Treasure House International Language School

Treasure House International Language School Hello. Welcome to Treasure House International Language School. Together we learn, Together we succeed.

🔔 Treasure House မှ ကျောင်းသား/သူများအတွက် အသိပေးချက်🔔ပညာရေးဟာ အရေးကြီးသလိုပဲ စည်းကမ်းဟာလည်း အောင်မြင်ဖို့အတွက် သော့ချက်...
16/06/2026

🔔 Treasure House မှ ကျောင်းသား/သူများအတွက် အသိပေးချက်🔔

ပညာရေးဟာ အရေးကြီးသလိုပဲ စည်းကမ်းဟာလည်း အောင်မြင်ဖို့အတွက် သော့ချက်ပါပဲ။ 🔑✨
Treasure House International Language School ရဲ့ တိုးတက်မှုအတွက် ကျောင်းသား၊ ကျောင်းသူအားလုံး အောက်ပါစည်းကမ်းလေးတွေကို ပူးပေါင်းလိုက်နာပေးဖို့ အထူးမေတ္တာရပ်ခံပါတယ်နော်။ 🙏

လိုက်နာရမည့် စည်းကမ်း
1️⃣ အတန်းမှန်ရမယ်၊ အချိန်တိကျရမယ် (ခွင့်မရှိဘဲ ပျက်ကွက်ခြင်း/နောက်ကျခြင်း မရှိစေရ)
2️⃣ အတန်းထဲမှာ စာကို သေချာလိုက်လုပ်ရမယ်
3️⃣ စာသင်ချိန်တစ်လျှောက်လုံး Camera ဖွင့်ထားရမယ်
4️⃣ အိမ်စာနဲ့ Assignment တွေကို အချိန်မီ အပ်ရမယ်
5️⃣ စာသင်ချိန်မှာ ဂိမ်းဆော့တာ၊ Social Media သုံးတာ မလုပ်ရဘူး
6️⃣ ဆရာ/မ တွေနဲ့ သူငယ်ချင်းတွေကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံရမယ်

သတိပြုရန်
ကျောင်းစည်းကမ်းတွေကို (၃) ကြိမ်အထိ မလိုက်နာပါက ကျောင်းမှ သတိပေးစာ ပို့ပါမည်။ (၃) ကြိမ်ပြည့်လျှင် ကျောင်းရပ်နားရသည်အထိ အရေးယူဆောင်ရွက်သွားပါမည်။

🎉 သတင်းကောင်း
စည်းကမ်းလိုက်နာပြီး ကြိုးစားတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုတော့ ကျောင်းမှ ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေးသွားဦးမှာပါနော်။🎁

အားလုံးပဲ စည်းကမ်းပြည့်ဝတဲ့ Treasure House ရဲ့ ဂုဏ်ဆောင် ကျောင်းသား၊ ကျောင်းသူလေးတွေ ဖြစ်ကြပါစေ။ ❤️

09/06/2026

📣 Treasure House International Language School မှ အသိပေးကြေညာချက်

Treasure House ရဲ့ Assistant Teacher Positionအတွက် လျှောက်ထားသူများထဲမှ သင့်လျော်သူအား ရွေးချယ်ခန့်အပ်ပြီးစီးသွားပြီ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင်။

အဖိုးတန်တဲ့ အချိန်တွေပေးပြီး စိတ်ဝင်တစား လာရောက်လျှောက်ထားပေးခဲ့ကြတဲ့ ဆရာ/ဆရာမများ အားလုံးကိုလည်း Treasure House မိသားစုမှ အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။ ❤️

✨သတင်းကောင်းအနေနဲ့...
ကျွန်မတို့ကျောင်းရဲ့ Online Class တွေအတွက် ဆရာ/ဆရာမများကို အမြဲလိုအပ်လျက်ရှိတာကြောင့် စိတ်ဝင်စားသူများအနေနဲ့ CV Form များ ဆက်လက်ပေးပို့ လျှောက်ထားနိုင်ပါသေးတယ်နော်။

