်ကန်ကန် စာလုံးပေါင်း ရေးနည်းပါ။

名前のカタカナ表記例

ミャンマー人の名前について、主なものをカタカナ表記してみました。ただし、以下の点にご注意ください。

①ビルマ語(ミャンマー語)は、音を組み合わせると濁音化することがよくあります。実際の人名は、以下に列挙したものを組み合わせます。たとえば、သံသာはသံ(タン)とသာ(ター)の組み合わせです。しかし発音は「タンター」ではなく、「タンダー」となります。

②ビルマ語(ミャンマー語)の母音に、単母音と長母音はありません。音の長短は、あえて言えば、第1声調(下降調)は短く発音する傾向があります。したがって、ここでのカタカナ表記に「ー」はつけません。第2・3声調(低平調・高平調)は、第1声調と比較して音を伸ばす傾向があるので、単純な母音について「ー」をつけました。ただし、これも音を組み合わせによっては、「ー」を省いた形の表記も可です。
  
①က
ကျား/ကြာ チャー
ကော့ コ
ကို コー
ကိုင် カイン
ကောင်း カウン
ကေ ケー/ケイ
ကျော် チョー
ကျော့ チョ
ကြည် チー
ကြင် チン
ကြူ チュー
ကဗျာ ガビャー
ကြီး ジー/ヂー
ကောက် カウッ
ကြယ် チェー
 
②ခ
ခိုင် カイン
ခင် キン
ချစ် チッ(❌チィ)
ခြူ/ခြူး チュー
ချို/ချော チョー
ချမ်း チャン
ခန့် カン(❌カント)
ခေါင် カウン
ခက် ケッ(❌ケツ)
ခြိမ့် チェイン
ချယ်ရီ チェーリー
ခွန် クン
ခွါ クワー
ခေတ်တရာ キッタヤー
ချယ် チェー
ခမ်း カム/カン
ခရမ်း カヤン
 
③ဂ
ဂျေ ジェー/ヂェー/ジェイ/ヂェイ
ဂျာ ジャー/ヂャー
ဂန္ထဝင် ガンダウィン
ဂျက် ジェッ/ヂェッ(❌ジェツ/❌ヂェツ)
ဂျွန် ジュン/ヂュン
ဂျော် ジョー/ヂョー
ဂရေ グレー
ဂင် ギン
ဂို ゴー
ဂေါင် ガウン
 
④င
ငြိမ်း ニェイン
ငွေ グエー/グウェー/グエイ/グウェイ
ငယ် ゲー
 
⑤စ
စိုး/စော ソー
စိုင်း サイン
စပယ် ザベー
စန်း/စံ サン
စည်/စီ スィー
စင် スィン/ズィン
စစ် スィッ(❌スィツ)
စန္ဒရား サンダヤー
စန္ဒီ サンディー
စလင်း サリン
စိတ် セイッ
စိမ့်/စိန်/စိမ်း セイン
စန္ဒာ サンダー
စူ スー
စောင်း サウン
စွန် スン
စွမ်း スワン/スン
စုံ ソウン
စွာ スワー
 
⑥ဆ
ဆွေ スエー/スウェー/スエイ/スウェイ
ဆိုင် サイン/サイ
ဆိုင်း サイン/サイ
ဆေ セー/セイ
ဆဲ セー
ဆန်း サン
ဆို/ဆော ソー
ဆွန် スン
ဆု ス
ဆူး スー
ဆုန် ソウン
ဆက် セッ(❌セツ)
ဆန်း サン
ဆီ スィー
ဆင့်/ဆင်း スィン
ဆောင်း サウン
 
⑦ဇ
ဇော် ゾー
ဇက် ゼッ(❌ゼツ)
ဇာ ザー
ဇန ザナ
ဇေ ゼー/ゼイ
ဇီ/ဇီး ズィー
ဇာနည်  ザーニー
ဇင် ズィン
ဇန် ザン
ဇွဲ ズエー/ズウェー
ဇိန် ゼイン
ဇမာန် ザマン
ဇီဇဝါ ズィーザワー
ဇွန် ズン
 
⑧ဈ
စျာန် ザン
 
⑨ည/ဉ
ညွန့် ニュン
ညီ ニィー/ニー
ညို/ညှို ニョー
ညောင် ニャウン
ဉာဏ် ニャン

 
⑩တ
တင်/တင့် ティン(❌テイン)
တု トゥ
တိုး/တော် トー
တာ ター/ダー
ထက် テッ(❌テツ)
တူး トゥー
 
⑪ထ
ထွန်း トゥン
ထွဋ်/ထွတ် トゥッ
ထွေး トゥエー/トゥエイ
ထူး トゥー
ထက် テッ(❌テツ)
ထိန် テイン(❌ティン)
ထင် ティン(❌テイン)
ထီး ティー
 
