GTS Solutions Hub

GTS Solutions Hub

Share

Welcome to GTS Solutions Hub 🚀
A place where ideas turn into solutions.

We share insights, learning resources, and strategies to help you grow professionally and succeed in today’s competitive environment.

01/05/2026

📌💯အခမဲ့ လေ့လာနိုင်ပါပြီ!
📊Microsoft Excel ကို မသိသေးတဲ့သူများ၊ အလုပ်မှာ Excel လိုနေတဲ့သူများအတွက် 👇

♻️Excel ဘာမှမသိသေးသူများအတွက်
♻️အခြေခံမှ စတင်သင်ကြားချင်သူတွေ
♻️လက်တွေ့ လုပ်ရင်း သင်ယူသည့် ပုံစံ
♻️လုံးဝ အခမဲ့ (Free)

📚 သင်ကြားမည့် အကြောင်းအရာများ
🔸Excel ဆိုတာ ဘာလဲ? Interface မိတ်ဆက်
🔸Cell, Row, Column နားလည်နည်း
🔸Data ထည့်သွင်းနည်း & Formatting
🔸Basic Formulas — SUM, AVERAGE, COUNT, If, CountIf
🔸Table တည်ဆောက်နည်း
🔸Print & Save နည်းများ

👇Excel Basic Course (Level_1)👇

https://youtube.com/playlist?list=PLDvSAhDJVlpJ7-6t6uDGzrxJAFKORj8X9&si=uS1qUU61C1FrllHT

🗣️Excel Basic to Advance ကို အပိုင်း(၃)ပိုင်းခွဲပြီး လေ့လာနိုင်ဖို့လုပ်ပေးထားပါတယ်။
တကယ်လို့ မိမိအနေဖြင့် Uploadတင်ဖို့ အချိန်ကိုမစောင်နိုင်ရင်လည်း Page Messagerမှာ GTS_ADလို ပို့ပြီး Full Courseကို လေ့လာနိုင်ပါတယ်။

26/07/2025

✅Excelမှာ Custom NumberFormatကို ဘယ်လိုအသုံးပြုမလဲ?

✅Custom Format File👇
https://drive.google.com/file/d/1c4afT_vS-lvO1GkjAWbeADaRSUGx4Xf1/view?usp=drive_link

🔰Pivot Tableကိုအသုံးပြုပြီး Dataတွေကို ဘယ်လိုစာရင်းချုပ်မလဲ?
https://www.facebook.com/share/v/1Xuh3wiQFy/

🤹ပညာဒါနသင်ခန်းစာများကို အောက်ပါLinkမှာ လေ့လာနိုင်ပါတယ်
https://www.facebook.com/groups/340633630359695/?ref=share_group_link

📢You Tube Link👇
https://youtube.com/channel/UCy0G5ZRUXialtGHvM_qeTmw

10/07/2025

🗣️ဘာကြောင့် လုပ်ငန်းတွေက "Excel‌ ရလား?" မေးလာကြတာလဲ❓

လုပ်ငန်းပေါင်းများစွာက Excel ကိုမေးကြတာ၊ သုံးကြတာမှာ အကြောင်းအရင်းတွေ များစွာရှိပါတယ်။ ဒီစာဖတ်ပြီးပြီဆိုရင် သင်တောင် "Excel မသိရင် အလုပ်မရနိုင်တော့ဘူး" ဆိုတဲ့ခံစားချက်ရလာမှာပါ။

1️⃣ . Data Management အတွက် အဓိကကျခြင်း

Excel ကတော့ စာရင်း၊ အရောင်းအဝယ်၊ ဝန်ထမ်းမှတ်တမ်းစတာတွေကို အလွယ်တကူ စနစ်တကျ စီစဉ်ပေးထားနိုင်ပါတယ်။ လုပ်ငန်းတစ်ခုမှာ အချက်အလက်တွေ ပြတ်တောင်းနေရင် ဆုံးရှုံးမှုအရမ်းများလာနိုင်ပါတယ်။Data စီမံခန့်ခွဲဖို့အတွက် Excelက အရမ်းကောင်းမွန်တဲ့ softwareတစ်ခုလည်း ဖြစ်ပါတယ်။
ဥပမာ။ ။ Sales Record, Inventory, Staff List, Budget, Income & Expense စတာတွေ Excel နဲ့ပဲအကောင်းဆုံး စီမံထားလို ရပါတယ်

2️⃣. လုပ်ငန်းပတ်သက်သော အစီရင်ခံစာတွေကို လွယ်လွယ်ကူကူပြုလုပ်နိုင်

လစဉ်/နှစ်စဉ်အရောင်း Profits & Lossတွေကို Chart,Table, Report, Summaryပုံစံနဲ့ ဖော်ပြရာတွင်လည်း Excel ရဲ့ Function တွေက ထိရောက်မှုရှိပြီး Effective ဖြစ်စေပါတယ်။ ထိုကြောင့် Reporting ရေးတဲ့အခါ Excel သုံးတတ်သူကိုပဲ ဦးစားပေးခန့်ယူကြပါတယ်။ဒါအပြင် Excel ရဲ့ Pivot Table, Conditional Formatting, Chart functions တွေက Business Decision ချဖို့အတွက် တကယ်အရေးကြီးပါတယ်။

