EE Phyo

EE Phyo

Share

日本語を一緒に勉強しましょう!

06/06/2022

ဂျပန်မှာ PR ဘယ်လိုလျှောက်ကြမလဲ

ဂျပန်နိုင်ငံမှာ နိုင်ငံခြားသားတွေ တရားဝင်နေထိုင်ဖို့ ဗီဇာအမျိုးအစား အမျိုးမျိုရှိပါတယ်။
ဗီဇာတိုင်း၊ ဗီဇာတိုင်းဟာ သက်တမ်းမကုန်ခင် ဂျပန်နိုင်ငံမှာဆက်လက်နေထိုင်နိုင်ဖို့ သက်တမ်းထပ်တိုးကြရပါတယ်။

永住権(eijyūken)လို့ခေါ်တဲ့ အမြဲတမ်းနေထိုင်ခွင့် ရရှိထားတဲ့လူတွေကတော့ ဗီဇာသက်တမ်းထပ်တိုးဖို့မလိုအပ်ဘဲ ဂျပန်နိုင်ငံမှာ တောက်လျှောက်နေထိုင်ခွင့်ရှိကြပါတယ်။

ဂျပန်နိုင်ငံမှာအမြဲတမ်းနေထိုင်ခွင့်ရထားတဲ့လူကို ဂျပန်လို 永住者(eijyūsha) လို့ခေါ်ပါတယ်။ အင်္ဂလိပ်လိုကတော့ permanent resident လိုခေါ်ပြီး မြန်မာတွေကတော့ အတိုကောက် PR လို့ခေါ်ကြပါတယ်။

ဒီတစ်ခါတော့ ဂျပန်နိုင်ငံမှာ အလုပ်ဗီဇာနဲ့ နေထိုင်နေတဲ့လူတွေ PR ဘယ်လိုလျှောက်ရမလဲဆိုတာကို အဓိကထား ရေးသားသွားပါ့မယ်။

လက်ရှိဂျပန်ဥပဒေအရဆိုလျှင်၊ အလုပ်ဗီဇာနဲ့နေထိုင်နေတဲ့လူတွေ PR လျှောက်မယ်ဆိုလျှင် အောက်ပါအချက်အလက်တွေနဲ့ပြည့်စုံဖို့လိုအပ်ပါတယ်။

၁။ ဂျပန်နိုင်ငံမှာ အနည်းဆုံး ၁၀နှစ်နဲ့အထက် နေထိုင်နေတဲ့လူဖြစ်ရပါမယ်။
၂။ အဲ့ဒီ၁၀နှစ်ထဲမှာ အနည်းဆုံး၅နှစ်နဲ့အထက်က အလုပ်ဗီဇာနဲ့ နေထိုင်နေတဲ့လူဖြစ်ရပါမယ်။
၃။ လက်ရှိအချိန်မှာ ဗီဇာသက်တမ်းဟာ ၃နှစ်(သို့)၅နှစ်ရှိရပါမယ်။
၄။ ကုမ္ပဏီမှာအလုပ်လုပ်နေပြီး၊ တနှစ်ဝင်ငွေ အနည်းဆုံး ယန်းသောင်း၃၀၀နဲ့အထက် ဝင်တဲ့လူဖြစ်ရပါမယ်။
၅။ ဝင်ငွေခွန်၊ ကျန်းမာရေးခွန်၊ ပင်ဆင်ခွန် အခွန်အကြွေးကျန် မရှိတဲ့လူဖြစ်ရပါမယ်။
၆။ ဂျပန်နိုင်ငံမှာ ရာဇဝတ်မှုကျူးလွန်ထားခြင်း၊ ဥပဒေချိုးဖေါက်ထားခြင်း မရှိရပါဘူး။
ရ။ ဂျပန်ဥပဒေအရ ထောင်ဒဏ်၊ ငွေဒဏ် ပြစ်ဒဏ်ပေးခံရခြင်း မရှိဖူးတဲ့လူဖြစ်ရပါမယ်။

အထက်ပါအချက်အလက်တွေ တစ်ခုမကျန် အားလုံးပြည့်စုံနေတဲ့လူဆိုလျှင်......
အောက်ပါစာရွက်စာတမ်းတွေပြင်ဆင်ပြီး ဂျပန်လဝကမှာ အမြဲတမ်းနေထိုင်ခွင့်(PR) လျှောက်ထားခွင့်ရှိပါတယ်။

⚫️ကုမ္ပဏီကယူရမယ့် စာရွက်စာတမ်း
၁။ အလုပ်လုပ်နေကြောင်း ထောက်ခံစာ 在職証明書(zaishokushōmeisho)

⚫️မိမိကပြင်ဆင်ရမယ့် စာရွက်စာတမ်း
၁။ ဓါတ်ပုံတစ်ပုံ(4cm×3cm)
၂။ ရပ်ကွက်နေထိုင်ကြောင်းထောက်ခံစာ 住民票(jūminhyō)
၃။ အခွန်သွင်းထားကြောင်းထောက်ခံစာ ၃နှစ်စာ 課税納税証明書 (kazeinōzeishōmeisho)
(၂၀၁၉ခုနှစ် ၇လပိုင်းမှစ၍၊ အခွန် ၅ နှစ်စာ ဖြစ်သွားပါတယ်လို့ ပြောကြပါတယ်။)
၄။ နိုင်ငံခြားသားကဒ်ပြား မူရင်း၊ မိတ္တူ 在留カード(zairyūka-do)
၅။ pass-port မူရင်း၊ မိတ္တူ
၆။ ကျန်းမာရေးကဒ်ပြား မိတ္တူ 健康保険証(kenkōhokensho)
ရ။ ပင်စင်စာအုပ် မိတ္တူ 年金手帳 (nenkintechō)
၈။ ဘဏ်ငွေလက်ကျန်စာရင်း ယန်းသောင်း၁၀၀လောက် 残高証明書 (zentakashōmeisho)
၉။ PRဖြစ်ချင်တဲ့အကြောင်းပြချက် 理由書 (riyūsho)

