Guide By Soo Yoon

Guide By Soo Yoon Korean Online class များကို chat box တွင်လာရောက်စုံစမ်းနိုင်ပါတယ်ရှင့်❤

02/10/2024

ကိုရီးယားလို “삼” ဆိုတာ သံုး ပါ
ဘာသံုးလဲဆိုတော့ လိုသံုးပါ

10/09/2024

안녕하세요 여러분✨

ဒီနေ့ကတော့ မီးနင်းလေးပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။

အဲ့ဒါကတော့ 과 နဲ့စတဲ့ မီးနင်းလေးပါရှင့်။

과 ကို ဘယ်လိုနေရာတွေမှာသံူးမလဲဆိုတော့ (အလွန်အကြူး)လို့ ဘာသာပြန်လိုက်ရအောင်။အဲ့ဒါဆိုရင် အစားအစာကို ဘယ်လိုခေါ်လဲ (식사) အလွန်အကြူးစားတယ်ဆိုရင် 과식

အလုပ်တွေအများကြီးလုပ်တယ်ဆိုရင် -과로

အရှိန်အလွန်မောင်း (ကား) 과속

အများကြီးသောက်တယ်ဆိုရင် 과음

ပိုက်ဆံတွေအများကြီးသံုးပြီဆိုရင်တော့ 과소비

နောက်နေ့ကျရင်လဲ အသံုးဝင်တဲ့ ဝေါဟာရလေးတွေပြောပြမှာမို့ page ကို like &share လေးလုပ်ဖို့မမေ့နဲ့နော်🫶🏻

06/04/2024

바뻐따레

နားㅁ လည်တော့ဘူး ဒီ စကားတွေကို
တော်ကြပါတော့ 리베😭

04/03/2024

၁၆ ကြိမ်​မြောက် ကိုရီးယားဘာသာအရည်အချင်းစစ်​စာ​မေးပွဲ ​လျှောက်လွှာတင်သွင်းနိုင်ရန် QR နှင့် Website
စိတ်ပူပန်၍ အကြိမ်ကြိမ်​လျှောက်ထားခြင်း မပြုကြရန်၊
အချက်အလက်များအား ​ဖြည်းဖြည်းဖြင့် မှန်ကန်စွာ ​ထည့်သွင်း ​လျှောက်ထားကြရန်၊

14/02/2024

--- ၁၆ ကြိမ်မြောက် EPS စာမေးပွဲမှာ မိန်းကလေးတွေကိုပါ ဝင်ဖြေခွင့်ပေးလိုက်ပါတယ်။ ဝန်ဆောင်မှုလုပ်ငန်းမှာပါ။ မီးဖိုချောင်အကူ (Cooking Assistant) နဲ့ အဆောက်အဦသန့်ရှင်းရေး (Building Cleaner) မှာ ဝင်လုပ်ရမှာပါ။ စားသောက်ဆိုင်၊ ဆေးရုံ၊ ဟိုတယ်၊ ကွန်ဒိုတွေ အကျုံးဝင်လာမှာပါ။

--- အခြေခံပညာအထက်တန်းအောင်ရမယ်ဆိုတာက ဆယ်တန်းအောင်ရမှာပါ။ ကိုးတန်းအောင်နဲ့မရပါဘူး။ နိုင်ငံရပ်ခြား သွားရမဲ့ မိန်းကလေးတွေက အနည်းဆုံးတော့ ထိုက်သင့်တဲ့ တွေးခေါ်စဉ်းစားနိုင်မဲ့ ပညာရည်ချိန် ရှိဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။

--- ပတ်စ်ပို့ သက်တမ်းကန့်သတ်ချက်မရှိဆိုတာက သက်တမ်းကုန်နေလည်းရပါတယ်။ PJ PV PS ရပါတယ်။ အလုပ်ဖောင်တင်ချိန်ကျရင်သာ PJ ဖြစ်ဖို့လိုပြီး ဖြေတုန်းကတင်ခဲ့တဲ့ ပတ်စ်ပို့ပါ အမည်၊ မွေးနေ့တွေ တူနေဖို့လိုပါတယ်။

---- ဝန်ဆောင်မှုလုပ်ငန်းအတွက် ခွဲတမ်းများပါတယ်။ ဦးရေ သုံးထောင့်သုံးရာကျော် ခွဲတမ်းရပါတယ်။ အုပ်စု (၁) နဲ့ အုပ်စု (၂) က သန့်ရှင်းရေးနဲ့ စားသောက်ဆိုင် ကွဲသွားတဲ့ သဘောပါပဲ။ ဝန်ဆောင်မှုလုပ်ငန်းအတွက်က အောင်သွားရင်တောင် မွမ်းမံသင်တန်းကို HRD က ထပ်ပေးဦးမှာပါ။

--- လက်ရှိ စိုက်ပျိုးရေးနဲ့ အောင်ထားတဲ့ သူတွေ ဆောက်လုပ်ရေးနဲ့ အောင်ထားတဲ့သူတွေ ဝင်ဖြေလို့ရလားဆိုရင် ရပါတယ်။ ဒါပေမဲ့ အလုပ်လျှောက်လွှာတင်ချိန်ကျရင်တော့ ရချင်မှ ရပါတယ်။ စနစ်မှာ ကန့်သတ်လို့ ပြနေလို့ ဖြစ်ပါတယ်။ ဝင်ဖြေချင်ရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပါပဲ။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်လုပ်ပါ။ POEA က ရတယ်တို့ ဆရာကိုပြည့်လင်းက ရေးထားလို့ ရတယ်လို့တော့ မလုပ်ကြပါနဲ့။

