01/03/2024
ပညာ့ပါရမီ (၁)
Programming for Kids Program
IT ကိုစိတ်ဝင်စားတဲ့ကလေးများအတွက် Scratch Programming for Kids Program လေးကို 3rd March, 2024 မှာ ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်🏆🎖️🏆
လိုအပ်ချက်များ
- အသက် ၈ နှစ်မှ ၁၆ နှစ်အတွင်းဖြစ်ရပါမယ်
- Smartphone (သို့) Tablet (သို့) Computer ရှိရပါမယ်
- Internet ရှိရပါမယ်
- Gmail Account တစ်ခုရှိရပါမယ် 🏅🏅🥇
သင်ကြားမည့်ပုံစံ
- Scartch Website မှာjoin ပြီး တီထွင်ဖန်တီးနိုင်ရန် Scartch Account တစ်ခုဖွင့်လှစ်ပြီးတာနှင့်တပြိုင်နက်(IT)အခြေခံသဘောတရားများကိုကိုယ်ပိုင်စိတ်ကူးစိတ်သန်းများဖြင့်တီထွင်ဖန်တီးနိုင်ရန်သင်ကြားပြသပေးသွားပါမယ်✈️✈️✈️
ZOOM Application + Google Classroom ဖြင့်သင်ကြားပို့ချပေးသွားပါမယ်
📣📣📣
စိတ်ဝင်စားသူများအောက်ပါ Registration Link မှစာရင်းပေးသွင်းနိုင်ကြပါပြီရှင့်📢📢📢
Registration Link
https://docs.google.com/forms/d/1Jfq2WGfEQAf4QNHPlnf6fq-QOyMFL40OpkeXhkEIJt4/edit
Email
💌 💌 💌 chawkalyarhtay@ gmail.com
Duration - 6 weeks (12 Periods)
Time - Wednesday 6:00 PM - 7:30 PM
Sunday 6:00 PM - 7:30 PM
Fees - Free
Starting Date - 3rd March, 2024
Ending Date - 10th April, 2024
P.S : သင်တန်းပြီးဆုံးကြောင်း E. Certificate ပို့ပေးပါမည်🏆🏆🏆
01/03/2024
ပညာ့ပါရမီ (၁)
Programming for Kids Program
IT ကိုစိတ်ဝင်စားတဲ့ကလေးများအတွက် Scratch Programming for Kids Program လေးကို 3rd March, 2024 မှာ ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်🏆🎖️🏆
လိုအပ်ချက်များ
- အသက် ၈ နှစ်မှ ၁၆ နှစ်အတွင်းဖြစ်ရပါမယ်
- Smartphone (သို့) Tablet (သို့) Computer ရှိရပါမယ်
- Internet ရှိရပါမယ်
- Gmail Account တစ်ခုရှိရပါမယ် 🏅🏅🥇
သင်ကြားမည့်ပုံစံ
- Scartch Website မှာjoin ပြီး တီထွင်ဖန်တီးနိုင်ရန် Scartch Account တစ်ခုဖွင့်လှစ်ပြီးတာနှင့်တပြိုင်နက်(IT)အခြေခံသဘောတရားများကိုကိုယ်ပိုင်စိတ်ကူးစိတ်သန်းများဖြင့်တီထွင်ဖန်တီးနိုင်ရန်သင်ကြားပြသပေးသွားပါမယ်✈️✈️✈️
ZOOM Application + Google Classroom ဖြင့်သင်ကြားပို့ချပေးသွားပါမယ်
📣📣📣
စိတ်ဝင်စားသူများအောက်ပါ Registration Link မှစာရင်းပေးသွင်းနိုင်ကြပါပြီရှင့်📢📢📢
Registration Link
