26/02/2026
ဂျပန်မှာ အမြဲတမ်းနေထိုင်ခွင့်(Japan PR) လျှောက်ဖို့ အတွက် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ လမ်းညွှန်ချက်တွေ အသစ်ထွက်လာပါတယ်။
ထုံးစံအတိုင်း အဓိက ၃ ချက်ပါ။
♦️ ဂျပန်ဥပဒေတွေကို လေးစားလိုက်နာပြီး နေထိုင်နေသူ ဖြစ်ရမယ်။
♦️ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့ ပိုင်ဆိုင်မှု ဒါမှမဟုတ် ကျွမ်းကျင်မှု ရှိရမယ်။
♦️သူတို့ ဂျပန်နိုင်ငံရဲ့ အကျိုးစီးပွားအတွက်အရေးပါသူဖြစ်ရမယ်။
👇ဒါတွေက အသေးစိတ်အချက်အလက်တွေ👇
♦️ဂျပန်မှာ ၁၀ နှစ် ဆက်တိုက် နေထိုင်ခဲ့သူ ဖြစ်ရပါမယ်။ အဲဒီ ၁၀ နှစ်ထဲမှာ အလုပ်ဗီဇာ ဒါမှမဟုတ် နေထိုင်ခွင့်ဗီဇာနဲ့ ၅ နှစ်ထက်မနည်း ရှိနေဖို့ လိုတယ်။ဒါပေမဲ့ "Technical Intern" နဲ့ "Specified Skilled Worker (i)" ဗီဇာတွေကတော့ ဒီ ၅ နှစ်သက်တမ်းထဲမှာ ထည့်သွင်းမတွက်ချက်ပါ။
♦️အရင်လို အခွန်နဲ့ အာမခံကြေးတွေကို လျှောက်တဲ့အချိန်ကျမှ အကုန်ပေးထားရုံနဲ့ မရပါဘူး။
သတ်မှတ်ထားတဲ့ ပေးသွင်းရမယ့် ရက်ကာလအတွင်းမှာ အချိန်မှန် ပေးသွင်းခဲ့ခြင်း မရှိဘူးဆိုရင် အမြဲတမ်းနေထိုင်ခွင့် (Permanent Residency) ရဖို့ခက်မယ်လို့ရေးထားပါတယ်။
♦️အရင်အတိုင်း မပြောင်းမလဲ ဂျပန်လူမျိုး ဒါမှမဟုတ် အမြဲတမ်းနေထိုင်ခွင့်ရှိသူရဲ့ အိမ်ထောင်ဖက်ဆိုရင် အိမ်ထောင်သက် ၃ နှစ်ရှိပြီး ဂျပန်မှာ ၁ နှစ် ဆက်တိုက်နေရုံနဲ့ လျှောက်လို့ရပြီ။ "Long-term Resident" တေးဂျူးဗီဇာသမားတွေ ဒုက္ခသည်အသိမှတ်ပြုခံထားရသူတွေကတော့ ၅ နှစ်ဆို ရနိုင်ပါတယ်။
ပညာရှင်တွေအတွက်ကတော့ Point စနစ် ရှိပါတယ်။ Point ၇၀ ရှိရင် ၃ နှစ်၊ Point ၈၀ ဒါမှမဟုတ် အထူးကျွမ်းကျင်ပညာရှင် (Special Highly Skilled Professional) ဆိုရင် ၁ နှစ်တည်းနဲ့တင် အမြဲတမ်းနေထိုင်ခွင့်ကို လျှောက်ထားနိုင်ခွင့် ရှိလာမှာပါ။
နောက်ဆုံး ဂယက်ရိုက်တဲ့တစ်ခုက ကိုင်ထားတဲ့ ဗီဇာသက်တမ်းဟာ လက်ရှိဥပဒေအရ အရှည်ဆုံး ၅ နှစ် သက်တမ်းဖြစ်နေဖို့ လိုပါတယ်တဲ့။
ဒါပေမဲ့ ၂၀၂၇ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိတော့ ၃ နှစ် ဗီဇာရထားရင်လည်း အရှည်ဆုံး သက်တမ်းအဖြစ် သတ်မှတ်ပေးသွားမယ်လို့ ရေးထားပါကြောင်း....
