09/03/2021
Earth Wise အားဖျက်သိမ်းကြောင်းကြေညာခြင်း
9.3.2021
promoting environmental awareness among youths
09/03/2021
Earth Wise အားဖျက်သိမ်းကြောင်းကြေညာခြင်း
9.3.2021
30/01/2021
Earth Wise ကနေ အားလုံးကို လက်မလွှတ်သင့်တဲ့ အခွင့်ကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်‼️
ဒါကတော့ Youth Society For Education မှ "Outstanding Community Service Award (OCSA)" ဆုပေးအပ်ကျင်းပမယ့် အစီအစဉ်လေးပဲဖြစ်ပါတယ်🥳🥳
ဒီအစီအစဉ်လေးကတော့ စေတနာမေတ္တာတရားနဲ့ အများအကျိုးအတွက် ရဲဝံ့တက်ကြွစွာဆောင်ရွက်ခဲ့ကြတဲ့ ပရဟိတမောင်မယ်သူရဲကောင်းများကို အသိအမှတ်ပြုဖို့အတွက် OCSA (Outstanding Community Service Awards) ကို ပေးအပ်ချီးမြှင့်သွားမယ့် အစီအစဉ်ပဲဖြစ်ပါတယ်😯😯
🌟🌟ဒါဆိုရင် OCSA ကို ဘယ်လိုရွေးချယ်ချီးမြှင့်သွားမှာလဲဆိုတော့
🎈OCSA (Outstanding Community Service Awards) အတွက် လျှောက်ထားကြတဲ့ မြန်မာတစ်နိုင်ငံလုံးက လူငယ်တွေထဲမှာမှ ဆုရွေးချယ်မယ့် စံနှုန်းတွေနဲ့ အကိုက်ညီဆုံး စေတနာ့ဝန်ထမ်း (Volunteer)တွေကို ရွေးချယ်ပြီး ဆုပေးအပ်သွားမှာ ဖြစ်ပါတယ်
🎈ဆုကြေးငွေအနေဖြင့် (အနည်းဆုံး) မြန်မာငွေ ၁၀၀,၀၀၀ ကျပ် ချီးမြှင့်သွားမှာဖြစ်ပါတယ်။
🙋🙋 OCSA ဆုအတွက်လျှောက်ထားမယ့်သူဟာ
၁။ အသက် ၃၅ နှစ်အောက်ဖြစ်ရပါမယ်။
၂။ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားဖြစ်ရပါမယ်။
၃။ Community Service စေတနာ့ဝန်ထမ်းအတွေ့အကြုံ (အနည်းဆုံး)တစ်ခု ရှိရပါမယ်။
၄။ YSE (Youth Society for Education) မှ လက်ရှိ စေတနာ့ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းဟောင်းတွေကို လျှောက်ထားခွင့် မပြုပါဘူး။
🚨Application Deadline ကတော့
၂၀၊ ၂၊ ၂၀၂၁ (၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့) ပဲ
ဖြစ်ပါတယ်
⚡ပရဟိတလူငယ်များအနေနဲ့ လူထုအကျိုးပြုမှုအတွက် ထိုက်ထိုက်တန်တန် reward ရနိုင်တဲ့ အခွင့်ကောင်းလေးတစ်ခုမို့ Deadline အမီ လက်မနှေးဘဲ လျှောက်ထားလိုက်ကြတော့နော်..