https://docs.google.com/forms/d/1Jfq2WGfEQAf4QNHPlnf6fq-QOyMFL40OpkeXhkEIJt4/edit
Email
💌 💌 💌 chawkalyarhtay@ gmail.com
Duration - 6 weeks (12 Periods)
Time - Wednesday 6:00 PM - 7:30 PM
Sunday 6:00 PM - 7:30 PM
Fees - Free
Starting Date - 3rd March, 2024
Ending Date - 10th April, 2024
P.S : သင်တန်းပြီးဆုံးကြောင်း E. Certificate ပို့ပေးပါမည်🏆🏆🏆
Scratch Programming for Kids Program Application form
Scratch Programming Beginner Course, Student Registration Form Start Date - 3rd March, 2024 End Date - 10th April, 2024 Time - 6:00 PM to 7:30 PM Fee - Free
12/04/2022
For My Children
Educational Consultant
04/07/2021
ကျောင်းသား/သူ များအတွက် Google သုံးနည်း လမ်းညွှန်
ပြည်တွင်းရှိ ကျောင်းသား/သူ များအတွက် Google သည် မရှိမဖြစ် အရာတစ်ခုဟုသာ အဓိပ္ပာယ် ဖွင့်ဆိုရမည် ဖြစ်သည်။ သို့သော်လည်း ကျောင်းသားအများစုက မည်သို့အသုံးပြုရမည်ကို သေချာစွာ သိရှိခြင်း မရှိသေးပေ။
မိမိရှာဖွေလိုသည့် အကြောင်းအရာ၊ အချက်အလက်များကို တိကျစွာရှာဖွေခြင်း၊ သိမ်းဆည်းမှတ်တမ်းတင်ခြင်းတို့ကို သေချာစွာ မသိရှိခြင်းကြောင့် အချိန်ကုန်၊ လူပင်ပန်း၊ ငွေကုန်ကြေးကျ များရသည့် အဖြစ်မျိုးနှင့်လည်း ကြုံနေရသည်။
ယင်းကဲ့သို့ အခြေအနေများရှိသည့် အတွက် ပြည်တွင်းရှိ ကျောင်းသားတိုင်းအတွက် Google အသုံးပြုနည်း လမ်းညွှန်အနေနှင့် အချက်အလက်များ ရှာဖွေခြင်း၊ သိမ်းဆည်းမှတ်တမ်းတင်ခြင်းတို့ အတွက် နည်းလမ်းများကို စုစည်းဖော်ပြပေးအပ်ပါသည်။
Google Web Search (Tips and Tricks)
၁။ စာအုပ်တစ်အုပ်ကို pdf file format နှင့် ရှာဖွေလိုပါက filetype:pdf ဟု ထည့်သွင်းရေးသားပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ ။ ။ electronics filetype:PDF
၂။ အချို့စကားလုံးများကို မိမိရှာဖွေသည့် အဖြေရလဒ်အတွင်း ထည့်သွင်းမဖော်ပြစေလိုပါက " - " ( အနုတ်လက္ခဏာ) ခံပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ restaurant -japan (Japan စားသောက်ဆိုင်မရှာရန် လုပ်ဆောင်ခြင်း ဖြစ်သည်။)
၃။ တစ်မျိုးမဟုတ်တစ်မျိုး တစ်ခုခုကို ရှာဖွေမှုရလဒ်မှာ ထည့်သွင်းဖော်ပြစေလိုပါက ‘OR’ ခံပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ Drone OR UAV
၎။ Google တွင် အင်္ဂလိပ်ဘာသာမှ အင်္ဂလိပ်ဘာသာ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ရှာဖွေလိုပါက ‘Define’ ကို အသုံးပြုနိုင်မည် ဖြစ်သည်။