Car mechanic in jp fb page
24/02/2026
Reject ထိသောကျောင်းသားများအား နောက် intake တွင်ဂျပန်ရောက်ရှိရန်ကြိုးစားလျှောက်ထားပေးသွားပါမည်ရှင့်🙇♂️
24/02/2026
Saitama,Shinjuku,Fukuokaကျောင်းများ rejectထိတဲ့ကျောင်းသားမိဘများအားအနူးအညွတ်တောင်းပန်အပ်ပါသည်ရှင်🙇♂️
19/02/2026
Saitama ၄ လပိုင်း အောင်မြင်သူများ🎊
おめでとうございます🎉
交付 HAN ZIN HTUN
交付 LIN HTET AUNG
交付 SU MYAT AUNG
交付 EI SWE MAW
ဂျပန်ရောက်ရင်လည်း စည်းကမ်းလိုက်နာပြီးကြိုးစားပေးကြပါ頑張りましょう。😊
ကျောင်းတက်နေစဉ်အတွင်းရည်းစားမထားကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင့်🎉
19/02/2026
Tokyo ၄ လပိုင်း အောင်မြင်သူများ🎉
Ibaraki ကျောင်းအကုန်အောင်ပါတယ်နော်おめでとうございます。^_^
交付 AUNG YE THU
交付 KYAW SAN
交付 TUN MIN THANT
交付 EAINT CHIT MOE
交付 KHANT WIN SHEIN
ဂျပန်ရောက်ရင်လည်း စည်းကမ်းလိုက်နာပြီးကြိုးစားပေးကြပါ頑張りましょう。😊
ကျောင်းတက်နေစဉ်အတွင်း ရည်းစားမထားဖို့ မေတ္တာရပ်ခံချင်ပါတယ်🎉
16/02/2026
🧧Happy Chinese New Year🎉
🐎Year of horse 🐎 马到成功🎠
🧧Gong xi Fa Cai🏮万事如意🧧
တရုတ်နှစ်သစ်ကူး မြင်းနှစ်ချိန်ခါသမယမှ စ၍တနှစ်ပတ်လုံးစီးပွားလာဘ်လာဘများ တိုးတက်ခြင်း၊ ကြီးမြတ်သောညဏ်ပညာနှင့် ပြည့်စုံခြင်း၊ ပျော်ရွှင်ကျန်းမာခြင်း၊အောင်မြင်တိုးတက်သော ကောင်းကျိုးမင်္ဂလာများ ပြည့်ဝပါစေကြောင်း Misaki Japanese သင်တန်းကျောင်းမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
15/02/2026
Clear mind & a good personality is more powerful mindset😇😍
13/02/2026
🇯🇵စည်းကမ်းကြီးပြီး ကိုယ်ပိုင်အတွေးအခေါ်တွေများတဲ့ ဂျပန်လို နိုင်ငံမျိုးမှာ ကြာရှည်အခြေချနေထိုင်လိုက်တဲ့အခါ စိတ်အခြေအနေက မသိမသာကနေ သိသိသာသာကို ပြောင်းလဲသွားတတ်ပါတယ်။
မြန်မာပြည်က လာခါစမှာတော့ ဘာသာစကား အခက်အခဲနဲ့ ယဉ်ကျေးမှု အသစ်တွေကို အသားကျအောင် ကြိုးစားရင်း ရုန်းကန်ရပေမဲ့ ၁၀ နှစ်လောက်ဖြစ်သွားတဲ့အခါမှာတော့ ကိုယ့်ကိုယ်ကိုတောင် ပြန်သတိမထားမိလောက်အောင် စိတ်ဓာတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေ အများကြီး ဖြစ်လာမှာကို စုစည်းမျှဝေပေးလိုက်ပါတယ်။
♦️ကျေးဇူးတင်ခြင်း၊တောင်းပန်ခြင်း
မြန်မာပြည်မှာတုန်းက မိဘ က ထမင်းချိုင့်ထည့်ပေး၊မုန့်ဖိုးပေး၊ကျောင်းလိုက်ပို့ပေး စတာတွေလုပ်ပေးတဲ့အခါ "အမေ/အဖေ ကျေးဇူးတင်ပါတယ်"လို့ပြောလေ့မရှိကြပေမယ့် ပြောတတ်လာတာ၊
အမှားသေးသေးလေး လုပ်မိရင်တောင် တောင်းပန်တတ်လာတာတွေ ဖြစ်လာမှာပါ။
