IQRA Online Languages Center

  • Home
  • IQRA Online Languages Center

IQRA Online Languages Center You don't need to pay for classes from us; you just have to share.

❄️ ဒီဇင်ဘာလရောက်လာတိုင်း နားထောင်လိုက်တာနဲ့ စိတ်ထဲမှာ အေးမြတဲ့ အမှတ်တရတွေအလိုလို ပြန်ပေါ်လာစေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။...
21/12/2025

❄️ ဒီဇင်ဘာလရောက်လာတိုင်း နားထောင်လိုက်တာနဲ့ စိတ်ထဲမှာ အေးမြတဲ့ အမှတ်တရတွေအလိုလို ပြန်ပေါ်လာစေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ အဲ့ဒါကတော့ EXO ရဲ့ “The First Snow” ပါပဲ။ ဒီသီချင်းလေးက K-pop fan တွေနဲ့ ရင်းနှီးပြီးသားသီချင်းလေး ဖြစ်တဲ့အပြင် 2013 နှစ်ကတည်းက ထွက်ရှိထားတဲ့ သီချင်းပဲဖြစ်ပါတယ်။

နှင်းစက်ပွင့်လေးတွေလို နူးညံ့တဲ့ melody၊ ချစ်ရသူကို တိတ်တခိုးလွမ်းရမယ့် ခံစားချက်၊ အကယ်၍များ အမှတ်မထင် ပြန်ဆုံတွေ့ခဲ့မယ်ဆိုရင် ပြန်လည်လှုပ်ရှားသွားမယ့် ရင်ခုန်သံတွေကို ပုံဖော်ထားတဲ့ စာသားတွေကြောင့် အေးချမ်းလှတဲ့ ဒီဇင်ဘာညတွေမှာ နားထောင်မယ်ဆို ကွက်တိပါပဲ။

စိတ်ကူးထဲပုံဖော်ကြည့်ပါ။ အေးချမ်းတဲ့ ဒီဇင်ဘာညတစ်ည၊ လမ်းဘေးမီးလေးတွေ မျက်နှာချင်းဆိုင်လင်းနေချိန်မှာ earphone တစ်လုံးနဲ့ “The First Snow” ကိုနားထောင်လိုက်ရင် အလွမ်း၊ နွေးထွေးမှု၊ တိတ်တခိုးအချစ် စတဲ့ ခံစားချက်တွေကို တပြိုင်နက်တည်း ခံစားရစေမှာပါ။

ဒါကြောင့် ဒီဇင်ဘာအတွက် EXO ရဲ့ The First Snow ကို နားမထောင်ရသေးရင် ဒီတစ်ခါတော့ မဖြစ်မနေ နားထောင်ကြည့်ဖို့ recommend ပါတယ်နော် ❄️💙

page
https://www.facebook.com/share/1ArxSeJYrw/

Telegram Channel
https://t.me/IQRA_Offical







"ကိုယ့်ရဲ့အရည်အချင်းနဲ့ စိတ်ကူးတွေကိုပေါင်းစပ်ပြီး တစ်ခုခုကို ဖြစ်ဖြစ်မြောက်မြောက်လုပ်ချင်တယ် ဒါပေမယ့် ဘာလုပ်ရမလဲမသိဘူး ...
21/12/2025

"ကိုယ့်ရဲ့အရည်အချင်းနဲ့ စိတ်ကူးတွေကိုပေါင်းစပ်ပြီး တစ်ခုခုကို ဖြစ်ဖြစ်မြောက်မြောက်လုပ်ချင်တယ် ဒါပေမယ့် ဘာလုပ်ရမလဲမသိဘူး " လို့တွေးနေတဲ့ လူငယ်လေးတွေအတွက် သတင်းကောင်းလာပြီဗျို့ 🗣

သတင်းလေးကတော့ IQRA ကနေ အရည်အချင်းရှိတဲ့ volunteer တွေကို ထပ်မံခေါ်ယူနေတာပဲဖြစ်ပါတယ်ရှင် ။

ကိုယ့်အရည်အချင်းတွေကို ကိုယ့်စိတ်ကြိုက် ချပြလို့ရမယ့်အပြင် မိတ်ဆွေသစ်တွေလည်းတိုးပြီး အတွေးတွေ ဖလှယ်လို့လည်းရမယ်✅️

ဒီလိုဆို ကိုယ့်အစွမ်းအစတွေလည်း ပိုတိုးလာပြီး "တစ်ချက်ခုပ်၊နှစ်ချက်ပြတ်" ဆိုသလို ကုသိုလ်လည်းရ ၊ ကိုယ့်အတွက်လည်း အတွေ့အကြုံသစ်တွေရတာမို့ အိုကေစိုပြေတာပေါ့ 🤩

Volunteer လုပ်ရင်း IQRA ကဖွင့်တဲ့ သင်တန်းတွေကိုလည်း join လို့ရမယ့်အပြင် ၄ လပြည့်တာနဲ့ Certificate ပါ ရမှာမို့ ဒီအခွင့်အရေးကို အရ ယူထားလိုက်တော့နော်🗣