⑫ဒ
ဒါ ダー
ဒေါင်း ダウン
ဒွေး ドゥエー/ドゥエイ
ဒီ ディー
 
⑬ဓ
 
⑭န
နု ヌ
နူး ヌー
နေ ネー/ネイ
နောင် ナウン
နီ ニー
နှင်း ニン
နွယ်/နွေ ヌエー/ヌウェー
နိုင်/နှိုင်း ナイン
နန်း/နံ ナン
နန္ဒာ ナンダー
နို ノー
နာ ナー
နဒီ ナディー
နှစ် ニッ
 
⑮ပ
ပြေ ピェー/ピェイ
ပြည့် ピェ
ပေါက် パウッ
ပြုံး ピョウン
ပေါ ポー
ပြု ピュ
ပြူး ピュー
ပို/ပိုး ポー
ပန်/ပံ/ပန်း パン
ပွင့် プイン/プウィン
ပိုင် パイン
 
⑯ဖ
ဖြူ ピュー
ဖွေး プエー/プウェー/プエイ/プウェイ
ဖိုး ポー
ဖီ ピー
ဖေ ペー/ペイ
ဖူး プー
  
⑰ဗ
ဗညား バニャー
ဗိုလ် ボー
ဗေ ベー/ベイ
ဗျာ ビャー
 
⑱ဘ
ဘွယ် ブエー/ブウェー
ဘုဏ်း/ဘုန်း ポウン
ဘို ボー
ဘွား ブワー
 
⑲မ
မေ メー/メイ
မင်း ミン
မြင့် ミィン(❌ミント、❌ミィント)
မောင် マウン
မြ ミャ
မြတ် ミャッ(❌ミャツ)
မျက် ミェッ(❌ミェツ)
မိုး/မှိုး/မော်/မိုရ် モー
မိုင်/မှိုင်း マイン
မာ マー
မာန် マン
မဒီ マディー
မွန် ムン
မိ ミ
မီ/မီး ミー
မှုံ モウン
မူ ムー
 
⑳ယ
ယု ユ
ယမင်း ヤミン
ယဥ် イン
ယွန်း ユン
 
㉑ရ
ရတနာ ヤダナー
ရာ ヤー
ရှိန် シェイン
ရွှေ シュエー/シュエイ
ရဲ イェー
ရည် イー
ရင့်/ရင် イン
ရန်း/ရန် ヤン
ရွှေစင် シュエズィン
ရိုင်း ヤイン
ရှိုင်း シャイン
ရှိုး ショー
ရိန် レイン
ရွယ် ユエー
ရွှန်း シュン
ရှင်း シン
 
㉒လ
လွင် ルイン
လတ်/လာဘ် ラッ(❌ラツ)
လက် レッ(❌レツ)
လှိုင် フライン/ライン
လဲ့ レ
လေး レー/レイ
လှ ラ/フラ
လင်း リン
လွန်း ルン
လျှံ リャン/シャン
လွှာ ルワー
လွှမ်း ルワン
 
㉓ဝ
ဝင်း/ဝင့် ウィン
ဝှိုက် ホワイッ
ဝေ ウェー/ウェイ
ဝမ်း ワン
၀ါ ワー
ဝတ် ウィッ/ウッ(❌ウィツ/❌ウツ)
ဝိုင်း ワイン
ဝဏ် ウィン/ウン
ဝဏ္ဏ ワナ
ဝသန် ワタン
   
㉔သ
သူရ トゥーラ/トゥーヤ
သံသာ/သန်တာ タンダー
သန်း タン
သူ トゥー
သိန်း/သိမ့် テイン(❌ティン)
သင် ティン(❌テイン)
သီ ティー
သက် テッ(❌テツ)
သစ် ティッ(❌ティツ)
သောင်း タウン
သွင် トゥイン/ドゥイン
သွေး トゥエー/トゥエイ
သွယ် トゥエー
သွဲ့ トゥエ
သာ/သား ター
သီတာ ティーダー
သီဟ ティーハ
သတိုး ダドー
သိင်္ဂီ テインギー(❌ティンギー)
သဇင် ダズィン
သုတ トゥタ
သဒ်ဒါ ダダー
သဉ္ဇာ ティンザー
သော် トー
သိရိ ティリ
သွန်း トゥン
 
