GROW Myanmar

GROW Myanmar

Share

We are here to build a community-focused app that embraces everyone - regardless of age, education, financial status, and any means of status determination.

15/10/2022

🎵 လက်ကို ခဏခဏဆေးပါ၊ လူစုလူဝေး ရှောင်ရှားပါ၊ နှာစေးချောင်းဆိုးရင် အုပ်ထားပါ 🎵

ဒီသီချင်းလေးကို အားလုံး မှတ်မိကြဦးမယ်ထင်ပါတယ်နော်။ ကိုဗစ်ကပ်ရောဂါကို ကာကွယ်ရာမှာ လက်ဆေးခြင်းက ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ တကယ်တော့ ကိုဗစ်တင်မဟုတ်ပါဘူး၊ အခြားရောဂါပိုးမွှားတွေဟာလည်း မသန့်ရှင်းတဲ့လက်မှတဆင့် ကူးစက်နိုင်ပါတယ်။ ဒါကြောင့် လက်ကိုဆပ်ပြာဖြင့် ဆေးကြောခြင်းရဲ့ အရေးပါပုံကို သိရှိလိုက်နာကြစေဖို့ အောက်တိုဘာလ ၁၅ ရက်နေ့ကို 🌎 ကမ္ဘာလုံးဆိုင်ရာ လက်ဆေးခြင်းနေ့အဖြစ် ၂၀၀၈ ခုနှစ်မှာ စတင်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

🧼🖐 သန့်ရှင်းတဲ့ လက်တစ်စုံဖြင့် ကမ္ဘာကို ကယ်တင်ကြပါစို့။

13/10/2022

သင်သိပါသလား❓ ဒီနေ့ဟာ ကမ္ဘာ့ဥအမျိုးမျိုးနေ့ ဖြစ်တယ်ဆိုတာ။ ဗဟုသုတအနေနဲ့ ကမ္ဘာတဝှမ်းမှာ လူတွေစားသုံးကြတဲ့ 🥚 ဥတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကြက်ဥ
ဘဲဥ
ငုံးဥ
ငန်းဥ
ငှက်ကုလားအုတ်ဥ
ကြက်ဆင်ဥ
ရစ်ဥ
စင်ရော်ဥ
ငါးဥ
ဆော်လမွန်ငါးဥ
ကာဗီးယားငါးဥ

သင်‌ရော ဘယ်ဥတွေကို စားဖူးပြီးပြီလဲ။ ကွန်မန့်မှာ ပြောပေးသွားပါဦးနော်။ 😄

Photos from GROW Myanmar's post 13/10/2022

🙌 ကေပေါ့အကသမားတစ်ယောက် ရောင်းချတဲ့ ကိုရီးယားအစားအစာတွေကို GROW app ပေါ်ကနေ မှာယူအားပေးလို့ ရနေပါပြီ။

"ကိုဗစ်ဖြစ်တော့ ကျွန်တော် ကျောင်းနားလိုက်ရတယ်။ အကအဖွဲ့ကလည်း ဆက်လုပ်ရှားလို့ မရတော့ဘူး။ စိတ်ကူးထားတာတွေ အကုန်ပျက်တာပေါ့ဗျာ။ ဘာမှမဖြစ်ဘူးလို့ ပြောရင် လိမ်တာဖြစ်မှာပဲ။ တော်တော်စိတ်ဓါတ်ကျခဲ့ရတယ်။"
—ကောင်း၊ အိမ်ချက်စားဖိုမှူး

တကယ်တော့ ကောင်းက အနုပညာဝါသနာပါသူပါ။ အမျိုးသားယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ကျောင်းသားတစ်ဦး ဖြစ်ပြီး သူငယ်ချင်းတွေအနဲ့အတူ Team Illusion ဆိုတဲ့ 🤸‍♂️ ကေပေါ့အကအဖွဲ့ကို တည်ထောင်ထားပါတယ်။ ဒါပေမဲ့ ဘယ်သူမှ မျှော်လင့်မထားခဲ့တဲ့ ကိုဗစ်ကပ်ရောဂါပေါ်လာချိန်မှာတော့ သူ့ရဲ့ အနုပညာလုပ်ငန်းတွေကို ရပ်နားလိုက်ရပါတော့တယ်။