ဒီတစ်ခေါက် ခေါ်ယူမယ့် position တွေကတော့

*Graphic Designer - (3) ဦး
*Project Manager -(1)ဦး
*Content Writer - (3) ဦး
*HR- (1) ဦး
*Video Editor - (1) ဦး
*Manager - (1) ဦး

အတွေ့အကြုံမရှိသေးတဲ့သူလေးတွေလည်း join လို့ရတဲ့ position လေးတွေရှိတာမို့ ကိုယ်စိတ်ဝင်စားရာ position ကို ပုံလေးတွေအောက်မှာ ဖတ်ကြည့်ရင်း volunteer လျှောက်လို့ရပါတယ်နော်

သင့်ရဲ့အရည်အချင်းတွေကို IQRA မှာ အသုံးချလိုက်ပါ 🫶

page
https://www.facebook.com/share/1ArxSeJYrw/

Telegram Channel
https://t.me/IQRA_Offical





ဂျပန်နိုင်ငံဟာ နည်းပညာအဆင့်မြင့်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အပြင် ရှေးဟောင်းအယူအဆ၊ ယဉ်ကျေးမှုနဲ့ အစဉ်အလာတွေကိုလည်း ယနေ့ခေတ်အ...
20/12/2025

ဂျပန်နိုင်ငံဟာ နည်းပညာအဆင့်မြင့်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အပြင် ရှေးဟောင်းအယူအဆ၊ ယဉ်ကျေးမှုနဲ့ အစဉ်အလာတွေကိုလည်း ယနေ့ခေတ်အထိ တန်ဖိုးထားထိန်းသိမ်းထားနိုင်တဲ့ အံ့ဩဖွယ်နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အတိတ်နဲ့ မျက်မှောက်ကာလကို လှပစွာ ပေါင်းစည်းထားနိုင်တာကြောင့် ကမ္ဘာတစ်ဝှမ်းလုံးက လူတွေ စိတ်ဝင်စားလေးစားကြတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဂျပန်နိုင်ငံရဲ့ ဓလေ့ထုံးစံနဲ့ ရိုးရာယဉ်ကျေးမှုတွေကို မျှဝေပေးချင်ပါတယ်။

🌸 ရိုးရာဝတ်စုံ – Kimono

ဂျပန်ရဲ့ ရိုးရာအဝတ်အစားအဖြစ် လူသိများတာက Kimono ဖြစ်ပါတယ်။
ပွဲတော်နေ့တွေ၊ မင်္ဂလာဆောင်၊ ရိုးရာအခမ်းအနားတွေမှာ Kimono ဝတ်ဆင်တာဟာ ယဉ်ကျေးမှုတန်ဖိုးအဖြစ် ယနေ့ထိ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။ ရာသီဥတုပေါ်မူတည်ပြီး ဒီဇိုင်းနဲ့ အထည်အရောင်တွေကို ပြောင်းလဲဝတ်ဆင်ကြတာလည်း စိတ်ဝင်စားစရာဖြစ်ပါတယ်။

🌿ဘာသာရေးနှင့် ယုံကြည်မှု

ဂျပန်နိုင်ငံမှာ အဓိကကျတဲ့ ဘာသာရေးတွေကတော့ Shinto နဲ့ Buddhism (ဗုဒ္ဓဘာသာ) ဖြစ်ပါတယ်။ဘုရားကျောင်းများတွင် ဆုတောင်းပူဇော်ခြင်း၊ ကံကောင်းစေဖို့ ဆုတောင်းတံဆိပ်ဝယ်ယူခြင်းတွေဟာ ဂျပန်လူမျိုးတွေရဲ့ နေ့စဉ်ဘဝထဲမှာ တစ်စိတ်တစ်ပိုင်း ပါဝင်နေပါတယ်။

🍱 ရိုးရာအစားအစာ

Sushi, Ramen, Tempura, Bento စတဲ့ အစားအစာတွေဟာ ဂျပန်ရဲ့ ယဉ်ကျေးမှုကို ကိုယ်စားပြုတဲ့ အချက်အပြုတ်တွေ ဖြစ်ပါတယ်။အစားအစာကို သန့်ရှင်းစွာ ပြင်ဆင်တင်ဆက်ခြင်း၊ လှပစွာ စီစဉ်ထားခြင်းကလည်း ဂျပန်ယဉ်ကျေးမှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

🎎 ပွဲတော်များနှင့် အခမ်းအနားများ

ဂျပန်မှာ တစ်နှစ်ပတ်လုံး ပွဲတော်တွေ အများကြီး ရှိပါတယ်။ Hanami (ချယ်ရီပန်းကြည့်ပွဲ) ကတော့ ကမ္ဘာအနှံ့ လူသိများတဲ့ ပွဲတော်တစ်ခု ဖြစ်ပြီး မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ပန်းပင်အောက်မှာ ထိုင်ပြီး အချိန်ဖြတ်သန်းကြတာ ဂျပန်လူမျိုးတွေရဲ့ ရိုးရာဖြစ်ပါတယ်။

