Uni-Entrance-MoE

Uni-Entrance-MoE The official page of Uni-Entrance of Interim University Councils

MES မှတဆင့် တက္ကသိုလ်အပြောင်းအရွှေ့လျှောက်ထားခြင်း (Mobile version)
25/05/2026

MES မှတဆင့် တက္ကသိုလ်အပြောင်းအရွှေ့လျှောက်ထားခြင်း (Mobile version)

MES မှတဆင့် တက္ကသိုလ်အပြောင်းအရွှေ့လျှောက်ထားခြင်း
25/05/2026

MES မှတဆင့် တက္ကသိုလ်အပြောင်းအရွှေ့လျှောက်ထားခြင်း

တက္ကသိုလ်အပြောင်းအရွှေ့အတွက် သက်ဆိုင်ရာတက္ကသိုလ်များတွင် အပြောင်း တင်ထားပြီးသောကျောင်းသား ကျောင်းသူများ အနေဖြင့် မိမိတို...
25/05/2026

တက္ကသိုလ်အပြောင်းအရွှေ့အတွက် သက်ဆိုင်ရာတက္ကသိုလ်များတွင် အပြောင်း တင်ထားပြီးသောကျောင်းသား ကျောင်းသူများ အနေဖြင့် မိမိတို့၏ MES account သို့၀င်ရောက်၍ လိုအပ်သောအချက်အလက်များကို ဖြည့်သွင်းနိုင်ကာ အပြောင်းအရွေ့ စတင်လျှောက်ထားနိုင်ပါပြီ။
သတိပြုရန်။ မဖြည့်သွင်းခင် သက်ဆိုင်ရာတက္ကသိုလ်/ဘာသာရပ်၏ ပြောင်းရွှေ့ခွင့်မူဝါဒများကို စေ့စပ်သေချာစွာ ဖတ်ရှုပါရန် အကြံပြုတိုက်တွန်းပါသည်။

အပြောင်းအရွှေ့ လျှောက်ထားလိုသော ကျောင်းသား/ သူများအနေဖြင့် မိမိ၏ မူလတက္ကသိုလ်အလိုက် ကြေညာထားသောlink များအတွင်း ၆-၀၆-၂၀၂၆ နောက်ဆုံးထားကာ ဖြည့်သွင်း၍ ပြောင်းရွှေ့ခွင့်တောင်းခံရမည်ဖြစ်ပြီးသက်ဆိုင်ရာတက္ကသိုလ်က ပြောင်းရွှေ့ခွင့်ပြုနိုင်သူများကို MES တွင်ဖြည့်သွင်းပေးမည်ဖြစ်သည်။ ထို့နောက်တွင် ကျောင်းသားဘက်မှ မိမိ၏ MES account သို့၀င်၍ လိုအပ်သောပြောင်းရွှေ့ခွင့်အချက်အလက်များကို ဖြည့်သွင်းရမည် ဖြစ်ပါသည်။
ကျောင်းပြောင်းရွှေ့ခွင့်အတွက် MES တွင် အချက်အလက်များဖြည့်သွင်းရမည့်ကာလသည် 25.5.2026 မှ 8.6.2026 ထိ ဖြစ်ပါသည်။

18/05/2026

🚨 🚨 🚨 🚨 🚨

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း [Basic Education Completion Assessment (BECA)] လုပ်ငန်းအတွက် ပူးတွဲဖော်ပြပါ Bluemark အမှတ်အသားပါသော page နှစ်ခု နှင့် Telegram Channel နှစ်ခုကိုသာ အသုံးပြုကြေညာဆောင်ရွက်ပါကြောင်း အထူးသတိပေး အသိပေးအပ်ပါသည်။

Social Media Platform အမျိုးမျိုးတွင် BECA ဆက်စပ်အမည်များဖြင့် သတင်းအချက်အလက်များ ရရှိလိုပါက၊ အကူအညီရယူလိုပါက၊ စာအုပ်များမှာယူလိုပါက ၎င်းတို့ထံသို့ ဆက်သွယ်နိုင်ကြောင်း စသဖြင့် ကမ်းလှမ်းမှုများ ပြုလုပ်လျက် ရှိနေသည်ကို တွေ့ရှိနေရပါ၍ ပူးတွဲဖော်ပြပါ page များ နှင့် Telegram Channel များမှ လွဲ၍ အခြားမည်သည့်
Page များ ၊ Account များ ၊ Channel များ မျှ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် (လုံးဝ) (လုံးဝ) ဆက်စပ်သက်ဆိုင်ခြင်း မရှိပါကြောင်း လုံခြုံရေး အထူးသတိပြုနိုင်စေရန် အသိပေးကြေညာအပ်ပါသည်။ ထပ်ဆင့်လည်း အချင်းချင်း ကူညီအသိပေးနှိုးဆော်ပေးကြပါရန်လဲ တိုက်တွန်းပန်ကြားအပ်ပါသည်။

