Grab by Youth - GBY

Grab by Youth - GBY We will provide " Job Readiness Skills' training and coaching session to the undergraduate students and fresh graduates.

Opportunity
12/02/2024

Opportunity

Great Opportunity 🌼
18/12/2023

Great Opportunity 🌼

SME Hub Asia Myanmar ရဲ့ SME Programmeအတွက် Internshipလုပ်နိုင်မယ့် အခွင့်အရေး

Great Internship opportunity to experience in the field of SMEs development and program implementation in Myanmar and beyond!

SME Hub Asia Myanmar Team ဖြင့် လက်တွဲလုပ်ဆောင်ရန် -

💁 SME လုပ်ငန်းများနဲ့ သက်ဆိုင်တဲ့ Business, Economics, International Development, Entrepreneurship & Innovation, Food Innovation စတဲ့ နယ်ပယ်တွေမှာ ပညာသင်ယူနေသူ (သို့မဟုတ်) တက္ကသိုလ်တက်ရောက်နေသူ
💁 SME development, entrepreneurship, gender equality စတဲ့ Program တွေမှာ ပါဝင်လုပ်ဆောင်ဖို့ စိတ်ဝင်စားသူ
💁 English Communication Skill ကောင်းမွန်ပြီး Team နှင့် (သို့မဟုတ်) တစ်ဦးချင်းလုပ်ဆောင်ရာမှာ Proactive ဖြစ်ဖြစ် တက်ကြွစွာလုပ်ဆောင်နိုင်သူ
💁 Remote Job လုပ်ကိုင်ရန် စိတ်ဝင်စားသူ

- ဖော်ပြပါအချက်တွေနဲ့ ပြည့်စုံကိုက်ညီသူများအနေနဲ့ SME Programme Intern Position ကို လျှောက်ထားဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
(ယခု Position ကို အမျိုးသမီးများနှင့် မိမိကိုယ်ကို အမျိုးသမီးဟုခံယူထားသူများလည်း လျှောက်ထားဖို့ တိုက်တွန်းလိုပါတယ်။)

Position: SME Programme Intern (1) Post
✔️Internship ကာလ - 3 months
✔️Working Hour - Mon to Fri (9:00AM to 6:00PM)
✔️Location: Yangon, Myanmar (Remote)
✔️Remuneration: Up to 600,000 MMK per month
✔️Contact info: [email protected]

လျှောက်ထားလိုပါက အသေးစိတ်ကြည့်ရှုလျှောက်ထားရန်လင့်ခ် - https://bit.ly/3uZuXfP

အင်တာဗျူးဖြေဆိုရန် ရွေးချယ်ခံရသူများကို Email မှတဆင့် ဆက်သွယ်သွားမှာဖြစ်ပါတယ်။

Hello GBYers 🥰GBY ရဲ့ ပထမဆုံး “စိတ်ကူးလက်ဖျော်” အစီအစဉ်လေးမှာ တတ်တတ်ကြွကြွပါဝင်ဆွေးနွေးပေးတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူး...
11/12/2023

Hello GBYers 🥰
GBY ရဲ့ ပထမဆုံး “စိတ်ကူးလက်ဖျော်” အစီအစဉ်လေးမှာ တတ်တတ်ကြွကြွပါဝင်ဆွေးနွေးပေးတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ် 🌼

အစီအစဉ်လေးရဲ့ feedbacks တွေအရ career အတွက် coaching sessions လေးတွေယူချင်တယ်ဆိုပြီး ပြောထားကြတဲ့ GBYers လေးတွေအတွက် coaching session လေးတွေ GBY team က မကြာခင် စီစဉ်ပေးဖို့ရှိပါတယ်နော် 🤩

ဒါ့အပြင် GBYers လေးတွေအချင်းချင်း အဆက်အသွယ်မပြတ်စေဖို့ GBY Café Facebook Community Group လေးလည်းစီစဉ်ထားပါတယ်နော် 😎😎