🙇‍♂️ ယဉ်ကျေးမှုဆိုင်ရာ အကျင့်စရိုက်များ

ဂျပန်လူမျိုးတွေဟာ လေးစားမှုရှိမှု၊ စည်းကမ်းရှိမှု၊ အချိန်တိကျမှု၊ ကိုယ်တိုင်ထက် အဖွဲ့အစည်းကို ဦးစားပေးမှုတွေကို အလွန်အရေးကြီးစွာ ထိန်းသိမ်းလိုက်နာကြပါတယ်။ လူများနဲ့ တွေ့ဆုံတဲ့အခါ ဦးညွှတ်နှုတ်ဆက်ခြင်း၊ အတွေ့အကြုံမရှိရင်တောင် ယဉ်ကျေးစွာ ပြောဆိုဆက်ဆံတာဟာ ဂျပန်ယဉ်ကျေးမှုရဲ့ အလှတရားတစ်ခုပဲ ဖြစ်ပါတယ်။

ဒီလိုအကြောင်းအရာတွေကိုဖတ်ရတာ စိတ်ဝင်စားတယ်ဆိုရင်တော့ IQRA ကို follow လုပ်ထားဖို့မမေ့နဲ့နော်👐

page
https://www.facebook.com/share/1ArxSeJYrw/

Telegram Channel
https://t.me/IQRA_Offical





"ကိုယ့်ရဲ့အရည်အချင်းနဲ့ စိတ်ကူးတွေကိုပေါင်းစပ်ပြီး တစ်ခုခုကို ဖြစ်ဖြစ်မြောက်မြောက်လုပ်ချင်တယ် ဒါပေမယ့် ဘာလုပ်ရမလဲမသိဘူး ...
08/12/2025

"ကိုယ့်ရဲ့အရည်အချင်းနဲ့ စိတ်ကူးတွေကိုပေါင်းစပ်ပြီး တစ်ခုခုကို ဖြစ်ဖြစ်မြောက်မြောက်လုပ်ချင်တယ် ဒါပေမယ့် ဘာလုပ်ရမလဲမသိဘူး " လို့တွေးနေတဲ့ လူငယ်လေးတွေအတွက် သတင်းကောင်းလာပြီဗျို့ 🗣

သတင်းလေးကတော့ IQRA ကနေ အရည်အချင်းရှိတဲ့ volunteer တွေကို ထပ်မံခေါ်ယူနေတာပဲဖြစ်ပါတယ်ရှင် ။

ကိုယ့်အရည်အချင်းတွေကို ကိုယ့်စိတ်ကြိုက် ချပြလို့ရမယ့်အပြင် မိတ်ဆွေသစ်တွေလည်းတိုးပြီး အတွေးတွေ ဖလှယ်လို့လည်းရမယ်✅️

ဒီလိုဆို ကိုယ့်အစွမ်းအစတွေလည်း ပိုတိုးလာပြီး "တစ်ချက်ခုပ်၊နှစ်ချက်ပြတ်" ဆိုသလို ကုသိုလ်လည်းရ ၊ ကိုယ့်အတွက်လည်း အတွေ့အကြုံသစ်တွေရတာမို့ အိုကေစိုပြေတာပေါ့ 🤩

Volunteer လုပ်ရင်း IQRA ကဖွင့်တဲ့ သင်တန်းတွေကိုလည်း join လို့ရမယ့်အပြင် ၄ လပြည့်တာနဲ့ Certificate ပါ ရမှာမို့ ဒီအခွင့်အရေးကို အရ ယူထားလိုက်တော့နော်🗣

ဒီတစ်ခေါက် ခေါ်ယူမယ့် position တွေကတော့

*Graphic Designer - (3) ဦး
*Script Writer- (1)ဦး
*Narrator - (1) ဦး
*Project Manager -(1)ဦး
*Content Writer - (3) ဦး
*HR- (1) ဦး
*Video Editor - (1) ဦး
*Social Admin- (2) ဦး
*Manager - (1) ဦး

အတွေ့အကြုံမရှိသေးတဲ့သူလေးတွေလည်း join လို့ရတဲ့ position လေးတွေရှိတာမို့ ကိုယ်စိတ်ဝင်စားရာ position ကို ပုံလေးတွေအောက်မှာ ဖတ်ကြည့်ရင်း volunteer လျှောက်လို့ရပါတယ်နော်

သင့်ရဲ့အရည်အချင်းတွေကို IQRA မှာ အသုံးချလိုက်ပါ 🫶

page
https://www.facebook.com/share/1ArxSeJYrw/

Telegram Channel
https://t.me/IQRA_Offical





⚡⚡⚡GEDလည်းပြီးထားတယ်။ ဥရောပမှာလည်း ပညာသင်ချင်တယ်ဆိုတဲ့ learnerတွေအတွက် Czech Republic ရဲ့ Scholarship တွေကို ပြောပြပေးသွ...
07/12/2025

⚡⚡⚡GEDလည်းပြီးထားတယ်။ ဥရောပမှာလည်း ပညာသင်ချင်တယ်ဆိုတဲ့ learnerတွေအတွက် Czech Republic ရဲ့ Scholarship တွေကို ပြောပြပေးသွားမှာပါ။