㉕ဟ
ဟိန်း ヘイン
ဟန်/ဟမ်း ハン
ဟေ へー/ヘイ
 
㉖အ
အောင် アウン
အုန်း オウン
အံ့ アン
အိ イ
အေး エー/エイ
အယ် エー
အာကာ アーカー
အိမ့်/အိမ် エイン
အာ アー
အုပ် オウッ
အိန္ဒြာ エインドゥラー/エインダラー/(エンドラ)
အိန္ဒြေ エインダレー/エインドゥレー
အလင်္ကာ アリンガー
  
㉗その他
ဦး ウー
ဌေး テー/テイ
ဧ エー
ဥက္ကာ オウッカー

crd U Kyaw Win

05/02/2024

သီအိုရီဆိုတာလူတွေအရာရာကိုလက်‌တွေ့ တွေ
လိုက်လုပ်ပြီးအချိန်တွေမကုန်အောင်
အရင်ကလုပ်ပြီးတဲ့ လူတွေက
ဖြစ်နိူင်ခြေအများဆုံးဖြေရှင်းနည်းတွေကို
မှတ်တမ်းတင်ထားတာဖြစ်တယ်။

ဘဝမှာအားလုံးကိုလက်တွေ့လိုက်အဖြေရှာနေရင်အချိန်ကုန်မယ်၊ကုန်ကျစရိတ်များမယ်၊
အဲဒါတွေကိုမဖြစ်အောင် အရင်ကသိပြီးသား
လူတွေက နောင်လာနောက်သားတွေကို
လက်ဆင့်ကမ်းတဲ့ သဘောဖြစ်ပါတယ်။

မြန်မာနိူင်ငံမှာကလူအများစုကစာမဖတ်ဘူး၊
စာကိုလည်းအကျိုးရှိ‌အောင် မဖတ်တက်ဘူး။
သူတို့မသိတဲ့ အသစ်လာရင်
နည်း နှစ်မျိုးနဲ့ တုန့်ပြန့်တယ်။

၁) မြန်မာနိူင်ငံမှာလုပ်လို့မရဘူး။
၂) သီအိုရီတွေဖြစ်တယ်။

လို့ပြောရတာကို ပါးစပ်အရသာ
အရမ်းတွေ့တဲ့လူတွေ အများကြီးပါ၊
မြန်မာနိူင်ငံမှာ အများစုက
ကျွန်တော်တို့ မသိတာတွေ
အများကြီးပါလားဗျာလို့ ဝန်ခံတာ
အလွန်ကြားရခဲပါတယ်။

လောကကြီးမှာအရာရာတိုင်းကိုဖန်တီးဖို့
နှစ်ဆင့်ကိုဖြတ်ရပါတယ်။
တခုကစိတ်ကူးအဆင့် (mental manifestation)
ဖြစ်ပြီးနောက်တခုကလက်တွေ့ဖန်တီးတဲ့အဆင့် (physical manifestation) ဖြစ်ပါတယ်။

လုပ်ငန်းတခုမှာ business plan တို့
အိမ်ဆောက်တဲ့နေရာမှာ architectural drawings
တို့ဆိုတာဟာ mental manifestation
ဖြစ်ပါတယ်
အဲဒါပြီးမှလက်တွေ့ အကောင်အထည်ဖေါ်လို့
ရတဲ့အဆင့်‌ရောက်ပါတယ်။

အကြောင်းအရာတခုခုကိုစိတ်ထဲမှာ
သေချာနားမလည်ဘဲချရေးလို့မရပါဘူး။
သေချာချရေးနိူင်အောင် အကြောင်းအရာတခုကို‌
သေချာနားလည်ဖို့လို့ပါတယ်။

အဲဒီလိုဆောင်ရွတ်ရာမှာကိုယ့်ရဲ့အတိက်ကအတွေ့အကြုံ၊သူများရဲ့အတွေ့ကြုံတွေယူရပြီး
ရေးဆွဲရပါတယ်၊
အဲဒါကို plan လို့ခေါ်ပါတယ်၊
တခုသိထားဖို့ကနှစ်ခုစလုံးဟာ
သီအိုရီများဖြစ်ပါတယ်။
အရင်ကအလုပ်ဖြစ်တာတွေက
အ‌ခြေအနေအသစ်မှာအလုပ်ဖြစ်မယ်လို့
အာမမခံပါဘူး။