ဥပမာ။ define Drone
၅။ ကိုယ်ရှာဖွေလိုတဲ့ အကြောင်းအရာရဲ့ စာလုံးပေါင်းကို မသိဘူးဆိုရင် "*" ကို အသုံးပြုပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ electroni*s
၆။ ရှာဖွေမှုရလဒ်မှာ ကိုယ်ရှာချင်တာကို ရေးထားတဲ့အတိုင်း အတိအကျရှာဖွေဖို့အတွက် ဆိုရင်တော့ " " ကို အသုံးပြုပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ "I am student"
၇။ Google မှာ Graph ရေးဆွဲလိုပါက ကိုယ်ရေးဆွဲမည့် Graph ၏ ညီမျှခြင်းကို ရိုက်ထည့်ပြီး လုပ်ဆောင်နိုင်မှာ ဖြစ်သည်။
ဥပမာ။ y=x^2+6x+9
၈။ Website တစ်ခုကနေ မိမိရှာဖွေလိုတာကို Google အသုံးပြုပြီး ရှာဖွေဖို့ဆိုရင် site:easy devboards.com Bluetooth ဟု ရိုက်ထည့်ပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
၉။ အင်တာနက် ဆက်သွယ်မှု မရှိစဉ် ယခင်ရှာဖွေထားသည့် ရှိပြီး Cache များကို ပြန်လည်ကြည့်ရှုလိုပါက cache: ကို ခံပြီးရှာဖွေနိုင်မည် ဖြစ်ပါသည်။
ဥပမာ။ cache:easydevboards.com
Advanced Google Web Search
ရှာဖွေခြင်းနှင့် ပတ်သက်သည့် အချက်အလက်များ နောက်ထပ်မံပြီး Webpage များတွင် ရှာဖွေခြင်းနှင့် ပတ်သက်သည့် အချက်အလက်များကို သိရှိထားရန် လိုအပ်ပေသည်။
• စကားလုံးတိုင်းသည် ရှာဖွေမှုတိုင်းတွင် အရေးပါသည်ကို သတိပြုပါ။ who, the who, a who သုံးမျိုးကို ရှာဖွေကြည့်ပါက ရှာဖွေမှုရလဒ် မတူညီသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။
• အကြောင်းအရာများကို ရှာဖွေရာတွင် စကားလုံး ရှေ့နောက်အထားအသိုသည်လည်း မှန်ကန်ရန် လိုအပ်ပါသည်။ ဥပမာအားဖြင့် blue sky, sky blue အထားအသို နှစ်ခုအပေါ်တွင် ရှာဖွေမှုရလဒ် မတူညီသည်ကို တွေ့မြင်နိုင်မည် ဖြစ်သည်။
• မိမိရှာဖွေလိုသည့် စကားလုံးများကို စာလုံးအကြီးဖြင့်ဖြစ်စေ၊ စာလုံးအသေးဖြင့်ဖြစ်စေ ရေးသားနိုင်ပါသည်။ ရလဒ်ကွဲပြားမှု မရှိနိုင်ပါ။
•comma (,) ကဲ့သို့သော စာလုံးများကို မည်သို့ပင် ထည့်သွင်းစေကာမူ အရေးမကြီးလှပေ။
• သို့သော် အချို့သော C #, C++, Google+ စသည်ဖြင့် Programming language အမည်များ နောက်တွင် တွဲလျက်ပါသည့် # သို့မဟုတ် + စသည်တို့မှာ အရေးပါသည်ကို သတိပြုရန် လိုအပ်ပေသည်။
ရံဖန်ရံခါ မိမိရှာဖွေသည့် အချက်အလက်များကို မတွေ့ဘဲ လည်နေခြင်းမျိုး ကြုံလာပါက Keyword လွဲမှားခြင်းကြောင့် ဖြစ်နိုင်ပါသည်။ Keyword ကို ပြောင်းလဲရှာဖွေ ကြည့်နိုင်ပါသည်။
