PATHI's Favourite-Korean

PATHI's Favourite-Korean

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PATHI's Favourite-Korean, Specialty School, Yangon.

06/09/2022

포기 하지마-လက်မလျှော့ပါနဲ့❤️

ငါ့ကိုယုံ..

ငါ့ကိုယုံပြီး လိုက်လာခဲ့..

ငါက လုပ်နိုင်တယ်လို့ ထင်လား?

လုပ်နိုင်တာပေါ့..

လုပ်နိုင်တယ်..

အားတင်းထားပါ❤️

အဆုံးထိ အားတင်းထား❤️

ငါတို့ အားတင်းထားရအောင်...

လက်မလျှော့ပါနဲ့..

ငါကတော့ အိပ်မက်ရှိတယ်..

အဲ့တာကြောင့် လက်မလျှော့ပါဘူး..

နင့်ကို အားပေးတယ်❤️

초급တွေအတွက် လိုက်ဖတ်နိုင်ပါတယ်နော် .. စာကိုvdမှာ မရေးပေးတာက မြန်မာလိုပဲ ကြည့်နေမှာဆိုးလို့ပါ .. အရင်ဆုံး vdလေးကိုကြည့်ပြီး အပေါ်က အဖြေနဲ့ ပြန်တိုက်ကြည့်ပါ❤️

포기하지 말고 힘내세요💪❤️

05/09/2022

다녀 올게 - ပြန်လာခဲ့မယ်နော်💙

အစားသောက်ပစ္စည်း နည်းနည်းဝယ်မှပဲ

ဈေးသွားဝယ်မှ ရမယ်

အမေ့အစား အိမ်အလုပ် နည်းနည်းလုပ်ထားပေးနိုင်တယ် မလား?

ဟုတ် ,အမေ သားလုပ်ထားပါမယ်..

အမေချက်ချင်းပြန်လာခဲ့မယ်နော်..

အရင်ဆုံး ပန်းကန်အရင် ဆေးကြည့်မလား?

အော်! Message ဝင်လာတာပဲ!

အမေပို့လိုက်တာပဲ

Message ကိုကြည့်ရတာ အမေ မကြာခင် ပြန်လာတော့မယ်ထင်တယ်..

မြန်မြန်အပြီးသတ်မှ ရမယ်..

ကလေး ရေမြင်းလေးရေ!
အမေပြန်ရောက်ပြီ...

ဝါးးး~အမေရောက်လာပြီလားး သားအိမ်အလုပ်တွေ အကုန် ပြီးသွားပြီ...

ဝါးး~တကယ် တော်တာပဲ..

ဒီနေ့အမေက သားကြိုက်တဲ့ အစားအစာ ချက်ကျွေးပါ့မယ်..😚💙

폭 쉬세요, 다음 에 봐💙

05/09/2022

어디서 살 수 있어요? -ဘယ်မှာ ဝယ်လို့ရနိုင်လဲ?

ဂျီမင်ကတော့ အိမ်ပြန်တဲ့လမ်းမှာဖြစ်ပါတယ်...

ရုတ်တရက် ငိုသံကိုကြားခဲ့တယ်...

လမ်းကြားထဲက သေတ္တာလေးထဲမှာ တစ်ခုခုက ရှိနေခဲ့ပါတယ်...

သေတ္တာထဲမှာတော့ ကြောင်ပေါက်လေးက ရှိနေခဲ့ပါတယ်...

ဂျီမင်က ကြောင်လေးဆီကို ကပ်သွားခဲ့ပါတယ်..

မိုးကရွာနေခဲ့တယ်🌧️

ဂျီမင်ကတော့ ကြောင်လေးမိုးမိမှာစိုးလို့ စိတ်ပူနေခဲ့တယ်..

"တဆိတ်လောက်ပါ, အဒေါ်ကြီး ဟိုလေ ထီးကိုဘယ်မှာဝယ်လို့ရနိုင်လဲ?"

"စတိုးဆိုင်မှာဝယ်လို့ရနိုင်တယ်"

ဂျီမင်ကတော့ အနီးက စတိုးဆိုင်ကိုသွားပြီး ထီးကိုဝယ်ခဲ့ပါတယ်☂️

ကြောင်လေးဆီကိုပြန်လာပြီး ထီးဆောင်းပေးခဲ့တယ်...