Application Form link
tinyurl.com/yse-ocsa
မေးမြန်းလိုတဲ့အကြောင်းအရာတွေရှိရင်လည်း YSE page ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်
https://www.facebook.com/youthsocietyforeducation/
20/01/2021
ပြောင်းလဲမှုလေးတစ်ခုကို အတူတူ စလိုက်ကြရအောင် 🎉✨🎗️
Earth Wiser လေးတို့အတွက် အသစ်ထပ်မံ ယူဆောင်လာတာကတော့ 21 Days Challenge Program လေးပဲဖြစ်ပါတယ်။
ဒီအစီအစဉ်လေးမှာတော့ အောက်က Poster မှာပြထားတဲ့ ဒီ (၆) ခုထဲကနေ ကိုယ်က ဘာတွေကို လုပ်ခဲ့ဖူးလဲ ဆိုတာကို Comment မှာ ဝန်ခံ ရမှာပါ။
(၁) အမှိုက်ချတာ
(၂) Plastic တွေ သုံးမိနေတာ
(၃) အမှိုက်မီးရှို့တာ
(၄) ကွမ်းတံတွေးထွေးတာ
(၅) ရေတွေ ဖွင့်ချထားမိတာ
(၆) ဆေးလိပ်သောက်တာ
(ဥပမာ- ကိုယ်က အမှိုက်ချဖူးတယ်ဆိုရင်
ကျွန်တော်/မ အမှိုက်ချဖူးပါတယ်၊ ဒီနေ့ကစပြီး နောင် ၂၁ ရက်တိုင်တိုင် ကျွန်တော်/မ အမှိုက်မချပါဘူး ဆိုပြီး ကိုယ့်ကိုယ်ကို Challenge ခေါ်ရမှာဖြစ်ပါတယ်)
ကိုယ်က ဒီ ၂၁ ရက်လုံးကို သတိပြု နေထိုင်ပြီးတဲ့အခါ ကိုယ့်မှာ ခိုင်မာတဲ့ အလေ့အကျင့်လေး တစ်ခုကိုရသွားပါလိမ့်မယ်။
ကိုယ့်ပတ်ဝန်းကျင်ကို ပြောင်းလဲဖို့ မိမိက စတင်လိုက်ကြရအောင်နော်
ဒီနေ့ကနေ 21 ရက်ကြာတဲ့အခါ Page မှာ Challenge ပြီးဆုံးကြောင်း Post တစ်ခု ပြန်တင်ပေးပါမယ်။ အဲဒီမှာ ကိုယ်က ဒီ ၂၁ ရက်လုံးမှာ အောင်မြင်လား၊ ကျဆုံးလား ဝန်ခံရမှာ ဖြစ်ပါတယ်။
ကဲ ဒါဆို ကိုယ်ကနေ ပြောင်းလဲမှု တစ်ခုကို စတင်လိုက်ကြရအောင်။ အားလုံးကို ၂၁ ရက်ကြာတဲ့အခါ ဂုဏ်ပြုပေးဖို့ စောင့်မျှော်နေပါတယ်နော်
“ It's never too late to love the earth ”
13/01/2021
Earth Wiseရဲ့ 💚Fan လေးတို့ရေ 😘မင်မင်တို့
ဒီနေ့sharingလုပ်ပေးမယ့်😊အကြောင်းအရာလေးကတော့
ကမ္ဘာတစ်ဝှမ်းမှာရှိနေတဲ့လူသားတွေအားလုံး ရင်ဆိုင်ကြုံတွေ့နေရပြီး သတ္တဝါတိုင်းအတွက်အလွန် အန္တရာယ်များတဲ့ pollutionတစ်ခုဖြစ်တဲ့🤧 water pollution
(ရေထုညစ်ညမ်းမှုအကြောင်း)ကို🤔ပြောပြပေးသွားမှာပဲ
ဖြစ်ပါတယ်နော်😊
ရေထုညစ်ညမ်းခြင်းဆိုတာဘာလဲ🤔🤔🤔???
ရေထုညစ်ညမ်းခြင်းဆိုတာက စိုက်ပျိုးရေးနှင့်စက်မှုလက်မှုလုပ်ငန်း ဓာတ်သတ္တုရှာဖွေတူးဖော်သည့်လုပ်ငန်းများအပြင်လူသားများနှင့်သက်ရှိသတ္တဝါတို့၏စွန့်ပစ်မှုကြောင့်ဖြစ်လာသည့် ညစ်ညမ်းပြီး အဆိပ်တောက်ဖြစ်စေသောဓာတ်သတ္တုပါဝင်ပစ္စည်းများသည်မြေပေါ် ရေသယံဇာတရဲ့ အဓိကဖြစ်တဲ့ မြစ်ချောင်းအင်းအိုင်များမှတစ်ဆင့် မြေအောက်ရေသယံဇာတဖြစ်တဲ့ ပင်လယ်သမုဒ္ဒရာ
အတွင်းပိုင်းထိစီးဝင်ကာ ရေသယံဇာတကိုမှီခိုနေသည့် သတ္တလောက၏ ဂေဟစနစ်တစ်ခုလုံးကိုဖျက်ဆီး
နိုင်သည်အထိအလွန်အန္တရာယ်ကြီးမားတဲ့❌
ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်
ရေထုညစ်ညမ်းမှုကိုဖြစ်စေသည့်အဓိက အကြောင်းရင်း
1. Agricultural
စိုက်ပျိုးရေးလုပ်ငန်းများ
2. Industry and Mining
စက်မှုလုပ်ငန်းများနှင့် ဓာတ်သတ္တု ထုတ်လုပ်သည့်
လုပ်ငန်းများ
3. Urban Waste Discharge
မြို့ပြများမှထွက်ပေါ်လာသည့်အမှိုက်နှင့်
အညစ်ကြေးများ စသည်တို့ကြောင့်
ကမ္ဘာတစ်ဝှမ်းတွင်ရေထုညစ်ညမ်းမှုအများဆုံး
ဖြစ်ပေါ်သည်ကိုတွေ့ရပါတယ်။
အပေါ်မှာဖော်ပြခဲ့တဲ့အချက်တွေကတော့
water pollutionကိုဖြစ်စေတဲ့ အဓိကဖြစ်စဉ်တွေ
ဖြစ်ပါတယ် 😊ဆက်လက်ပြီးတော့ ထိုဖြစ်စဉ်တွေေကြာင့်ဖြစ်လာေစတဲ့water pollutionအကြောင်းကို
ဆက်ပြီးလေ့လာကြမယ်နော်😚
-ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးဖျန်းခြင်းကြောင့်ရေထု ညစ်ညမ်းခြင်း
-သတ္တဝါတို့၏ အညစ်အကြေးများ စည်းကမ်းမဲ့စွာစွန့်ပစ်ခြင်းကြောင့်ရေထုညစ်ညမ်းခြင်း
- စက်ရုံများမှေန့စဉ်ထုတ်လွှတ်သည့် စွန့်ပစ်ပစ္စည်းများကြောင့်ရေထုညစ်ညမ်းခြင်း
- သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့်
ရေထုညစ်ညမ်းခြင်း
- မြေအောက်မှ ရေနံ ကျောက်မီးသွေးစသည်တို့နှင့်
အခြားသော တွင်းထွက်သယံဇာတများတူးဖော်ရာမှ
ဓာတုဘေးထွက် ပစ္စည်းများယိုစိမ့်ခြင်းကြောင့်
ရေထုညစ်ညမ်းခြင်း
- မြို့ပြများမှစွန့်ထုတ်သည့် စွန့်ပစ်ပလပ်စတစ်များ
ရေဆိုးရေညစ်များ (မိလ္လာ အညစ်ကြေးများ)ကြောင့် ရေထုညစ်ညမ်းခြင်း
-ရေဒီယိုသတ္တိကြွများစွန့်ပစ်ခြင်းကြောင့်ရေထုညစ်ညမ်းခြင်း
-ပင်လယ်သမုဒ္ဒရာအတွင်းသို့ အမှိုက်နှင့် ဓာတုပစ္စည်းများထုတ်လွှတ်ခြင်းကြောင့်ရေထုညစ်ညမ်းခြင်းတို့ပဲ
ဖြစ်ပါတယ်။
အခုဆိုရင်ေတာ့water pollutionရဲ့ အဓိပ္ပာယ်နဲ့ water pollutionကိုဖြစ်စေတဲ့ အကြောင်းတရားတွေကိုသိပြီးပြီဟုတ်🤔?