3️⃣. ဖော်ပြချက်လွယ်ကူမှုနှင့် လုပ်ငန်းဖန်တီးမှုလွယ်ကူခြင်း
Automation အတွက် Formula & Function
IF, VLOOKUP, SUMIF, INDEX-MATCH, COUNTIF စတဲ့ Function တွေဟာ ကိုယ်လုပ်တဲ့အလုပ်ကို မြန်မြန်ဆန်ဆန်ပြီး အမှားလျှော့ချစေနိုင်ပါတယ်။ဥပမာ SUM, IF, VLOOKUP, Pivot Table စတာတွေက လုပ်ငန်းအတွက်အသုံးဝင်တဲ့ tool တွေပါ။

4️⃣.ဘာအလုပ်ပဲလုပ်လုပ် Excel သုံးတတ်ဖို့လိုတယ်

Admin & HR – ဝန်ထမ်းမှတ်တမ်း၊ Payroll၊ Attendance

Account – Cash Flow, Expense Tracker, Tax Calculation

Marketing – Customer Database, Campaign Performance

Sales – Monthly Sales Report, Forecast

Logistics – Stock Record, Delivery Schedule

အထက်ပါနယ်ပယ်တိုင်းမှာ Excel သုံးတတ်တာက ကျွမ်းကျင်မှုက မဖြစ်မနေဖြစ်လာပါပြီ။

5️⃣. အလုပ်အကိုင်အခွင့်အလမ်းတိုင်းမှာလဲ Excel ကိုအခြေခံမရှိမဖြစ် သတ်မှတ်လာကြပြီ

CV တင်တဲ့အခါ Excelကို အသုံးတတ်သူဆိုရင်လုပ်ငန်းရှင်‌‌တွေကပိုအာရုံစိုက်ပါပြီး အလုပ်ရဖို့ ပိုပြီး chanceများပါတယ်။ လုပ်ငန်းရှင်တွေကလည်း Excelအသုံးပြုနိုင်တဲ့သူကိုပဲယူချင်ကြတာပါ။

📌Excel ကို သိတဲ့အလုပ်သမားနဲ့ မသိတဲ့အလုပ်သမား

💡 “Excel သိတယ်” ဆိုတာမပြောချင်ဘူး၊ “Excel ကို effectively သုံးတတ်တယ်” ဆိုတာမျိုး ဖြစ်ဖို့ လိုပါတယ်။
လုပ်ငန်းရှင်တစ်ဦးအနေနဲ့ Excel အသုံးပြုနိုင်တဲ့ ဝန်ထမ်းက တန်ဖိုးရှိသူ ဖြစ်ပါတယ်။ အလုပ်အပေါ်တွင် Productivity မြင့်တက်စေသလို၊ ချက်ချင်းအဖြေထုတ်နိုင်ခြင်းကလည်း အဖိုးတန်ပါတယ်။

📌Excel မသိရင် အလုပ်မရတော့ဘူးလား? ❓❓

သင်က အလုပ်ရှာနေရင်ဖြစ်စေ၊ ကိုယ့်လုပ်ငန်းကို စနစ်တကျစီမံချင်တယ်ဆိုရင်ဖြစ်စေ Excel သုံးတတ်တာကတော့ အထူးအရေးပါလာပြီ။ ဒါကြောင့်ပဲ လုပ်ငန်းတွေက Excel ကို မေးကြတာပဲ ဖြစ်ပါတယ်။

27/11/2024

Day&Monthတွေကို Buttonsနဲ့အမြန်ဆုံး ဘယ်လိုFilterလုပ်မလဲ?📊

🔰Pivot Tableကိုအသုံးပြုပြီး Dataတွေကို ဘယ်လိုစာရင်းချုပ်မလဲ?
https://www.facebook.com/share/v/1Xuh3wiQFy/

🤹 နေ့စဉ်ပညာဒါနသင်ခန်းစာများကို အောက်ပါLinkမှာ လေ့လာနိုင်ပါတယ်
https://www.facebook.com/groups/340633630359695/?ref=share_group_link
You Tube Link
https://youtube.com/channel/UCy0G5ZRUXialtGHvM_qeTmw

02/11/2024
Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


MIn Ye Kyaw Swar, NO. 105 B, Lanmadaw Township
Yangon
11131

Opening Hours

Monday 09:00 - 21:30
Tuesday 09:00 - 21:30
Wednesday 09:00 - 21:30
Thursday 09:00 - 21:30
Friday 09:00 - 21:30
Saturday 09:00 - 21:30
Sunday 09:00 - 21:30