DM Recruitment Service

DM Recruitment Service

Share

အလုပ်အကိုင်အခွင့်အလမ်းများရှာဖွေနေသူများအတွက် အခမဲ့ ဝန်ဆောင်မှု့

15/07/2026

သင်တန်းလေးစိတ်ဝင်စားရင်promotion ရှိတုန်းလေးအမြန်ဆုံးဆက်သွယ်စာရင်းသွင်းလိုက်တော့နော်

14/07/2026

ဘဝပြောင်းလဲစေမယ့် အခမဲ့သင်တန်းနဲ့အလုပ်အကိုင်အခွင့်လမ်းများ.....🤎

🎗️ဘယ်သူမှမတူသော Services🎗️
:::::::::::::::::::::::::::::::::::::::::::::::::::::::::
📌အခကြေးငွေလုံးဝ(လုံးဝ)မယူဘဲ သင့်တော်တဲ့ပြည်တွင်းအလုပ်အကိုင်များကို လုပ်ကိုင်နိုင်သည့်အဆင့်အထိ ကူညီဆောင်ရွက်ပေးခြင်း

📌မိမိတက်ကျွမ်းသည့်နယ်ပယ်မဟုတ်ဘဲ အခြားလုပ်ငန်းအတွေ့အကြုံလိုချင်သူများအတွက်လည်း သက်ဆိုင်ရာလုပ်ငန်းအတွက် သင်တန်းများ အခမဲ့စီစဥ်ဆောင်ရွက်ပေးခြင်း

အသေးစိတ်သိရှိမေးမြန်းလိုပါက👇👇👇

DM Computer Training Center (ကျောင်းခွဲ-၁)

🏢အမှတ်(104)၊အထက်ပုဇွန်တောင်လမ်းမကြီး (ပုဇွန်တောင်ပန်းခြံရှေ့)၊ပုဇွန်တောင်မြို့နယ်၊ရန်ကုန်မြို့။

☎️ Contact : 09758484610

Viber : 09758484610

15/06/2026

& Operation Manager (Female /Male) - 1Post
* လုပ်ငန်းအတွေ့အကြုံပေါ်မူတည်ပြီး လစာညှိနှိုင်းနိုင်ပါသည်။
📋 Job Description
* နေ့စဉ် အရောင်းလုပ်ငန်းစဉ်များနှင့် Customer Service ပိုင်းကို အနီးကပ် ကြီးကြပ်ကွပ်ကဲရမည်။
* ဆိုင်ရှိ ဖုန်းနှင့် Accessories ပြတ်လပ်မှုမရှိစေရန် Stock/Inventory ကို စနစ်တကျ စီမံခန့်ခွဲနိုင်ရမည်။
* ဆိုင်ဝန်ထမ်းများ၏ တာဝန်ချိန်များ၊ စည်းကမ်းများနှင့် လုပ်ငန်းစွမ်းဆောင်ရည် ကို စောင့်ကြည့်စစ်ဆေးရမည်။
* ဆိုင်တွင်း သန့်ရှင်းသပ်ရပ်မှု၊ ပစ္စည်းများ ခင်းကျင်းပြသမှု နှင့် လုံခြုံရေးပိုင်းကို အမြဲဂရုပြုရမည်။
* Promotion အစီအစဉ်များကို Customer များ စိတ်ဝင်စားလာစေရန် Marketing Strategy များ ရေးဆွဲနိုင်ရမည်။
* Social Media (Facebook, TikTok စသည်) မှတစ်ဆင့် Digital Marketing Camping များ ပြုလုပ်ခြင်းကို ဦးဆောင်ရမည်။
* လစဉ် Sales Targets များ ပြည့်မီစေရန် Plan များချမှတ်ပြီး အရောင်းဝန်ထမ်းများကို စီမံခန့်ခွဲနိုင်ရမည်။
* အခြား Brand များ၊ ကိုယ်စားလှယ်များနှင့် ချိတ်ဆက်၍ အရောင်းပွဲများ ကျင်းပနိုင်ရမည်။
🎯 Job Specification
* ပညာအရည်အချင်းနှင့် အတွေ့အကြုံ Business Administration, Marketing (သို့မဟုတ်) သက်ဆိုင်ရာမှ ဘွဲ့တစ်ခုခု ရရှိထားသူ ဖြစ်ရမည်။
(Diploma in Marketing/Retail Management ရှိပါက ဦးစားပေးမည်။)
* အသက် (၃၅)နှစ်အထက် ဖြစ်ရမည်။
* Mobile & Electronic Retail နယ်ပယ်တွင် Operation သို့မဟုတ် Marketing ပိုင်းဖြင့် အနည်းဆုံး (၁) နှစ်မှ (၃) နှစ်အတွင်း လုပ်သက်အတွေ့အကြုံ ရှိရမည်။
* Problem Solving & Customer Service ကောင်းမွန်သူဖြစ်ရမည်။
* အလုပ် Pressure ဒဏ်ခံနိုင်မည်။
* အချိန်တိကျပြီး ရိုးသားဖြောင့်မတ်သူ ဖြစ်ရမည်။