မကရရင် အိပ်မပျော်၊ စားမဝင်တဲ့ ကောင်းအတွက်တော့ ခက်ခဲတဲ့ နေ့တွေပါပဲ။ ✨ စိတ်ပြေလက်ပျောက် ထွက်ပေါက်ရှာရင်းနဲ့ အစားအသောက်တွေ ပြုလုပ်ရတာကို ဝါသနာပါလာခဲ့ပါတယ်။ နဂိုကတည်းက တီထွင်ဖန်တီးရတာကြိုက်သူဆိုတော့ အွန်လိုင်းကနေ ကိုယ်တိုင်လေ့လာပြီး မုန့်ပဲသရေစာတွေ သူလုပ်ကြည့်ပါတယ်။ ဟမ်ဘာဂါ၊ အသားညှပ်ပေါင်မု့န်၊ ကိုရီးယားကြက်ကြော်၊ ကိုရီးယားခေါက်ဆွဲ စသဖြင့် စုံလို့ပါပဲ။

ကောင်းရဲ့ လက်ရာကို အားပေးချင်တယ်ဆိုရင်တော့ 👉 GROW app မှတဆင့် Psymon’s Foodie ကနေ မှာယူအားပေးလို့ ရနေပါပြီနော်။

🛒 သင့်အတွက် အွန်လိုင်းရပ်ကွက် GROW မှာ စျေးဝယ်ထွက်
🤩 အစားအသောက်၊ လက်မှုပစ္စည်းနဲ့ အိမ်တွင်းဝန်ဆောင်မှုများစွာ

Download GROW app:
📲 Android: https://bit.ly/GROWBuyerAndroid
📲 iOS: https://apple.co/38vGDMn

ကျွမ်းကျင်ရာဝါသနာကို လုပ်ငန်းအဖြစ် အသွင်ပြောင်းချင်ပါသလား❓ GROW ပါတနာဖြစ်ဖို့ အခုပဲ အခမဲ့ စာရင်းပေးလိုက်ပါ။
📜 bit.ly/GROW-Partner

12/10/2022

လူမှုရပ်ဝန်းဆိုတာ အားလုံး စုပေါင်းနေထိုင်ရာ နေအိမ်တစ်လုံးနဲ့ တူပါတယ်။ 🏡
ကျွန်ုပ်တို့အနေနဲ့ ကိုယ်နေတဲ့အိမ်ကို ကောင်းမွန်တိုးတက်စေချင်တယ်၊ သာယာဖွံ့ဖြိုးစေချင်တယ်။ ဘယ်လိုနည်းလမ်းနဲ့ အကူအညီပေးနိုင်မလဲ စဥ်းစားလိုက်တဲ့အခါ Community marketplace တစ်ခုကို ဖော်ဆောင်ဖို့ အကြံရခဲ့ပါတယ်။ 🙌 ဝယ်သူ၊ ရောင်းသူဆိုပြီး မခွဲခြားဘဲ အိမ်နီးနားချင်းတွေနဲ့ စကားပြောဆိုသလိုမျိုး ကိုယ်အလိုရှိရာကို အပြန်အလှန် ရောင်းဝယ်နိုင်မဲ့ အွန်လိုင်းရပ်ကွက်တစ်ခုပေါ့။

🌱 လက်ရှိမှာတော့ GROW ဟာ အပင်ပေါက်လေး အရွယ်သာ ရှိပါသေးတယ်။ ကျွန်ုပ်တို့ရဲ့ ပန်းတိုင်က အရိပ်အာဝါသပေးနိုင်တဲ့ သစ်ပင်ကြီးတစ်ပင်အဖြစ် ရှင်သန်ကြီးထွားလာဖို့ပါပဲ။ သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းနားနိုင်ပါသတဲ့။ Let’s GROW Together!