ထပ်မံအသိပေးနှိုးဆော်ချက်
📣 📣 📣 📣 📣

အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA) နှင့် ပတ်သက်၍ မေးမြန်းအကူအညီရယူလိုပါက အောက်ဖော်ပြပါ တရားဝင် Email များသို့သာ ဆက်သွယ်မေးမြန်းပါရန် ထပ်မံအသိပေးနှိုးဆော်အပ်ပါသည်။

BECA ဆိုင်ရာ အကူအညီရယူမေးမြန်းရန် Official Channels များ ⏬ ⏬ ⏬

Channel 1
BECA Official Email >>
[email protected]

Channel 2
BECA Official Email >>
[email protected]

သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

BECA နှင့်စပ်လျဉ်း၍ မကြာခဏ
စုံစမ်းမေးမြန်းလေ့ရှိကြသည့် မေးခွန်းများ၏ အဖြေများကို အောက်ဖော်ပြပါ Telegram Channel တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

BECA Public FAQ Telegram Link >>

https://t.me/BECApublicFAQ

📌📌📌📌📌📌📌📌📌




(OldSystem)

ကြားကာလတက္ကသိုလ်များ တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့ အတွက် Logo (အမှတ်တံဆိပ်) ယှဥ်ပြိုင်သူများခေါ်ယူခြင်းအဖွဲ့၏နောက်ခံ...
17/05/2026

ကြားကာလတက္ကသိုလ်များ တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့ အတွက်
Logo (အမှတ်တံဆိပ်) ယှဥ်ပြိုင်သူများခေါ်ယူခြင်း

အဖွဲ့၏နောက်ခံအကြောင်းအရာ
ကြားကာလတက္ကသိုလ်များ တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့ သည် အခြေခံပညာအထက်တန်းပြီးဆုံးထားသော ကျောင်းသား/သူများ အဆင့်မြင့်ပညာရေးကို လက်လှမ်းမှီစေရန်အတွက် စီစဥ်ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းတခုဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်မှစတင်ကာ တက္ကသိုလ်ဝင်ခွင့် (၄) ကြိမ်ခေါ်ယူပြီးစီးခဲ့ပြီး ကျောင်းသား/သူ (၅၀၀၀၀) ခန့်အား အဆင့်မြင့်ပညာသို့ တက်ရောက်သင်ကြားနိုင်ရန် စီစဥ်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

Logo (အမှတ်တံဆိပ်) တွင် ပါဝင်ရမည့်အချက်များ
- အဖွဲ့အစည်း၏ ရည်ရွယ်ချက်များ လုပ်ငန်းဆောင်တာများနှင့် ကိုက်ညီမှုရှိရမည်။
- မိမိကြိုက်နှစ်သက်ရာ အရောင်ကို လွတ်လပ်စွာသုံးစွဲနိုင်သည်။
- မိမိနှစ်သက်ရာ Frame ကို လွတ်လပ်စွာသုံးစွဲနိုင်သည်။ ( ဥပမာ - လေးထောင့်၊ အဝိုင်း၊ ဒိုင်းပုံ စသည်)
- မိမိ၏ ကိုယ်ပိုင် စိတ်ကူးစိတ်သမ်း စစ်စစ်ဖြစ်ရမည်။

ကန့်သတ်ချက်များ
- AI generated ပုံများ မဖြစ်ရ
- တခြား တစုံတယောက် (သို့) အဖွဲ့အစည်းတခုခု၏ Logo (အမှတ်တံဆိပ်) အား တခုလုံးဖြစ်စေ၊ တစိတ်တပိုင်းဖြစ်စေ ကူးယူခြင်းမျိုးမဖြစ်စေရ။