PRလျောက်ဖို့ ဂျပန်လူမျိုး(သို့)ဂျပန်မှာPRရထားတဲ့လူရဲ့ထောက်ခံချက်လည်းလိုအပ်ပါတယ်။
⚫️မိမိကိုထောက်ခံ့ပေးမယ့်လူ (身元保証人)mimotohoshōnin ဆီက ယူရမယ့် စာရွက်စာတမ်း
၁။ ထောက်ခံစာ 身元保証書 (mimotohoshōsho)

၂။ အလုပ်လုပ်နေကြောင်း ထောက်ခံစာ 在職証明書 (zaishokushōmeisho)
၃။ ရပ်ကွက်နေထိုင်ကြောင်းထောက်ခံစာ (住民票) jūminhyō
၄။ အခွန်သွင်းထားကြောင်းထောက်ခံစာ ၁နှစ်စာ (課税納税証明書) kazeinōzeishōmeisho

စာရွက်စာတမ်းမှန်ကန်တယ်ဆိုလျှင် ၃လကနေ၆လဆိုရင် PRကျပါပြီ။PRသွားယူလျှင် ယန်း၈၀၀၀ပေးရပါလိမ့်မယ်။

PR ရရှိပြီးလျှင် ဂျပန်နိုင်ငံမှာ ဗီဇာသက်တမ်းထပ်တိုးစရာမလိုပဲ တောက်လျှောက်နေထိုင်ခွင့်ရှိသွားပါပြီး။
ဒါပေမယ့် ဂျပန်နိုင်ငံရဲ့ 在留カード(zairyū card)လို့ခေါ်တဲ့ နိုင်ငံခြားသားကတ်ကိုတော့ ၇နှစ်မှာတစ်ခါ အသစ်လဲလှယ်ဖို့တော့လိုအပ်ပါလိမ့်မယ်။

ဂျပန်နိုင်ငံဟာ တစ်နေ့တခြား သက်ကြီးရွယ်အိုတွေများပြားလာနေတဲ့အတွက်၊ နိုင်ငံတကာက အတတ်ပညာရှင်တွေကို ဂျပန်နိုင်ငံမှာ လာရောက်နေထိုင်နိုင်အောင် point စနစ်ဖြင့် တွက်ချက်ပြီး PR လျှောက်ထားနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ဒီ point စနစ်ကြောင့် PR ရဖို့ လွယ်ကူလာမယ်လို့ မဆိုလိုနိုင်ပေမယ့်၊ ပညာတတ်တွေအတွက်တော့ PR မြန်မြန်ရရှိဖို့ အခွင့်အလမ်းတွေ ရှိလာမယ်လို့ မျှော်လင့်မိပါတယ်။

point စနစ်အကြောင်းကိုတော့ 2017 July လထုတ်တဲ့ TIME STUDY MAGAZINE Vol1 No.5 မှာ ရေးသားထားပါတယ်။ လေ့လာကြည့်ကြပါ။

လျှောက်လွှာပုံစံတွေကို ဒီအောက်က link မှာဒေါင်းနိုင်ပါတယ်။
http://www.moj.go.jp/ONLINE/IMMIGRATION/16-4.html

အမေးအဖြေ။ ။
မေး။ ။ PR ရသွားတော့ ဘာထူးခြားသွားသလဲ
ဖြေ။ ။ PR ရသွားလျှင် ဗီဇာထပ်တိုးဖို့မလိုပဲ ဂျပန်မှာတောက်လျှောက် နေထိုင်ခွင့်ရှိပါတယ်။
အလုပ်အမျိုးအစားလည်း ကိုယ်ကြိုက်သလို ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။(အလုပ်ဗီဇာနဲ့လူဟာ အချိန်ပိုင်းအလုပ် လုပ်ခွင့်မရှိပါဘူူး။ PR ရသွားလျှင် အချိန်ပိုင်းအလုပ်လဲ ပြန်လုပ်လို့လဲရပါတယ်။)
အိမ်ဝယ်တာတို့ ငွေချေးတာတို့ လုပ်ဆောင်ခွင့် ရပါမယ်။

မေး။ ။ ဂျပန်ကို အလုပ်နဲ့တိုက်ရိုက်လာပြီး ကုမ္ပဏီမှာ အလုပ်လုပ်နေတာ ၅နှစ်ရှိပါပြီး။ PR လျှောက်လို့ ရပါသလား။

ဖြေ။ ။ ဂျပန်ကို အလုပ်နဲ့တိုက်ရိုက်လာတဲ့လူတွေဆိုရင် ဂျပန်မှာ လုပ်သက်၁၀နှစ်(ဂျပန်မှာနေထိုင်တာ၁၀နှစ်)ရှိမှ လျှောက်လို့ရပါတယ်။

မေး။ ။ ဂျပန်မှာကျောင်း၆နှစ်တက်ပါတယ်။ ကျောင်းပြီးလို့ အလုပ်ဝင်တာ ၄နှစ်ရှိပါပြီ။ ဂျပန်ရောက်တာ အားလုံးပေါင်း ၁၀နှစ်ပါ။ PR လျှောက်လို့ရပါသလား။

ဖြေ။ ။ ကျောင်း၆နှစ်၊ အလုပ်၄နှစ်နဲ့ ဂျပန်ရောက်တာ ၁၀နှစ်ပြည့်ပေမယ့်၊ ဂျပန်ကုမ္ပဏီမှာ အနည်းဆုံး ၅နှစ်လုပ်မှ(ဂျပန်နိုင်ငံမှာအနည်းဆုံး၁၀နှစ်နဲ့အထက် နေထိုင်နေတဲ့လူ၊ အလုပ်ဗီဇာအနည်းဆုံး၅နှစ်ရှိတဲ့လူ) လျှောက်ခွင့်ရှိပါတယ်။ နောက်တစ်နှစ် အလုပ်ဆက်လုပ်ပြီးမှ လျှောက်ခွင့်ရှိပါလိမ့်မယ်။

မေး။ ။ ထရိန်နီဗီဇာသမားတွေ၊ တိုခုတဲဂိနိုးသမားတွေ PR လျှောက်ခွင့်ရှိသလား။
ဖြေ။ ။ ထရိန်နီသမားတွေ၊ တိုခုတဲသမားတွေ လက်ရှိမှာ လျှောက်ခွင့်မရှိပါ။

မေး။ ။ ကျန်တဲ့အချက်တွေ အားလုံးပြည့်စုံပါတယ်၊ ဒါပေမယ့် တစ်နှစ်ဝင်ငွေစုစုပေါင်းက ယန်းသောင်း၃၀၀အောက်ဖြစ်နေပါတယ်။ PR လျှောက်လို့ရပါသလား။

ဖြေ။ ။ လျှောက်လို့ရပါတယ်။ လဝကက အခြားအချက်အလက်တွေလည်းကြည့်တဲ့အတွက် လဝကက ပေးရင်ရပါလိမ့်မယ်။ ၃၀၀ကျော်ရင်တော့ ပိုသေချာပါတယ်။

မေး။ ။ ကိုယ့်ကိုထောက်ခံပေးမယ့်ဂျပန်မရှိလို့ မြန်မာလူမျိုးဆိုရင် ရလား။
ဖြေ။ ။ PRရထားတဲ့ မြန်မာလူမျိုးဆိုရင်ရပါတယ်။

မေး။ ။ အလုပ်ဗီဇာမဟုတ်ဘဲ အခြားဘယ်သူတွေ PR လျှောက်လို့ ရသလဲ။

ဖြေ။ ။ PR လျှောက်လို့ ရတဲ့လူတွေကတော့
အလုပ်ဗီဇာ၊ PR သမားရဲမှီခို(ခင်ပွန်း၊ ဇနီး၊ သားသမီး)၊ ဂျပန်လူမျိုးရဲ့မှီခို၊ နေထိုင်ခွင့်ဗီဇာ(တဲဂျူးဗီဇာ)၊ ဂျပန်နိုင်ငံအတွက်အကျိုးအမြတ်ရှိမယ်လို့ ယူဆရတဲ့လူ။ အချိန်ရှိရင် ဘယ်ဗီဇာအတွက် ဘာတွေလိုအပ်လဲဆိုတာ အသေးစိတ်ထပ်ရေးပေးပါ့မယ်။

မေး။ ။ point စနစ်သစ်(高度人材外国人)မှာ ဂျပန်ရောက်ပြီး တနှစ်တည်းနဲ့ PR ရနိုင်တယ်လို့ပြောပါတယ်။ ရနိုင်ပါသလား။

ဖြေ။ ။ ရနိုင်ပါတယ်။ သူ့ရဲ့ ပညာရေး၊ ဝင်ငွေစတဲ့ သက်မှတ်ချက်point တွေပြည့်ဖို့လိုအပ်ပါတယ်။ Vol1 No.5 မှာ ဖတ်ကြည့်ပါ။

မေး။ ။ PR ရပြီးသွားလျှင် ဘာတွေသတိထားရမလဲ။

ဖြေ။ ။ ရနှစ်မှာတစ်ခါ 在留カード အသစ်လဲဖို့လိုပါတယ်။ ၁နှစ်ထက်ကျော်ပြီး မြန်မာနိုင်ငံမှာပြန်နေမယ်ဆိုရင် လဝကမှာ ဂျပန်ပြည်ဝင်ခွင့်(再入国)ယူသွားဖို့လိုပါတယ်(လေယာဉ်ကွင်းမှာ ယူတဲ့ဟာက တစ်နှစ်ပဲ ရပါတယ်)။ ဂျပန်မှာ ပြစ်မှုမကျူးလွန်ဖို့လိုပါတယ်။

Credit to အကီ

04/06/2022

ဂျပန်နိုင်ငံအတွင်းရှိရထားလိုင်းများပြေးဆွဲလမ်းကြောင်းအသေးစိတ်

အစိုးရပိုင်နဲ့ ပုဂ္ဂလိကပိုင် (၂) မျိုးရှိရာတွင် ဂျပန်တစ်နိုင်ငံလုံးကို အဆင့်မြင့်မားသော ရထားလမ်းကွန်ရက်ဖြင့် လွှမ်းခြုံထားသည်။ ဂျပန်နိုင်ငံသို့ခရီးသွားရန်လာရောက်လည်ပတ်သောဧည့်သည်များအတွက် Japan Railway Pass (JR) နှင့်ချိတ်ဆက်ထားပြီး အထူးအဆင်ပြေစေပါသည်။

ဂျပန်နိုင်ငံ ရထားလမ်းကွန်ရက်၏ (၇၀) ရာခိုင်နှုန်းကို JR မှဦးဆောင်ခန့်ခွဲလည်ပတ်နေပြီးထားပါသည်။ ကျန်သော (၃၀) ရာခိုင်နှုန်းကို မြို့ကြီးပြကြီးများတွင် ပုဂ္ဂလိကရထားလိုင်းများမှ ပြေးဆွဲလျှက်ရှိပါသည်။

Japan Railway Group (JR Group) သည် ၁၉၈၇ခုနှစ်တွင်နိုင်ငံတော်ပိုင်မှ ပုဂ္ဂလိကသို့လွှဲပြောင်းခြင်းခံရသော ဂျပန်နိုင်ငံပိုင် (Japan National Railway - JNR) ၏နောက်ပိုင်း ဆက်ခံသူဖြစ်သည်။

JR Group သည် JR Hokkaido, JR East, JR Central, JR West, JR Shikoku and JR Kyushu (၆) ခုသော နယ်မြေခရီးသွားများကုမ္ပဏီဖြင့်ဖွဲ့စည်းထားကာ ဂျပန်တစ်နိုင်ငံလုံး ကုန်စည်စီးဆင်းမှုအတွက် JR Freight မှ ကုန်စည်သီးသန့်တင်ပို့ပြေးဆွဲပေးနေပါသည်။

ပုဂ္ဂလိကရထားလိုင်းများ

ဂျပန်နိုင်ငံတွင်း ပုဂ္ဂလိကရထားလိုင်းများစွာရှိပါတယ်။ တစ်လိုင်းထဲပြေးဆွဲထားမျိုးရှိသလို ကျယ်ပြန့်တဲ့ ကွန်ရက်နဲ့ ပြေးဆွဲနေတာမျိုးလည်းရှိပါတယ်။ အဓိကရထားလိုင်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

東武(တိုးဘုလိုင်း)၊ မှန်းခြေ ၄၆၀ ကီလိုမီတာ
တိုကျိုရဲ့မြောက်ပိုင်းနယ်မြေတွေနဲ့ မြို့ပြင်ဆင်ခြေဖုံးတွေကိုပြေးဆွဲပါတယ်။
ခရီးသွားစိတ်ဝင်စားနေရာ - Nikko နဲ့ Kawagoe ရှိပါတယ်။

小田急(အိုဒကျူးလိုင်း)၊ မှန်းခြေ ၁၂၀ ကီလိုမီတာ
တိုကျိုမြို့လယ်ခေါင်မှ အနောက်ဘက် တိုကျိုနှင့် Kanagawa ခရိုင်သို့ လိုင်း (၃) လိုင်းပြေးပါတယ်။
ခရီးသွားစိတ်ဝင်စားနေရာ - Hakone ရှိပါတယ်။

東急 (တိုးကျူးလိုင်း)၊ မှန်းခြေ ၁၀၀ ကီလိုမီတာ
တိုကျိုမြို့တောင်ပိုင်းတွင်အဓိကရထားလိုင်း (၂) လိုင်းနှင့် များစွာသောတိုတောင်းသည့် ရထားလိုင်းကိုပြေးဆွဲပါသည်။
ခရီးသွားစိတ်ဝင်စားရာနေရာ - Yokohama ရှိပါတယ်။

京成 (ခဲဆဲလိုင်း)၊ မှန်းခြေ ၁၀၀ ကီလိုမီတာ
တိုကျိုမှ ချိဘခရိုင်သို့ အဓိကရထားလိုင်းတစ်ခုနှင့် များစွာသောရထားလိုင်းခွဲများပြေးဆွဲသည်။
ခရီးသွားစိတ်ဝင်စားရာနေရာ - Narita လေဆိပ် ရှိပါတယ်။

西武 (ဆဲဘုလိုင်း)၊ မှန်းခြေ ၁၈၀ ကီလိုမီတာ
တိုကျိုမြို့လယ်ခေါင်အနောက်ဖက်ဆင်ခြေဖုံးနေရာများသို့ ပြေးဆွဲသည်။
ခရီးသွားစိတ်ဝင်စားရာနေရာ - Chichibu နှင့် Kawagoe ရှိပါတယ်။

京急 (ခဲကျူးလိုင်း)၊ မှန်းခြေ ၉၀ ကီလိုမီတာ
Yokohama နှင့် တောင်ပိုင်း Kanagawa ကိုပြေးဆွဲပါတယ်။
ခရီးသွားစိတ်ဝင်စားရာနေရာ - Haneda လေဆိပ်နှင့် Yokohama

京王 (ခဲအိုးလိုင်း)၊ မှန်းခြေ ၈၀ ကီလိုမီတာ
တိုကျိုမြို့လယ်ခေါင်၏ အနောက်ဖက်ရထားကွန်ရက်ကို ပြေးဆွဲသည်။
ခရီးသွားစိတ်ဝင်စားရာနေရာ - Takao တောင်ရှိပါတယ်။

(နာဂိုယာ)
名鉄 (မဲတဲ့စုလိုင်း)၊ မှန်းခြေ ၄၅၀ ကီလိုမီတာ
နာဂိုယာ အနီးတဝိုက်တွင် ကြီးမားသော ရထားကွန်ရက်ကို ပြေးဆွဲသည်။
ခရီးသွားစိတ်ဝင်စားရာနေရာ - Inuyama မြို့နှင့် Chubu Centrair နိုင်ငံတကာလေဆိပ်ရှိပါတယ်။

近鉄 (ကင်းတဲ့စုလိုင်း)၊ မှန်းခြေ ၅၀၀ ကီလိုမီတာ
JR မဟုတ်သော ကုမ္ပဏီများနှင့် အကြီးဆုံးကွန်ရက်ကို အိုဆာကာ၊ ကျိုတို၊ နာရ၊ အိဆဲ့၊ နာဂိုယာတို့မှာ ပြေးဆွဲပါသည်။
ခရီးသွားစိတ်ဝင်စားရာနေရာ - မဖေါ်ပြထား။

南海 (နန်းကိုင်း)၊ မှန်းခြေ ၁၇၀ ကီလိုမီတာ
အိုဆာကာတောင်ပိုင်းနှင့် ဝါကာယမ ခရိုင်တွင်ပြေးဆွဲသည်။
ခရီးသွားစိတ်ဝင်စားရာနေရာ - Kansai လေဆိပ်နှင့် Koya တောင် ရှိပါတယ်။

阪急 (ဟန်းကျူး)၊ မှန်းခြေ ၁၅၀ ကီလိုမီတာ
ဟန်းကျူးသည် အိုဆာကာမြောက်ပိုင်းလမ်းများစွာကို ပြေးဆွဲပြီး အိုဆာကာနှင့် ခိုဘဲ့၊ ကျိုတိုကို ချိတ်ဆက်ထားသည်။
ခရီးသွားစိတ်ဝင်စားရာနေရာ - မဖေါ်ပြထား

京阪 (ခဲဟန်း)၊ မှန်းခြေ ၉၀ ကီလိုမီတာ
အိုဆာကာနှင့် ကျိုတိုကို ချိတ်ဆက်သော အဓိကလိုင်း (၁) လိုင်းနှင့် များစွာသောလိုင်းတိုများကို ပြေးဆွဲသည်။
ခရီးသွားစိတ်ဝင်စားရာနေရာ - မဖေါ်ပြထား

阪神 (ဟန်းရှင်း)၊ မှန်းခြေ ၅၀ ကီလိုမီတာ
အိုဆာကာနှင့် ခိုဘဲ့ကို ချိတ်ဆက်ထားသောအဓိကလိုင်းနှင့် လိုင်းတိုအခွဲများပြေးဆွဲပါသည်။
ခရီးသွားစိတ်ဝင်စားရာနေရာ - မဖေါ်ပြထား

西鉄 (နိရှိတဲ့စု)၊ မှန်းခြေ ၁၂၀ ကီလိုမီတာ
ဖုခုအိုကာ မြို့တွင်းနှင့် မြို့အနီးတဝိုက်နယ်မြေများကို ပြေးဆွဲသည်။
ခရီးသွားစိတ်ဝင်စားရာနေရာ - Dazaifu ရှိပါတယ်။

Credit to ခရေဘာသာပြန်
Photo credit

Japan Student Services Organization 26/05/2022

EJU ဆိုတာ ဘာလဲ??