ရှာဖွေမှုရလဒ်များ
တစ်စုံတစ်ခုကို ရှာဖွေမည်ဆိုပါက ကြော်ငြာများကိုလည်း ရလဒ်များတွင် ထည့်သွင်းဖော်ပြထားသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ အဓိက မိမိရှာဖွေသည့် ရလဒ်အဖြေကိုသာ တိုက်ရိုက်ဖတ်ရှုဖို့ လိုအပ်မည် ဖြစ်ပါသည်။ Search Bar ၏ အောက်ဘက်ရှိ Filter တွင် Web, image, maps, shopping စသည်ဖြင့် မိမိလိုအပ်သည့်အရာကို ရွေးချယ်နိုင်ပါသည်။ ပုံများကိုသာ ရှာဖွေလိုပါက image ကို ရွေးချယ်နိုင်ပါသည်။
ရှာဖွေသည့် စကားလုံးကလည်း အတိအကျရှိမည်၊ Google ဘက်ကလည်း ရလဒ်ရှိမည် ဆိုပါက Knowledge အနေနှင့် ဘေးဘက်တွင် သီးခြားပြသထားခြင်းမျိုးလည်း ရှိပါသည်။ အထူးသဖြင့် နေရာများကို ရှာဖွေရာတွင် သီးခြားပြသမှုများကို မြင်တွေ့ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။
Advanced Searching
Advanced Searching ကို နည်းလမ်းနှစ်မျိုးဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။
၁။ Advanced Search page
ဒီနေရာမှာ ပုံတွေကို ရှာဖွေဖို့ လိုအပ်တယ် ဆိုရင်တော့ https://www.google.com/advanced_image_search တွင် ရှာဖွေနိုင်မည် ဖြစ်ပြီး၊ Website တွေကို ရှာဖွေဖို့ လိုအပ်တယ် ဆိုရင်တော့ https://www.google.com/advanced_search တွင် ရှာဖွေနိုင်မည် ဖြစ်ပါသည်။
၂။ ဒုတိယ နည်းလမ်းတစ်ခု အနေနှင့် Operator များကို အသုံးပြုပြီးလည်း ရှာဖွေနိုင်မည် ဖြစ်ပါသည်။ Operator List များကို https://support.google.com/websearch/answer/2466433 ဤလင့်ခ်တွင် ကြည့်ရှုနိုင်မည် ဖြစ်ပြီး Operator များ အကြောင်းကို အထက်တွင် Tips and Tricks အနေနှင့် ဖော်ပြပြီး ဖြစ်ပါသည်။
စာအုပ်များ ရှာဖွေခြင်း
မိမိဖတ်ရှုလိုတဲ့ စာအုပ်တွေကို ရှာဖွေမည် ဆိုပါက Google Book မှတစ်ဆင့် ရှာဖွေပါက အဆင်ပြေနိုင်မည် ဖြစ်ပါသည်။ ယင်းအပြင် Google Book တွင် စာအုပ်တစ်အုပ်လုံးကို မဟုတ်သော်လည်း အချို့အစိတ်အပိုင်းများကို နမူနာဖတ်ရှုခွင့် ပေးထားသည့်အတွက် စာအုပ်ရှာဖွေ ဒေါင်းလုပ်ရယူမည့်သူများ အတွက် အထူးပင် အဆင်ပြေစေနိုင်မည် ဖြစ်ပါသည်။
https://books.google.com/ တွင် စာအုပ်များကို ရှာဖွေနိုင်မည် ဖြစ်ပါသည်။
နမူနာအနေနှင့် Wireless Communication နှင့် ပတ်သက်သည့် စာအုပ်စာတန်းများ ရှာဖွေလိုပါက အထက်ပါလင့်ခ်တွင် Wireless Communication ဟု ရိုက်ထည့်ပြီး ရှာဖွေပါက စာအုပ်စာတမ်းများ ကျလာမည် ဖြစ်သည်။ ယင်းစာအုပ်များ၏ လင့်ခ်တွင် "https://books.google.com/books?isbn=_______" ဟု ဖော်ပြထားမည် ဖြစ်သည်။