🛒 သင့်အတွက် အွန်လိုင်းရပ်ကွက် GROW မှာ စျေးဝယ်ထွက်
🤩 အစားအသောက်၊ လက်မှုပစ္စည်းနဲ့ အိမ်တွင်းဝန်ဆောင်မှုများစွာ

Download GROW app:
📲 Android: https://bit.ly/GROWBuyerAndroid
📲 iOS: https://apple.co/38vGDMn

Photos from GROW Myanmar's post 11/10/2022

မြန်မာပြည်က အာဂျီးမားတစ်ယောက်ရဲ့ အိမ်ချက်လက်ရာ ... ထိမိဂွိမဲ့ ဟင်းလျာကောင်းတွေကို 👉 GROW app ကနေ မှာစားလိုက်ရအောင်။

“အမာခံပရိတ်သတ်ကတော့ အမျိုးသားပေါ့၊ အစ်မလက်ရာကို အမြဲကောင်းတယ်ဆိုတာချည်းပဲ။ အလုပ်နှစ်ခု လုပ်ရသလိုဖြစ်လို့ ပင်ပန်ပေးမဲ့ သူရှိနေတာကိုက အားတစ်ခုပဲ။ ကိုယ့်ဘေးနားမှာနေပြီး အားပေးမဲ့သူတစ်ယောက်ရှိနေလို့ အစ်မကံကောင်းပါတယ်။”
—မနှင်း၊ အိမ်ချက်စားဖိုမှူး

👩‍🍳 မနှင်းက လူလတ်ပိုင်းအရွယ်ပေမဲ့ အဒေါ်ကြီးတစ်ယောက်လို ရိုးရိုးရှင်းရှင်းဝတ်စားတတ်တာကြောင့် ရုံးက လုပ်ဖော်ကိုင်ဖက်တွေက သူ့ကို အာဂျီးမားလို့ ချစ်စနိုးခေါ်ကြပါတယ်။ ရုံးအလုပ်တစ်ဖက်နဲ့ အိမ်မှုကိစ္စတွေလည်း မလစ်ဟင်းစေရအောင် ဆောင်ရွက်ရတာ မလွယ်လှပါဘူး။ ဒါပေမဲ့ ဘယ်လောက်ပင်ပန်းပါစေ၊ အချက်အပြုတ်ဝါသနာပါသူဆိုတော့ ဟင်းချက်ရရင် ပျော်နေသူပါ။

ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှာ အွန်လိုင်းကနေ အစားအသောက်ရောင်းဖို့ မနှင်း အကြံရခဲ့ပါတယ်။ အမျိုးသားဖြစ်သူရဲ့ အားပေးမှုတွေလည်း ပါတာပေါ့။ အာဂျီးမားရဲ့လက်ရာတွေထဲမှာ ပုဇွန်အစိမ်းသုပ်နဲ့ ဂဏန်းမဆလာချက်တို့က နာမည်ကျော်ပါတယ်။ အိမ်ချက်လက်ရာကောင်းကောင်းကို ထိထိမိမိ စားချင်သူတွေအတွက် ခံတွင်းတွေ့စေပါလိမ့်မယ်။ 😊

🛒 သင့်အတွက် အွန်လိုင်းရပ်ကွက် GROW မှာ စျေးဝယ်ထွက်
🤩 အစားအသောက်၊ လက်မှုပစ္စည်းနဲ့ အိမ်တွင်းဝန်ဆောင်မှုများစွာ

Download GROW app:
📲 Android: https://bit.ly/GROWBuyerAndroid
📲 iOS: https://apple.co/38vGDMn

ကျွမ်းကျင်ရာဝါသနာကို လုပ်ငန်းအဖြစ် အသွင်ပြောင်းချင်ပါသလား❓ GROW ပါတနာဖြစ်ဖို့ အခုပဲ အခမဲ့ စာရင်းပေးလိုက်ပါ။
📜 bit.ly/GROW-Partner

10/10/2022

အောက်တိုဘာလ (၁၀) ရက်နေ့ဟာ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ ဖြစ်ပါတယ်။ 🫂 မိမိရဲ့ စိတ်ခံစားချက်တွေ၊ အတွေးစကားတွေကို ဖွင့်ဟပြောပြပါ။ ကြည်လင်မှုကို မျှဝေခံစားပါ။ သင့်ကို ချစ်ခင်သူတွေ သင့်အနားမှာ ရှိနေပါတယ်။ သာယာသော လူမှုရပ်ဝန်းတစ်ခုကို ကျွန်ုပ်တို့အတူ လက်တွဲ ပုံဖော်ကြပါစို့။ 🫰