♦️အထီးကျန်ခြင်းကို ရင်ဆိုင်တတ်လာခြင်း
(ကိုယ်ပိုင်အချိန်မှာတစ်ယောက်ထဲနေရတာသဘောကျလာခြင်း)
ဂျပန်လူ့အဖွဲ့အစည်းဟာ တစ်ဦးချင်း လွတ်လပ်မှုကို အလေးထားသလို တစ်ဖက်မှာလည်း အေးစက်သလို ခံစားရတတ်ပါတယ်။
၁၀ နှစ်တာ ကာလအတွင်းမှာ ကိုယ့်ဘာကိုယ် အားကိုးတတ်လာတယ်၊ တစ်ယောက်တည်း ထမင်းစားရတာ၊ တစ်ယောက်တည်း ခရီးသွားရတာတွေကို သဘာဝကျကျ လက်ခံလာနိုင်ပါတယ်။
အဖော်မရှိရင် မနေတတ်တဲ့ စိတ်ကနေ ကိုယ့်ရဲ့ စိတ်အေးချမ်းမှုကို ကိုယ်တိုင် ရှာဖွေတတ်လာတာမျိုး ဖြစ်လာတတ်ပါတယ်။
♦️ အချိန်ကို လေးစားမှု
အသိသာဆုံး ပြောင်းလဲမှုကတော့ "အချိန်ကို လေးစားမှု" ပါပဲ။
ဂျပန်မှာ ၁၀ နှစ်ကြာတဲ့အခါ ချိန်းထားတဲ့ အချိန်ထက် ၅ မိနစ်၊ ၁၀ မိနစ် ကြိုရောက်နေတာဟာ အလိုလိုနေရင်း ဖြစ်လာတဲ့ အလေ့အကျင့် တစ်ခု ဖြစ်သွားပါတယ်။
တစ်ဖက်လူရဲ့ အချိန်ကို ပုတ်ခတ်မိမှာ၊ အနှောင့်အယှက် ပေးမိမှာကိုစိုးရိမ်လာတတ်ပါတယ်။
မြန်မာပြည်ပြန်တဲ့အခါ တဖက်လူက နာရီနဲ့ချီပြီးနောက်ကျ၊အချိန်မလေးစားတဲ့အခါ ကိုယ့်အချိန်တွေ လာဖြုန်းနေပါလားလို့လဲ ခံစားရလာမှာပါ။
♦️ အများနဲ့ သဟဇာတဖြစ်အောင်နေထိုင်တတ်လာခြင်း
ဂျပန်စကားမှာ "空気を読む(kuki wo yomu)" လို့ ခေါ်တဲ့ ပတ်ဝန်းကျင် အခြေအနေကို ဖတ်တတ်တဲ့ အလေ့အကျင့်က စွဲမြဲသွားပါတယ်။ ကိုယ့်ရဲ့ လုပ်ရပ်က သူတစ်ပါးကို စိတ်အနှောင့်အယှက် ဖြစ်စေမလား၊ အများနဲ့ တစ်မူထူးပြီး ကသိကအောင့် ဖြစ်စေမလား ဆိုတာကို အမြဲ ဆင်ခြင်တတ်လာပါတယ်။
♦️တာဝန်ယူမှု
အလုပ်အကိုင်နဲ့ ပတ်သက်ရင်လည်း အသေးအဖွဲကအစ ဂရုစိုက်တတ်လာပြီး ဂျပန်မူလီ ဖြစ်လာမှာပါ။ဒါကြောင့် ၁၀ နှစ်အကြာမှာတော့ အရင်ကထက် ပိုပြီး စနစ်ကျလာမယ်၊ ပိုပြီး သည်းခံတတ်လာမယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း က အရင်ကထက် ပိုမြင့်လာတာကို တွေ့ရမှာပါ။
ဒါပေမဲ့ တစ်ခါတလေမှာတော့ ကိုယ့်ရဲ့ မူလ ဇာတိမြေက ပေါ့ပေါ့ပါးပါး နေထိုင်မှုတွေကို ပြန်လွမ်းဆွတ်မိတာမျိုးတော့ ရှိတတ်ပါတယ်။ ဒါဟာ နိုင်ငံခြားမှာ အခြေချနေထိုင်သူတိုင်း ကြုံတွေ့ရတဲ့ ထူးခြားတဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုဖြစ်ပါတယ်။
04/02/2026
🎌Tokyo ၇ လပိုင်းကျောင်းအတွက် အင်တာဗျူးအောင်သွားတဲ့ကျောင်းသား၊ကျောင်းသူများ おめでとうပါ😊🎊
ဂျပန်ရောက်ရင်လည်း ကြိုးစားပေးဖို့လိုပါတယ်နော်✨
20/09/2025
တိုကျို နောက်တကျောင်း ၄ လပိုင်း ကျောင်းဝင်ခွင့်အတွက် အင်တာဗျူးအောင်သွားသူများ🎉
စာတော်တဲ့ကျောင်းသားများအားလုံး おめでとう御座います💮