အထက်ပါအချက်အလက်များနှင့် ကိုက်ညီ၍ အလုပ်လျှောက်ထားလိုပါက 09 964 365 886 (Viber) သို့ပေးပို့လျှောက်ထားနိုင်ပါသည်။

15/06/2026



🕹️ Sr Accountant - Female (1)post
💸အခြေခံလစာ -800,000/- မှ 1,200,000/-
☑️လုပ်ငန်းအတွေ့အကြုံပေါ် မူတည်ပြီး လစာ ညှိနှိုင်းပေးပါမည်။
👉 Working Hours - 8:30AM - 5:00PM
👉 Off days - Saturday
- Any graduated
- Age between ( 35 - 45)
- LCCI level 3 /ACCA Part (II/ III) (or) Accounting နှင့် ပတ်သက်သည့် Diploma /Certificate ရရှိထားသူ ဖြစ်ရမည်။
- Excel ကျွမ်းကျင်စွာအသုံးပြုနိုင်ရမည်။
- Manual Data များ ကို နေ့စဉ် စာရင်းပြုစုပေးရမည်။
- သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (2)နှစ် နှင့်အထက်ရှိရမည်။
-စာရင်းဇယားများကို သေချာစီစစ်နိုင်သူဖြစ်ရမည်။
-အရောင်း Voucher များအား သေချာ စစ်ဆေးနိုင်ရမည်။
-Reporting Skill ကောင်းမွန်သူဖြစ်ရမည်။
- P & L ဆွဲပေးနိုင်ရမည်။
အလုပ်လျှောက်ထားလိုပါက -09 964365886သို့ CV ပေးပို့လျှောက်ထားနိုင်ပါသည်။


05/06/2026

Recruitment တဖြည်းဖြည်းနဲ့ ပိုခက်ခဲလာတာဟာ လုပ်ငန်းရှင်တော်တော်များများ ရင်ဆိုင်နေရတဲ့ အဓိကစိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်။

☘️ ဈေးကွက်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အပြောင်းအလဲများ

(Market & Environment Shifts)

ကျွမ်းကျင်လုပ်သား ရှားပါးလာခြင်း ၊ လက်ရှိအခြေအနေအရ အရည်အချင်းရှိတဲ့ လူငယ်အများစုဟာ ပြည်ပနိုင်ငံတွေ ကို ထွက်ခွာပြီး အလုပ်လုပ်ကိုင်ဖို့ ပိုမိုရွေးချယ်လာကြပါတယ်။
ဒါကြောင့် ကျွမ်းကျင်လုပ်သား (Talent pool) သိသိသာသာ နည်းပါးသွားပါတယ်။