EJU ဆိုတာ ဘာလဲဆိုတာကို လေ့လာကြည့်ကြရအောင်။

EJU ဆိုတာ Examination for Japanese University Admission for International Students ရဲ့အတိုကောက်ပါ။
ဂျပန်လို 日本留学試験(nihonryūgakushiken) လို့ခေါ်ပါတယ်။
မြန်မာလို ဘာသာပြန်လျှင် ဂျပန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ လို့ အဓိပ္ပါယ်ရပါတယ်။

နိုင်ငံခြားသားတွေ ဂျပန်တက္ကသိုလ်မှာ ဝင်ရောက်ပညာသင်ကြားနိုင်ဖို့က ပုံမှန်အားဖြင့် JLPTကဲ့သိုသော ဂျပန်စာအောင်လက်မှတ် (သို့) EJU စာမေးပွဲရဲ့အမှတ်လိုအပ်ပါတယ်။

ဒီနေရာမှာ JLPT အကြောင်းကို အနည်းငယ်ပြောလိုပါတယ်။
JLPT ဆိုတာ Japanese-Language Proficiency Test ရဲ့အတိုကောက်ပါ။
မြန်မာလိုပြောလျှင်တော့ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲပါ။ နိုင်ငံခြားသားတစ်ယောက်ဟာ ဂျပန်ဘာသာ ဘယ်level ရှိတယ်ဆိုတာကို စစ်ဆေးပေးတဲ့ စာမေးပွဲပါ။

2001 ခုနှစ်အထိ ဂျပန်တက္ကသိုလ်တွေမှာ ပညာသင်ကြားချင်တဲ့ နိုင်ငံခြားသားတွေဟာ JLPT အမှတ်နဲ့ တက္ကသိုလ်က လုပ်တဲ့ဝင်ခွင့်စာမေးပွဲကို အောင်မှ တက္ကသိုလ်တက်ခွင့်ရှိခဲ့ပါတယ်။
ဒီစနစ်မှာ ဂျပန်မှာ ပညာလာသင်ချင်တဲ့ နိုင်ငံခြားသားတွေအတွက် အခက်အခဲတွေရှိခဲ့ပါတယ်။ ဂျပန်တက္ကသိုလ်တက်ဖို့ ဂျပန်နိုင်ငံတွင်းက ဂျပန်စာသင်တန်းကျောင်းတွေမှာ ၁နှစ်၂နှစ် တက်ကြပြီးမှ တက္ကသိုလ်ဝင်ခွင့်တွေ ဖြေကြရပါတယ်။ မိမိနိုင်ငံကနေ ဂျပန်တက္ကသိုလ်ကို တိုက်ရိုက်ဝင်ဖို့ ခက်ခဲခဲ့ကြပါတယ်။

ဒီအခက်အခဲတွေကိုဖြေရှင်းဖို့ 2002 ခုနှစ်မှာ EJU စာမေးပွဲကို စတင်ခဲ့ပါတယ်။

EJU စာမေးပွဲရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဂျပန်နိုင်ငံက တက္ကသိုလ်မှာ ပညာသင်ကြားဖို့ အရည်အချင်း မှီမမှီ စစ်ဆေးပေးခြင်းဖြစ်ပါတယ်။

2002 ခုနှစ် နောက်ပိုင်းမှာ EJU အမှတ်ကိုကြည့်ပြီး ဂျပန်ကတက္ကသိုလ်တွေဟာ ဝင်ခွင့်ကိုဆုံးဖြတ်လာကြပါတယ်။ ဝင်ခွင့်ရလျှင် ဂျပန်မှာစာမေးပွဲထပ်ဖြေစရာမလိုပဲ ကျောင်းတိုက်ရိုက်လာတက်ခွင့် ရှိလာပါတယ်။
အဲ့ဒီအတွက်ကြောင့် EJU စာမေးပွဲကို 日本留学試験(ဂျပန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ) လို့ နာမည်ပေးထားပါတယ်။

သဘောကတော့ JLPT လို ဘာသာစကား level ကို စစ်ဆေးပေးတာ မဟုတ်ဘဲ တက္ကသိုလ်ဝင်ခွင့်အတွက် သီးသန့်ကျင်းပပေးတဲ့ စာမေးပွဲပါပဲ။

ဒီEJU စာမေးပွဲကို ဂျပန်ကျောင်းသားကူညီမှုအဖွဲ့အစည်း JASSO(Japan Student Services Organization) ကကြီးမှူးပြီး ကျင်းပပြုလုပ်ပါတယ်။

EJU စာမေးပွဲဟာ ဘာလဲဆိုတာ သိသွားပြီဆိုလျှင် EJU စာမေးပွဲမှာ ဘာတွေပါလဲဆိုတာ ဆက်လေ့လာကြည့်ကြရအောင်။

EJU စာမေးပွဲမှာ
၁). ဂျပန်ဘာသာတွဲ
(Japanese as a Foreign language)
၂). သင်္ချာဘာသာတွဲ(Math 1 or Math 2)
(Mathematics)
၃). သိပ္ပံဘာသာတွဲ (Physics,Chemistry,Bio)
(Science)
၄). ဝိဇ္ဇာဘာသာတွဲ (ပထဝီ၊ သမိုင်း၊ စီးပွါးရေး၊နိုင်ငံရေး၊ လူ့ဘောင်အဖွဲ့အစည်း)
(Japan and the World)
ဆိုပြီး ဘာသာတွဲ ၄ မျိုးရှိပါတယ်။

၁ကနေ၄ အထိရှိပေမယ့် ဘာသာရပ်အားလုံးဖြေစရာမလိုပါဘူး။
ကိုယ်တက်မယ့် တက္ကသိုလ်၊ မေဂျာကိုလိုက်ပြီး လိုအပ်မယ့် ဘာသာရပ်တွေကို ရွေးပြီးဖြေရပါတယ်။

ဥပမာ ။ ။အင်ဂျင်နီယာ ဘာသာရပ်ကို တက်ချင်တယ်ဆိုပါစို့..
၁) ဂျပန်ဘာသာဖြေရပါမယ်။
၂) သင်္ချာဘာသာရဲ့ Math 2 ကို ဖြေရပါမယ်။
၃) သိပ္ပံဘာသာ တွဲရဲ့ Physics, Chemistry ကို ဖြေရပါမယ်။

အဲ့ဒီအတွက် ကိုယ်ဘယ်ဘာသာကို ဖြေရမလဲဆိုတာ အရင်ဆုံးသိဖို့လိုအပ်ပါတယ်။ ကိုယ်တက်မယ့်ကျောင်း၊ ကိုယ်တက်မယ့်မေဂျာအတွက် ဘယ်ဘာသာတွေလိုအပ်သလဲဆိုတာ အရင်ဦးဆုံး စုံစမ်းဖို့လိုအပ်ပါတယ်။

ဒီအောက်က link တွေမှာ EJU လက်ခံတဲ့ကျောင်းတွေနဲ့ ကျောင်းဝင်ခွင့်အတွက် ဘယ်ဘာသာတွေလိုအပ်တယ်ဆိုတာကို ဝင်ရောက်ရှာဖွေနိုင်ပါတယ်။
https://www.jasso.go.jp/en/eju/examinee/use/index.html
http://www.jasso.go.jp/ryugaku/study_j/eju/examinee/use/
http://www.jpss.jp/en/
http://www.jpss.jp/ja/

ကဲ EJU စာမေးပွဲမှာ ဘာတွေပါလဲဆိုတာ သိပြီဆိုလျှင်
EJU စာမေးပွဲအကြောင်းကို အသေးစိပ်ထပ်ပြီး လေ့လာကြည့်ကြပါစို့။

EJU စာမေးပွဲဟာ တစ်နှစ်မှာနှစ်ကြိမ်(၆လပိုင်းနဲ့၁၁လပိုင်း)ရှိပါတယ်။ မြန်မာနိုင်ငံ ရန်ကုန်မှာလည်း တနှစ်ကို၂ကြိမ် ကျင်းပပါတယ်။

EJU စာမေးပွဲကို ဂျပန်ဘာသာ(သို့)အင်္ဂလိပ်ဘာသာဖြင့် မေးခွန်းပုံစံကိုရွေးပြီး ဖြေလို့ရပါတယ်။
ဂျပန်ဘာသာတွဲကတော့ ဂျပန်လိုမေး၊ ဂျပန်လိုဖြေရပါတယ်။
ကျန်တဲ့ သင်္ချာ၊ သိပ္ပံတွဲ၊ ဝိဇ္ဇာတွဲ တွေကတော့ ဂျပန်ဘာသာနဲ့ဖြေဖြေ၊ အင်္ဂလိပ်ဘာသာနဲ့ဖြေဖြေ ကြိုက်တဲ့ဘာသာနဲ့ဖြေခွင့်ရှိပါတယ်။

EJU စာမေးပွဲဟာ JLPT စာမေးပွဲလိုမျိုး အောင်တယ်၊ ကျတယ်ဆိုတာ မရှိပါဘူး။
ဘယ်ဘာသာမှာ ဘယ်နှစ်မှတ်ရတယ်ဆိုပြီး ဖေါ်ပြပေးပါတယ်။
တက္ကသိုလ်တွေကလည်း အမှတ်ကိုကြည့်ပြီး ကျောင်းလက်ခံကြပါတယ်။ အမှတ်များတဲ့လူ၊ အမှတ်ကောင်းတဲ့လူတွေ ဂျပန်ရောက်တဲ့အခါ စကော်လာယူလို့ရပါတယ်။(စကော်လာယူချင်တဲ့လူတွေ စာမေးပွဲလျှောက်လွှာဖြည့်တဲ့အခါ စကော်လာလိုချင်တဲ့အကြောင်းကို ကြိုတင်ဖြည့်ထားဖို့လိုအပ်ပါတယ်။)

EJU စာမေးပွဲရဲ့ရလဒ်ဟာ အမှတ်စာရင်းထွက်ပြီး ၂ နှစ်အတွင်းသာ အသုံးဝင်ပါတယ်။

သိပ္ပံဘာသာတွဲမှာ Physics, Chemistry,Biology သုံးဘာသာရှိပေမယ့် မိမိတက်မယ့်ကျောင်းက သတ်မှတ်ထားတဲ့ နှစ်ဘာသာ ဖြေရင်ရပါတယ်။

သင်္ချာဘာသာတွဲမှာလည်း Math 1 နဲ့ Math 2 ၂ခုရှိပေမယ့် မိမိတက်မယ့်ကျောင်းက သတ်မှတ်ထားတဲ့ တစ်ခုကို ဖြေရင်ရပါပြီ။ Math 1 က Basic Level Math 2 က Advance Level။

ပြီးတော့ EJU စာမေးပွဲမှာ သိပ္ပံဘာသာတွဲနှင့်ဝိဇ္ဇာဘာသာတွဲကိုတစ်ကြိမ်တည်းမှာ ဖြေဆိုခွင့်မရှိပါဘူး။

စာမေးပွဲဖြေဆိုပုံကတော့ JLPT လိုပါပဲ Marking Sheet System ပါ။(ဂျပန်ဘာသာတွဲမှာ စာစီစာကုံး အတိုလေး ရေးရပါတယ်။)

ဂျပန်ဘာသာတွဲ
စာမေးပွဲကြာချိန်။ ။ ၁၂၅ မိနစ်
ပေးမှတ်။ ။ ၀〜၄၀၀ မှတ်
(Reading and Listening မိနစ် ၄၀+၅၅မိနစ်)
(စာစီစာကုံး မိနစ် ၃၀)( စာစီစာကုံး ခေါင်းစဉ် ၂ခုထဲက တစ်ခုရွေး)

သင်္ချာဘာသာတွဲ
စာမေးပွဲကြာချိန်။ ။ ၈၀ မိနစ်
ပေးမှတ်။ ။ ၀〜၂၀၀ မှတ်

သိပ္ပံဘာသာတွဲ
စာမေးပွဲကြာချိန်။ ။ ၈၀ မိနစ်
ပေးမှတ်။ ။ ၀〜၂၀၀ မှတ်

ဝိဇ္ဇာဘာသာတွဲ
စာမေးပွဲကြာချိန်။ ။ ၈၀ မိနစ်
ပေးမှတ်။ ။ ၀〜၂၀၀ မှတ်

စာမေးပွဲကြေးကတော့ မြန်မာနိုင်ငံမှာဖြေဆိုလျှင် အမေရိကန်ဒေါ်လာ ၁၅ဒေါ်လာ (ဘာသာအရေအတွက်မည်မျှပင်ဖြစ်ပါစေ) ပေးရပါတယ်။
ဂျပန်နိုင်ငံမှာဖြေဆိုလျှင် တစ်ဘာသာ ကို ၇၇၀၀ယန်း၊ နှစ်ဘာသာနှင့်အထက်ဖြေဆိုလျှင် ၁၄၃၀၀ယန်း ပေးရပါတယ်။

နောက်ဆုံး အနှစ်ချုပ်ပြီးပြောရမယ်ဆိုလျှင် EJU စာမေးပွဲဟာ ဂျပန်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲပါ။
ခုနောက်ပိုင်းမှာ ကောလိပ်ကျောင်းတွေလည်း EJU ကို အသုံးပြုလာကြပါတယ်။

ဂျပန်တက္ကသိုလ်(သို့)ကောလိပ်ဝင်နိုင်ဖို့က အဓိကက လမ်း(၃)လမ်းရှိပါတယ်။
(၁). မြန်မာနိုင်ငံကနေ EJU ဖြေပြီး တိုက်ရိုက်လာတက်တဲ့လမ်း။
(၂). ဂျပန်နိုင်ငံမှာ ဂျပန်စာသင်တန်းကျောင်းတက်ပြီးမှ ဝင်ခွင့်ထပ်ဖြေ(သို့)EJUထပ်ဖြေပြီး တက်မယ့်လမ်း။
(၃). မြန်မာနိုင်ငံကနေ ဂျပန်အစိုးရ စကော်လာ(MEXT scholarship)ဖြေပြီးလာတက်တဲ့လမ်းတို့ဖြစ်ပါတယ်။

အချို့ကျောင်းတွေက EJU ကို လက်ခံကြပြီး၊ အချို့ကျောင်းတွေက JLPT တို့လို အခြား ဂျပန်စာ အောင်လက်မှတ်၊ အင်္ဂလိပ်စာရမှတ် များဖြင့်လည်း မြန်မာနိုင်ငံကနေ တိုက်ရိုက်တက်ရောက်နိုင်ပါတယ်။ မိမိတက်မယ့် တက္ကသိုလ်(သို့) ကောလိပ်အပေါ်မူတည်ပြီး ကွာပါလိမ့်မယ်။ မိမိတက်မယ့်ကျောင်းကို တိုက်ရိုက်ဆက်သွယ်စုံစမ်းကြည့်ကြပါ။

EJU နဲ့ပတ်သက်ပြီး ဒီအောက်က link တွေမှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။
အင်္ဂလိပ်လိုလေ့လာရန်။
http://www.jasso.go.jp/en/eju/about/about_a/about_eju.html
ဂျပန်လိုလေ့လာရန်။
http://www.jasso.go.jp/ryugaku/study_j/eju/about/about_a/about_eju.html

https://www.facebook.com/1380543912257737/posts/2491126364532814/?d=n

ဒါက OJEIC က ရေးထားတဲ့ EJU စာမေးပွဲ အကြောင်းလေးပါ။ လေ့လာကြည့်ပါ။

https://www.facebook.com/1380543912257737/posts/2303037100008409/?d=n

ဒါက မေးခွန်းဟောင်းလေးတွေပါ။
https://www.jasso.go.jp/sp/en/eju/examinee/pastpaper_sample/index.html


Japan Student Services Organization Japan Student Services Organization Official website

07/10/2021

Small アイエオ

အရင်က တင်ပြထားတဲ့ Katakana ဇယားအပြင် တချို့Englisgစကားလုံးအသံထွက်တွေရေးရာမှာ အဲဒီဇယားနဲ့တင်မလုံလောက်သေးပါဘူး။
ဥပမာ -
Sofa (ソファ)
Party (パーティー)
Café (カフェ)
Fork (フォーク) 
စသည့်စကားလုံးတွေအပြင် တခြားစကားလုံးတွေလဲများစွာရှိပါသေးတယ်။ အောက်ပါဇယားကိုကြည့်ပြီး မိမိဘာသာလေ့လာကြည့်ပါ။ ဒီဇယားက Katakana အတွက်ပဲသီးသန့်သုံးပါတယ်။

Photos from EE Phyo's post 06/10/2021

ကိုရိုနာကာကွယ်ဆေးနဲ့ ဂျပန်ဝင်ခွင့်နဲ့ပတ်သက်ပြီးမေးခွန်းအမျိုးမျိုး မေးနေကြတဲ့အတွက် တင်ပြလိုက်ပါတယ်။

🟢 အခု ဂျပန်ပြည်ကိုဝင်လို့ရသလား

🟣 Zairyu cardပါပြီး re entry လုပ်ထားတဲ့လူပဲဝင်ခွင့်ပြုပါတယ်။

🟢 အသစ်ဝင်မယ့်လူအတွက် ဘယ်တော့ဝင်ခွင့်ပြုမလဲ?

🟣 လက်ရှိဂျပန်ပြည်ရဲ့ကိုရိုနာအခြေအနေနဲ့ နိုင်ငံရေးအခြေအနေအရ (၁၁)လပိုင်းအတွင်း ကြေငြာချက် တစ်ခုခုထုတ်ပြန်ဖို့များတယ်လို့ယူဆရပါတယ်။

🟢 တရုတ်ကာကွယ်ဆေးထိုးထားတဲ့လူက ဝင်ခွင့်မပြုဘူးဆိုတာမျိုးရှိနိုင်လား

🟣 မရှိနိုင်ဘူး

🟢 အခု မြန်မာပြည်မှာကာကွယ်ဆေးကိုထိုးသင့်သလား

🟣 မထိုးတာထက် ထိုးထားတာကောင်းပါတယ်။
မိမိကျန်းမာရေးအတွက်ပါ။

🟢 ကာကွယ်ဆေးထိုးထားတဲ့လူပဲဦးစားပေး ဝင်ခွင့်ပြုတာမျိုးရှိနိုင်သလား

🟣 လောလောဆယ် အဲလိုမျိုးစည်းကမ်းမရှိပါဘူး။
နောက်မှာ ဘယ်လိုသတ်မှတ်မလဲဆိုတာမသိရသေးဘူး။

🟢 အခု ဂျပန်အစိုးရက အသိအမှတ်ပြုတဲ့ကာကွယ်ဆေးအမျိုးအစားကဘာလဲ?

🟣 Pfizer, AstraZeneca, Moderna (၃)မျိုးဖြစ်ပြီး တရုတ်ဆေးကိုအသိအမှတ်မပြုသေးဘူး

🟢 တရုတ်ဆေးထိုးထားတဲ့လူအနေနဲ့ ဘယ်လိုဆောင်ရွက်ရမလဲ

🟣 လေယဉ်မစီးခင် (၇၂)နာရီအတွင်း PCR ဆေးစစ်ရမယ်။

ဂျပန်လေဆိပ်ရောက်တာနဲ့ တံထွေးနဲ့ ဆေးစစ်ရပါမယ်။

Negative ဖြစ်ရင် မိမိနေထိုင်မယ့်နေရာမှာ(၁၄)ရက်ကြာ Q ဝင်ရပါမယ်။

ကာကွယ်ဆေးကိုမထိုးထားတဲ့လူလည်းပဲအတူတူပါပဲ။

🟢 Pfizer, AstraZeneca, Moderna ကာကွယ်ဆေးကိုထိုးထားရင် ဘာအကျိုးရှိသလဲ?

🟣 Q ဝင်ရမယ့်ကာလက (၁၄)ရက်မဟုတ်ပဲ (၁၀)ရက်အထိ လျှော့ပေါ့ပေးနိုင်ပါတယ်။

🌼 🌼 🌼 🌼 🌼 🌼 🌼 🌼 🌼

တရုတ်ဆေးကိုထိုးနေတာက မြန်မာပြည်တစ်ခုသာမဟုတ်ဘူး။

ဗီယက်နမ်လည်း တရုတ်ဆေးကိုထိုးနေတဲ့အတွက် ဂျပန်သွားမယ့်လူတွေက စိုးရိမ်နေကြပါတယ်။

တရုတ်ဆေးဆိုရင်ဝင်ခွင့်မပြုဘူးလားလို့

တရုတ်ဆေးကိုထိုးတာကြောင့်ဝင်ခွင့်မပြုဘူးဆိုတာ လုံးဝ (လုံးဝ) မရှိပါဘူး။

Crd to original uploader.

04/10/2021

ဂျပန်စာအခြေခံဖြစ်တဲ့ N5, N4အတွက် သင်တန်းတွေစုံစမ်းလို့ရပါတယ်။
◊ အတန်းတစ်တန်းမှာ သင်တန်းသား အများဆုံး ၅ယောက်နဲ့ပဲသင်မှာမို့ အနီးကပ်တက်ချင်သူတွေ၊ သင်တန်းမှာလူအများကြီးနဲ့မတက်ချင်တဲ့သူတွေအတွက်အဆင်ပြေပါတယ်။ Sat, Sunday ရုံးချိန်လွတ်အတွက်တွေအတွက်လဲ အချိန်ညှိ တက်လို့ရပါတယ်ရှင့်။

◊ N5အတန်းအတွက် သင်တန်းကြေး 120,000 Kyats
(N5 + Kanji + Test Books)
◊ N4 အတွက်သင်တန်းကြေး 120,000 Kyats
(N4 + Kanji + Test Books)
*** JLPT old question များနှင့်လည်းလေ့ကျင့်ပေးသွားမှာပါ။
◊ သင်တန်းကြေးနှစ်ခါ ခွဲသွင်းနိုင်ပြီး၊ AYA, KBZ, KPay ဖြင့်လည်းပေးချေနိုင်ပါတယ်(ရာခိုင်နှုန်းပေး ရန်မလိုပါ)
Microsoft Team နဲ့သင်ပေးမှာြဖစ်လို့ တခြားနယ်ကတက်ချင်သူတွေလည်းရပါတယ်။ အပြင်သင်တန်းလဲရှိပါတယ်။ စာသင်ရင်းနဲ့လဲ ဂျပန်မှာတွေ့ကြုံခဲ့တဲ့ အတွေ့ကြုံလေးတွေလည်း မျှဝေပေးသွားမှာပါ။ JLPT အောင်တဲ့အထိ အသေးစိတ်သင်ကြားပေးမှာြဖစ်ပြီး၊ အတန်းတွင်ထူးချွန်ကျောင်းသားဖြစ်ပါကလည်း နောက်အတန်းဆက်တက်လျှင် Discount တွေပေးသွားမှာြဖစ်လို့ အမြန်ဆုံးစာရင်းပေးသွင်းဖို့လိုပါတယ်နော်။

အသေးစိတ်ထက်မံသိရှိလိုသူများ page messenger (or)
09 409842778 သို့လဲဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ဘယ်သူသင်မှာလဲ ?
သင်မဲ့သူကျန်မ JLPT N2 အောင်ပြီး JLPT N1လေ့လာနေဆဲပါ။ ဂျပန်တွင် Japanese Language School တက်ခဲ့ပြီး လက်ရှိလဲ ဂျပန်ကုမ္ပဏ္ဏီမှာလုပ်ကိုင်နေပါတယ်။ ဂျပန်လောကထဲကို ခြေချခဲ့တာ ကိုးနှစ်တာရှိခဲ့ပြီးတဲ့အတွေ့အကြုံလေးတွေကို
‌ေဝမျှ သင်ကြားပေးသွားပါမယ်ရှင့်။

Photo - 静岡インターナショナル。エア。リゾート。専門学校

04/10/2021

ဒီနေ့ကတော့ Katakana group ကိုတင်ပေးပါမယ်။

03/10/2021

Hiragana group ထဲမှာပါတဲ့ နောက်ထပ်အသံထွက်တွေဖြစ်တဲ့
- youon
- dakuon
- han-dakuon
- sokuon
စတဲ့စကားလုံးလေးတွေစုစည်းထားတဲ့ ဇယားဖြစ်ပါတယ်။

03/10/2021

Hiragana & Katakana ဇယားလေးပါ။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Yangon