မကြာခင်အချိန်လေးမှာ email လေးကနေတစ်ဆင့် link လေးတွေ ပို့ပေးသွားမှာမို့ Inbox လေးကိုစစ်ပေးကြပါဦး🤩

ဒီ coaching အစီအစဉ်လေးကိုစိတ်ဝင်စားပြီး GBY Cafe ထဲ ပါဝင်ချင်တယ်ဆိုရင် GBY page ရဲ့ cb ကနေ ဆက်သွယ်လိုက်နော် 🥰

မကြာခင်မှာ ပိုမိုကောင်းမွန်တဲ့အစီအစဉ်လေးတွေမှာပြန်တွေ့ကြမယ်နော် 🤩

စိတ်ပါဝင်စားသူ သုတေသနပညာရှင်များအနေဖြင့်🔥Around 5 pages full proposal🔥Personal Information🔥Motivation letter (maximum 50...
05/12/2023

စိတ်ပါဝင်စားသူ သုတေသနပညာရှင်များအနေဖြင့်
🔥Around 5 pages full proposal
🔥Personal Information
🔥Motivation letter (maximum 500 words)
စတဲ့ လိုအပ်ချက်(၃)ခုကို ဇန်နဝါရီလ (၅)ရက်နေ့ ၊ ညနေ(၅)နာရီ နောက်ဆုံးထားပြီး တစ်ဦးချင်း ဒါမှမဟုတ် အဖွဲ့လိုက်အနေနဲ့ researchinstitute.assistant@ycu-
mm.org ကို ပေးဖို့လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။အသေးစိတ်အချက်အလက်များကို ပူးတွဲပါ ကြော်ငြာတွင်လည်း ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။

မင်္ဂလာပါ 🌻 𝙂𝘽𝙔𝙚𝙧 တွေကို အခမဲ့အွန်လိုင်း အလုပ်ရုံဆွေးနွေးပွဲ တခုနဲ့ ထပ်မံမိတ်ဆက်ပေးချင်ပါတယ်။ Digital Tools တွေ အသုံးပြု...
04/12/2023

မင်္ဂလာပါ 🌻
𝙂𝘽𝙔𝙚𝙧 တွေကို အခမဲ့အွန်လိုင်း အလုပ်ရုံဆွေးနွေးပွဲ တခုနဲ့ ထပ်မံမိတ်ဆက်ပေးချင်ပါတယ်။

Digital Tools တွေ အသုံးပြုပြီး သင်တန်းပေးတာ၊ စာသင်တာ၊ လေ့လာဆန်းစစ်အကဲဖြတ်တာတွေ လုပ်ဖို့ စိတ်ဝင်စားတဲ့ သင်တန်းဆရာ၊ သင်ကြားရေး ဆရာ/ဆရာမ သူငယ်ချင်းတွေရှိပါသလား။ ဒါဆိုရင်တော့ အခုမျှဝေပေးမယ့် သင်တန်းလေးက သင့်အတွက်ပါပဲ။

𝚆𝚘𝚛𝚔𝚜𝚑𝚘𝚙 ကျင်းပမည့်
🗓နေ့ရက် - ဒီဇင်ဘာ ၁၀ ရက်နေ့ ( တနင်္ဂနွေနေ့)
⌚️အချိန်- နံနက် ၇ နာရီ ၁၅ မိနစ် မှ နံနက် ၉နာရီ ၃၀ မိနစ်
⏳ကြာချိန်- ၂ နာရီ ၁၅ မိနစ်
💻နေရာ- 𝚉𝙾𝙾𝙼 ( 𝚅𝚒𝚛𝚝𝚞𝚊𝚕)
❗️ဘာသာစကား- English