နောက်အပတ်တွေမှာတော့ water pollutionကြောင့်ဖြစ်ပေါ်လာရတဲ့ အကျိုးဆက်တွေနဲ့အတူ 😌ထိုဖြစ်စဉ်တွေကိုလျှော့ချလို့ရနိုင်မယ့် နည်းလမ်းလေးတွေကိုလည်းဆက်ပြီးပြောပြပေးသွားမှာဖြစ်ပါလို့ စောင့်ေမျှာ်ပေးကြဦးနော်😗
from Google
10/01/2021
လူတိုင်းပိုင်ဆိုင်နေကြတဲ့ တန်ဖိုးကြီးသယံဇာတပစ္စည်းလေးက ဘာဖြစ်မလဲ?
ယနေ့ခေတ်မှာ သူကောကိုယ်ကော လူတိုင်း ကိုယ်စီ အဖိုးတန်သယံဇာတတွေကို ပိုင်ဆိုင်နေကြပါပြီ။အဲ့တာကဘာလဲဆိုရင် အခု သင့်လက်ထဲက Mobile phone ပဲဖြစ်ပါတယ်။
ယခုအချိန်မှာဆိုရင် ဖုန်း သုံးစွဲသူတွေက များသထက်များလာပြီး လူတိုင်း အနည်းဆုံးဖုန်းတစ်လုံးကို ပိုင်ဆိုင်ကြပါတယ်။
အဲ့တာဆိုရင် ဒီ ဖုန်း လေးမှာဘယ်လို သယံဇာတတွေနဲ့ တည်ဆောက်ထားလဲဆိုတာ ကြည့်လိုက်တဲ့အခါမှာတော့ အနည်းဆုံး element အမျိုး ၃၀ လောက်ပါဝင်ရပါတယ်။ဒါတွေက mobile phone မှာတင်မဟုတ်ပဲ အခြားelectronicပစ္စည်းတွေမှာလည်း အခြေခံပစ္စည်း အားဖြင့် တူညီမှုရှိပါတယ်။
Mobile phoneတစ်လုံးမှာဆိုရင် copper, gold နဲ့ silver ကို wiringအတွက်အသုံးပြုရပြီး lithium နဲ့ cobaltကို batteryမှာအသုံးပြုပါတယ်။ screen ကိုတော့ ရှားပါးဒြပ်စင်တွေဖြစ်တဲ့ yttrium, terbium နဲ့ dysproaium တွေနဲ့ display ကို bright colourဖြစ်စေအောင် ထုတ်လုပ်ထားရပါတယ်။
ယနေ့ခေတ် ဖုန်းတစ်လုံး ရဲ့ အသုံးဝင်ပုံကကျယ်ပြန့်လာတာနဲ့ အမျှ ပတ်ဝန်းကျင် နဲ့ လူသားအပါအဝင် သတ္တဝါတွေရဲ့ ကျန်းမာရေးကိုလည်း သက်ရောက်မှုဖြစ်စေပါတယ်။
ပထမဆုံးအနေနဲ့က လိုအပ်တဲ့ သတ္တုတွေတူးဖော်တဲ့အခါမှာ မိုင်းသုံးဖြိုခွဲဖို့အတွက် အရင်းမြစ်နဲ့ စွမ်းအင်ပမာဏအများအပြားကိုအသုံးပြုရပြီး နောက်ဆက်တွဲထိခိုက်မှုတွေ အများကြီး ရရှိခံစားလာရပါတယ်။ တူးဖော်ရာကနေ ဖြစ်ပေါ်လာရတဲ့ အဆိပ်အတောက်တွကရေထုထဲစိမ့်ဝင်ခြင်း မြေဆီလွှာထဲရောက်ရှိရာကနေ မြေ ၊ ရေ ၊ လေ ၊ ရေနေသတ္တဝါတွေ နဲဲ့ လူသားတွေ အတွက် အန္တရာယ်ပေးလာပါတော့တယ်။
