20/04/2026
🔔 Learn Basic English Grammar easily at your Fingertip အစီအစဥ်ကနေ ကြိုဆိုပါတယ်။
📚8 Parts of Speech ထဲက Verb (ကြိယာ) ကိုအလွယ်တကူ နားလည်အောင် လေ့လာကြည့်
ကြမယ်။
👨🏫 Verb ဆိုတာ ဘာလဲ?
👉 Verb (ကြိယာ) ဆိုတာက လူ၊ တိရစ္ဆာန်၊ အရာဝတ္ထု တစ်ခုခုရဲ့
✔️ လုပ်ဆောင်မှု (Action)
✔️ အခြေအနေ (State / Being) ကို ဖော်ပြတဲ့ စကားလုံးပါ။
🌟 1. Action Verbs (လုပ်ဆောင်မှုကို ပြတဲ့ Verb)
👉 “ဘာလုပ်နေလဲ?” ဆိုတဲ့ မေးခွန်းကို ဖြေပေးနိုင်တယ်။
📌 ဥပမာ
run (ပြေးသည်) 🏃♂️
eat (စားသည်) 🍚
play (ကစားသည်) ⚽
read (ဖတ်သည်) 📖
sing (သီချင်းဆိုသည်) 🎤
📌 Sentence
1. The boy fast.
2. She a book.
3. They football.
🌟 2. State Verbs (အခြေအနေကို ပြတဲ့ Verb)
👉 “ဘယ်လို ဖြစ်နေသလဲ?” ကို ပြတယ်။
📌 အရေးကြီးဆုံး Verb များ
am / is / are (ဖြစ်သည်)
was / were (ဖြစ်ခဲ့သည်)
📌 ဥပမာ
1. She happy. 😊
2. I tired. 😴
3. They students. 🎒
👉 အခြား State Verbs
like (ကြိုက်သည်) ❤️
know (သိသည်) 🤷♀️
love (ချစ်သည်) 💖
📌 Sentence
1. I pizza. 🍕
2. He the answer.
🌟 3. Helping Verbs (ကူညီတဲ့ Verb)
👉 အဓိက Verb (Main Verb) ကို ကူညီပေးတဲ့ Verb တွေပါ။
📌 ဥပမာ
🔹 is, am, are
🔹 do, does
🔹 have, has
📌 Sentence
1. She eating rice. 🍚
2. They playing football. ⚽
👉 ဒီမှာ “is / are” = helping verb
“eating / playing” = main verb
🌟 4. Verb Form (Verb ပုံစံများ)
Verb တွေက အချိန် (Tense) ပေါ်မူတည်ပြီး ပြောင်းတတ်တယ်
📌 ဥပမာ (eat)
Present – eat / eats
Past – ate
Future – will eat
📌 Sentence
1. I eat rice. (present)
2.I ate rice. (past)
3. I will eat rice. (future)
💡 Verb ကို ဘယ်လို ရှာမလဲ?
Sentence ထဲမှာ 👇
👉 “ဘာလုပ်နေလဲ?”
👉 “ဘယ်လို ဖြစ်နေသလဲ?” ဆိုပြီး မေးကြည့်ပါ။
📌 ဥပမာ
The cat sleeps on the mat. 🐱
👉 ဘာလုပ်နေလဲ? → sleeps ✔️
She is beautiful.