📌 လက်ရှိ လျှောက်ထားနိုင်သော ရာထူးများ
🔹 Online Teacher (Permanent Position)
🔹 Substitute Teacher (Online Class များအတွက် အစားထိုးသင်ကြားပေးရန်)

ပေးပို့ထားတဲ့ CV တွေထဲကမှ ကျောင်းရဲ့လိုအပ်ချက်နဲ့ ကိုက်ညီသူများကို Interview အတွက် Page Messenger မှတစ်ဆင့် ဆက်သွယ်အကြောင်းကြားပေးသွားမှာ ဖြစ်ပါတယ်။

အားလုံးရဲ့ စိတ်ဝင်စားမှုနဲ့ ယုံကြည်မှုအတွက် အစဉ်အမြဲ ကျေးဇူးတင်လျက်

Treasure House International Language School


06/06/2026

📢 Assistant Teacher

ကျွန်ုပ်တို့ကျောင်းတွင် Assistant Teacher ရာထူးအတွက် လျှောက်ထားလိုသူများကို ဖိတ်ခေါ်အပ်ပါသည်။
တာဝန်များ

* Main Teacher ၏ သင်ကြားရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးရမည်။
* Laptop ကိုယ်ပိုင်ရှိရမည်။
* Online Meeting များ Join တက်ရောက်ပေးရမည်။
* ကျောင်းသား/ကျောင်းသူများ၏ စာသင်ယူမှုကို ကူညီပေးရမည်။
* အမှတ်ပေးခြင်း၊ Report Card ပြုလုပ်ခြင်းများ ဆောင်ရွက်ပေးရမည်။

အလုပ်ချိန်
🕣 8:30 AM မှ 5:30 PM အထိ

အလုပ်တာဝန်များပြားသောကြောင့် တာဝန်ယူမှုရှိရန် လိုအပ်သောကြောင့် တကယ်အလုပ်လုပ်လိုစိတ်ရှိသူများသာ လာရောက်လျှောက်ထားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ယခင်က အလုပ်လျှောက်ထားပြီး အလုပ်စတင်မည်ဟု ပြောဆိုကာ အကြောင်းကြားမှုမရှိဘဲ မလာရောက်ခြင်း၊ အဆက်အသွယ်ပြတ်တောက်သွားခြင်းများ ရှိခဲ့သောကြောင့် အချိန်နှင့် အခွင့်အရေးများ မဆုံးရှုံးစေရန် အမှန်တကယ် စိတ်ဝင်စားပြီး တာဝန်ယူနိုင်သူများသာ လျှောက်ထားပေးကြပါရန် ကျေးဇူးပြု၍ အသိပေးအပ်ပါသည်။

📩 စိတ်ဝင်စားသူများ Message မှတဆင့် ဆက်သွယ်လျှောက်ထားနိုင်ပါသည်။

ကျောင်းသားတွေကို အခြေခံကနေ အောင်မြင်တဲ့အဆင့်အထိ မြင်တွေ့ရတာ ဆရာမတစ်ယောက်ရဲ့ အဂုဏ်ယူရဆုံးပါပဲ။ အင်္ဂလိပ်စာ လုံးဝအခြေခံမရှ...
28/05/2026

ကျောင်းသားတွေကို အခြေခံကနေ အောင်မြင်တဲ့အဆင့်အထိ မြင်တွေ့ရတာ ဆရာမတစ်ယောက်ရဲ့ အဂုဏ်ယူရဆုံးပါပဲ။

အင်္ဂလိပ်စာ လုံးဝအခြေခံမရှိ (Zero Background) တဲ့ကလေးတွေကို Treasure House International Language School ကနေ အဆင့်မြင့်ဆုံးအဆင့်ထိ ရောက်အောင် ကူညီပေးနိုင်ခဲ့လို့ အရမ်းဝမ်းသာရပါတယ်။ ကျွန်မတို့ကျောင်းရဲ့ Level အားလုံးကို အစအဆုံး တက်ရောက်မယ်ဆိုရင် Advanced Level ထိ ရောက်ဖို့ ရဲရဲကြီး အာမခံပါတယ်! 🎯