ဒီ Workshop လေးမှာတော့ ဂိမ်းကစားသလို ပေါ့ပေါ့ပါးပါး Digital Tools တွေကို အသုံးပြုပြီး သင်ကြားသင်ယူမှုတွေ၊ အကဲဖြတ်တာတွေ လုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့ quiziz, kahoot, blooket, rolljak, နဲ့ wordwall စတဲ့ Digital Tools တွေကို ဘယ်လို အသုံးပြုကြမလဲဆိုတာကို အဓိက မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီ ASEAN Digital Workshop 2023 က ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ မြန်မာ နိုင်ငံမှာရှိတဲ့ ပညာရေးပိုင်း နဲ့ သင်ကြားသင်ယူမှုအသက်မွေးဝမ်းကျောင်းလုပ်ငန်းကို စိတ်ဝင်စားပြီး Digital Tools တွေနဲ့ သိပ်မရင်းနှီးသေးတဲ့ လူငယ်တွေအတွက် ရည်ရွယ်တာပဲဖြစ်ပါတယ်။ Workshop ရဲ့ ပထမပိုင်းမှာတော့ အသုံးပြုပုံနည်းစနစ်တွေကို သင်ကြားမျှဝေပေးသွားမှာဖြစ်ပြီးတော့ ဒုတိယပိုင်းမှာတော့ နိုင်ငံမတူတဲ့ လူငယ်တွေနဲ့အတူ စုပေါင်းလေ့ကျင့်နိုင်မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Workshop လေးကို အဆုံးထိတက်ရောက်တယ်ဆိုရင်တော့ E-Certificate လေးလည်းရမှာဖြစ်ပါတယ်။ လူဦးရေကန့်သတ်ထားတဲ့အတွက် စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်ပါ Registration Form လေးကို အမြန်ဖြည့်သွင်းပေးဖို့ လိုအပ်ပါတယ်နော်။ (https://docs.google.com/forms/d/e/1FAIpQLSfsQsUBVG2jZOhwOg2KMKUv_jdvHCjHGVqpSdTy93rSZSmQhw/viewform)

ဒီ Workshop မှာ GBY ရဲ့ Member ဖြစ်တဲ့ မသိမ့်က Facilitator တယောက်အနေနဲ့ ကူညီအားဖြည့်ပေးမှာ ဖြစ်ပါတယ်။ Workshop အတွင်းမှာ သင်နဲ့ အတူသင်ယူနိုင်ဖို့ စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေပါပြီ။

ရွေးချယ်ခံရတဲ့ သူငယ်ချင်းတွေကို Workshop တက်ရောက်ဖို့ သင်တန်းအချက်အလက်အသေးစိတ်ကို Email ကနေတဆင့် ပြန်လည်ပေးပို့ပေးသွားမှာပဲ ဖြစ်ပါတယ်။


This workshop is brought to you by The Flash Initiative, in partnership with The Learning Lab MNL. This workshop will be held online via Zoom. Registering for the workshop means that you: have working communication skills in English since the program will be conducted in English. have stable interne...

Hello GBYers🤩ဒီနေ့မှာတော့ GBY “စိတ်ကူးလက်ဖျော်” အစီအစဥ်လေး ရဲ့ ပထမဦးဆုံး workshop လေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပ...
18/11/2023

Hello GBYers🤩

ဒီနေ့မှာတော့ GBY “စိတ်ကူးလက်ဖျော်”
အစီအစဥ်လေး ရဲ့ ပထမဦးဆုံး workshop လေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်🌼

ပွဲလေးကိုစိတ်ပါဝင်စားစွာတတ်ရောက်ပြီး ဆွေးနွေးပေးကြတဲ့ တစ်ယောက်ချင်းစီကို GBY Team မှ အထူးကျေးဇူးတင်ရှိကြောင်းလည်း ပြောကြားလိုပါတယ်☺️☺️

နောက်အစီအစဉ်လေးတွေမှာလည်း ပြန်လည်ဆုံတွေဖို့ မျှော်လင့်ပါတယ်😊




#စိတ်ကူးလက်ဖျော်

Good Morning GBYers 🤩🤩မနက်ဖြန်မှာ GBY ရဲ့ “စိတ်ကူးလက်ဖျော်” အစီအစဉ်လေးရဲ့ ပထမဆုံး workshop session လေးဖြစ်တဲ့ “ Effectiv...
17/11/2023

Good Morning GBYers 🤩🤩

မနက်ဖြန်မှာ GBY ရဲ့ “စိတ်ကူးလက်ဖျော်” အစီအစဉ်လေးရဲ့ ပထမဆုံး workshop session လေးဖြစ်တဲ့ “ Effective Communication “ workshop လေးစတင်တော့မှာဖြစ်ပါတယ်🤩

Workshop လေးကိုစိတ်ဝင်စားပြီး လျှောက်ထားသူတစ်ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်🥰

ယခု workshop မှာ လူအရေအတွက်ကန့်သတ်ထားတာမို့ ရွေးချယ်ခံရသူများကို GBY Team ကနေ ဆက်သွယ်အကြောင်းကြားထားပြီးဖြစ်ပါတယ်နော် 🤩🤩🤩

ဒီတစ်ခါမှာ ပါဝင်ခွင့်မရသေးတဲ့ GBYers တွေအနေနဲ့လည်း နောက်ပွဲတွေအများကြီးရှိသေးလို့ စောင့်ကြည့်ပေးကြပါဦးရှင်☺️☺️

မနက်ဖြန်မှာအားလုံးနဲ့တွေ့ဆုံဖို့မျှော်လင့်ပါတယ်နော်🤩🤩



Hello အားလုံးပဲဖောင်လေးပိတ်လိုက်ပါပီရှင် 🙇စိတ်ဝင်တစားနဲ့ register လုပ်ပေးတဲ့သူများကိုကျေးဇူးပါရှင့်🥰Monday နဲ့ Tuesday က...
12/11/2023

Hello အားလုံးပဲ
ဖောင်လေးပိတ်လိုက်ပါပီရှင် 🙇
စိတ်ဝင်တစားနဲ့ register လုပ်ပေးတဲ့သူများကိုကျေးဇူးပါရှင့်🥰
Monday နဲ့ Tuesday ကျရင် တက်ရောက်ခွင့်ရတဲ့သူတွေကို
ဆက်သွယ်ပေးမှာမို့လို့ အီးမေးလ် စစ်ပေးကြဖို့ နဲ့
ဖုန်းလေးကိုင်ပေးကြဖို့ တောင်းဆိုချင်ပါတယ်ရှင် 😁🤗

Grab by Youth မှ နိုဝင်ဘာလ ၁၈ရက်နေ့တွင် ပြုလုပ်သွားမည့် ထိရောက်သော ပြောဆိုဆက်ဆံရေး ဆွေးနွေးပွဲ (Free session ) ကို တတ်ရောက်ခွ....

Hello အားလုံးပဲမနက်ဖြန်ဆို ဖောင်လေး ပိတ်တော့မှာဖြစ်တာမို့Register မလုပ်ရသေးရင် လုပ်ဖို့ မမေ့ကြနဲ့အုံးနော်🥰🥰
11/11/2023

Hello အားလုံးပဲ
မနက်ဖြန်ဆို ဖောင်လေး ပိတ်တော့မှာဖြစ်တာမို့
Register မလုပ်ရသေးရင် လုပ်ဖို့ မမေ့ကြနဲ့အုံးနော်
🥰🥰

Grab by Youth မှ နိုဝင်ဘာလ ၁၈ရက်နေ့တွင် ပြုလုပ်သွားမည့် ထိရောက်သော ပြောဆိုဆက်ဆံရေး ဆွေးနွေးပွဲ (Free session ) ကို တတ်ရောက်ခွ....

Team Introduction 😍😍Hello GBYers တို့ရေ Grab by Youth ဆိုတာ ဘယ်လိုအဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတ‌ဲ့အကြောင်း သိချင်ကြမ...
07/11/2023

Team Introduction 😍😍
Hello GBYers တို့ရေ
Grab by Youth ဆိုတာ ဘယ်လိုအဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတ‌ဲ့အကြောင်း သိချင်ကြမယ်ထင်တယ်နော် 🥰

ဒီနေ့ကနေစပီး Grab by Youth အဖွဲ့ဝင်တွေအကြောင်းကိုတစ်ပတ်ကို တစ်ယောက်မိတ်ဆက်ပေးသွားမှာမို့
စောင့်ကြည့်ပေးကြပါအုံးရှင် 😍

GBY မှာဆိုရင် အဖွဲ့ဝင် ၆ယောက်ပါဝင်ပါတယ် 🤗

💁 ဒီနေ့ညလေးမာတော့ အဖွဲ့ဝင်တွေထဲက
တစ်ယောက်ဖြစ်တဲ့ Lead Trainer မသိမ့်ရတနာ‌ဇော်
အကြောင်းကို မိတ်ဆက်ပေးသွားမာပဲဖြစ်ပါတယ်။
မသိမ့်ဟာဆိုရင် မကြာခင်ကျင်းပတော့မယ့် "စိတ်ကူးလက်ဖျော်" အစီအစဉ်ရဲ့ main facilitator လည်းဖြစ်ပါတယ် 🥰🥰

Ma Thaint Yadanar Zaw
Main Trainer| Knowledgizer | Learning & Development Professional

မသိမ့်ကတော့ GBY Team မှာ သင်တန်းပိုင်းဆိုင်ရာကို အဓိကတာဝန်ယူထားတဲ့သူတယောက်ဖြစ်ပါတယ်။ စာဖတ်ရတာ ဝါသနာပါပြီး သင်ယူရတာ သဘောကျတတ်သူတစ်ယောက်အနေနဲ့ အတွေ့အကြုံအသစ်တွေ၊ မတူညီတဲ့အမြင်တွေကို လေ့လာဖို့ အမြဲကြိုဆိုနေတဲ့ ဘဝတစ်သက်တာ လေ့လာသင်ယူသူတယောက်ပါ❤️

သင်တန်းပိုင်းနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံချက်တွေမှာ ဆယ်စုနှစ်ကျော်ကြာ လုပ်ငန်း အတွေ့အကြုံရှိသူဖြစ်ပြီး လူတဦးချင်းစီကို သူတို့ရဲ့ အကောင်းဆုံးပုံစံအဖြစ်ပြောင်းလဲနိုင်ဖို့အတွက် ကူညီလုပ်ဆောင်ပေးရတာကို နှစ်သက်သူတဦးလည်းဖြစ်ပါတယ်😍

အခုလက်ရှိမှာတော့ Proximity Design အဖွဲ့အစည်းတွင် Learning & Development Senior Specialist အနေနဲ့ တာဝန်ထမ်းဆောင်လျက်ရှိပြီး WEDU အဖွဲ့အစည်းတွင်လည်း Refugee Youth များအတွက် Mentor အနေ ကူညီလုပ်ဆောင်ပေးလျက်ရှိပါတယ်။

မသိမ့်ရဲ့ လုပ်ငန်းခွင်လမ်းကြောင်းတလျှောက်ကို ပိုမိုသိရှိနိုင်ဖို့အတွက် အောက်ပါLink ကို နှိပ်ပြီး လေ့လာကြည့်ရှုနိုင်ပါတယ်နော်။
(LinkedIn Profile Link: https://www.linkedin.com/in/thaint-yadanar-zaw)

သင်နှင့်အတူ အပြန်အလှန်သင်ယူခြင်းအားဖြင့် သင့်ကိုယ်ပိုင်နဲ့ လုပ်ငန်းခွင် ဘဝတွင် ကောင်းမွန်တဲ့ ပြောင်းလဲမှုများလုပ်ဆောင်နိုင်ရန် ကူညီဆောင်ရွက်ပေးဖို့အတွက် မသိမ့်ကတော့ အဆင်သင့်ရှိနေပါပြီ။