လုပ်ငန်းလေးငယ်တဲ့အချိန်က
အရာရာက ကိုယ်တိုင်လုပ်လို့ရပေမဲ့
လုပ်ငန်းကြီးလာတဲ့အချိန်မှာ အရာရာကို
လက်တွေ့စမ်းသပ်ဖို့က အချိန်ကုန်သလို
အမှားက လုပ်ငန်းကြီးတခုလုံး
နစ်နာသွားနိူင်တဲ့အတွက် တကယ့်
ကမ္ဘာအကြီဆုံး corporations တွေမှာ
ထိပ်ပိုင်းရာထူးတင်ပေးတော့မယ်ဆိုရင်
အဲဒီဝန်ထမ်းရဲ့ပညာရေး education ကို
အရမ်းကြည့်ပါတယ်။

ကြည့်ရတဲ့သဘောက conceptual skill လို့
ခေါ်တဲ့ခြံငုံကြိုတင်မြင်နိူင်စွမ်းကိုကြည့်ခြင်း
ဖြစ်ပါတယ်။အဲဒီ skill မျိုးတွေက
သီအိုရီတွေကိုသင်ဘူးတဲ့လူတွေမှာသာ
ရှိပါတယ်။

Management သဘောအရလည်း
ရာထူးကြီးလေ people skills လို့ခေါ်တဲ့
လူတွေနဲ့ညိုနှိုင်းနိူင်တဲ့အရည်အချင်းနဲ့
ခြံငုံကြိုတင်မြင်နိူင်စွမ်း အရည်အချင်း
conceptual skill တွေဟာ
technical skill လို့ခေါ်တဲ့ လုပ်ငန်း
လက်‌တွေ့လုပ်တဲ့ အရည်အချင်းထက်
အရေးကြီးလာပါတယ်။

ဒီလို skill တွေတက်အောင်စာဖတ်ရပါတယ်။
Bill Gates ဟာတနှစ်ကိုစာအုပ် ၅၀ဖတ်ပါတယ်။
Mark Zuckerberg ကနှစ်ပတ်ကို
စာအုပ်တအုပ်ဖတ်ပါတယ်။
Elon Musk ကတ‌နေ့စာအုပ်တစ်အုပ်ဖတ်ပါတယ်။သူများအတွေ့အကြုံတွေကိုဈေးပေါပေါနဲ့
ဘယ်လိုဝယ်ရမလဲသိတဲ့လူလည်တွေ
ဖြစ်ပါတယ်။

ဒါကြောင့်ကိုယ်မသိတာတွေကိုကြားတိုင်း
သီအိုရီလို့ပြောမယ့်အစားသိအောင်လုပ်ပါ။
စာဖတ်ပါ။လေ့လာပါ။ဆည်းပူးပါ။

ဘဝဆိုတာအဆက်မပြတ်သင်ယူနေရတဲ့
သဘာဝဆိုတာမမေ့ပါနဲ့။
သိစရာတွေအများကြီး အမြဲတမ်းရှိနေပါတယ်။

သီအိုရီတွေပါမြန်မာနိူင်ငံမှာလုပ်မရဘူးလို့
လူကြီး‌‌တွေကလူငယ်တွေကို စီးပြောတာဟာ
လူငယ်တွေလေ့လာချင်စိတ်ကိုရိုက်ချိုးတာနဲ့
အတူတူဘဲလို့မြင်တယ်၊
ကျောင်းကဆင်းလာတဲ့လူငယ်တွေဆိုတာ
သီအိုရီဘဲရှိမှာဘဲလက်‌ေတွလုပ်ရင်းနဲ့မှ
လုပ်လို့ရတာတွေလုပ်လို့မရတာတွေသိကြမယ်။

အောင်မြင်မူဆိုတာ သီအိုရီ‌တွေကိုသိတာကို
မခေါ်ဘဲ လက်တွေ့ရလာဒ်တွေလုပ်ပြီး
သက်သေပြရတယ်ဆိုတာလူတိုင်းသိပါတယ်။

ဒါ‌ပေမဲ့လက်တွေ့လုပ်ပြီးမှအရာရာကို
သင်ယူမယ်ဆိုရင် အဲဒီလူရဲ့ဘဝဟာ
ကုန်ကျစရိတ်တွေနဲ့အရှုံးတွေပြည့်နေမှာ
အမှန်ဆိုတာသတိချပ်ကြစေချင်ပါတယ်။

-အမှားနဲ့အမှန်၊အဓိကနဲ့သာမညခွဲခြားနိူင်တဲ့
အသိဉာဏ်ရကြပါစေ-

Credit ‌- ဆရာကျော်မျိုးထွန်း-

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Yangon