26/01/2022
ဆက်လျှောက်ပါ
===========
ဆိုရိုးစကားတစ်ခုရှိတာက "မုန်တိုင်းထဲမှာ ဆက်လျှောက်နေပါ။ တစ်ခြားတစ်ဘက်မှာ သင့်ရဲ့ သက်တန့်စောင့်နေတယ်။" တဲ့။ ကိုယ့်ဘေးနားကလူတွေအားလုံးတော့ ကိုယ့့််အပေါ် သစ္စာရှိနေမှာမဟုတ်ဘူးလေ။ တစ်ချို့ကကူညီနေချိန်မှာ တစ်ချို့ကပြဿနာတွေပေးနေမှာပဲ။ အဆိုးနဲ့ အကောင်းဆိုတာ ဆုံဖြစ်တတ်တာပဲ။ ဒါပေမဲ့ ကိုယ်ဘာကိုယူသလဲဆိုတာသာ အရေးကြီးတာပါ။ ကိုယ်ကပြဿနာလို့ မထင်ရင်တော့ အဆင်ပြေနေတာပါပဲ။ ဒီလိုမှမဟုတ်ပဲ ပြဿနာပဲထင်နေလို့ကတော့ လမ်းပျောက်သွားမှာပေါ့။ ကိုယ့်ကို မရိုးသားတဲ့သူတွေ ၀န်းရံရင်၀န်းရံနေမှာဖြစ်ပေမဲ့၊ တစ်ခြားတစ်ဘက်မှာတော့ ကောင်းတဲ့သူတွေကလည်း ကိုယ့်ကိုစောင့်နေပါတယ်။ ကောင်းတဲ့သူတွေကို မြင်တွေ့နိုင်ဖို့ မျက်စိဖွင့်ထားဖို့တော့လိုပါမယ်။
ကိုယ်လျှောက်နေတဲ့လမ်းမှာ ကောလဟလတွေ၊ အခြေအမြစ်မရှိတဲ့ စွပ်စွဲအပုပ်ချမှုတွေကို အလေးအနက်ထားမနေပါနဲ့။ ကိုယ်ဆက်လျှောက်နေသမျှကာလပတ်လုံး ဒါတွေက ကိုယ့်ကိုမတားနိုင်ပါဘူး။ ကောလဟလတို့ အခြေအမြစ်မရှိတဲ့စွပ်စွဲမှုတို့ဆိုတာက ကိုယ်နဲ့ ကိုယ့်အလုပ်ကို မနာလိုသူတွေရဲ့ အလုပ်သက်သက်ပဲလေ။ သူတို့က ကိုယ့်ပုံရိပ်ကို ဖျက်ဆီးဖို့ကြိုးစားနေကြတာ။ ကိုယ်ကပြန်တုံ့ပြန်ရင် သူတို့နိုင်တယ်။ ကိုယ်မတုံ့ပြန်ရင် သူတို့ရှုံးပြီပေါ့။ အတင်းပြောတာကလွဲလို့ လုပ်စရာမရှိတဲ့သူတွေကို အရှုံးသမားတွေဖြစ်သွားစမ်းပါစေ။
နောက်ထပ်ဆိုရိုးလေးတစ်ခုကတော့ "တံခါးတွေပွင့်မနေရင် ကန်ဖွင့်၀င်သွားပြီး ဆက်လျှောက်ပါ။" တဲ့။ ဒီအတိုင်းပါပဲ မနာလိုသူတွေ ကောက်ကျစ်သူတွေက ကိုယ့်နောက်ကျောကနေ ကိုယ့်ပုံရိပ်ကိုဖျက်ဆီးဖို့ ကိုယ့်အကြောင်းကို မဟုတ်မမှန်တွေစွပ်စွဲပြောဆို၊ ရက်ရက်စက်စက် မှတ်ချက်တွေချနဲ့ လုပ်နေနိုင်ပါတယ်။ ဒါတွေကို နဲနဲလေးမှ အာရုံမစိုက်ပါနဲ့။ ခလုတ်ကန်သင်းဆိုတာ လမ်းကိုပိတ်ထားတာမဟုတ်ဘူး။ အဲဒါတွေကလမ်းပဲ။ ဒါကြောင့် ကိုယ့်အလုပ်ကိုအာရုံစိုက် ဆက်လုပ်နေပါ။ အဲဒီခလုတ်ကန်သင်း အတင်းအဖျင်းတွေအပေါ်က ဖြတ်လျှောက်ပြီး ကိုယ်လိုချင်တာကို ရအောင်ယူသွားပါ။ လူတွေကတော့ ကိုယ့်ကို ဝေဖန်မယ်၊ ဟန့်တားမယ်၊ ကိုယ့်ကိုကျရှုံးအောင်လုပ်မယ်။ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ ဉာဏ်သုံးပြီး ယုံကြည်ချက်ရှိရှိ မတ်မတ်ဆက်လျှောက်လိုက်ပါ။ အဆင်ပြေလာပါလိမ့်မယ်။
ကိုယ့်ကိုဖျက်ဆီးဖို့ပဲသိတဲ့သူတွေကို ကိုယ့်ရဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေ၊ ပြင်းထန်တဲ့ အားထုတ်မှုတွေနဲ့ အရှုံးသမားတွေအဖြစ်သာ ထားခဲ့လိုက်ပါတော့။
အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်။
Keep walking
===========
There's a saying that keep walking through the storm, your rainbow is waiting on the other side. Not all the people around you are loyal to you. Some may give the problems to you while some are helping you out. Good things and bad things are happening together but what you take matters. If you don't think they are problems, you are ok. Or you will lose your way. You may be surrounded by dishonest people but on the other side good people are also waiting for you. All you have to do is just open your eyes to see them.
On your way, don't take the rumors and baseless accusations seriously since they can't stop you as long as you are walking. Rumors and baseless accusations are just the works of those who are jealous of you and your work. They are just trying to destroy your image. If you respond them, they win. If you don't, they lose. Just let them be the losers who have nothing to do apart from gossiping.
There's another saying, "If the doors aren't open, just kick them in and keep walking." In the same way, the jealous and wicked people may destroy your image making baseless accusations and cruel remarks about you from behind your back. Don't pay a tiny little attention to them at all. Just keep doing your own business as obstacles do not block the path, they are the path. Walk on them and get what you want. People will judge you, try to stop you, and bring you down. Just keep walking tall in your light and purpose. You will be fine.
Just leave them as losers who just know how to destroy others by your firm determination and strong effort.
Ven Thuseikta