လုပ်ငန်းခွင်ပြဿနာတွေရဲ့ 70% ဟာ လွဲမှားတဲ့ ‌Communications ကြောင့်ဖြစ်လာတဲ့ ပြဿနာတွေဆိုတာ သတိထားမိရဲ့လား 🙀ဒီလိုပြဿနာတွေကိ...
03/11/2023

လုပ်ငန်းခွင်ပြဿနာတွေရဲ့ 70% ဟာ လွဲမှားတဲ့ ‌Communications ကြောင့်ဖြစ်လာတဲ့ ပြဿနာတွေဆိုတာ သတိထားမိရဲ့လား 🙀

ဒီလိုပြဿနာတွေကို ကျော်လွှားပြီး တနလ်ာနေ့တိုင်း‌ရုံးသွားရတာ ပျော်ရွှင်တဲ့သူတစ်ယောက်ဖြစ်ချင်ရင်တော့ "စိတ်ကူးလက်ဖျော်"ရဲ့ ပထမဆုံးအစီအစဉ်လေးကို မဖြစ်မနေ join သင့်တယ်နော် 🤗

🗣️"How to build Effective Communication " လို့ခေါင်းစဉ်တပ်ထားတဲ့ ဒီ virtual စကားဝိုင်းလေးမှာဆို တတ်ရောက်လာသူတွေနဲ့အတူ facilitator တွေက ထိရောက်သောပြောဆိုဆက်ဆံမှုတွေကို ဘယ်လိုတည်ဆောက်ကြမလဲဆိုတဲ့ နည်းလမ်းလေးတွေကို special recipe လေးတွေနဲ့ ဖျော်စပ်သွားမှာဖြစ်ပါတယ်။😍

🍹🍹 Workshop အပြီးမှာ တတ်ရောက်သူတွေအတွက် အကျိုးရှိမယ့်နည်းလမ်းတွေအများကြီးပါတဲ့ ကိုယ်တိုင်ဖျော်စပ်ထားတဲ့ juice လေးတွေတစ်ယောက်တစ်ခွက်စီရရှိသွားမှာဖြစ်ပါတယ်😎

Date - Nov 18, 2023 (Saturday)
Time - 9:30 am to 12pm
Platform - Zoom
Registration link - https://forms.gle/hAYRUdPT6J221mNm8

💸Free of Charge 🥰🥰

👏ပထမဆုံးအစီအစဉ်လေးမှာ လူဦးရေကန့်သတ်ထားလို့ Link လေးထဲဝင်ပြီးအမြန်စာရင်းသွင်းပေးဖို့တော့လိုတယ်နော် 🏃🏃‍♀️

🗓️ Nov 12ရက်နေ့မှာ ဖောင်ပိတ်မှာဖြစ်လို့ link လေးတွေ့တာနဲ့ဖြည့်ထားလိုက်တော့‌ GBYers တို့ရေ

🎉တတ်ရောက်ခွင့်ရသူများကို GBY teamကနေ ဆက်သွယ်အကြောင်းကြားပေးသွားမှာဖြစ်လို့ email, ph number လေးပေးဖို့လည်းမမေ့နဲ့နော်😊😍
ပထမဆုံး workshop လေးမှာအားလုံးနဲ့တွေ့ဖို့မျှော်လင့်ပါတယ် 😍😍
See you all 🤗🤗🤗


Grab by Youth မှ နိုဝင်ဘာလ ၁၈ရက်နေ့တွင် ပြုလုပ်သွားမည့် ထိရောက်သော ပြောဆိုဆက်ဆံရေး ဆွေးနွေးပွဲ (Free session ) ကို တတ်ရောက်ခွ....