👉 ဘယ်လို ဖြစ်နေသလဲ? → is ✔️
🎯 လေ့ကျင့်ခန်း
ဒီ sentence တွေထဲက Verb ကို ရှာကြည့်ပါ👇
1.The bird flies in the sky. 🐦
2.I am reading a book. 📖
3. They have finished homework. ✏️
✨ အရေးကြီးဆုံး မှတ်ချက်
👉 Verb က sentence တစ်ခုရဲ့❤️
"အသည်းနှလုံး” ပါ။
👉 Verb မရှိရင် အဓိပ္ပါယ် မပြည့်စုံဘူး။
💬 ကလေးတို့ ကိုယ်တိုင် sentence လေးတွေ ရေးပြီး
👉 Verb ကို ရှာကြည့်။
👉 Action လား? State လား? ခွဲကြည့်ပါ။ လေ့ကျင့်သလို ပိုပြီး တော်လာမယ်နော်။💪😊
👩🏫
15/04/2026
🔔 Learn Basic English Grammar easily at your Fingertip အစီအစဥ်ကနေ ကြိုဆိုပါတယ်။
🌟 Common and Proper Nouns ရှင်းပြထားတာ လေ့လာပြီးရင်တော့ Worksheet Exercise လုပ်ကြည့်ကြရအောင်။🌟
✍️ အဖြေကို Comment Box or ကိုယ့်ရဲ့ exercise book ထဲ ဖြေကြည့်လို့ရပါတယ်။
🌟 Common and Proper Nouns Worksheet 📋
🟡 Part 1: Circle the Proper Nouns
🖍️ Circle the words that need a capital letter!
1. My friend lisa lives in california.
2 We went to disneyland last summer.
3. mr. smith is our teacher.
4 I have a dog named buddy.
5. We celebrate christmas in December.
🟣 Part 2: Common or Proper?
✏️ Write Common or Proper
school → _______________
Texas → _______________
boy → _______________
Amazon River → _______________
teacher → _______________
Monday → _______________
🔴 Part 3: Fix the Sentences
🔧 Rewrite with correct CAPITAL letters!
i went to paris last year.
👉 __________________________________________
my teacher is miss johnson.
👉 __________________________________________
we visited the grand canyon.
👉 __________________________________________
🟢 Part 4: Make Your Own!
✏️ Write your own examples:
⭐ Common nouns:
1. _________________
2. _________________
🌟 Proper nouns:
1. ________________
2. ________________
👩🏫
14/04/2026
🔔 Learn Basic English Grammar easily at your Fingertip အစီအစဥ်ကနေ ကြိုဆိုပါတယ်။
✳️ 8 Parts of Speech ကို အကြမ်းဖျင်း လေ့လာပြီးပြီဆိုရင် အောက်မှာပေးထားတဲ့ Exercises တွေ ကို Comment မှာ ဖြေကြည့်ကြပါအုံး။ 🍀
📘 Parts of Speech Worksheet (For Kids)
🟢 Part 1: Identify the Parts of Speech ✅
Write the correct part of speech for each underlined word.
1. The cat is sleeping. → __________
2. She is very happy. → __________
3. They ran fast. → __________
4. Wow! That’s amazing! → __________
5. He sat on the chair. → __________
🔵 Part 2: Fill in the Blanks ✅
Fill in each blank with the correct type of word.
1. (Noun) I have a pet ________.
2. (Verb) She ________ to school every day.
3. (Adjective) The ________ flower is pretty.
4. (Adverb) He runs ________.
5. (Pronoun) ________ is my best friend.
🟡 Part 3: Choose the Correct Word ✅
1. (slow / slowly) The turtle moves ________.
2. (And / Under) I have a pen ________ a pencil.
3. (Happy / Happily) She sang ________.
4. (Wow / Dog) ________! That was cool!
5. (He / Blue) ________ is playing football.