ဥပမာဆိုရင် Democratic Republic of the Congo က ကမ္ဘာ့ cobalt အသုံးပြုမှုကို 60% ထောက်ပံ့ပေးနေပြီး cobalt မိုင်းခွဲထုတ်ဖော်မှု လုပ်ငန်းက ဆိုရင် တရားမဝင် ထုတ်ဖော်ခြင်းတွေအပြင် child labour အသုံးပြုမှုတွေလည်း ပါဝင်ပတ်သတ်နေတာကြောင့် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းနဲ့အလွဲသုံးစားလုပ်ခြင်းတွေပါ ပါဝင်ပတ်သတ်လာတာ တွေ့ရပါတယ်။ တရုတ်နိုင်ငံမှာလည်း Tin နဲ့ indium တူးဖော်ရာကနေ ပတ်ဝန်းကျင် သက်ရောက်မှူတွေ ခံစားလာရပါတယ်။
ဒါ့အပြင် သဘာဝ ဒြပ်စင်တွေရဲ့ ရှားပါးလာမှုတွေ သုံးလို့ကုန်သွားတာမျိုးတွေလည်း တွေ့ကြုံလာရနိုင်ပါတယ်။
ဒါဆို ကျွန်မတို့ ဘယ်လိုတွေ ဆက်လုပ်ကြမလဲ နော်? 🤷♀️
ထို့နောက် mobile phone မှာပါဝင်တဲ့ cadmium ကဆိုရင် အဆုတ်နဲ့ prostate cancerအပြင် ကျောက်ကပ်၊ အသက်ရှူမှူဆိုင်ရာအဖွဲ့အစည်း ၊ နှလုံးသွေးကြောနဲ့ ဟော်မုန်းစနစ်တွေကို အဆိပ်ဖြစ်စေပါတယ်။ထိုနည်းတူစွာပဲ leadနဲ့ brominated flame retardants တွေဟာဆိုရင်လည်း ခန္ဓာကိုယ်တွင်း ကလီစာ တွေကို ကင်ဆာဖြစ်စေတာကို တွေ့ရှိရပါတယ်။နောက်ထပ်လည်း သိပြီးသားတွေ ဖြစ်တဲ့ စိတ်ကျရောဂါတွေ ၊အိပ်စက်ခြင်းဆိုင်ရာပြသနာတွေ၊ Brain tumour နဲ့ ဖွံ့ဖြိုးမှူ နှောင့်နှေးခြင်း စတဲ့ အကျိုးဆက်တွေကိုလည်း mobile phoneတွေကထုတ်တဲ့ radiation တွေကြောင့် ခံစားရနိုင်ပါတယ်။
ဒါကြောင့်မို့လို့ အထက်ပါ ကိစ္စရပ်တွေ ကို ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံတကာက အာရုံစိုက်လာကြပြီး Google နဲ့ Amazon တို့လို့ company တွေကလည်း sever တွေကြောင့်တိုးလာတဲ့ carbon ပမာဏကိုလျော့ချပေးဖို့ အလေးပေးဆောင်ရွက်လျက်ရှိပါတယ်။ Amazon ကလည်း 2019 ခုနှစ်မှာ renewable energy နဲ့ လည်ပတ်နိုင်ရေးကို 42% လုပ်ဆောင်နိုင်ခဲ့ပြီး 2025 မှာ 100% လည်ပတ်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။