အခုဆို ကလေးတွေဟာ တက္ကသိုလ်နဲ့ လုပ်ငန်းခွင်တွေမှာ ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းနေကြပါပြီ။ 🥰🎓

ဒီထက်မက ပိုပြီးထူးချွန်စေဖို့ မကြာခင်မှာ စင်ကာပူစံနှုန်းအတိုင်း သင်္ချာ (Math) အတန်းတွေကိုပါ တိုးချဲ့သင်ကြားပေးတော့မှာမလို့ အရမ်းပဲ စိတ်လှုပ်ရှားမိပါတယ်။ ✨🏆 ကလေးတွေရဲ့အောင်မြင်မှုအတွက် အမြဲတမ်း ဂုဏ်ယူနေမှာပါ! 🚀🥳

အလုပ်ရှုပ်နေတဲ့ ကြားကနေ အချိန်ရရင် ရသလိုမျိုး... ဆရာ/ဆရာမ (Teachers)/ students တွေအတွက် မြန်မာနှင့် နိုင်ငံတကာ Job opportunities ရှိရင် share ပေးထားပါမယ်။ 💼🏫
(လာမေးလို့ ချက်ချင်းမဖြေနိုင်ရင်လည်း အလုပ်မအားလို့မလို့ ခဏလေး စောင့်ပေးပါနော်) 😍

26/05/2026

📢 Job Vacancy: Assistant Teacher (part-time)

Treasure House International Language School တွင် စနေ၊ တနင်္ဂနွေ (Weekend) တာဝန်ထမ်းဆောင်ရန် Assistant Teacher လိုနေပါသည်။

📌 လိုအပ်ချက်များ

-တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရ (သို့) တက္ကသိုလ် ကျောင်းသား/သူ ဖြစ်ရမည်။
-စနေ၊ တနင်္ဂနွေ ရုံးချိန်အတွင်း အလုပ်လုပ်နိုင်သူဖြစ်ရမည်။
-အင်္ဂလိပ်စာ အသင့်အတင့် ပြောဆို/နားလည်နိုင်ရမည်။
-ကလေးများကို ချစ်မြတ်နိုးပြီး စိတ်ရှည်သည်းခံနိုင်သူ ဖြစ်ရမည်။ (လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်)

📩 လျှောက်ထားရန်:
စိတ်ပါဝင်စားပါက မိမိတို့၏ CV Form ကို school messenger or school telegram မှတစ်ဆင့် ပေးပို့လျှောက်ထားနိုင်ပါသည်။


19/05/2026

📢 We’re Hiring – Trainee Teacher

Treasure House International Language School is looking for a trainee teacher to join our team starting in June.

🗓 Weekend only (Saturday & Sunday)
💰 Transportation fee provided
📲 Telegram: 09 6600 549 36


17/05/2026

Part-Time Arts & Crafts Substitute Teacher Needed (Aster International School Bangkok)

Aster International School Bangkok တွင် ဇွန်လ ၂ ရက်နှင့် ၉ ရက် (အင်္ဂါနေ့) အတွက် အချိန်ပိုင်း အစားထိုး ဆရာမ အလိုရှိပါသည်။

🕑 အချိန်: မွန်းလွဲ ၂:၀၀ – ၃:၅၀ နာရီ
👧 အတန်း: ကျောင်းသား ၂–၃ ယောက်သာ
💰 လစာ: စုစုပေါင်း ၇၅၀ ဘတ် (၂ ရက်စာ)
📍 နေရာ: ဘန်ကောက် (Aster International School Bangkok တွင် လူကိုယ်တိုင် သင်ကြားရမည်)

📩 စိတ်ပါဝင်စားပါက school telegramမှတစ်ဆင့် (သို့) commentမှာ Tr Yadanar's messenger ကိုဆက်သွယ်ပါ။

⏰ Urgent Hiring – Apply Nowအောက်ပါရာထူးများအတွက် အမြန်ခေါ်ယူနေပါသည် -✅ Online Teacher (၂ ဦး)✅ In-Person Teacher (၁ ဦး)လိ...
08/05/2026