--- အနည်းဆုံးအမှတ်သတ်မှတ်ချက်တွေကတော့ ဖြေတဲ့သူ များတာနဲ့အမျှ မြင့်သွားမှာပါ။ ဥပမာ ဝန်ဆောင်မှုလုပ်ငန်းမှာ အမှတ် ၃၆ မှတ်က အောင်မှတ်ဆိုပေမဲ့ ဖြေတဲ့သူများလားရင် အောင်မှတ်သတ်မှတ်ချက်က အမှတ် ၇၀ လည်း ဖြစ်သွားနိုင်တယ်။ ၈၀ လည်း ဖြစ်သွားနိုင်တယ်။ အဲ့တော့ စာမေးပွဲအောင်မြင်ရုံနဲ့တင် မရပါဘူး။ အမှတ်ကောင်းဖို့လိုပါတယ်။

အောင်မြင်ကြပါစေ။

Fed

Credit Pyae Linn
ကိုရီးယားအလုပ်သံအရာရှိဟောင်း

စာမေးပွဲဖြေရတော့မယ်နော် 여러분들
13/02/2024

စာမေးပွဲဖြေရတော့မယ်နော် 여러분들

Visa ချပေးနှုန်း တင်းကြပ်မယ့်ဆိုတာ ကို တရားဝင်ကြေငြာတာက (7.2.2024) ရက်နေ့မှ စကြေငြာတာဖြစ်ပြီး ▶️2semster ကနေ မှ စမှာပါနေ...
11/02/2024

Visa ချပေးနှုန်း တင်းကြပ်မယ့်ဆိုတာ ကို တရားဝင်ကြေငြာတာက (7.2.2024) ရက်နေ့မှ စကြေငြာတာဖြစ်ပြီး
▶️2semster ကနေ မှ စမှာပါနော်
လာမယ့် (D-4 Jun intake/ D-2 Sept intake) မှ အကြုံးဝင်မှာပါ အနီနဲ့ ဝိုင်းပြထားပါတယ်
▶️D4/ D-2visaတွေပိတ်လိုက်တာမဟုတ်သလို visa ရထားတဲ့ ကျောင်းသားတွေလည်း ကျောင်းတွေက ပြည်ဝင်ခွင့်သက်မှတ်ရက်မှာ သွားနိုင်ပါတယ်
▶️လက်ရှိ 3intake လျှောက်ထားတဲ့ စိတ်ပူနေတဲ့ ကျောင်းသားတွေ အတွက် သေချာ သိနိုင်အောင် အရင် သတင်းပေးလိုက်ပါတယ်

▶️6intake လျှောက်မယ့် ကျောင်းသားတွေလည်း ကျောင်းတွေ ပြန်ပြင်ဆင်ပြီး ရွေးချယ်လျှောက်နိုင်အောင် သင်တန်းပေချ့်မှာ ထပ်တင်ပေးပါဦးမယ်

တောင်ကိုရီးယားပညာရေးဝန်ကြီးဌာနမှ 2024ခုနှစ် စာသင်နှစ်တစ်နှစ်ပတ်လုံးအတွက် နိုင်ငံခြားသားကျောင်းသား ခေါ်ယူခွင့် ( D-2 & D-...
11/02/2024

တောင်ကိုရီးယားပညာရေးဝန်ကြီးဌာနမှ 2024ခုနှစ် စာသင်နှစ်တစ်နှစ်ပတ်လုံးအတွက် နိုင်ငံခြားသားကျောင်းသား ခေါ်ယူခွင့် ( D-2 & D-4 ) VISA ပိတ်ပင်လိုက်သော တက္ကသိုလ်ပေါင်း (၄၀)ရှိကြောင်း 2024.02.07ရက်နေ့တွင် ထုတ်ပြန်ကြေငြာထားသည်များကို ပြန်လည်မျှပေးလိုက်ပါတယ်။


15/10/2023

Topik ဖြေဆိုမဲ့ ကျောင်းသားအားလုံး အမှားမရှိဘဲ ဖြေဆိုနိုင်ကြပါစေလို့ Guide by Soo Yoon page မှဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင့်✨

15/09/2023

V + 고 싶다 ( ....ချင်တယ်)

နောက်လဲ video လေးတွေတင်ပေးမှာမို့လို့ Page လေးကို Like and follow လေးလုပ်ထား​ပေးနော်👋

တီချယ်က အပျင်းကြီးပြီး page လဲမrunဖြစ်ဘူးပေါ့နော် ။ဒါပေမဲ့စာသင်တဲ့ကလေးတွေကတော့ရှိပါတယ်။အဲ့တော့ တီချယ့် Sweetiesလေးတွေကို...
29/07/2023

တီချယ်က အပျင်းကြီးပြီး page လဲမrunဖြစ်ဘူးပေါ့နော် ။ဒါပေမဲ့စာသင်တဲ့ကလေးတွေကတော့ရှိပါတယ်။

အဲ့တော့ တီချယ့် Sweetiesလေးတွေကိုပစ်ထားသလိုဖြစ်တာကြောင့် တီချယ်က videoလေးတွေလဲတင်ပေးသွားပါ့မယ်ရှင့်

အဲ့ဒါကြောင့် တီချယ့် videoလေးတွေကိုစောင့်ပေးကြပါအုံးနော်❤

04/05/2023

တို့လဲ သူများတွေလဲ Trend နောက်လိုက်ပါမယ်။
နာမည်မှာ Aပါရင် cb လာပါ စာမေးပါမယ် 😆

Address

Yangon

Telephone

+959448973619

Website

Alerts

Be the first to know and let us send you an email when Guide By Soo Yoon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Guide By Soo Yoon:

Shortcuts

Share