ယင်းကွက်လပ်နေရာတွင် ဂဏန်းများပါရှိမည် ဖြစ်ပြီး ယင်းနံပါတ်များသည် အပြည်ပြည်ဆိုင်ရာသုံး စာအုပ်နံပါတ် (ISBN) ဖြစ်သည်။
အကယ်၍ မိတ်ဆွေ၊ သူငယ်ချင်းများက စာအုပ်တစ်အုပ်ကို ညွှန်းပါက ISBN ကို ကွက်လပ်နေရာမှာ ရိုက်ထည့်ပြီး အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်ပါသည်။
ISBNနံပါတ်တွေကို စာအုပ်တွေရဲ့ ရှေ့ဆုံးစာ မျက်နှာမှာလည်း တွေ့မြင်နိုင်မည် ဖြစ်ပါသည်။
စာအုပ်များကို ဖတ်ရှုပြီးပါကလည်း စာအုပ်ကို မိမိ Library တွင် သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။ Google Account လိုအပ်မည် ဖြစ်သော်လည်း ကျောင်းသားအများစုက gmail အသုံးပြုတာကြောင့် Google Account ရှိပြီး ဖြစ်ပေလိမ့်မည်။
Library အတွင်း သိမ်းဆည်းထားခြင်းဖြင့် မိမိဖတ်ရှုပြီး စာအုပ်များကို မှတ်သားထားနိုင်ပြီး ဖတ်ရှုရန် လိုအပ်သည့် စာအုပ်များကိုလည်း အလွယ်တကူ ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။
အထက်ပါအချက်များကို Google မှာ လေ့လာရှာဖွေမည့် ကျောင်းသားများအတွက် အထောက်အကူဖြစ်ရန်အတွက် ဖော်ပြခြင်းဖြစ်ပြီး ဆက်လက်လေ့လာရန် Google Scholar, အွန်လိုင်းသင်ခန်းစာများ ရွေးချယ်တက်ရောက်ခြင်းနှင့် ပရိုဂရမ် Error များကို ဖြေရှင်းရန် အချက်အလက်ရယူခြင်း စသည် တို့ ကျန်ရှိပါသေး
သည်။
of technology
04/07/2021
ကျောင်းသားတိုင်းရှိသင့်သည့် 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 (10) မျိုးအကြောင်း👀 by harrirtemma
(1) 𝐆𝐨𝐨𝐠𝐥𝐞 𝐓𝐫𝐚𝐧𝐬𝐥𝐚𝐭𝐞
Google translate မှာ ဘာသာစကား အမျိုးအစုံပါဝင်ပါတယ် Facebook မှာ ကိုယ်မသိတဲ့
စာကြောင်းပဲ့ဖြစ်ဖြစ် အခြား ဘာသာစကားနဲ့ရေးထားတဲ့ Caption ပဲ့ဖြစ်ဖြစ် အတန်းအတွက်လိုအပ်လို့ပဲ့ဖြစ်ဖြစ် အလွယ်တကူရှာကြည့်နိုင်ပါတယ်ရှင့် အိမ်ရှင်မတွေလည်း ပစ္စည်းတွေဝယ်တဲ့အခါ အခြားဘာသာစကားနဲ့ရေးထားရင် ဓာတ်ပုံရိုက်ပြီးတော့ ကြည့်နိုင်ပါသေးတယ်.....🥳🥳
(2) 𝐆𝐨𝐨𝐠𝐥𝐞 𝐃𝐨𝐜𝐬
Google docs ကတော့ တကယ်ကိုအသုံးဝင်ပါတယ် presentationအတွက်ရေးထားတဲ့စာတွေကို Highlight အရောင်စုံလေးတွေနဲ့ ဒါမှမဟုတ် စာလုံးတွေကိုလည်း လိုအပ်သလို အကြီးအသေးနဲ့ မှတ်ထားနိုင်ပါတယ်ရှင့်
(3) 𝐅𝐨𝐫𝐞𝐬𝐭