👩🏫
13/04/2026
🔔 Learn Basic English Grammar easily at your Fingertip အစီအစဥ်ကနေ ကြိုဆိုပါတယ်။
✳️ 8 Parts of Speech ထဲက Noun (နာမ်) ကို ဆက်လေ့လာကြည့်ရအောင်။
📚 Noun (နာမ်) ကို Common Noun
(အများဆိုင်နာမ်) နဲ့ Proper Noun (တစ်ဦးဆိုင်နာမ်) ဆိုပြီး ထပ်ခွဲလို့ရပါတယ်။
🕹️ဘယ်လိုခွဲမလဲ? 🤔
👦👩 ကလေးတွေ နားလည်လွယ်အောင် လွယ်လွယ်ကူကူရှင်းပြမယ်နော် 👇
🔹 Noun (နာမ်) ဆိုတာက👉 လူ၊ နေရာ၊ ပစ္စည်း၊ တိရစ္ဆာန်တွေကို ခေါ်တဲ့ စကားလုံးတွေပါ။
ဥပမာ -
👦 boy (ကောင်လေး)
🐶 dog (ခွေး)
🏫 school (ကျောင်း)
🔸 Common Noun (အများဆိုင်နာမ်)👉 အမျိုးအစားတူအရာတွေကို အထွေထွေခေါ်တဲ့နာမ်ပါ။
📌 ဥပမာ
boy (ကောင်လေးတစ်ယောက်)
city (မြို့တစ်မြို့)
cat (ကြောင်တစ်ကောင်)
➡️ ဘယ်သူလဲ၊ ဘယ်မြို့လဲ မသတ်မှတ်ထားဘူး
🔹 Proper Noun (တစ်ဦးဆိုင်နာမ်)👉 တိတိကျကျ နာမည်ပေးထားတဲ့အရာတွေကို ခေါ်တဲ့နာမ်ပါ။
📌 ဥပမာ
Mg Mg (မောင်မောင်)
Yangon (ရန်ကုန်မြို့)
cat (ကြောင်နာမည်)
➡️ တစ်ယောက်တည်း၊ တစ်နေရာတည်းကို သတ်မှတ်ထားတယ်
✨ ကလေးတွေ မှတ်မိလွယ်အောင် Tip လေး
👉 Common Noun = အများကြီးထဲက တစ်ခု
👉 Proper Noun = တိတိကျကျ နာမည်ရှိတဲ့ တစ်ခု
💡 နောက်ထပ် ဥပမာ
girl ➡️ Common Noun
Su Su ➡️ Proper Noun
country ➡️ Common Noun
Myanmar ➡️ Proper Noun
📌 မှတ်သားပါ👉 Proper Noun တွေကို အမြဲ Capital Letter (စာလုံးကြီး) နဲ့ စတင်ရေးရမယ်နော် ✍️
👩🏫 ကလေးတွေကို လွယ်လွယ်နဲ့ သင်ပေးနိုင်ဖို့ Share လုပ်ထားလိုက်ပါ ❤️
11/04/2026
🔔 Learn Basic English Grammar easily at your Fingertip အစီအစဥ်ကနေ ကြိုဆိုပါတယ်။
👦👩 သားသားမီးမီးတို့ အင်္ဂလိပ်စာလေ့လာတဲ့အခါ အခြေခံအကျဆုံးဖြစ်တဲ့ Parts of Speech (၈) မျိုးကို မှတ်ရလွယ်အောင် ပုံပြင်လေးလို ပြောပြပေးပါမယ်။ 📝✨
🕹️ ကလေးတို့အတွက် Parts of Speech (၈) ကောင် အကြောင်းကို ဒီလိုလေး မှတ်ကြည့်ရအောင် -
🌟 ၁။ Noun (နာမ်) - "နာမည်ပေးသူ" ပါ။
✅ လူ၊ တိရစ္ဆာန်၊ နေရာနဲ့ ပစ္စည်းတွေရဲ့ နာမည်မှန်သမျှဟာ Noun ပါပဲ။
ဥပမာ - Mya Mya (မြမြ)၊ Cat (ကြောင်)၊ School (ကျောင်း)၊ Apple (ပန်းသီး)
🌟 ၂။ Pronoun (နာမ်စား) - "ကိုယ်စားလှယ်" ပါ။
✅ နာမည်တွေကို ခဏခဏ မခေါ်ချင်တဲ့အခါ သူတို့ကို အစားထိုးပြီး သုံးတာပါ။
ဥပမာ - I (ကျွန်တော်/မ)၊ You (မင်း)၊ He (သူ)၊ She (သူမ)၊ It (၎င်း)
🌟 ၃။ Verb (ကြိယာ) - "လှုပ်ရှားသူ" ပါ
✅ တစ်ခုခုလုပ်နေတာ ဒါမှမဟုတ် ဖြစ်နေတာကို ပြပါတယ်။ သူ မပါရင် စာကြောင်းက အသက်မဝင်ဘူးနော်။
ဥပမာ - Eat (စားသည်)၊ Run (ပြေးသည်)၊ Sleep (အိပ်သည်)၊ Is/Am/Are (ရှိသည်/ဖြစ်သည်)
