Shining Moon Training Centre

Shining Moon Training Centre

Share

Vocational & Language Training School

Photos from Shining Moon Training Centre - SMTC's post 12/09/2025
10/03/2025

#အာရုံကြောအားနည်းခြင်း ကိုသက်သာစေမယ့် နည်းလမ်း (၃)ခု

အာရုံကြောအားနည်းစေတဲ့အကြောင်းအရင်း
များစွာထဲက ညဘက်အိပ်မပျော်တာ၊
စိတ်ဖိစီးမှုများတာ၊ အစာစားတဲ့အခါ
အဟာရစုံလင်အောင်မစားတာ အဲ့ဒီ
အချက်သုံးချက်ကိုအာရုံကြောအားနည်း
သူအတော်များများမှာတွေ့ရပါတယ်။

ညဘက်အိပ်မပျော်တဲ့အခါမှာ ခန္ဓာကိုယ်
မှာရှိတဲ့ ဦးနှောက်နဲ့အာရုံကြောစနစ်
ရဲ့လုပ်ငန်းဆောင်တာတွေ တဖြည်းဖြည်း
ကျဆင်းလာပါတယ် ဒီအခါမှာအာရုံကြော
အားနည်းတဲ့လက္ခဏာ ခံစားရတာဖြစ်ပါတယ်။

နောက်တစ်ချက်က စိတ်ဖိစီးမှုများ
တဲ့အချက်ဖြစ်ပါတယ်၊ စိတ်ဖိစီးမှုများခြင်း
သည်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကို လေးလံ
ထိုင်းမှိုင်းစေတယ်၊ ဝန်ပိစေတယ် ဒီအခါမှာ
ခေါင်းမကြည်တာ ခေါင်းနောက်တာစတဲ့
လက္ခဏာတွေကိုခံစားရတာဖြစ်ပါတယ်။

အဟာရစုံလင်အောင်မစားတဲ့အခါမှာလည်း
ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့
သက်စောင့်ဓာတ်လို့ခေါ်တဲ့ Vitamin
B complex ဓာတ်တွေလျော့နည်း
လာတယ်။ ဒီအခါမှာအာရုံကြောအား
နည်းတဲ့ လက္ခဏာတွေခံစားရတာဖြစ်
ပါတယ်။

ဒါကြောင့်အာရုံကြောအားနည်းတဲ့လက္ခဏာ
တွေခံစားရတဲ့အခါမှာ သက်သာအောင်ပြု
လုပ်လို့ရမယ့် နည်းလမ်း (၃) ခုကိုမျှဝေ
လိုက်ပါတယ်။

(၁) အိပ်ရေးဝဝ အိပ်ပါ

အိပ်ချိန်ကို တစ်ညကို ၇ နာရီကနေ ၈ နာရီ
ထားသင့်ပါတယ်။ အိပ်ရေးဝအောင်အိပ်စက်
ပေးခြင်းက ဦးနှောက်နဲ့အာရုံကြောချိတ်ဆက်
မှုကို ကောင်းကောင်းအလုပ်လုပ်စေပါတယ်။
ဒီအခါမှာအာရုံကြောအားနည်းတဲ့ လက္ခဏာ
တွေခံစားရတာကို အမြန်ဆုံးသက်သာစေမှာ
ဖြစ်ပါတယ်။

(၂) စိတ်ဖိစီးမှုလျှော့ချပါ

စိတ်ဖိစီးမှုတွေလျှော့ချဖို့အတွက်
ဆိုရင် နားချိန်ကိုအပြည့်အဝထားရမယ်၊ ကိုယ်
လက်လှုပ်ရှားလေ့ကျင်းခန်းတွေလုပ်ပေးရမယ်၊
စိတ်တည်ငြိမ်အောင်တရားထိုင်တာ ရောဂ
လေ့ကျင့်တာ သီချင်းနားထောင်တာ စတဲ့
စိတ်တည်ငြိမ်စေတဲ့ အလေ့အကျင့်လေးတွေ
လုပ်ပေးသင့်ပါတယ်။ စိတ်ဖိစီးမှုတွေကိုလျှော့ချ
နိုင်ပြီဆိုရင် ကျွန်တော်တို့ခံစားနေရတဲ့ ခေါင်းမကြည်
တဲ့ ခေါင်းနောက်တဲ့ ဝေဒနာတွေကိုလည်းသက်သာ
စေမှာဖြစ်ပါတယ်။