Forest app က အချိန်မှတ်တာပါ စက်ဝိုင်းပုံလေးမှာ ကိုယ်စာကျက်မယ့်အချိန်ကို (ကိုယ်ကျက်နိုင်သလောက် 15min or 30 min )လိုအပ်သလိုမှတ်ထားနိုင်ပါတယ် Forest app ရဲ့ထူးခြားချက်ကတော့ စာကျက်မယ့်အချိန်ကိုမှတ်ထားပြီးတော့ ဖုန်းမှာအခြားဟာတွေလုပ်နေလို့မရပါဘူး noti ချက်ချင်းဝင်လာပြီးတော့ အချိန်မှတ်ထားတာ ရပ်သွားပါတယ် ပြီးတော့ သင့်ရဲ့ဒီနေ့အတွက်စာအပေါ်အာရုံစူးစိုက်မှုက ဘယ်လောက်လဲဆိုတာ ပြပါတယ်..(ကိုယ်ကDictionary ရှာမယ်ဆိုရင်တော့ မသုံးဖို့ အကြံပြုပါရစေ noti တက်လို့စိတ်ရှုပ်တဲ့အခါ စာမကျက်ချင်ဖြစ်မှာစိုးလို့ပါ ဒါပေမယ့် dictionaryမရှာတဲ့အခါဆိုရင်တော့ ဒါလေးသုံးပါနော့် )
(4) 𝐒𝐭𝐮𝐝𝐲 𝐁𝐮𝐧𝐧𝐲🐰
ဒါကြောင့်အခြား appလေးတစ်ခုကို အသုံးပြုဖို့ အကြံပြုပါရစေနော့် ဒါလေးက နာမည်လေးအတိုင်း ချစ်စရာအကောင်လေးပါ ပါတယ် အကောင်လေးကိုလည်း ကိုယ်ကြိုက်တဲ့နာမည်ပေးလို့ရပါတယ် ကိုယ်ကစာတအားကျက်လို့ အမှတ်တွေတိုးတဲ့အခါ အကောင်လေးကို အစာကျွေးလို့လည်းရပါတယ် အကျီလေးတွေဆင်ပေးလို့လည်းရပါတယ်နော့် 😍😍
(5) 𝐒𝐭𝐮𝐝𝐲 𝐌𝐮𝐬𝐢𝐜🎼
စာကျက်ပြီးသွားတဲ့အခါ study music ထဲဝင်ပြီးအပန်းဖြေကြည့်ပါနော့် တကယ့်ကို perfectပါပဲ့ .....🎧
(6) 𝐏𝐡𝐨𝐭𝐨𝐦𝐚𝐭𝐡
ကိုယ့်ရဲ့မေဂျာက Math ဆိုရင်တော့ ဒီappလေးကအရမ်းအသုံးဝင်လိမ့်မယ်လို့ ပြောပါရစေရှင့်
ကိုယ်ဖြေရှင်းလို့မရတဲ့ပုစ္ဆာတွေကိုအလွယ်တကူရှာလို့ရပါတယ်နော့် ပြီးတော့ Scanဖတ်ပြီးတော့လည်းရှာလို့ရပါတယ်ရှင့်
(7) 𝐒𝐜𝐡𝐨𝐨𝐥 𝐏𝐥𝐚𝐧𝐧𝐞𝐫
School planner ကတော့ အချိန်ဇယားလေးပါ
တစ်နည်းအားဖြင့်လုံးဝကိုပြီးပြည့်စုံတဲ့app လေးပေါ့ Classတွေကို အရောင်စုံမှတ်ထားလို့ရပါတယ် သင်မယ့် ဆရာမတွေရဲ့ နာမည်လေးတွေ Emailလေးတွေကိုပါ တစ်ဆက်တည်း မှတ်ထားလို့ရနိုင်ပါတယ်ရှင့်
(8) 𝐏𝐚𝐥𝐮
Palu ကတော့ Calendarပါ ကိုယ့်ပုံလေးတွေ ထည့်ပြီးတော့လည်း မှတ်လို့ရပါတယ် အရမ်းကိုမိုက်ပါတယ် သုံးကြည့်ပါနော့်
(9) 𝐅𝐢𝐧𝐝 𝐦𝐲 𝐟𝐫𝐢𝐞𝐧𝐝𝐬
ကိုယ့်သူငယ်ချင်းတွေဘယ်ကိုရောက်နေလဲ
အရမ်းကိုဆိုးရွားတဲ့ခေတ်အခြေအနေမှာ သင်တန်းတက်လို့နောက်ကျနေတာပဲ့ဖြစ်ဖြစ် ဘယ်နေရာရောက်နေလဲသိနိုင်ဖို့ ရှိသင့်ပါတယ်မိသားစုတွေမှာလည်းရှိသင့်ပါတယ်ရှင့်
(10) 𝐃𝐚𝐢𝐥𝐲 𝐖𝐨𝐫𝐤𝐨𝐮𝐭 𝐅𝐫𝐞𝐞
ကဲ နောက်ဆုံး appလေးကတော့ စာကျက်ပြီးလို့ထိုင်ရတာအကြာကြီးဖြစ်နေတဲ့အခါ လေ့ကျင့်ခန်းလုပ်ဖို့ပါ Video လေးတွေနဲ့ သေချာပြထားတာမလို့ လိုက်လုပ်ကြည့်ပါနော့်....😘
သူငယ်ချင်းတို့လည်းအသုံးပြုပြီးရင် Feedbackလေးတွေပြန်ပေးကြပါ။❤
𝚈𝚘𝚞 𝚌𝚊𝚗 𝚊𝚕𝚜𝚘 𝚛𝚎𝚊𝚍 𝚒𝚝 𝚘𝚗 𝚖𝚢 𝚋𝚕𝚘𝚐
𝚠𝚒𝚝𝚑 𝚞𝚗𝚒𝚌𝚘𝚍𝚎 & 𝚣𝚊𝚠𝚐𝚢𝚒