🌟 ၄။ Adjective (နာမဝိသေသန) - "အလှပြင်သူ" ပါ။
✅ Noun တွေကို ပိုပြီး ပေါ်လွင်အောင် အလှဆင်ပေးတာပါ။ ဘယ်လိုပုံစံလဲဆိုတာ ပြောပြပါတယ်။
ဥပမာ - Beautiful (လှသော)၊ Big (ကြီးသော)၊ Red (အနီရောင်)
🌟 ၅။ Adverb (ကြိယာဝိသေသန) - "အရှိန်မြှင့်သူ" ပါ။
✅ အလုပ်တစ်ခုကို ဘယ်လိုလုပ်သလဲ၊ ဘယ်အချိန်မှာ လုပ်သလဲဆိုတာကို အသေးစိတ် ထပ်ပြောပေးတာပါ။
ဥပမာ - Slowly (နှေးကွေးစွာ)၊ Quickly (လျင်မြန်စွာ)၊ Happily (ပျော်ရွှင်စွာ)
🌟 ၆။ Preposition (ဝိဘတ်) - "လမ်းညွှန်သူ" ပါ။
✅ ပစ္စည်းလေးတွေ ဘယ်မှာရှိလဲ၊ ဘယ်အချိန်လဲဆိုတာ နေရာပြပေးတာပါ။
ဥပမာ - In (ထဲမှာ)၊ On (ပေါ်မှာ)၊ Under (အောက်မှာ)
🌟 ၇။ Conjunction (သမ္ဗန္ဓ) - "ပေါင်းကူးတံတား" ပါ။
✅ စကားလုံးလေးတွေ ဒါမှမဟုတ် စာကြောင်းလေးတွေကို တစ်ခုနဲ့တစ်ခု ဆက်ပေးတာပါ။
ဥပမာ - And (နှင့်)၊ But (ဒါပေမဲ့)၊ Or (သို့မဟုတ်)
🌟 ၈။ Interjection (အာမေဍိတ်) - "အံ့သြသူ" ပါ။
✅ ဝမ်းသာတာ၊ အံ့သြတာ၊ နာကျင်တာတွေကို အာမေဍိတ်သံလေးတွေနဲ့ ပြတာပါ။
ဥပမာ - Wow! (ဝါး)၊ Oh! (အို)၊ Ouch! (အားလားလား) 😁
💡 Parent's Tip:
ကလေးတွေကို ဒါကို အလွတ်ကျက်ခိုင်းမယ့်အစား "မင်းရဲ့အရုပ်လေးက Noun လား Verb လား" ဆိုတာမျိုး ဂိမ်းလေးတွေဆော့ရင်း သင်ပေးကြည့်ပါဦးနော်။
10/04/2026
🔔 Learn Basic English Grammar easily at your Fingertip အစီအစဥ်ကနေ ကြိုဆိုပါတယ်။
🅰️ Grammar ဆိုတာက 📘
ဘာသာစကားတစ်ခုကို မှန်မှန်ကန်ကန် ပြောဆို ရေးသားနိုင်ဖို့ စည်းကမ်းများ ကို ဆိုလိုတာဖြစ်ပါတယ်။
လွယ်လွယ်ပြောရရင် 👇
👉 Grammar = စကားလုံးတွေကို မှန်ကန်တဲ့ပုံစံနဲ့ စီစဉ်ပြီး အဓိပ္ပါယ်ရှိအောင် ပြော/ဆို/ ရေးသားနိုင်တဲ့ နည်းလမ်း
ဥပမာ 👇
❌ I eat yesterday. (မှား)
✅ I ate yesterday. (မှန်)
🔠 ဒီလို tense (အချိန်), sentence structure (စာကြောင်းတည်ဆောက်ပုံ), parts of speech တွေမှန်ကန်စေဖို့ Grammar က ကူညီပေးပါတယ်။
💡 အတိုချုပ်ပြောရရင်
Grammar က 👉 ဘာသာစကားကို စနစ်တကျ အသုံးပြုနိုင်ဖို့ အခြေခံစည်းမျဉ်းတွေ ဖြစ်ပါတယ်။
🅱️ ကလေးတွေ အတွက်ဆိုရင်
👉 Grammar ကို “language rules” လို့ နားလည်အောင် သင်ပေးရင် အလွယ်တကူ သိလာနိုင်ပါတယ် 😊
✳️ ဒါကြောင့် ကလေးတွေအတွက် Grammar ကို အခြေခံကနေ စနစ်တကျ နားလည်စေဖို့ ကနေ ပုံမှန်လေး သင်ပြပေးသွားမှာမလို့ အတူတူလေ့လာကြည့်ကြရအောင်။
26/10/2025
📝 Writing Prompts 📝
🦋 What if your pet could talk? Or you found a secret door in your backyard? 👀
👨🎓 That’s the kind of magic in this week’s Writing Prompt Worksheet for Kids!