စီးပွားရေးနှင့် ငွေကြေးဖောင်းပွမှု ဒဏ်‌ကြောင့်ကုန်ဈေးနှုန်းနဲ့ လူနေမှုစရိတ်တွေ မြင့်တက်လာတဲ့အတွက် ဝန်ထမ်းတွေဘက်က မျှော်မှန်းတဲ့ လစာနှုန်းထား (Expected Salary) ဟာ အရင်ကထက် အဆမတန် မြင့်မားလာပါတယ်။
တစ်ချို့သော ကုမ္ပဏီတွေဘက်ကလည်း ဘတ်ဂျက်အကန့်အသတ်ကြောင့် ဒီမျှော်မှန်းချက်ကို မဖြည့်ဆည်းပေးနိုင်တဲ့အခါ ညှိနှိုင်းဖို့ ခက်ခဲသွားတတ်ပါတယ်။

03/06/2026

နေစား၊ငြိမ်း ‌အလုပ်ရှာနေသူများအတွက်

လစာ ၄သိန်း မှ ၆သိန်းအထက်

👉 OFFICE STAFF - ၂ဦး (မ)

အမြန်ခေါ်ယူနေပါပြီ။

ဆက်သွယ်ရန် - 09964365886 (Viber)

01/06/2026

ဝန်ထမ်းတစ်ယောက်ကို မခန့်အပ်ခင် သေချာစိစစ်ရမယ့် အရေးကြီးဆုံးအချက် (၅) ချက် ကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

၁။ လုပ်ငန်းကျွမ်းကျင်မှုနှင့် အရည်အချင်း (Skills & Qualifications)
ဒါကတော့ အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးအချက် ဖြစ်ပါတယ်။
Hard Skills: လျှောက်ထားတဲ့ ရာထူးနေရာနဲ့ ကိုက်ညီတဲ့ ပညာအရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံနဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု အမှန်တကယ် ရှိ၊ မရှိ စစ်ဆေးရပါမယ်။
Soft Skills: ပြဿနာဖြေရှင်းနိုင်စွမ်း (Problem-Solving)၊ ဆက်သွယ်ပြောဆိုမှု ကောင်းမွန်ခြင်း (Communication) နဲ့ အသင်းအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မှု (Teamwork) တို့ ရှိမရှိကိုပါ ထည့်သွင်းစဉ်းစားရပါမယ်။

၂။ ကုမ္ပဏီယဉ်ကျေးမှုနှင့် ကိုက်ညီမှု (Cultural Fit)
တော်ရုံတင်မကဘဲ ကုမ္ပဏီနဲ့ပါ အဆင်ပြေပြေ လက်တွဲနိုင်မယ့်သူ ဖြစ်ဖို့လိုပါတယ်။
လျှောက်ထားသူရဲ့ စိတ်နေသဘောထား၊ တန်ဖိုးထားမှု (Values) တွေဟာ မိမိတို့ကုမ္ပဏီရဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ ကြည့်ရပါမယ်။
ကုမ္ပဏီရဲ့ ယဉ်ကျေးမှုနဲ့ အံဝင်ခွင်ကျဖြစ်တဲ့ ဝန်ထမ်းဟာ လုပ်ငန်းခွင်မှာ ပျော်ရွှင်ပြီး ရေရှည်လက်တွဲဖို့ ရာခိုင်နှုန်း ပိုများပါတယ်။

၃။ စိတ်အားထက်သန်မှုနှင့် ရေရှည်ရည်မှန်းချက် (Motivation & Career Goals)
ဝန်ထမ်းရဲ့ စိတ်ဝင်စားမှုဟာ လစာတစ်ခုတည်းအပေါ်မှာပဲ ရှိနေတာလား၊ အလုပ်အပေါ်မှာပါ စိတ်အားထက်သန်မှု ရှိတာလားဆိုတာ ခွဲခြားရပါမယ်။
မိမိတို့ လုပ်ငန်းအမျိုးအစား/ထုတ်ကုန်တွေအပေါ် စိတ်ဝင်စားမှု ရှိ၊ မရှိ။
ရေရှည် Career Plan ဟာ မိမိတို့ကုမ္ပဏီ တိုးတက်မယ့် လမ်းကြောင်းနဲ့ အတူတူသွားလို့ ရ၊ မရ (ဒါမှသာ Turnover Rate ကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