http://harietemma.blogspot.com/2020/07/application10.html
's
16/06/2021
ICT vs CS
အင်ဂျင်နီယာလိုင်း သွားမယ်ဆို ICT ပဲယူ၊ Computer Science မယူနဲ့လို့ ဘယ်သူက သတင်းအမှား ပေးလိုက်လဲမသိဘူး။ သုံးဦးရှိပြီ အဲ့လို လာလာပြောတာ။
IGCSE မှာ သင်ရတဲ့ Computer Science ဆိုတာ Computational Thinking နဲ့ Problem Solving ကို ဦးစားပေးရေးဆွဲထားတာပါ။ အင်ဂျင်နီယာလိုင်းမှာ တိုက်ရိုက်အနေနဲ့ MATLAB programming လေ့လာလို့ရသလို၊ သွယ်ဝိုက်အနေနဲ့လည်း ဘယ်လိုလေ့လာမှုမျိုးမှာမဆို အသုံးချလို့ ရပါတယ်။
ICT မှာ Word processing (Word), Data analysis (Excel), Database Management (Access), Presentation (PowerPoint), Image Editing (Photoshop) နဲ့ Web authoring (HTML & CSS) တို့လို Software အသုံးပြုပုံတွေကို ဝေဖန်ပိုင်းခြားနိုင်စွမ်းနဲ့ ပေါင်းစပ် လေ့လာရပါတယ်။
Computer Science မှာတော့ ကွန်ပြူတာတစ်လုံးကို အတွင်းပိုင်းကျကျ နှိုက်လေ့လာရပါတယ်။ ကားအင်ဂျင်နှိုက်သလိုပေါ့။ နောက် ပြဿနာဖြေရှင်းမယ့် ယုတ္တိတွေကို ပုံဆွဲပြီး ချဉ်းကပ်မှုကို လေ့လာရပါတယ်။ Flowchart လို့ ခေါ်ပါတယ်။ ပြီးရင် ကိုယ်နှစ်သက်ရာ Programming language တစ်ခုခုနဲ့ လက်တွေ့ ရေးသား အဖြေရှာကြည့်ရပါတယ်။ ကျွန်တော်တို့ကတော့ Python, JavaScript နဲ့ သင်ပေးပါတယ်။
ဆိုတော့ ... သင်္ချာယုတ္တိစဉ်းစားတဲ့ဉာဏ်ကောင်းရင် Computer Science ယူလည်း အခက်အခဲမရှိနိုင်ပါဘူး။ ဆရာဝန်လိုင်း သွားမှာမို့ CS ယူစရာမလိုဘူးလို့ ဘယ်ပညာရှိက ဟောပြောနေလဲဆိုတာ မသိပါဘူး။ ဒီအရွယ်တွေ သင်ယူရတဲ့ သင်ရိုးဟာ သတောတရား မိတ်ဆက်လောက်သာ ရှိပါတယ်။
ဒါကြောင့် သင်္ချာယုတ္တိစဉ်းစားတဲ့ဉာဏ် ကောင်းရင် CS ယူချင်ရင် ယူပါ။ ကောင်းကောင်း မကောင်းကောင်း ICT ကိုတော့ လိုက်နိုင်ပါလိမ့်မယ်။ ဒါတောင် သင်္ချာဉာဏ်သိပ်အားနည်းရင် ဉာဏ်ကွန့်ပြီးဖြေရတဲ့ မေးခွန်းတွေမှာ စိန်ခေါ်မှု ရှိနိုင်ပါသေးတယ်။
မေတ္တာဖြင့်
ဆရာရော်ဘင်
ဇွန် ၁၆၊ ၂၀၂၁။
04/01/2021
❓Hello Digital World မိတ်ဖက်များအတွက် Laptop.တစ်လုံးဝယ်မယ်ဆိုရင်သိထားသင့်တဲ့အချက်များကိုတင်ပြပါရစေ.3>>မူရင်းLink >>
Laptop ဝယ်တော့မယ်ဆို သိထားရမယ့် အချက်များ - Myanmar End User
Laptop PC တစ်လုံး ဝယ်တော့မယ်ဆို Laptop ဆိုတာ PC တစ်လုံးပဲ ဖြစ်ပါတယ်။ ဒီလိုပြောလို့ ရှုပ်သွားသလား?? PC ဆိုတာ Personal Computer ကို အတို.....