✨ ချက်အစိုးရ🇨🇿ရဲ့ ပညာသင်ဆုများ (Czech Government Scholarships)

✅ သင်တန်းကြေး၊ နေထိုင်စရိတ်၊ ကျန်းမာရေး အာမခံ နှင့် လစဉ် စရိတ် (Monthly Stipend) တို့ကို အစိုးရကထောက်ပံ့ပေးထားပါတယ်။ ချက်ဘာသာစကားသင်ကြားဖို့အတွက်လည်း ပံ့ပိုးပေးထားပါသေးတယ်။

✅ Bachelor Degreeအတွက် အချို့နိုင်ငံများသာ လျှောက်ထားနိုင်ပေမဲ့ Master နဲ့ Doctorate Degree တွေတိုင်းကတော့ လျှောက်ထားနိုင်ပါတယ်။

✅ဖွံ့ဖြိုးဆဲနိုင်ငံတွေက ကျောင်းသားတွေသာ လျှောက်ထားနိုင်ပါတယ်။

⚡တခြားScholarshipအစီအစဉ်များ

✨Visegrad Fund Scholarships

✅ ချက်၊ ဟန်ဂေရီ၊ ပိုလန်နှင့် ဆလိုဗက်ကီးယား (Visegrad Group) နိုင်ငံများက ထောက်ပံ့ပြီး Master's, Ph.D. သို့မဟုတ် သုတေသန လုပ်ငန်းများအတွက် ရန်ပုံငွေ ထောက်ပံ့ပါတယ်။

✨Bilateral / Multilateral Agreements Scholarships

✅ချက်သမ္မတနိုင်ငံ ပညာရေးဝန်ကြီးဌာနက အခြားနိုင်ငံတွေနဲ့ နှစ်နိုင်ငံ/နိုင်ငံစုံ သဘောတူညီချက်များအရ သုတေသန သို့မဟုတ် လေ့လာရေး ခရီးစဉ် (၂ လမှ ၁၀ လအထိ) အတွက် ပညာသင်ဆုများကို နှစ်စဉ် ပေးအပ်လေ့ရှိပါတယ်။

✨Josef Dobrovský Scholarship

✅Slavic studies၊ ချက်ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုတို့နှင့် သက်ဆိုင်သည့် Ph.D. ကျောင်းသားများအတွက် ရည်ရွယ်ပါတယ်။

နောက်ထပ်Scholarshipအစီအစဉ်တွေကို သိချင်ရင်တော့ IQRAကို Followထားပါဦးနော်။

Facebook
https://www.facebook.com/share/1ArxSeJYrw/

Telegram
https://t.me/IQRA_Offical

Thazin: The Soul of Decemberဒီနေ့ IQRA က​နေ မျှဝေချင်တာက​တော့ ဒီဇင်ဘာလမှာပွင့်တဲ့ တော်ဝင်သဇင်ပန်းအကြောင်းပဲ ဖြစ်ပါတယ်။သဇ...
03/12/2025

Thazin: The Soul of December

ဒီနေ့ IQRA က​နေ မျှဝေချင်တာက​တော့ ဒီဇင်ဘာလမှာပွင့်တဲ့ တော်ဝင်သဇင်ပန်းအကြောင်းပဲ ဖြစ်ပါတယ်။

သဇင်ပန်းရဲ့ scientific အမည်ဟာ Bulbophyllum auricomum ဖြစ်ပြီး သစ်ခွမျိုးဝင်ပန်းတစ်မျိုးဖြစ်ပါတယ်။ သူ့ရဲ့ ​ကောင်းမွန်တဲ့ ​မွှေးရနံ့နဲ့ ရှားပါးမှုကြောင့် အရမ်းတန်ဖိုးထားရတဲ့ ပန်းတစ်မျိုးလည်းဖြစ်ပါတယ်။

အရင်ခေတ်က မင်းမျိုးမင်းနွယ်၊ အဆင့်မြင့်ရာထူးရှိသူများသာ ပန်ဆင်ခွင့်ရခဲ့တဲ့ တော်ဝင်ပန်းတစ်မျိုးလည်းဖြစ်ပြီး ပုံမှန်ပန်း​တွေလို မြေကြီးပေါ်မှာ မပေါက်ဘဲ သစ်ပင်များ၏ကိုင်းဖျားပေါ်မှာပဲ ပေါက်တတ်ကြပါတယ်။

သဇင်ပန်းရဲ့အရောင်ဟာ အဖြူနဲ့ နို့ရောင်ရောစပ်ပြီး လိမ္မော်ရောင်သေးသေးနဲ့လည်း တွဲဖက်ပြီး ရိုးတံတ​လျှောက် ပွင့်ဖူး​လေ့ရှိကြပါတယ်။