၄။ သင်ယူလိုစိတ်နှင့် ပြောင်းလဲမှုများကို လက်ခံနိုင်စွမ်း (Adaptability & Learning Agility)
အခုခေတ် စီးပွားရေးလောကဟာ အမြဲပြောင်းလဲနေတဲ့အတွက် ဝန်ထမ်းကောင်းတစ်ယောက်မှာ ဒီအရည်အချင်း ရှိဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
အသစ်အသစ်သော နည်းပညာတွေ၊ လုပ်ငန်းစဉ်တွေကို လျင်လျင်မြန်မြန် သင်ယူနိုင်စွမ်း ရှိ၊ မရှိ။
အခြေအနေအရ လုပ်ငန်းခွင် အပြောင်းအလဲတွေ ရှိလာရင် အကောင်းမြင်စိတ်နဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်စွမ်း ရှိ၊ မရှိ။

၅။ စိတ်ချယုံကြည်ရမှုနှင့် ကိုယ်ကျင့်တရား (Reliability & Integrity)
ဒါကတော့ ဝန်ထမ်းတစ်ဦးရဲ့ အဓိက ကျောရိုး ဖြစ်ပါတယ်။
ပေးအပ်တဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တတ်တဲ့ ရိုးသားဖြောင့်မတ်မှု ရှိဖို့ လိုပါတယ်။
ယခင်လုပ်ခဲ့ဖူးတဲ့ လုပ်ငန်းတွေက အကိုးအကား (References) တွေကို သေချာဆီစစ်တာမျိုး (သို့မဟုတ်) Background Check လုပ်တာမျိုးဟာ စိတ်ချရတဲ့ ဝန်ထမ်းတစ်ယောက် ရရှိဖို့အတွက် အထောက်အကူပြုပါတယ်။

24/05/2026

DM Computer Training Center & Recruitment Service တွင် လက်တွဲလုပ်ဆောင်နိုင်ရန်အတွက် ဝန်ထမ်းများခေါ်ယူနေပါသည်။

Marketing Coordinator (Female) - 2 Posts
💸Salary - 250,000/+ Other Allowance+ Incentive
Working Days - Tue to Sun
Working Time - 9:00-5:00
Day Off - Monday (၁ပတ် တစ်ရက်)

(အဆောင်နေလိုသူများအတွက် အဆောင်စီစဉ်ပေးပါမည်။)

* ပညာအရည်အချင်း အထက်တန်းအောင် (သို့) ဘွဲ့ရ ဖြစ်ရမည်။
* အသက် (၂၅)နှစ်အောက်
* Marketing နှင့် ပတ်သက်ပြီး အတွေ့အကြုံ (၆)လအထက်ရှိရမည်။
* ပညာရေး ၊ အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းများတွင် လုပ်ကိုင်ဖူးသူများ ဦးစားပေးလျှောက်ထားနိုင်ပါသည်။
* Customer Service Skills ကောင်းမွန်၍ အဖွဲ့အစည်းနှင့် လုပ်ကိုင်နိုင်ရမည်။
* သင်ယူနိုင်မှု့ ၊လေ့လာနိုင်မှု့ ရှိသူဖြစ်ရမည်။
* Computer အခြေခံရရှိသူဖြစ်ရမည်။
စိတ်ဝင်စားလို့လျှောက်ထားလိုပါက 09 452363180 (Viber ) သို့ CV ပေးပို့လျှောက်ထားနိုင်ပါသည်။

Call now to connect with business.

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

No(104), Upper Pazundaung Road
Yangon