06/09/2021
🖐🖐🖐If you're busy and can't invest your time or if you can't invest in paid tools, CANVA is the best tool👍👍👍
for those who want to create their own social media design without hiring a designer
06/09/2021
🖐🖐🖐If you're busy and can't invest your time or if you can't invest in paid tools, CANVA is the best tool👍👍👍
🌸🌸🌸free design templates တွေ fonts တွေအခမဲ့ ယူသုံးလို့ရတဲ့ website လေးပါ အရမ်းအသုံးဝင်ပါတယ်နော် 😍😍😍
02/09/2021
🌸Social media post design by ©EasyDesignWithCanva school...
🌸tutorial လေးတွေတင်ပေးသွားအုံးမှာမို့ stay tuned နော်
29/08/2021
Canva နဲ့ ဒီလို social media post လေးတွေ online shop အတွက် memes ပုံလေးတွေကို အချိန်တိုတိုနဲ့ လွယ်လွယ်ကူကူ ဖန်တီးလို့ရတယ်နော်
©Easy Design With Canva
21/08/2021
🌸🌼🌻ဒါလေးတွေကတော့ မင်မင်ကိုယ်တိုင် Create ထားတဲ့ Safari Nursery art print လေးတွေဖြစ်ပါတယ် ... wall deco art print style တွေထဲမှာ မင်မင်အကြိုက်ဆုံးအမျိူးအစားလည်းဖြစ်ပါတယ် အရမ်းကိုချစ်ဖို့ကောင်းလို့ပါ Canva နဲ့ ဒီလိုမျိူးလေးတွေလုပ် လို့ရပါတယ်နော်
👶👶👶 ကိုယ့်သူငယ်ချင်းတွေရဲ့ သားသားမီးမီးလေးတွေ birthday မှာ print ထုတ်ပြီးလက်ဆောင်ပေးမယ်ဆိုရင်လည်း အရမ်းချစ်ဖို့ကောင်းတဲ့idea လေးပါနော် မိမိအိပ်ခန်းထဲမှာဖြစ်ဖြစ် ကိုယ်တိုင်ဖန်တီးထားတဲ့ art print လေးချိတ်ရတာ ဘယ်လောက်တောင်မိုက်မလဲနော်
🌻🌻🌻EasyDesignWithCanva page မှာsocial media design /video တွေအပြင် ခုလိုမျိူး printable artwork လေးတွေပါဘယ်လိုဖန်တီးရမလဲဆို ကိုယ်တိုင်ရိုက် ဗီဒီယိုတွေနဲ့ သင်ကြားပေးမှာမို့လို့ stay tuned ပါနော်
🌸သစ်ကုလားအုပ်ပုံနဲ့ ဆင်ပုံလေးကို နမူနာအနေနဲ့ မင်မင်ဆွဲထားတာပါ 🌼 nursery art ကိုလေ့လာလို့ရအောင် pinterest ကပုံလေးတွေကိုလည်းထည့်ထားပေးပါတယ်
20/08/2021
🌸🌻🌼 အခုလို ခက်ခဲနေတဲ့ကာလမှာ ကိုယ့်ရဲ့Online shop ပေ့ချ် designတွေကို ပိုက်ဆံမကုန်ပဲ လွယ်လွယ်ကူကူနဲ့ဖန်တီးချင်ပါသလား?🌸🌻🌼
🌸ကိုယ်ကအခုမှ Online shop ကိုစလုပ်တာ,ပေ့ချ် ရဲ့ဒီဇိုင်းတွေကို သူများကိုမအပ်ပဲနဲ့ အကုန်အကျမရှိပဲ ကိုယ်တိုင်ဖန်တီးချင်တယ်ဆိုရင် Canva ကိုအသုံးပြုသင့်တယ်လို့ အကြံပေးချင်ပါတယ်နော်
🌸လူတိုင်းမှာကောင်းမွန်တဲ့ design skillsတွေရှိချင်မှ ရှိမှာပါ... photoshopလို softwareတွေသင်ရတာ အချိန်လည်းယူရပါတယ် ... အခုမှစလုပ်တဲ့ တပိုင်တနိုင် အပိုဝင်ငွေရှာတဲ့online shop တွေအနေနဲ့ graphic designer တွေဌားဖို့လည်း အဆင်ပြေချင်မှပြေမှာပါ... အဲ့လိုမဟုတ်ပဲ ပိုက်ဆံကုန်စရာမလိုပဲ ကိုယ်တိုင်design တွေကိုလွယ်လွယ်ကူကူ ဖန်တီးလို့ရပါတယ်
🌸(Graphic) ရုပ်ပုံတွေ စာသားတွေဟာ ဒီဂျစ်တယ်ကမ္ဘာမှာ အဓိကအခန်းကဏ္ဍအနေနဲ့ပါဝင်နေတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူးနော် အကယ်၍ကိုယ့်ရဲ့ page (သို့)blog တွေဟာရုပ်ပုံတို့ ဗီဒီယိုတို့စာသားတို့မရှိဘူးဆိုရင် အတော့်ကိုပျင်းစရာကောင်းနေမှာပါ
🌺အရင်ဦးဆုံး Canva ဆိုတာဘာလဲ ပြီးတော့ ကမ္ဘာပေါ်က လူတွေအများကြီးကcanvaသုံးရတာကိုဘာလို့နှစ်သက်လဲဆိုတာ ပြောပြချင်တယ်
🌺Canva က ဒီဇိုင်နာမဟုတ်တဲ့သူတွေအတွက် အတော့်ကိုကောင်းမွန်တဲ့tool တခုဖြစ်ပြီးတော့ တကမ္ဘာလုံးမှာအသုံးပြုနေတဲ့သူတွေက 6.7 millions ကျော်ရှိတယ် 6.7 millions ဆိုတာ 2016 တုံးက record နော် အခု 2021ဆိုတော့ အသုံးပြုတဲ့သူဘယ်လောက်တောင်များလဲဆိုတာ ခန့်မှန်းကြည့်လို့ရတယ်ပေါ့နော်
🌺Canva က အသုံးပြုရတာ အရမ်းလွယ်ကူပြီး စိတ်ဝင်စားစရာကောင်းတဲ့ design တွေကို လျှင်လျှင်မြန်မြန်ဖန်တီးနိုင်ပါတယ် သူ့ရဲ့အားသာချက်ကတော့ တခြား tools တွေလိုမဟုတ်ပဲနဲ့လွယ်လွယ်ကူကူနဲ့ သင့်ရဲ့ကွန်ပျူတာထဲမှာ Install လုပ်နိုင်ပါတယ် www.canva.com မှာ download ဆွဲလိုက်ရုံပါပဲ
🌺ဒါ့အပြင် သင့်ရဲ့မိုဘိုင်းဖုန်းမှာလည်း အသုံးပြုနိုင်ပါတယ်
🌺ဒီ Tool က free ပါ paid version လည်းရှိပါတယ် - Canva Pro ပါ, Canva Pro က free version ထက်ပိုပြီး features တွေများတယ်ဆိုပေမဲ့လည်း စိတ်မပူပါနဲ့ ... free version ထဲမှာတောင် ခေတ်မှီပြီး အံ့သြစရာကောင်းတဲ့ design များစွာကို ဖန်တီးနိုင်နေအုံးမှာပါ