ပါဝင်ယှဥ်ပြိုင်မည့်သူများ ပေးပို့ရမည့် အရာများ
- အမည်၊ ဌာန၊ ဆက်သွယ်ရန် အချက်အလက်များ
- Full resolution ဖြစ်သော Logo ပုံ နှစ်ပုံ (jpg and png)
- Logo Explanation (Symbol and Colour)
- Logo နှင့်လိုက်ဖက်ညီသော Letter head တစောင် (word file only)
- အနိုင်ရရှိခဲ့ပါက အဖွဲ့အစည်း၏ မည့်သည့်နေရာ (သို့) အဖွဲ့အစည်းနှင့်သက်ဆိုင်သော မည်သည့်နေရာတွင်မဆို လွတ်လပ်စွာ အသုံးပြုခွင့်။

ပေးအပ်မည့်ဆုများ
Winner (150,000 MMK)
First Runner Up ( 100,000 MMK)
Second Runner Up (50,000 MMK)

ပါဝင်ယှဥ်ပြိုင်လိုသူများအနေဖြင့် အထက်ဖော်ပြပါအချက်များအား ( 30.6.2026) နေ့ နောက်ဆုံးထားပြီး [email protected] သို့ Email ပေးပို့ ယှဥ်ပြိုင်ရပါမည်။

မှတ်ချက်။ ။ ပါ၀င်ယှဉ်ပြိုင်သူသည် အကြမ်းဖက်စစ်တပ်နှင့် ပတ်သက်ဆက်နွယ်ခြင်းမရှိစေရ။
Email ပေးပို့ရာတွင် Subject တွင် Logo_competition ဟု ထည့်သွင်းရေးသားပေးပို့ပေးပါရန်။

📢 National University of Computer Studies တက္ကသိုလ်၏ ပြောင်းရွှေ့လျှောက်ထားခြင်းဆိုင်ရာ သတ်မှတ်ချက်များမကြာမီခေါ်ဆိုမည့်...
15/05/2026

📢 National University of Computer Studies တက္ကသိုလ်၏ ပြောင်းရွှေ့လျှောက်ထားခြင်းဆိုင်ရာ သတ်မှတ်ချက်များ

မကြာမီခေါ်ဆိုမည့် တက္ကသိုလ်ပြောင်းရွှေ့လျှောက်ထားခြင်းတွင် NUCS သို့လျှောက်ထားလိုသူများအတွက် သတ်မှတ်ချက်များနှင့် NUCS မှ အခြားတက္ကသိုလ်သို့ ပြောင်းရွှေ့လျှောက်ထားလိုသူများအတွက် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
━━━━━━━━━━━━
➡️ NUCS သို့ ပြောင်းရွှေ့လျှောက်ထားသူများ
✅ ယခင် တက္ကသိုလ်ဝင်ခွင့်တွင် NUCS မှ Selected ပေးထားသူများကိုသာ ပထမနှစ်မှ စတင်လက်ခံမည်။
━━━━━━━━━━━━
⬅️ NUCS မှ ပြောင်းရွှေ့လျှောက်ထားလိုသူများ
✅ အခြားတက္ကသိုလ်သို့ ပြောင်းရွှေ့လျှောက်ထားခွင့် ပြုမည်
⚠️ တက္ကသိုလ်က လက်မခံပါက NUCS ၏ လက်ရှိအတန်းတွင်သာ ပြန်တက်ရမည်။
━━━━━━━━━━━━
ပြောင်းရွှေ့ခွင့် တောင်းခံခြင်းဖြည့်ရန် (NUCS ကျောင်းသား/သူများအတွက်သာ)
📅 နောက်ဆုံးရက် — ၂၅.၅.၂၀၂၆ (တနင်္လာနေ့)
📌 လျှောက်လွှာကို MES ထဲတွင် ဖွင့်ပေးမည်။
🔗 လျှောက်ထားရမည့်လင့်: 👉 https://edu.nugmyanmar.org/nucs-uni-t-form
━━━━━━━━━━━━━
📋 အဆင့်ဆင့်လမ်းညွှန်ကို တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်အဖွဲ့က မကြာမီ ထုတ်ပြန်ကြေညာပါမည်။

#တက္ကသိုလ်ပြောင်းရွှေ့

စာအမှတ်၊      ပညရ/ မနဥတ/Student Affairs/၂၀၂၆ (၀၀၄) ရက်စွဲ ၊      ၂၀၂၆ ခုနှစ်     မေလ     (၁၄)     ရက်အ​ကြောင်းအရာ။      ...
15/05/2026

