06/04/2023
How to install a Apache in Azure Cloud?
Hi အားလုံးပဲ ပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုအလှည့်ကျတာတာ့ ကျွန်တော်ရေးနေတဲ့ Cloud Computing ဖြစ်ပါတယ်အဲ့အတွက်ကြောင့် ဒီတစ်ခါမှာတော့ ကျွန်တော်နဲ့အတူတူ Labs လေးလိုက်လုပ် ကြည့်ကြရအောင်ဗျာ။ ဘာလုပ်ကြမလဲဆိုရင် Cloud Service Provider တစ်ခုဖြစ်တဲ့ Azure Cloud ပေါ်မှာ ကျွန်တော်တို့ Virtual Machine တစ်ခု Create လုပ်ပြီးတော့ Web Service ဖြစ်တဲ့ Apache လေး Install လုပ်ပြီးတော့ အဲ့ Server ကိုကျွန်တော်တို့စက်ကနေ လှမ်းခေါ်ကြည့်ရအောင်ဗျာ။ဒါဆိုရင် ကျွန်တော်တို့ Lab လေးစလုပ်ဖို့အတွက် ဘာတွေလိုအပ်လဲဆိုရင် Azure Cloud Account တစ်ခုလိုအပ်ပါတယ်။အဲ့တော့ Azure Account ကိုဘယ်လို Open မလဲဆိုရင် နိုင်ငံခြားကဖုန်းနံပါတ်တစ်လုံးရှိတာနဲ့ ဖွင့်လို့ရပါတယ်။ကျွန်တော်တို့ Local ကဖုန်းတွေနဲ့တော့ ဖွင့်လို့မရပါဘူး။နောက်တစ်ခုရှိသေးတာက Microsoft ဘက်နေ ကျောင်းသားဖြစ်တယ်ဆိုတာလျှောက်ထားရုံနဲ့ Azure Account မှာ တစ်နှစ်အတွင်း $100 Free သုံးခွင့်ကိုရရှိမှာပဲ ဖြစ်ပါတယ်။လျှောက်ချင်တယ်ဆိုရင်တော့ အောက်က Link မှာလျှောက်လို့ရပါတယ်။
https://azure.microsoft.com/en-us/free/students/
အဲ့တော့ကျွန်တော်တို့လိုအပ်တဲ့ Azure Account လည်းရပြီဆိုရင် အရင်ဆုံး Azure portal ဖြစ်တဲ့
(https://portal.azure.com)
ကိုသွားပြီးတော့ ကိုဖွင့်ထားတဲ့ Azure Account ကို login ဝင်လိုက်ပါ။ပြီးရင် ကျွန်တော်တို့ လိုအပ်တဲ့ Virtual Machine တစ်ခုကို Create လုပ်မှာ ဖြစ်တဲ့အတွက်ကြောင့် Create a resource group ကိုဝင်လိုက်ပါ။ဘာလို့လဲဆိုတော့ Azure Cloud မှာ Resource တွေကို Group တွေအလိုက် Manage လုပ်တာဖြစ်တဲ့အတွက်ကြောင့် အရင်ဆုံး Resource Group ကိုလုပ်ခိုင်းတာပဲ ဖြစ်ပါတယ်။Resource Group Create လုပ်ပြီးပြီဆိုရင် ကျွန်တော်တို့လိုချင်တဲ့ Virtual Machine ကို Create လုပ်လို့ရပါပြီ။တစ်ခုသတိထား ရမှာက ကျွန်တော်တို့ Create လုပ်ထားတဲ့ Resource Group ထဲမှာထည့်ဖို့ပဲ ဖြစ်ပါတယ်။VM create လုပ်ဖို့အတွက် လိုအပ်တာတွေထက်ဖြည့်ရပါမယ်။VM Name, Region, Availability options, Operation System, Size , Authentication method and Network Setting သတိထားရမှာက Disk ရွေးတဲ့အချိန်မှာ Management Disk and Unmanagement Disk ကိုသေချာလေး သတိထားပြီးတော့ ကိုလိုအပ်တာကိုရွေးချယ် ဖို့ပါပဲ။ Networking ကို Configure လုပ်မယ်ဆိုရင် IP address, Network Security Group and Virtual Network တွေလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။ဒါတွေအားလုံးရွေးချယ်ပြီးတော့ Configure လုပ်ပြီးပြီးဆိုရင် Review and Create ကိုနှိပ်ပြီးတော့ ကျွန်တော်တို့ရွေးချယ်ထားတာမှန်လားမှားလားစစ်ပြီးတာနဲ့ မှန်တယ်ဆိုရင် VM ကိုစပြီးတော့ Create စလုပ်ပါပြီ။VM create လုပ်လို့ပြီးပြီဆိုရင် ကျွန်တော်တို့ရွေးချယ်ခဲ့တဲ့ Authentication Method မှာဘာရွေးချယ်ခဲ့လဲအပေါ်မူတည်ပြီးတော့ ကျွန်တော်တို့ Create လုပ်ထားတဲ့ VM ကို Login ဝင်နိုင်မှာပဲ ဖြစ်ပါတယ်။ကျွန်တော်ကတော့ Ubuntu 20.04 LTS ကိုရွေးချယ်ပြီးတော့ Authentication Method ကိုတော့ ကျွန်တော်က Password Method ကိုရွေးချယ်ခဲ့တဲ့အတွက် ကျွန်တော်က MobaXtem ကနေပဲ Public IP ကိုထည့်မယ်ပြီးရင် Host ကိုလှမ်းခေါ်ပြီးတော့ Login ဝင်လိုက်ပါမယ်။ဒါဆိုရင် Server ထဲကိုရောက်သွားပါပြီ။ ကျွန်တော်တို့ Server ကို Package Update ဖြစ်အောင် ဒီ Commend ကိုရိုက်လိုက်ပါတယ်။ “sudo apt-get update” ဒါကတော့ Package တွေကို Update လုပ်တာပဲ ဖြစ်ပါတယ်။နောက်တစ်ဆင့်အနေနဲ့ Apache ကို Install လုပ်ရမှာပဲ ဖြစ်ပါတယ်။Apache ကို Install လုပ်ဖို့အတွက် “sudo apt install apache2”နဲ့ Install လုပ်လိုက်ပါတယ်။ပြီးရင် Apache Service အလုပ်လုပ်မလုပ်ကို “sudo systemctl status apache2”နဲ့ကြည့်လို့ရပါတယ်။အဲ့မှာ Service က Active ဖြစ်နေတယ်ဆိုရင် Service ကအလုပ်လုပ်နေပါပြီ။နောက်တစ်ခုအနေနဲ့ VM Firewall မှာ Web Service သုံးမှာ ဖြစ်တဲ့အတွက်ကြောင့် Port 80 and 443 ကိုဖွင့်ပေးရပါမယ်။ဒါမှပဲ ကျွန်တော်တို့ Apache web server ကို Browser ကနေခေါ်လို့ရမှာပဲ ဖြစ်ပါတယ်။အဲ့တော့ Browser မှာ VM ရဲ့ Public IP ကိုရိုက်ထည့်လိုက်တယ်ဆိုရင် Apache Page ကျလာမှာပဲ ဖြစ်ပါတယ်။ဒါဆိုရင်တော့ ကျွန်တော်တို့ Cloud Server ပေါ်မှာ Apache Web Server တင်တာ အောင်မြင်သွားပါပြီ။နောက်နေ့တွေမှာ ကျွန်တော်နဲ့အတူတူ Cloud နဲ့ပတ်သက်တဲ့ Labs တွေနဲ့အတူတူ ပြန်လာခဲ့ပါမယ်ဗျာ။
Try Together
Learn Together
Strong Together 💪