တန်ဖိုးကြီးလှတဲ့ ပန်းဖြစ်တာ​ကြောင့် မင်္ဂလာယူပြီးလုပ်​​ဆောင်တဲ့ အခမ်းအနားပွဲ၊ အလှူ ၊ လက်ထပ်ထိမ်းမြားပွဲ စတဲ့​နေရာ​တွေမှာသာ အခမ်းအနားပွဲအလှဆင်ရန်အတွက် အသုံးပြု​​​လေ့ရှိကြပါတယ်။

​တော်ဝင်သဇင်ပန်း​တွေ ပွင့်ဖူးတဲ့ ဒီဇင်ဘာလကို သဇင်ရဲ့ရနံ့ ၊ အလှ​အပတွေခံစားရင်း တူတူဖြတ်သန်းကြစို့​နော် ။

page
https://www.facebook.com/share/1ArxSeJYrw/

Telegram Channel
https://t.me/IQRA_Offical






Hello December ❄️နံနက်ခင်းရဲ့ နှင်းစက်ပွင့်​လေး​တွေနဲ့အတူ ဒီဇင်ဘာလကို တစ်ဖန်ပြန်လည် ​ရောက်ရှိခဲ့ပြန်ပါပြီ။ EXO ရဲ့ The f...
01/12/2025

Hello December ❄️

နံနက်ခင်းရဲ့ နှင်းစက်ပွင့်​လေး​တွေနဲ့အတူ ဒီဇင်ဘာလကို တစ်ဖန်ပြန်လည် ​ရောက်ရှိခဲ့ပြန်ပါပြီ။

EXO ရဲ့ The first snow ကိုနား​ထောင်ရင်း Christmas ​​နေ့ကို ဖြတ်သန်းရမယ့် လ​ရောက်ပြီ ဆိုတဲ့ အ​တွေး​ကြောင့် ​စိတ်ထဲ​​ပျော်​နေမိပြန်တယ်။

နှစ်တစ်နှစ်ရဲ့ ​နောက်ဆုံးလကို ​ချစ်ရသူ​တွေနဲ့အတူ အမှတ်တရ​တွေများများဖန်တီးနိုင်ဖို့ ​​မျှော်လင့်ပါတယ်။ စိတ်ညစ်စရာ​တွေကြုံလာရင်​တောင် အပြုံးမပျက် ရင်ဆိုင်ရင်း ​ပျော်ရွှင်မှုကို ပြန်လည်ရှာ​တွေ့နိုင်ပါ​စေ။

ဒီဇင်ဘာလမှာ​မွေးဖွားတဲ့ ​မွေး​နေ့ရှင်​လေး​တွေလည်း ​ပျော်ရွှင်စရာ​မွေး​နေ့​လေး​တွေကို ပိုင်ဆိုင်နိုင်ကြပါ​စေလို့ IQRA က ဆုမွန်​ကောင်း​တောင်း​ပေးလိုက်ပါတယ်။

page
https://www.facebook.com/share/1ArxSeJYrw/

Telegram Channel
https://t.me/IQRA_Offical





“Even in the coldest day, some flowers still choose to bloom ; a gentle reminder that beauty never fades with the season...
27/11/2025

“Even in the coldest day, some flowers still choose to bloom ; a gentle reminder that beauty never fades with the season”

အေးမြတဲ့ နိုဝင်ဘာလကိုတောင် ပြီးဆုံးပါတော့မယ်။ ဒီနေ့လေးမှာတော့ အေးမြတဲ့ရာသီဉတုနဲ့အတူ အလှဆုံး ဖူးပွင့်လာတဲ့ ပန်းလေးတွေအကြောင်း Sharing လုပ်ပေးချင်ပါတယ် 🌸

ပထမဆုံးအနေနဲ့ ပြောပြချင်တာကတော့ Chrysanthemum လို့ခေါ်တဲ့ ပန်းအကြောင်းပဲ ဖြစ်ပါတယ်။ ဒီပန်းဟာ အေးမြတဲ့ နိုဝင်ဘာလမှာသာ ပွင့်လေ့ရှိပြီး နိုင်ငံအလိုက် ကိုယ်စားပြုပုံချင်းက ကွာခြားပါတယ် ။

Japan မှာဆို နိုင်ငံတော်ပန်းအနေနဲ့ပါ ကိုယ်စားပြုခြင်းခံထားရပြီး Western countries မှာဆိုရင်တော့ မိတ်ဆွေအချင်းချင်းကြားက အချစ်၊ ပျော်ရွှင်မှုနဲ့ စိတ်အေးချမ်းခြင်းကို ကိုယ်စားပြုတဲ့ ပန်းလေးပဲ ဖြစ်ပါတယ် ။

အပန်းရောင် ၊ခရမ်း ၊အဝါ ၊လိမ္မော်၊ အနီ ၊ အဖြူ ဆိုပြီး အရောင် ၆ ရောင်ရှိတဲ့အပြင် အရောင်တစ်ခုချင်းစီမှာလည်း သူ့အဓိပ္ပါယ်နဲ့သူ ရှိတာမို့ အချို့က “ပန်းတစ်ပွင့်နဲ့ စကားတစ်ခွန်းပြောနိုင်တဲ့ ပန်း” လို့တောင် ပြောလေ့ရှိကြပါတယ်။