မိုးရွာတဲ့နေ့ လမ်းမှာ တစ်ယောက်တည်းထားပြီး သွားရတာ စိတ်ထဲမှာ အရမ်းကြာနေခဲ့ပါတယ်...

အဲ့တာကြောင့်အရင်ဆုံး အိမ်ကိုခေါ်လာဖို့ ဆုံးဖြတ်ခဲ့တယ်...

여기까지 입니다..나중에 봐💙🥹

04/09/2022

곰세마리💙

Copyright မိသွားလို့🥲

04/09/2022

잊지마-မမေ့နဲ့

ငါကတော့ ဟယ်အွန်းလို့ခေါ်ပါတယ်

ငါက အရမ်းမေ့တတ်တယ်..

ဒါပေမဲ့ အမြဲတမ်း သတိပေးတဲ့ သူရှိတယ်...

"ထမင်းဗူး မမေ့နဲ့

ရေဗူး မမေ့နဲ့

လည်စည်းပုဝါမမေ့နဲ့

ထီးမမေ့နဲ့

ကုတ်အင်္ကျီမမေးနဲ့"

အဲ့လူကတော့ ငါတို့အမေပါ

ကျေးဇူးတင်ပါတယ် ,အမေ❤️

여기까지 입니다.고맙습니다❤️

03/09/2022

기다릴게- စောင့်နေမယ်

မနေ့က ကျမ သူငယ်ချင်းကိုသွားတွေ့ခဲ့တယ်

ကျမရဲ့ ကစားစရာအရုပ်အသစ်လေးကို သူငယ်ချင်းကိုပြချင်လို့ပါ..

သူငယ်ချင်းနဲ့ ကစားချင်ခဲ့ပေမဲ့ သူငယ်ချင်းက‌တော့ နေမကောင်းဖြစ်နေခဲ့တယ်...🥹

ဒါကြောင့် ကျမက သူငယ်ချင်း ပြန်သက်သာလာတဲ့ထိ ‌စောင့်နေမှာပါ..

အရမ်းအကြာကြီး နေမကောင်းမဖြစ်နဲ့
တွေ့ချင်နေပြီ...

ဘာကိုလုပ်ရမလဲဆိုတာ သိပြီ

ကျမ‌ကတော့ သူငယ်ချင်းဆီကို ဆုတောင်းကဒ်လေး ရေးမှာပါ

"ကျိန်းသေပေါက် မြန်မြန် သက်သာလာပါတော့ ,ငါနင့်ကို စောင့်နေမယ်🥹❤️"

끝까지 시청해주셔서 감사합니다❤️

03/09/2022

부탁이 있어요-အကူအညီတောင်းစရာရှိပါတယ်

ဘဲလေး ကတော့ လမ်းကူးချင်ခဲ့ပေမဲ့ ကြောက်နေခဲ့ပါတယ်..

မိန်းကလေးတစ်ယောက် အနားကိုကပ်လာခဲ့တယ်...

ဘဲလေးကပြောခဲ့တယ် "အကူအညီတောင်းစရာရှိပါတယ်"

မိန်းကလေးကမေးခဲ့တယ် "ဘာကူညီပေးရမလဲ?"

ဘဲလေးကပြောခဲ့ပါတယ် "ကျတော့ကို လမ်းတစ်ဖက်ကိုခေါ်သွားပေးနိုင်မလား?"

မိန်းကလေးကပြောခဲ့တယ် "သေချာတာပေါ့ ငါကူညီပေးပါ့မယ်"

မီးပွိုင့်က အစိမ်းရောင်ကို ပြောင်းသွားခဲ့တယ်

မိန်းကလေးနဲ့ဘဲလေးကတော့ လမ်းတစ်ဖက်ကို အတူ ကူးသွားခဲ့တယ်

ဘဲလေးကတော့ မိန်းကလေးကို ‌"ကျေးဇူးတင်ပါတယ်"လို့ပြောခဲ့တယ်..

다음에 봐😚💙

03/09/2022

상어 뚜 뚜루 루뚜루❤️

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon