Sayar John

Sayar John Cantonese Language class

07/10/2023

ဘယ်အရာကိုမှ အထင်မသေးပါနဲ့

မူလီတစ်ချောင်းဟာ
လမ်းမပေါ်ကျနေရင်
အမှိုက်တစ်ခုဖြစ်နေပေမယ့်။
ဒေါ်လာသန်းချီတန်တဲ့
လေယာဉ်တစ်စီးအတွက်တော့
အရေးကြီးဆုံး အစိတ်အပိုင်း
တစ်ခုဖြစ်နေနိုင်ပါတယ်။
ခန္ဓာကိုယ်ကိုရင်းပြီး
လုပ်ကိုင်စားသောက်နေရတဲ့
မိန်းကလေးဆိုပြီး အထင်မသေးပါနဲ့။
သူ့ကို လက်ဖျားနဲ့တောင်
မထိရက်လောက်အောင်
တန်ဖိုးထားတဲ့ ယောက်ျားတစ်ယောက်တော့
ရှိနေနိုင်တာပဲလေ။
စားပွဲထိုး လုပ်နေရတဲ့
ကောင်လေးပါဆိုပြီး
အထင်မသေးလိုက်ပါနဲ့။
သူ့အတွက် ဘေးမသီ ရန်မခဖို့
ဘုရားမှာ ဆုတောင်းပေးနေတဲ့
အမေတစ်ယောက်တော့
ရှိနေနိုင်တာပဲလေ။
သူများအိမ်မှာ
အိမ်အကူလုပ်နေရတဲ့
မိန်းကလေးပါဆိုပြီး
အထင်မသေးလိုက်ပါနဲ့။
သူ့ပြန်ပို့တဲ့ လုပ်အားခနဲ့
ပညာသင်ပြီး တစ်နေ့မှာ
တိုင်းပြည်ခေါင်းဆောင်
ဖြစ်လာနိုင်တဲ့
မောင်နှမတွေ သူ့အနားမှာ
ရှိနေနိုင်တယ်လေ။
လမ်းဘေးမှာ
အမှိုက်ကောက်နေတဲ့
ယောက်ျားပါဆိုပြီး
အထင်မသေးလိုက်ပါနဲ့။
သူ အလုပ်ကပြန်လာရင်
ဝမ်းသာအားရ ပြေးဖက်ပြီး
ခရီးဦးကြိုဆိုမယ့်
ဇနီးသည်တစ်ယောက်နဲ့
သားသမီးတွေ
သူ့မှာရှိနေနိုင်တာပဲလေ။
သူဌေးတစ်ယောက်အတွက်
မန်နေဂျာ ဘုတ်အဖွဲ့တွေ ရှယ်ယာရှင်တွေပဲ
တန်ဖိုးရှိတာမဟုတ်ပါဘူး။
ကားမောင်းပေးမယ့် ဒရိုင်ဘာတွေ
တံခါးဖွင့်ပေးမယ့် လုံခြုံရေးတွေ
ဖိနပ်တိုက်ပေးမယ့်
အိမ်အကူတွေလည်း
သူဌေးတစ်ယောက်အတွက်
မရှိမဖြစ် တန်ဖိုးရှိကြပါတယ်။
မိမိတို့ အဖက်လုပ်ပြီး
စကားမပြောချင်တဲ့
အောက်ခြေသိမ်း
အလုပ်သမားတစ်ယောက်ဟာ။
သူ့မိသားစုအတွက်တော့
အားကိုးအားထားပြုရာ
ကျေးဇူးရှင်,စံပြပုဂ္ဂိုလ်တစ်ယောက်
ဖြစ်နေနိုင်တာပဲလေ။
တန်ုဖိုးဆိုတာ ကြီးကြီးသေးသေး
ပညာတတ်တတ် မတတ်တတ်
အထက်တန်းကျကျ
အောက်ခြေဖြစ်ဖြစ် သူ့နေရာနဲ့သူ။
သူတို့ကို အစဉ်မြဲချစ်ခင်
တန်ဖိုးထားသူဆိုတာ ရှိစမြဲပါ။
ဒါကြောင့် ....
ဘယ်အရာကိုပဲဖြစ်ဖြစ်
တန်ဖိုးမထားရင် နေပါ
လေးစားတတ်ဖို့တော့လိုပါတယ်။

©®....မူရင်း

မကာအိုရောက်ကျောင်းသူကျောင်းသားဟောင်းများအမှတ်တရ
01/10/2023

မကာအိုရောက်ကျောင်းသူကျောင်းသားဟောင်းများ
အမှတ်တရ

27/09/2023
အပြေးအလွှားလေးသွားယူချစ်တပည့်
27/09/2023

အပြေးအလွှားလေးသွားယူချစ်တပည့်

ကောလင်းကျလို့oမ်းသာပါတယ်
26/09/2023

ကောလင်းကျလို့oမ်းသာပါတယ်

20/09/2023
Macau
22/07/2023

Macau

သတိရ
22/07/2023

သတိရ

Address

Insein Township, Bayint Naung Road, ခ(8)street
Yangon
11012

Telephone

+959961020230

Website

Alerts

Be the first to know and let us send you an email when Sayar John posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Sayar John:

Shortcuts

Share