နောက်ထပ်ပြောပြချင်တာကတော့ “ Peony” ပန်းလေးတွေအကြောင်းပဲဖြစ်ပါတယ် ။ "ပန်းဘုရင်မ" လို့တောင် တင်စားထားခြင်းခံရတဲ့ ဒီပန်းလေးတွေဟာ သူ့ရဲ့ ပွင့်ဖတ်အကြီးကြီးတွေ၊ နူးညံ့သိမ်မွေ့တဲ့ အနံ့တွေနဲ့ အေးချမ်းမှုကို တပြိုင်တည်းပေးနိုင်ကြပါတယ်။

မေတ္တာနဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ ပန်းဖြစ်ပြီး တရုတ်မှာတော့ ဂုဏ်သိက္ခာ၊ ငွေကြေးအောင်မြင်မှုအတွက် symbol တစ်ခုအဖြစ် ယူဆလေ့ရှိကြပါတယ် ။

ဒီပန်းဟာလည်း အပန်းရောင်၊ အဖြူ၊ အနီ ၊အဝါ ၊ခရမ်း ဆိုပြီး အရောင် ၅ ရောင်နဲ့ ဖူးပွင့်ကာ သူ့ရဲ့လှပမှုနဲ့ လူတွေရဲ့ အာရုံကို အရယူနေတဲ့ ပန်း ဖြစ်ပါတယ်။

နိုဝင်ဘာရဲ့ အေးမြတဲ့လေထဲမှာ ဝံ့ကြွားစွာ ဖူးပွင့်လာတဲ့ Chrysanthemum ပန်းလေးတွေလို၊ နူးညံ့သိမ်မွေ့ လှပစွာ ဖူးပွင့်လာတဲ့ Peony ပန်းလေးတွေလို ဖတ်ရှုနေတဲ့သူတွေရဲ့ ဘဝတစ်လျှောက်မှာလည်း နူးညံ့ပြီး ချစ်ခြင်းမေတ္တာအပြည့်နဲ့ တောက်ပနိုင်ပါစေ ၊ စိတ်အေးချမ်းပြီး ဘဝရဲ့အလှကို ခံစားနိုင်ကြပါစေနော်...။

page
https://www.facebook.com/share/1ArxSeJYrw/

Telegram Channel
https://t.me/IQRA_Offical






စာမကျက်ပဲ သူ့သူရပြီး အမှတ်တွေကောင်းအောင်လုပ်တဲ့နည်းရှိတယ်ဆိုတာ သိပြီးကြပြီလား 😱 အတည်ပေါက်ကြီးထင်ပြီး မပျော်သွားပါနဲ့ ။ ခ...
25/11/2025

စာမကျက်ပဲ သူ့သူရပြီး အမှတ်တွေကောင်းအောင်လုပ်တဲ့နည်းရှိတယ်ဆိုတာ သိပြီးကြပြီလား 😱

အတည်ပေါက်ကြီးထင်ပြီး မပျော်သွားပါနဲ့ ။ ခုထိအဲ့လိုနည်းလမ်းမရှိသေးပါဘူး ။ဒါပေမယ့် စာကို ပေါ့ပေါ့ပါးပါးလေ့လာနိုင်တဲ့ နည်းလမ်းလေးရှိပါတယ် 😉

ဒါကတော့ ရုပ်ရှင်တွေကနေတစ်ဆင့် လေ့လာတာပဲဖြစ်ပါတယ် ။ ဒီနေ့လေးမှာတော့ Japan စာလေ့လာဖို့ အပျင်းတစ်နေတဲ့သူလေးတွေအတွက် ရုပ်ရှင်လည်းကြည့် စာလည်းလေ့လာလို့ရအောင် Japan anime ကားလေးတစ်ခုကို ညွှန်းပေးချင်ပါတယ် ။

ဇာတ်ကားအမည်လေးကတော့ “Haikyuu” ဖြစ်ပြီး စုစုပေါင်း Season 4 ခုနဲ့ movie တစ်ခုထွက်ရှိပြီးပါပြီ။

ဘောလီဘောကို အခြေခံထားတဲ့ ဇာတ်ကားဖြစ်တာကြောင့် ဘောလီဘောပွဲ ကြိုက်တဲ့လူတွေအတွက်တော့ ကွက်တိပဲပေါ့ 🤩

Beginner level ကနေ intermediate က လူတွေအထိ ကြည့်ရင်းလေ့လာလို့ရပါတယ်။ ဇာတ်လမ်းမှာသုံးထားတဲ့ slang နဲ့ casual forms ကြောင့် listening practice အတွက်အသုံးဝင်ပါတယ်။ ဒါ့အပြင် ကျောင်းသားအချင်းချင်း၊ အသင်းသားအချင်းချင်းကြား ပြောတဲ့ နေ့စဉ်ပြောနေကျ စကားတွေကိုလည်း နားလည်မှတ်သားနိုင်မယ်။