Hello … Exciting new is coming …. 👏🏻👏🏻👏🏻လူငယ်တွေအတွက် အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ အစီအစဉ်လေးတစ်ခုကို “GBY” ကနေ သယ်ဆောင်လ...
24/10/2023

Hello … Exciting new is coming …. 👏🏻👏🏻👏🏻

လူငယ်တွေအတွက် အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ အစီအစဉ်လေးတစ်ခုကို “GBY” ကနေ သယ်ဆောင်လာပါပြီ…🥰

ကျောင်းပညာရေးပြီးတဲ့အချိန်မှာ မိမိစိတ်ဝင်စားရာ career ကဘာလဲဆိုတာ ရှာဖွေဖို့အခက်အခဲဖြစ်နေတာလား?🤔
Career ကိုစတင်လုပ်ကိုင်နေပေမယ့် လုပ်ငန်းခွင်မှာ ပြောဆိုဆက်ဆံဆောင်ရွက်တဲ့အခါ ဘယ်လိုလွဲချော်နေမှန်းမသိ စိတ်ညစ်နေပြီလား🤔

ဒီလိုအခက်အခဲတွေ ကိုယ်တိုင်ကြုံတွေ့နေရရင်ပဲဖြစ်ဖြစ်၊ မိမိရဲ့ အသိုင်းအဝိုင်းထဲမှာ ကြုံတွေ့နေတဲ့ လူငယ်တွေရှိရင် GBY ရဲ့ “ စိတ်ကူးလက်ဖျော်” ဆိုတဲ့ အစီအစဉ်လေးမှာ မိမိရဲ့ စိတ်ကူးလေးတွေ၊ အခက်အခဲလေးတွေကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဖျော်စပ်ပြီး အဖြေရှာကြအောင်နော်…🤗

“စိတ်ကူးလက်ဖျော်” ဆိုတဲ့ အစီအစဉ်လေးရဲ့ ရည်ရွယ်ချက်ကတော့ စိတ်ကူးတွေကို လက်နဲ့ဖျော်သလို ကိုယ်တိုင်လေ့လာ၊ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကိုပဲမျှဝေသင်ယူကြမှာမျိုးဖြစ်ပါတယ် 😉
စက်ကလုပ်ထားသလိုမျိုး ဘယ် scholar နဲ့ article နံပါတ်ဘယ်လောက် reference no ဘယ်လောက်က Quote ဆိုပြီး စက်တခုလို ဘောင်ကြီးနဲ့ မဟုတ်ဘဲ ကိုယ့်အတွေ့အကြုံ ကိုယ့်စိတ်ကူးတွေကို လွတ်လွတ်လပ်လပ်ဆွေးနွေးကြဖို့ ရည်ရွယ်ပြီး “စိတ်ကူးလက်ဖျော်” ဆိုတဲ့ အစီအစဉ်လေးကို GBY team က စတင်ခဲ့တာဖြစ်ပါတယ်.. 🥰

" စိတ်ကူးလက်ဖျော်" အစီအစဉ်ရဲ့ ပထမဆုံး session လေးကို လုပ်ငန်းခွင်ဝင်တဲ့အခါ လိုအပ်တဲ့ စကေးတစ်ခုဖြစ်တဲ့ “ထိရောက်တဲ့ ပြောဆိုဆက်ဆံရေးတွေကို ဘယ်လိုလုပ်ကြမလဲ” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ Free Session Workshop လေးတခုကို နိုဝင်ဘာလအတွင်း ပြုလုပ်သွားပေးဖို့ရှိပါတယ်…😍

💁 ဘယ်ရက်လေးမှာလုပ်မလဲ?
💁 ဘာအကြောင်းအရာလေးတွေပါမလဲ? ဆိုတာကတော့ မကြာခင်အချိန်အတွင်း တင်ပေးသွားမှာဖြစ်လို့ GBY page လေးကို စောင့်ကြည့်ပေးကြဦးနော်..
ဒီ အစီအစဉ် လေး ကို စိတ်ဝင်စားလို့ မေးချင်တာလေးတွေရှိရင်လည်း ကောမန့်လေးမာ မေးသွားပေးကြပါဦးနော်။🙇




Address

Yangon

Telephone

+959260227834

Website

Alerts

Be the first to know and let us send you an email when Grab by Youth - GBY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Grab by Youth - GBY:

Shortcuts

Share

Category