⏰ Urgent Hiring – Apply Now

အောက်ပါရာထူးများအတွက် အမြန်ခေါ်ယူနေပါသည် -
✅ Online Teacher (၂ ဦး)
✅ In-Person Teacher (၁ ဦး)

လိုအပ်ချက်:

_သင်ကြားရေးကို စိတ်ဝင်စားပြီး တာဝန်ယူနိုင်သူဖြစ်ရမည်။
_ကလေးချစ်တတ်သူ ဖြစ်ရမည်။
_အတွေ့အကြုံမရှိသေးသော ဆရာမအသစ်များကိုလည်း Training ပေးမည်ဖြစ်သောကြောင့် စိတ်ဝင်စားသူများ လျှောက်ထားနိုင်ပါသည်။

လျှောက်ထားရန်:
မိမိတို့၏ CV ကို Telegram မှတစ်ဆင့် အမြန်ဆုံးပေးပို့ပေးပါရန်။

📩 Telegram: 09 6600 549 36

"ယုံကြည်မှုနဲ့ တည်ဆောက်ထားတဲ့ သင်ယူရေးခရီး" ကြော်ငြာတွေမလိုဘဲ မိဘများရဲ့ “တစ်ဆင့်စကား ယုံကြည်မှု” တစ်ခုတည်းနဲ့ကျောင်းသား...
04/05/2026

"ယုံကြည်မှုနဲ့ တည်ဆောက်ထားတဲ့ သင်ယူရေးခရီး"

ကြော်ငြာတွေမလိုဘဲ မိဘများရဲ့ “တစ်ဆင့်စကား ယုံကြည်မှု” တစ်ခုတည်းနဲ့ကျောင်းသားဦးရေ တဖြည်းဖြည်း တိုးတက်လာနေတဲ့ Treasure House 🏠

✨ Treasure House၏အလေးထားသည့်အချက်များ
🔹 Small Class Size – လူနည်းစုဖြင့် သေချာထိရောက်စွာ သင်ကြားပေးခြင်း
🔹 5 in 1 Teacher – ကျောင်းသား ၅ ဦးလျှင် ဆရာတစ်ဦးနှုန်းဖြင့် အနီးကပ် ဂရုစိုက်လမ်းညွှန်ပေးခြင်း
🔹 Quality & Care – အရည်အသွေးမြင့် သင်ကြားမှုနှင့်အတူ စေတနာပြည့်ဝသော ပတ်ဝန်းကျင်ဖြင့် ပျိုးထောင်ပေးခြင်း

မိဘများရဲ့ ယုံကြည်မှုအတွက် အထူးကျေးဇူးတင်ရှိပါတယ်။ကျောင်းသားတိုင်းအတွက် အကောင်းဆုံး သင်ယူမှုအတွေ့အကြုံများကို Treasure House မှ အမြဲတမ်း တာဝန်ယူပံ့ပိုးပေးနေမှာပါ ✨📚

၂၀၂၆ ခုနှစ်၊ ဧပြီလ (၃၀) ရက် (ကြာသပတေးနေ့) သည် “ကဆုန်လပြည့်နေ့” ဖြစ်ပြီး မေလ (၁) ရက် (သောကြာနေ့) သည် “ကမ္ဘာ့အလုပ်သမားနေ့”...
29/04/2026

၂၀၂၆ ခုနှစ်၊ ဧပြီလ (၃၀) ရက် (ကြာသပတေးနေ့) သည် “ကဆုန်လပြည့်နေ့” ဖြစ်ပြီး မေလ (၁) ရက် (သောကြာနေ့) သည် “ကမ္ဘာ့အလုပ်သမားနေ့” ဖြစ်ပါသဖြင့် ကျောင်းပိတ်ရက်များ ဖြစ်ပါသည်။ ထိုကြောင့် ကျောင်းပိတ်ရက်ဖြစ်ကြောင်း လေးစားစွာ ကြိုတင်အသိပေးအပ်ပါသည်။

Address

No. 186, Yadana Street, 14 Quarter, South Oakkalapa Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959448040167

Website

Alerts

Be the first to know and let us send you an email when Treasure House International Language School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Treasure House International Language School:

Shortcuts

Share

Category