🌎 World Mental Health Day 2022

08/10/2022

သီတင်းကျွတ်ပြီဟေး 🥳

သီတင်းကျွတ်ရောက်ပြီဆို လူကြီးတွေက ဆီမီးထွန်းကြတယ်၊ လူငယ်တွေက ပွဲစျေးသွား မုန့်စား မီးပုံးလွှတ်တင်ကြ၊ ကလေး‌လေးတွေက ရောင်စုံမီးပုံးလက်တွန်းလှည်းတွေနဲ့ ဆော့လို့ ... ‌ပျော်စရာ ကောင်းလှပါတယ်။ ❤️

ဒီနှစ် သီတင်းကျွတ်ပိတ်ရက်မှာလည်း မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအားလုံး ချစ်ခင်သူတွေနဲ့အတူ ‌အေးချမ်းစွာ၊ ကြည်နူးစွာ ပြန်လည်ဆုံဆည်းနိုင်ကြပါစေလို့ GROW Myanmar အဖွဲ့သားတွေကနေ ဆုမွန်ကောင်းတောင်းလိုက်ပါ‌တယ်။ 🙏

07/10/2022

အပြုံးဟာ ကူးစက်လွယ်ပါတယ်။ ဒီပို့စ်လေးကို တွေ့ရင် ပြုံးဖို့ မမေ့ပါနဲ့။ 😉

🎉 Happy World Smile Day! 🎉

Photos from GROW Myanmar's post 06/10/2022

အခုလို သီတင်းကျွတ်အချိန်ကာလမှာ ဂါရဝပြုဖို့အတွက် လူကြီးမိဘတွေနဲ့ အထူးသင့်တော်တဲ့ သဘာဝငှက်သိုက်စစ်စစ်ကို မနွေးရဲ့ SPS Bird's Nest Tonic ကနေ မှာလို့ ရနေပါပြီ။ 👉 GROW app ထဲကနေ အလွယ်တကူ အော်ဒါတင်နိုင်ပြီး သင့်ရှေ့အရောက် မှာယူနိုင်ပါတယ်။

“ငှက်သိုက်ကို ချိုအောင်၊ ကြာရှည်ခံအောင် လုပ်ရင် ပိုရောင်းရမှာ အစ်မ သိတာပေါ့။ ဒါပေမဲ့ မလုပ်ချင်ဘူး။ အစ်မရဲ့ ရည်ရွယ်ချက်ကိုက ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်မဲ့ သဘာဝငှက်သိုက်စစ်စစ်ကို သောက်စေချင်တာလေ။”
—မနွေး၊ ငှက်သိုက်အားတိုးဆေးထုတ်သူ

🪹 မြန်မာနိုင်ငံမှာ ငှက်သိုက်အစစ်က မြိတ်ကျွန်းစုက ထွက်ပါတယ်။ ကျန်းမာရေး အာနိသင်ကောင်းတွေကြောင့် စျေးကွက်မှာ လူကြိုက်များတဲ့ ဖြည့်စွက်စာတစ်ခုပါ။ သဘာဝကပေးတဲ့ အဖိုးတန် ကျန်းမာရေးလက်ဆောင်ဆိုရင်လည်း မမှားနိုင်ပါဘူး။ 📈 ဒါပေမဲ့ ကိုဗစ်ကာလအတွင်းမှာ ဝယ်လိုအားမြင့်လာတာနဲ့အမျှ စျေးတွေတက်လာသလို ငှက်သိုက်အတုတွေလည်း ပေါ်လာခဲ့ပါတယ်။