ကိုယ့်စီနီယာကိုပြောတဲ့အချိန်သုံးမယ့် အသုံးအနှုန်းတွေကိုလည်း လွယ်လွယ်မှတ်ယူနိုင်မယ့်အပြင် အားကစားကိုအခြေခံထားတဲ့ ဇာတ်ကားဖြစ်တာကြောင့် အားကစားနဲ့ဆိုင်တဲ့ vocab အသစ်တွေကိုလည်း မှတ်သားနိုင်ပါမတယ် ။

Beginner တွေအနေနဲ့ ပထမဆုံး ဇာတ်ကြောင်းကို နားလည်အောင် English subtitles နဲ့ကြည့်ပြီးမှ Japan subtitles ကိုပြောင်းတာက ပိုအဆင်ပြေနိုင်ပါတယ် 🫶

new vocabs , casual speech, sentence patterns တွေ မှတ်သားပြီးတဲ့နောက် ကိုယ်ကြိုက်တဲ့ character အတိုင်း လိုက်ပြောကြည့်ပါ ။ဒါဆိုရင် နှုတ်ကလည်း ကျွမ်းကျင်ပြီး အသံထွက်ဖို့ မဝံ့မရဲဖြစ်စရာ အကြောင်းမရှိနိုင်တော့ပါဘူး။

ဇာတ်ကားကလည်း ကျောင်းတစ်ကျောင်းစီမှာရှိတဲ့ အသင်းတိုင်း မြိုင်မြိုင်ဆိုင်ဆိုင် ပြိုင်ဆိုင်တာကို ကြည့်ရမှာမို့ ရင်တဒိတ်ဒိတ်နဲ့ ကြည့်ရမယ့်ကားဖြစ်ပါတယ်။ ကဲ ဒါဆို ခုပဲ ဇာတ်ကားလေးကြည့်ရင်း စာလေ့လာဖို့ ပြင်ဆင်လိုက်တော့နော် 😉

page
https://www.facebook.com/share/1ArxSeJYrw/

Telegram Channel
https://t.me/IQRA_Offical






English စာကို စာချည်းပဲ လေ့လာရင်း ပျင်းတယ် ၊ ခက်တယ်လို့ ပြောနေတဲ့သူလေးတွေအတွက် ဒီနေ့မှာတော့ အပြောင်းအလဲလေးဖြစ်သွားအောင် ...
24/11/2025

English စာကို စာချည်းပဲ လေ့လာရင်း ပျင်းတယ် ၊ ခက်တယ်လို့ ပြောနေတဲ့သူလေးတွေအတွက် ဒီနေ့မှာတော့ အပြောင်းအလဲလေးဖြစ်သွားအောင် ကျွန်တော်နဲ့တူတူ သီချင်းတွေကနေတစ်ဆင့် သင်ယူကြရအောင်နော် 🫴

ဒီနေ့အတွက် ရွေးချယ်ထားတဲ့ သီချင်းလေးကတော့ Coldplay သီဆိုထားတဲ့ The Scientist လို့အမည်ရတဲ့ သီချင်းလေးပဲဖြစ်ပါတယ် ။ ဒီသီချင်းလေးက 2002 ခုနှစ်မှာ ထွက်ရှိထားပြီး A Rush of Blood to the Head album မှာပါဝင်တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

Advanced level တွေအတွက် ပိုမိုသင့်လျော်ပြီး အချစ် ၊ နောင်တ ၊ ချစ်ရတဲ့သူကို ပြန်တောင်းပန်ချင်တဲ့စကားတွေ အကြောင်း ရေးထားတာမို့ ပူပူနွေးနွေးအသည်းကွဲထားတဲ့ လူလေးတွေအတွက် စာလေ့လာရင်း တစ်ရှူးလေးပါဆောင်ထားဖို့တော့အကြံပြုချင်ပါတယ် 😔

ပထမဆုံး အောက်ကပြထားတဲ့ လင့်ခ်လေးကနေတစ်ဆင့် သီချင်းကို အရင်နားထောင်ကြည့်ရအောင်နော်..။

YouTube link _ https://youtu.be/RB-RcX5DS5A?si=LkTPSXPNfpDJa9XL

နားထောင်ပြီးတဲ့အခါ ခက်ခဲတဲ့စကားစုတွေကို လိုက်မှတ်ထားကြည့်ပါ ။ ကျွန်တော့်အတွက်တော့ “questions of science” ကို ရုတ်တရက် နားလည်ဖို့ ခက်ခဲခဲ့ပါတယ်။ ပြီးတဲ့နောက် စာသားတစ်ကြောင်းချင်းစီကို သေချာ ပြန်နားထောင်ကြည့်တဲ့အခါ Past simple, Present simple, infinitive of purpose, imperative, Passive voice, Conditional တွေကို ဘယ်နေရာမှာ ဘယ်လိုသုံးလဲဆိုတာ တွေ့ရှိမှတ်သားနိုင်ပါတယ်။

ဉပမာအနေနဲ့ ဒီသီချင်းအရ

“Tell me your secrets” _ Imperatives

“ Nobody said it was easy”_ Passive voice

“ I had to find you, tell you I need you” _ Infinitive of purpose

“ let’s go back to the start”_ Conditional
တွေကို သုံးထားကြောင်း မှတ်သားလို့ရနိုင်ပါတယ်😉