(၃) Vitamin B complex ပါဝင်တဲ့အစာ

နောက်ဆုံးတစ်ချက်ကတော့ Vitamin B
ကြွယ်ဝတဲ့ အဟာရတွေကို လုံလောက်အောင်
စားပေးဖို့ဖြစ်ပါတယ်။ Vitamin B ကြွယ်ဝတဲ့
အစားအစာတွေကတော့ ဆန်လုံးညို၊ ပဲ၊
ပြောင်း၊ အစေ့၊ အဆန်၊ ဝက်သားနဲ့ အသည်း
နို့နဲ့ နို့ထွက်ပစ္စည်း၊ ဉအမျိုးမျိုး၊ အစိမ်းရင့်
ရောင် ဟင်းသီးဟင်းရွက် စတဲ့အစားအစာတွေ
ပဲဖြစ်ပါတယ်။ ဒီအစားအစာတွေကို နေ့စဉ်လုံ
လောက်အောင်စားသုံးပေးရမှာဖြစ်ပါတယ်။
ဒီလိုနေ့စဉ်လုံလောက်အောင်စားသုံးပေးဖို့
အဆင်မပြေတဲ့အခါမျိုးတွေဆိုရင် Vitamin
B complex ပါဝင်တဲ့ဖြည့်စွက်အားဆေးတွေ
ကိုသောက်သုံးပေးလို့လည်းရပါတယ်။

အခုပြောပြခဲ့တဲ့နည်းလမ်း (၃) ခုကအာရုံကြော
အားနည်းတဲ့ လက္ခဏာတွေကိုအမြန်ဆုံးသက်သာ
စေတဲ့ နည်းလမ်းသုံးခုဖြစ်ပါတယ်။

03/02/2025

😍😍😍😍

သူနာပြုအကူသင်တန်းရဲ့(Test~2)Examကိုကြိုးစားေဖြဆိုေနကြတဲ့ SMTC ဒိုက်ဦးသင်တန်းကျောင်းမှ Shiners လေးများ 💪💞

#ဒိုက်ဦး



Photos from Shining Moon Training Centre - SMTC's post 03/01/2025

Congratulations 👏🎉

31/12/2024

Happy New Year🎊
ကျန်းမာခြင်း၊ချမ်းသာခြင်း၊အောင်မြင်ခြင်းများနဲ့ပြည့်စုံတဲ့ မင်္ဂလာနှစ်သစ်ကိုပိုင်ဆိုင်နိုင်ကြပါစေ💛💛💛💛💛

28/12/2024

ကဲ..
ဘယ်သူမှန်အောင်ဖြေနိုင်မလဲ?
ဝင်ဖြေကြည့်ကြနော်

27/12/2024

Congratulations 👏🎈

Congratulations 👏 🎉
ရန်ကုန်မြို့ရှိ 'SKINOVA' Aesthetic & Laser Clinicတွင် အလုပ်ရရှိသွားသူ 'မစန္ဒာမြင့်' အတွက်ဂုဏ်ယူပါတယ်ရှင့်👏👏💞

🎉လုပ်ငန်းခွင်မှာ အစစအရာရာအဆင်ပြေပြီး ရည်မှန်းထားတဲ့ဘဝပန်းတိုင်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်🥰

ယုံကြည်စွာနဲ့ အလုပ်ခေါ်ယူပေးတဲ့
SKINOVA Clinic ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ရှင့် 💗

25/12/2024

Marry Christmas 🎄 🎁😍

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address

Min Nandar Road, Tharkata Township
Yangon
11231

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00