Mobile phoneမှာပါဝင်တဲ့ ပစ္စည်းတွေက ဆွေးမြေ့ပျက်စီးသွားတာမျိုးမရှိပဲ 99% ကပြန်အသုံးပြုနိုင်တဲ့အတွက် နိုင်ငံအနှံ့ကဖုန်း company တွေကဆိုရင် ဖုန်းဟေင်းတွေကို ပြန်လည်ဝယ်ယူပေးပြီး ဖုန်းအသစ် ဒါမှမဟုတ် အခြား product အသစ်ဖန်တီးခြင်းအားဖြင့် ပူးပေါင်းပါဝင်နေကြပါတယ်။Mobile Phone 50,000 ကို recycle လုပ်ခြင်းက တွင်းထွက်သတ္တု 99 တန်ကိုချွေတာရာရောက်ပြီး carbon dioxide ထုတ်လွှတ်ခြင်းကို 19တန် အထိ လျှော့ချပေးပါတယ်။
ဒါကြောင့်မို့လို့ လူတိုင်းပိုင်ဆိုင်နေပြီဖြစ်တဲ့ သယံဇာတပစ္စည်းလေးကို အန္တရာယ်ကင်းကင်း နဲ့ ခေတ်မီစွာ အသုံးပြုရင်း ကမ္ဘာကြီးကိုလည်း ကယ်တင်ကြရန်အတွက် Earth Wise မှ မျှဝေပေးလိုက်ရပါတယ်ရှင်။
from Google
08/01/2021
မဂ်လာပါ သူငယ်ချင်းတို့ရေ 💞
အိမ်ထဲမှာပဲ နေရတာ ငြီးငွေ့လာပြီလား? 🤔
Online class တွေ တက်ရတာရော ပျင်းနေကြပြီလား? 😴
ငြီးငွေ့နေပြီ ပျင်းနေပြီဆိုရင်တော့..
Earth Wise နဲ့အတူ activity တစ်ခု လိုက်လုပ်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်နော် 😘
Activty လေးကတော့ ကိုယ့်အိမ်မှာ ရှိတဲ့ ရေသန့်ဘူးလေးတွေ ကို အသုံးပြုပြီး
Recycle handmade လုပ်နည်လေးပါရှင့် 💁
ကဲ.. စိတ်ဝင်စားကြတယ်ဆိုရင် အောက်က ပုံလေးတွေမှာ တစ်ဆင့်ချင်းကြည့်ပြီး လိုက်လုပ်ကြဖို့ မမေ့နဲ့ဦးနော် 😍
02/01/2021
Earth Wise နဲ့အတူတူ ခဏလောက် လေ့လာလိုက်ကြရအောင်🥳
Part-1
"It's never too late to love the Earth!"
31/12/2020
HAPPY NEW YEAR!!!!!! 🥳🥳🥳🥳🥳
နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ ကျန်းမာပျော်ရွှင်အောင်မြင်စွာဖြတ်သန်းနိုင်ကြပါစေလို့ Earth Wise မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်
အိမ်မှာနေရင်း ကမ္ဘာကြီးကိုကယ်တင်လို့ရလား???