စာအမှတ်၊ ပညရ/ မနဥတ/Student Affairs/၂၀၂၆ (၀၀၄)
ရက်စွဲ ၊ ၂၀၂၆ ခုနှစ် မေလ (၁၄) ရက်
အ​ကြောင်းအရာ။ ။ မြန်မာ့နွေဦးတက္ကသိုလ်မှ တခြားသောတက္ကသိုလ်များသို့ ပြောင်းရွေ့လိုသူများ အား ပဏာမစာရင်းကောက်ယူခြင်း။
၁။ တက္ကသိုလ်တစ်ခုမှ တခြားသောတက္ကသိုလ်များသို့ ပြောင်းရွေ့လိုသော ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ပြောင်းရွေ့ခွင့်ကို တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်အဖွဲ့မှ မကြာမီခေါ်ယူမည်ဖြစ်ပါသည်။
၂။ မြန်မာ့နွေဦးတက္ကသိုလ်မှ တခြားသောတက္ကသိုလ်များသို ပြောင်းရွေ့လိုသော ကျောင်းသား၊ ကျောင်းသူများ သည်လည်း ထိုပြောင်းရွေ့ခွင့်နှင့်အတူမကြာခင်ပြောင်းရွေ့ခွင့်ရမည် ဖြစ်ပါသည်။ သိုဖြစ်ပါ၍ ပြောင်းရွေ့လိုသော မြန်မာ့နွေဦးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အောက်ဖော်ပြပါ ဖောင်ကို ၁၅-၀၅-၂၀၂၆ မှ ၂၅-၀၅-၂၀၂၆ အတွင်း ဖြည့်သွင်းကာ ပြောင်းရွေ့ခွင့်တောင်းခံရမည်ဖြစ်ပါသည်။
၃။ ပြောင်းရွေ့ရာတွင် လက်ခံခြင်း၊ လက်မခံခြင်းသည် တဖက်တက္ကသိုလ်ပေါ်တွင် မူတည်မည်ဖြစ်ပြီး လက်ခံခြင်းမရှိပါက မူလမေဂျာ၊ အတန်းအတိုင်းသာ ပြန်လည်တက်ရောက်ရမည်။
၄။ ယခုလျှောက်ထားမှုသည် မြန်မာ့နွေဦးတက္ကသိုလ်တွင် တက်ရောက်နေသော Roll number ရရှိပြီး တက်လက်စသူများသာအကျုံးဝင်သည်။
ဖြည့်သွင်းရန် ဖောင် - https://edu.nugmyanmar.org/unichangeform


အမိန့်အရ



Nancy
မော်ကွန်းထိန်း
ကျောင်းသားရေးရာဌာနခွဲ
သင်တန်းရေးရာဌာန
မြန်မာ့နွေဦးတက္ကသိုလ်

13/05/2026
စတုတ္ထအကြိမ်တက္ကသိုလ်ဝင်ခွင့်မှ မြန်မာ့နွေဦးတက္ကသိုလ် သို့ ဝင်ခွင့်ရ/မေဂျာကျထားသော ကျောင်းသား၊ ကျောင်းသူများသို့ဇွန်လ (၆...
13/05/2026

စတုတ္ထအကြိမ်တက္ကသိုလ်ဝင်ခွင့်မှ မြန်မာ့နွေဦးတက္ကသိုလ် သို့ ဝင်ခွင့်ရ/မေဂျာကျထားသော ကျောင်းသား၊ ကျောင်းသူများသို့

ဇွန်လ (၆) ရက်မှ (၂၀) ရက်အတွင်း ကျောင်းအပ်ရမည် ဖြစ်ပါ၍ မြန်မာ့နွေဦးတက္ကသိုလ်၏ တရားဝင်ဆက်သွယ်ရေးလမ်းကြောင်းများဖြစ်သော အောက်ပါ pages and Telegram Channel များမှ တဆင့်ကြေညာချက်များကို စောင့်ကြည့်ကြပါရန် တိုက်တွန်းပါသည်။

Website - https://www.mnou.university
page
Main Page - https://www.facebook.com/mnou2022
Student Affairs Page - https://www.facebook.com/mnoustuaffairsdivision
Telegram Channel - https://t.me/mmnway_oouni
YouTube Channel - https://youtube.com/-oouniversity
Email (1) [email protected]
Email (2) - [email protected]

မြန်မာ့နွေဦးတက္ကသိုလ်

Address

Yangon

Alerts

Be the first to know and let us send you an email when Uni-Entrance-MoE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share