ဒီအခြေအနေတွေက မနွေးကို ငှက်သိုက်အားတိုးဆေးထုတ်ဖို့ တွန်းအားဖြစ်စေခဲ့တာပါ။ ဘာမျှ မရောစပ်ထားတဲ့ သဘာဝငှက်သိုက်စစ်စစ်ကို ကိုယ်တိုင်ထုတ်လုပ် ရောင်းချဖို့ သူဆုံးဖြတ်ခဲ့ပါတယ်။ SPS Bird’s Nest Tonic မှာ ပရိုတင်း၊ အမိုင်နိုအက်စစ်နဲ့ သတ္တုဓါတ်များစွာ ပါဝင်ပါတယ်။ အလုပ်ပင်ပန်းတာ၊ စိတ်ပင်ပန်းတာ၊ အိပ်မပျော်တာတွေကို ပြေပျောက်စေမှာပါ။ 💪

🛒 သင့်အတွက် အွန်လိုင်းရပ်ကွက် GROW မှာ စျေးဝယ်ထွက်
🤩 အစားအသောက်၊ လက်မှုပစ္စည်းနဲ့ အိမ်တွင်းဝန်ဆောင်မှုများစွာ

Download GROW app:
📲 Android: https://bit.ly/GROWBuyerAndroid
📲 iOS: https://apple.co/38vGDMn

ကျွမ်းကျင်ရာဝါသနာကို လုပ်ငန်းအဖြစ် အသွင်ပြောင်းချင်ပါသလား❓ GROW ပါတနာဖြစ်ဖို့ အခုပဲ အခမဲ့ စာရင်းပေးလိုက်ပါ။
📜 bit.ly/GROW-Partner

05/10/2022

🌠 အမှောင်ခွင်း၍ အလင်းဆောင်သူ

ဆရာဆိုတာ တပါးသူအလင်းရဖို့ မိမိကိုယ်ကို ထွန်းညှိကာ အလင်းပေးတဲ့ မီးအိမ်နဲ့ တူပါတယ်။ ကမ္ဘာ့ဆရာများနေ့မှာ ကိုယ့်ရဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးကို ဂါရဝတရား လက်ကိုင်ထား၍ ဂုဏ်ပြုကြိုဆိုလိုက်ရအောင်။

Happy World Teachers’ Day! 🎊

04/10/2022

🎉 ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့က GROW Myanmar ရုံးခန်းမှာ ပြုလုပ်ခဲ့တဲ့ Resin Phone Case Handmade Workshop လေးကို GROW ပါတနာတစ်ဦးဖြစ်တဲ့ Avocado Art & Crafts Store နဲ့ ပူးပေါင်းပြီးတော့ ပြုလုပ်ခဲ့ပါတယ်။ အခု အဲ့ဒီပွဲလေးရဲ့ အမှတ်တရ ဗီဒီယိုလေးကို တင်ပေးလိုက်ပါတယ်နော်။

Resin ကိုသုံးပြီး ဖုန်းကာဗာတစ်ခုကို ကိုယ်တိုင်အလှဆင်ရတာမို့ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာပါပဲ။ Workshop ကို စိတ်ဝင်စားလို့ လာတက်ကြသူတွေလည်း Resin နဲ့ပတ်သက်ပြီး ဗဟုသုတွေ ရသွားတာမို့ အတွေ့အကြုံကောင်းလေးဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ 🤗

လက်မှုပစ္စည်းတွေကို နှစ်သက်လို့ ခုလိုမျိုး Handmade workshop တွေကို Join ချင်တယ်ဆိုရင် Update တွေသိရဖို့အတွက် GROW Myanmar page ကို follow သာလုပ်ထားလိုက်ပါနော်။ 🙌

04/10/2022

ဒီနေ့ အောက်တိုဘာလ ၄ ရက်နေ့ဟာ ကမ္ဘာ့တိရစ္ဆာန်များနေ့ဖြစ်ပါတယ်။ 🐶😺

အိမ်မွေးတိရစ္ဆာန်လေးတွေကို ချစ်သလိုပဲ တောရိုင်းတိရစ္ဆာန်တွေ၊ မျိုးသုဥ်းလုနီးတိရစ္ဆာန်တွေနဲ့ ဂေဟစနစ်ထဲမှာ ပါဝင်တဲ့ သက်ရှိအားလုံးရဲ့ အခွင့်အရေးကို အလေးထားကာ ကောင်းမွန်စွာ ဆက်ဆံကြရအောင်နော်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address

12A, Inya Yeik Thar Street, Kabar Aye Pagoda Road
Yangon
11061

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00