✍️ Let your little writers dream big and tell their own stories! 💬
👨🎓 For Age 6-8
🖨️ Print, write, imagine, repeat!
- db.com
21/09/2025
🔍Are Looking for a fun way to help your child learn English? 📝🎉
Check out this YouTube channel where kids can enjoy: 👇
https://youtube.com/?feature=shared
📚 Easy Grammar Lessons
🗣️ Fun Vocabulary & Conversation Practice
🔤 Engaging Phonics Activities
🎮 Interactive Quizzes & Games
🎥 Learning becomes exciting, simple, and enjoyable! Perfect for young learners.
👫 ကလေးတို့အတွက် အင်္ဂလိပ်စာသင်ယူဖို့ ပျော်စရာကောင်းတဲ့ နည်းလမ်း ရှာနေပါသလား? 📝🎉
ကလေးများအတွက် YouTube ချန်နယ် မှာ ဒါတွေ သင်ယူနိုင်ပါတယ်
📚 လွယ်ကူသည့် သဒ္ဒါသင်ခန်းစာများ
🗣️ ပျော်စရာ ဝေါဟာရနှင့် စကားပြောလေ့ကျင့်ခန်းများ
🔤 စိတ်ဝင်စားစရာ အသံဖွင့်လေ့ကျင့်ခန်းများ (Phonics)
🎮 Quiz များ
🎥 သင်ယူခြင်းကို ပျော်စရာ၊ လွယ်ကူပြီး စိတ်ဝင်စားစရာ ဖြစ်စေပါတယ်။
✅ ကလေးသင်ယူသူများအတွက် အထူးသင့်တော်ပါသည်။
21/01/2024
✨Pet Animals Reading Comprehension ✨
📖 ဒီတခါ Primary Level Reading လေးတွေထဲက Pet Animals တွေ အကြောင်းဖတ်ရင်း မေးခွန်းတွေကြည့်ပါမယ်
🤖 တနေ့ တပုဒ် ဖတ်ရင်း Reading & Writing လေ့ကျင့်သွားကြပါမယ်
Reference: worksheetspdf.com
Can Download PDF ⬇️⬇️⬇️
https://worksheetspdf.com/reading-comprehension/reading-for-beginners
20/01/2023
🍎🍐🍇🍓 School Objects Riddles for Kids 🍊🍋🍌🍉
ကလေးတွေ အတွက် ကျောင်းသုံးပစ္စည်းဉာဏ်စမ်းပဟေဠိလေးတွေပါ ☺️
Reading & Critical Thinking အတွက် လုပ်ပေးလို့ရတဲ့ Sheets လေးတွေပါ ☺️
ကျောင်းသုံးပစ္စည်းတမျိုးစီတိုင်းကို ဘယ်လို Describe လုပ်ပြီး Riddle ဘယ်လို မေးရမလဲဆိုတာကိုလဲ သဘောပေါက်လာပါလိမ့်မယ် ☺️