03/01/2021
❓Hello Digital World Knowledge Sharing မှအခြေခံ ဆရာ/ဆရာမများအတွက်နောက်ထပ်website လေးတစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပါရစေ😊😊😊❗2>>
C4CLearningAcademy မှ ကိုစည်သူဝေ sharing လုပ်ပေးတဲ့ အခြေခံပညာရေးအတွက်Simulation Website ဖြစ်ပါတယ် 😍😍😍simulation and game ဆိုတာယနေ့ခေတ်Digital Native ကျောင်းသားတွေကို rote learning ရော face to face Learningနှစ်မျိုးလုံးနဲ့စာသင်ကြားတဲ့အခါထည့်သွင်းသင့်တဲ့ teaching methodologyတစ်ခုဘဲဖြစ်ပါတယ်ရှင်🌞🌞🌞
📍📍📍Maths နဲ့ Science ဘာသာရပ်တွေမှာ lecture method ကိုပဲ သုံးမယ်ဆိုရင် ကျောင်းသားတွေက သင်ခန်းစာကို မမြင်သာ တဲ့ အပြင် မမှတ်မိလွယ်ပါဘူး၊ ဒီလိုအခြေအနေ မျိုးမှာ ဆရာ/ဆရာမတွေက လက်တွေ့လုပ်ငန်းနဲ့ သရုပ်ပြ သင်ကြားမယ်ဆိုပြန်တော့လည်း ကျောင်းတော်တော်များမှာ သိပ္ပံ ပစ္စည်းတွေ မလုံလောက်ကြပြန်ဘူး။ ဆရာ/ ဆရာမတွေသာ internet ကို အသုံးပြုပြီး Simulationနဲ့ ပြမယ်ဆိုရင် တချို့သော Science သင်ခန်းစာတွေမှာ ပါးစပ်နဲ့ ဘာသာပြန်ပြတာထက် အချိန်ကုန် လူပင်ပန်းသက်သာပြီး Effective Teaching ဖြစ်မှာ သေချာပါတယ်။ ဒါကြောင့်မို့ PhET simulation Website လေးအကြောင်း ထပ်ဆင့် Sharing လုပ်ပေးလိုက်ပါရစေ။
💠Website Name - PhET ပါ 🏬University of Colorado မှ ပြုလုပ်ပေးထားတာပါ (တချို့ ဆရာ/ဆရာများလည်း သိမှာပါ)
💠Google မှာ PhET လို့ရိုက်ရှာလိုက်ရင် ပထမဆုံးကျလာတဲ့ website ထဲကို အရင်ဝင်ရပါမယ်
💠Register လုပ်ရင်လည်း ရပါတယ်/ မလုပ်ရင်လည်း websiteရဲ့ Interactive Simulations လေးတွေကို အသုံးပြုလို့ရပါတယ်
💠 ဘာသာရပ်တွေက - Maths, Physics, Chemistry, Biology, Earth Science ဆိုပြီး ၅ ခုရှိပါတယ်
💠ဆရာ/ဆရာမတို့ သင်ပြတဲ့ ဘာသာရပ်တွေနဲ့ ပတ်သတ်ပြီး ဝင်ကြည့်ပြီး တစ်ခုချင်းစီကို Try ကြည့်နိုင်ပါတယ်
ဥပမာ -
🔺Chemistry မှာဆိုရင်
🔹Acid-based Solution
🔹Balancing Chemical Equations
🔹Build an atom/molecule
🔹Concentration
🔹pH Indicator အစရှိသဖြင့်
🔺Physics မှာဆိုရင်လည်း
🔹Black body radiation
🔹Density
🔹Coulomb's Law အစရှိသဖြင့် လက်တွေ့ ပြုလုပ်နေသကဲ့သို့ ကလေးများကို သင်ကြားပေးနိုင်မှာပါ😍
(ကျောင်းတွေမှာ Projector သာရှိမယ်/ ကအ ကလည်း အသုံးပြုခွင့်ပေးမယ်ဆိုရင် တကယ်ကို ကောင်းမွန်တဲ့ လက်တွေ့သင်ကြား/သင်ယူမှု ဝန်းကျင်ကို ဖန်တီးပေးနိုင်မှာပါ)
www.phet.colorado.edu
03/01/2021
❓Hello Digital World....🌞❗
1>>>>www.nearpod.com ဆိုတဲ့ websiteလေးကိုအခြေခံပညာရေးအတွက်မိတ်ဆက်ပေးချင်ပါတယ်...အားလုံးသောChemistry, Physics, Mathematicsဆရာ၊ဆရာမများအသုံးပြုနိုင်ပါတယ်နော်..Thank you!!!
Nearpod: Make every lesson interactive
Explore Nearpod's award-winning K-12 interactive lessons, videos, and formative assessments. Built for distance learning, hybrid, and school-based settings.