ဒါ့အပြင် Idioms အချို့ကိုလည်း မှတ်သားလို့ရနိုင်ပြီး ဖြည်းဖြည်းလေးနားထောင်ကာ လိုက်ဆိုကြည့်နိုင်တဲ့အတွက် listening skill လည်းပိုကောင်းလာပြီး connected speech ပြောင်းသွားတာတွေကိုလည်း သိရှိနိုင်ပါတယ် ။

သီချင်းနားထောင်ပြီးတဲ့အခါ ကိုယ်အသစ်လေ့လာထားတဲ့စကားလုံးတွေနဲ့ သီချင်းအကြောင်းကို ပြောကြည့်ပါ ။
( regret, shame, part, secrets) လိုမျိုးပေါ့ ။

ပြီးတဲ့နောက် သီချင်းကနေ သင်ယူထားတဲ့ စကားလုံး idioms တွေကိုသုံးပြီး ကိုယ်ပိုင်အတွေးလေးနဲ့ စာတိုလေးတစ်ပိုဒ်ရေးကြည့်ပါ။

ဉပမာ _ I wished I could go back to the start with my best friend. It’s such a shame that we had to part. I realized the honesty and understanding could have saved us from regret.

ဒီပုံစံအတိုင်းသာ လေ့လာမယ်ဆိုရင်တော့ ကိုယ့်အတွက်လည်း အကျိုးရှိမယ့်အပြင် ပျင်းစရာကောင်းတယ်လို့တောင် တွေးမိတော့မှာမဟုတ်ပါဘူး။ ဒါကြောင့်မို့ စာချည်းပဲမဟုတ်ပဲ သီချင်းလေးတွေကနေတစ်ဆင့်လည်း လေ့လာကြည့်ဦးနော်။ ပြီးတော့ ကျွန်တော်ပြောတဲ့ နည်းလမ်းလေးတွေအတိုင်း လိုက်လုပ်ကြည့်ဖို့မမေ့နဲ့နော် 😉

page
https://www.facebook.com/share/1ArxSeJYrw/

Telegram Channel
https://t.me/IQRA_Offical





"E-skill ကိုတိုးတက်ချင်တယ် ၊ သင်တန်း​တက်ဖို့ကလည်း သင်တန်းကြေး​တွေများ​တာက တစ်မျိုး ၊ အလုပ်မအားတာကတစ်မျိုး စသဖြင့် အ​ကြော...
23/11/2025

"E-skill ကိုတိုးတက်ချင်တယ် ၊ သင်တန်း​တက်ဖို့ကလည်း သင်တန်းကြေး​တွေများ​တာက တစ်မျိုး ၊ အလုပ်မအားတာကတစ်မျိုး စသဖြင့် အ​ကြောင်းအမျိုးမျိုး​ကြောင့် မတက်နိုင်​သေးဘူး ဘာလုပ်ရမလဲ" ဆိုပြီး စိတ်ညစ်​​နေတဲ့သူ​လေး​တွေအတွက် English စာ​​လေ့လာဖို့ YouTube channel ​​လေး​တွေကို ညွှန်း​ပေးလိုက်ပါတယ်ရှင်🫶

✅️ BBC learning English

Grammar, Vocabulary, Listening, Pronunciation အားလုံးပါဝင်တာမို့ ​လေ့လာရတာလွယ်ကူပါတယ် 🫶

Channel link _ https://youtube.com/?si=UtONXf3xvwfxXR_h

✅️ English with Lucy

Vocabulary, British accent, Speaking အပြင် IELTS အတွက်လည်းအသုံးဝင်ပါတယ် 🫶

Channel link _ https://youtube.com/?si=Ulb0j1i5sskQAKSt

✅️ Slow English podcast

Native speaker ကိုယ်တိုင် ​ဖြည်းဖြည်းမှန်မှန်​လေး​ပြော​ပေးတာမို့ beginner ​လေး​တွေအတွက် သင့်​​လျော်ပါတယ်🫶

Channel link _ https://youtube.com/?si=eb66nNrz7YegSSjr

✅️ Learn English with Bob the Canadian

​နေ့စဥ်အသုံးပြု​နေကျ စကားလုံး​၊ စကားစု​လေး​တွေကို မှတ်မိနားလည်လွယ်​အောင် ​ပြောပြ​ပေးပါတယ် 🫶

Channel link _ https://youtube.com/?si=4rTa14RpnJ0sQIxh

ဒီ channel ​လေး​တွေကြည့်ရင်း self-study ​ကောင်း​ကောင်းလုပ်ကြ​နော်။ you can do it! 🫶

page
https://www.facebook.com/share/1ArxSeJYrw/

Telegram Channel
https://t.me/IQRA_Offical





Address


Telephone

+95973487097

Website

Alerts

Be the first to know and let us send you an email when IQRA Online Languages Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to IQRA Online Languages Center:

Shortcuts

  • Want your school to be the top-listed School/college?

Share