🤔🤔🤔🤔
အဖြေကတော့ " ဟုတ်ကဲ့ ရပါတယ်"
Covid ကာလမှာအပြင်မထွက်ပဲ အိမ်မှာနေတာကလဲ ကမ္ဘာကြီးကိုကယ်တင်တာပါနော်။
ဒါပေမယ့် အိမ်မှာနေရင်း နောက်ထပ် ကမ္ဘာကြီးကိုကယ်တင်လို့ရမယ့်အပြင် ဟိုးပင်လယ်သမုဒ္ဒရာထဲမှာရှိတဲ့ ရေနေသတ္တဝါလေးတွေကိုပါ ကူညီလို့ရမယ့် နည်းလမ်းလေးတစ်ခုကို Earth Wise နဲ့အတူတူလေ့လာကြည့်ရအောင်🤩🤩
ကမ္ဘာကြီးကိုကယ်တင်ဖို့ အိမ်မှာရုပ်ချောပေးနေရုံလောက်နဲ့တင် မလုံလောက်တော့ဘူးနော်😏😏
It's never too late to love the earth🌍✌️
27/12/2020
အိမ်မှာနေပြီး ခလုတ်လေးတစ်ချက် နှိပ်လိုက်ရုံနဲ့ သင်ဟာ သဘာဝ ပတ်ဝန်းကျင်ကို စောင့်ရှောက်နေတဲ့သူဖြစ်သွားပါပြီ
ဒီ Our Future without Single Use Plastics campaign လေးကိုတော့ Thabawa Bamboo Toothbrush Company နဲ့ Great Change S Organizationနဲ့ ပူးပေါင်းပြီး ပြုလုပ်ထားတာပဲဖြစ်ပါတယ်။
တစ်လတာ ကြာမြင့်မယ့် campaign လေးဖြစ်ပြီး ဒီတစ်လတာ ကာလအတွင်းမှာ သဘာဝ ဝါးသွားတိုက်တံ (၃) ချောင်း ရောင်းရတာနဲ့ သစ်ပင်တစ်ပင်စိုက်ပေးသွားမှာပဲ ဖြစ်ပါတယ်။🥳
အိမ်မှာနေရင်း သဘာဝ ဝါးသွားတိုက်တံ (၃) ချောင်း မှာယူလိုက်တာနဲ့ ကမ္ဘာမြေပြင်ပေါ်မှာ သစ်ပင်တစ်ပင် ရှင်သန်လာမှာပဲ ဖြစ်ပါတယ်။🌱
ကမ္ဘာကြီးဟာ ကားတွေကထွက်တဲ့ ဓာတ်ငွေ့တွေ၊ စက်ရုံတွေကနေထွက်လာတဲ့ ဓာတ်ငွေ့တွေ၊ ဖုန်မှုန့်တွေကြောင့် နေမကောင်းဖြစ်နေပါတယ်။😥
ဒါ့အပြင် လူတွေက ကမ္ဘာကြီးေနမေကာင်းမဖြစ်ေအာင် ကာကွယ်ပေးနေတဲ့ သစ်ပင်လေးတွေကို ရက်ရက်စက်စက် ခုတ်ပစ်ပါသေးတယ်။🙁
အဲ့လူတွေထဲမှာ သင်ကော ပါချင်လား🙁
မပါချင်ရင်တော့ ဒီ campaign လေးမှာ ပါဝင်လိုက်ကြရအောင်နော်🙆
သဘာဝ ဝါးသွားတိုက်တံကို သုံးချင်သူတွေအတွက် ဒီမှာ မှာယူနိုင်ပါတယ်👇👇
https://bit.ly/3atd4dh
ဒီ link ထဲ ဝင်ပြီး ကြိုက်နှစ်သက်တဲ့ သုံးချောင်း ရွေးပြီးရင် voucher code မှာ TBWXCGS ဆိုပြီး ရိုက်ထည့်လိုက်တာနဲ့ Our future without single use plastic campaign မှာ ပါဝင်သွားပြီဖြစ်တာကြောင့် ကမ္ဘာမြေပေါ်မှာ သစ်ပင်တစ်ပင် ရှင်သန်လာတော့မှာပဲဖြစ်ပါတယ်။🥳
ကဲ...ကမ္ဘာမြေကြီးပေါ်မှာ သစ်ပင်လေးေတွတစ်ပင်မက ရှင်သန်လာဖို့ အဆင်သင့်ဖြစ်ပြီလား😍
25/12/2020
ပျော်ရွှင်ဖွယ်ရာ Christmas နေ့လေးမှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ Earth Wise မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် 💚
Merry Christmas ❤️
24/12/2020
အခုလို Covid-19 Pandemic ကာလမှာ Mask တွေဟာဆိုရင် လူသားတိုင်းအတွက် နေ့စဉ်သုံးပစ္စည်းတစ်ခုလို ဖြစ်လာပါတယ်။
😷 ရောဂါကူးစက်ပြန့်ပွားရေးကို ထိန်းသိမ်းကာကွယ်ဖို့ ပြည်သူပြည်သားအားလုံး Mask တပ်ဆင်ရန် အရေးကြီးသလို ထိုအသုံးပြုပြီးသား Mask တွေကို စနစ်တကျစွန့်ပစ်ဖို့ကလည်း အင်မတန်ကို အရေးကြီးလှပါတယ်။
Mask တွေကို ဖြစ်သလိုစည်းကမ်းမဲ့စွန့်ပစ်ခြင်းဟာ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေနိုင်သလို လူသားများ၊တိရစ္ဆာန်လေးများကိုလည်း အလွန်ထိခိုက်စေနိုင်ပါတယ်။
🦠 ဗိုင်းရပ်စ်နှင့်ဘက်တီးရီးယားပိုးမွှားများဟာ Mask ပေါ်မှာ အများဆုံး ၇ရက် (၁ ပတ်) အထိ မပျောက်ဘဲကျန်ရစ်နိုင်တာကြောင့် စနစ်တကျမစွန့်ပစ်ပါက လူသားတွေအတွက်အင်မတန်အန္တရာယ်ရှိနိုင်ပါတယ်။
ဒါ့အပြင် အသုံးပြုပြီးသား Mask တွေကို ရေထဲ (သို့မဟုတ်) မြေကြီးပေါ်သို့ စည်းကမ်းမဲ့စွန့်ပစ်ခြင်းဟာ ရေနေ/ကုန်းနေသတ္တဝါတွေအပေါ်လည်း အလွန်အန္တရာယ်ဖြစ်စေပါတယ်။
ဥပမာအားဖြင့် တိရစ္ဆာန်လေးတွေဟာ မဆင်မခြင်စွန့်ပစ်လိုက်တဲ့ Mask တွေကို အစာထင်မှတ်ပြီးမြိုချလိုက်ခြင်းဖြင့် သူတို့ရဲ့အစာချေဖျက်တဲ့စနစ်ကိုပိတ်ဆို့ပြီး အသက်အန္တရာယ်ဖြစ်စေပါတယ်။
ထို့အပြင် တစ်ခါသုံး Mask တွေရဲ့ Elastic ကြိုး တွေဟာဆိုရင် သေးငယ်တဲ့သတ္တဝါလေးတွေရဲ့ လည်ပင်းတွေ၊ခြေ၊လက်တွေမှာ ရစ်ပတ်ချည်နှောင်နေနိုင်တဲ့အတွက် သတ္တဝါလေးတွေအပေါ် လွန်စွာအန္တရာယ်များလှပါတယ်။
❗️နောက်ဆုံးအနေနဲ့ တစ်ခါသုံး Mask တွေ တစ်ခါသုံးလက်အိတ်တွေကို စွန့်ပစ်တဲ့အခါ ကိုယ်နေ့စဉ်စွန့်ပစ်နေကြအမှိုက်တွေနဲ့မရောဘဲ အိတ်တစ်အိတ်ဖြင့် သီးသန့်စွန့်ပစ်ရန်၊ သုံးပြီးသား Mask တွေကို လမ်းပေါ်မှာစည်းကမ်းမဲ့မစွန့်ပစ်ဘဲ အိတ်ဖြင့်သေချာသိမ်းထားပြီး အိမ်ရောက်မှစွန့်ပစ်ရန် တိုက်တွန်းချင်ပါတယ်။
❗️ဒါ့အပြင် သုံးပြီးသား Mask တွေကို စွန့်ပစ်တဲ့အခါ တိရစ္ဆာန်လေးတွေကို အန္တရာယ်မဖြစ်စေအောင် Elastic ကြိုးလေးတွေကို ဖြတ်ပြီးမှ စနစ်တကျစွန့်ပစ်ရန် Earth Wise အဖွဲ့သူအဖွဲ့သားများမှ တောင်းဆိုချင်ပါတယ်ရှင်။